Saturday, July 11, 2009

ကွာရှင်းခွင့်


ဂျပန်
အိပ်နေတဲ့မိန်းမရဲ့ပုံစံကိုမကြိုက်ခဲ့ရင် ယောက်ျားက ကွာရှင်းခွင့်တောင်းနိုင်တယ်။

အီတလီ
မိန်းမက အိမ်မှုကိစ္စမလုပ်ဘူး၊ မလုပ်ချင်ဘူးဆိုရင် ယောက်ျားက ကွာရှင်းခွင့်တောင်းနိုင်တယ်။

အာဖဂန်နစ္စတန်
တကယ်လို့ မိန်းမဖက်က အရင်ကွာရှင်းခွင့်တောင်းပြီး နောက်အိမ်ထောင်ထပ်ပြုခဲ့ရင် နောက်ယောက်ျားက အရင်ယောက်က်ျားကို မင်္ဂလာစရိတ် နှစ်ဆလျော်ရတယ်။ တကယ်လို့ ယောက်ျားဖက်က အရင်ကွာရှင်းခွင့် တောင်းခဲ့ရင် မိန်းမနောက်အိမ်ထောင်ပြုတဲ့အခါ နောက်ယောက်ျားက အရင်ယောက်ျားနဲ့မိန်းမတို့ ဆောင်ခဲ့တဲ့ မင်္ဂလာစရိတ်ကို ပေးလျော်ရပါတယ်။

အင်္ဂလန်
ယောက်ျား သို့မဟုတ် မိန်းမ တစ်ယောက်ယောက်က ကွာရှင်းခွင့်တောင်းနိုင်တယ်။ တကယ်လို့ နှစ်ဦးလုံးပြိုင်တူ ကွာရှင်းခွင့်တောင်းခဲ့ရင် အတည်မပြုဘူး။

လက်ဘနွန်
မိသားစုရိုးရာမှာ မိန်းမဖြစ်သူက အပြင်မထွက်ခင် လင်ယောက်ျားရဲ့ သဘောတူညီချက်ကို ယူရတယ်။ တကယ်လို့ တစ်နေ့မှာ ယောက်ျားက မိန်းမကိုမလိုချင်တော့တဲ့အခါ အပြင်ထွက်မယ်လို့ မိန်းမခွင့်လာတောင်းတဲ့အချိန် "သွား.. အိမ်ပြန်မလာနဲ့တော့" လို့ပြောပြီး ကွာရှင်းလို့ရပြီဖြစ်တယ်။

Togolese Republic
ယောက်ျားနဲ့မိန်းမ မချစ်မနှစ်သက်ကြတော့တဲ့အခါ သက်ဆိုင်ရာရုံးကိုသွားပြီး ကွာရှင်းခွင့် တောင်းနိုင်တယ်။ တာဝန်ရှိသူတွေက သူတို့နှစ်ယောက်ရဲ့ ဆံပင်ကိုတစ်ဝက်စီဖြတ်ပြီး အချင်းချင်းလှဲလှယ်ခိုင်းကြတယ်။

Salvador
ယောက်ျားနဲ့မိန်းမ မချစ်မနှစ်သက်ကြတော့တဲ့အခါ သက်ဆိုင်ရာရုံးကိုသွားပြီး ကွာရှင်းခွင့် တောင်းနိုင်တယ်။ ပြီးတော့ နွားတစ်ကောင်ဝယ် သတ်ဖြတ်ပြီး နှစ်ဖက်မိဘဆွေမျိုး၊ မောင်နှမတွေခေါ်ပြီး စားသောက်ရတယ်။ စားသောက်ပြီးရင် ယောက်ျားနဲ့မိန်းမ မျက်နှာချင်းဆိုင်ပြီး တစ်ယောက်ကိုပါး(၁ဝ) ချက်စီရိုက်ရတယ်။ ပါးရိုက်ရတာက နောက်ဆုံးနာကျင်ခြင်းကို မှတ်ယူစေဖို့ဖြစ်ပြီး ရိုက်ပြီးရင် ကွာရှင်းခွင့်ရပြီဖြစ်တယ်။

Ecuador
လင်မယားနှစ်ယောက် ကွာရှင်းချင်ရင် (၃)ရက် အစာငတ်ခံရတယ်။ အစာငတ်ခံပြီး (၄)ရက်မြောက်မှာ ဒေသခံ အသက်ကြီးသူတစ်ယောက်ဆီသွားပြီး အင်အားရှိမရှိ အစစ်ဆေးခံရတယ်။ တကယ်လို့ အားမရှိတာမှန်ရင် ကွာရှင်းခွင့်ပေးတယ်။ လိမ်ညာနေတယ်ဆိုရင်တော့ လုံးဝ တစ်သက်လုံး ကွာရှင်းခွင့်မပေးတော့ဘူး။

အင်တာနက်ပေါ် ဖတ်မိတာလေးပါ။ မှန်မမှန်တော့ မသိဘူး။ ဒါပေမယ့် စိတ်ဝင်စရာကောင်းတာမို့ ဘာသာပြန်လိုက်ပါတယ်။ တစ်ချို့နိုင်ငံက ကွာရှင်းချင်ရင် တော်တော်လေးခက်တာတွေ့ရတယ်။ အဓိကက လင်မယားတွေကို မကွာရှင်းစေချင်တာကြောင့်ဖြစ်မယ် ထင်ပါတယ်။ တစ်ချို့ကလည်း လွယ်လွန်းနေတယ်...

google search or 千萬別嫁到『薩爾瓦多』喔!

နိုင်းနိုင်းစနေ


Share/Bookmark

15 comments:

mmtn (kalay) said...

အစ်မရေ တစ်ခါမှ မသိဖူးတဲ့ ဗဟုသုတ ရစရာလေးတွေပါ။ ချီးကျူးပါတယ် အစ်မရေ။ တကယ်။

မင်း said...

Salvador မှာမိုက်တယ် နော် နောက်ဆုံးအနေနဲ့ အားရအောင်တွယ်ကြပေါ့ . .

Ecuador မှာလိုတော့ မကောင်းပါဘူးးး

ဘာမှမကောင်းပါဘူးလေ .. ကွာရှင်းမှတော့

ငှက်ကလေး said...

မစနေ မြန်မာမှာကော ဟင် ဘယ်လိုတုံး ဟဟဟဟ မေးစရာမရှိလို့ လျှောက်မေးတာနော်

kyaw kyaw aung said...

ကျေးဇူးဘဲအစ်မရေအခုလို
ဗဟုသုတတွေပေးတာ

Lunn said...

စလုံးမှာရော.. ဘယ်လိုလဲ? ကျနော်အတွက်..
သိချင်လို့ပါ..

Ko Paw said...

ဟိုတလောကတော့ မိန်းမလေးယောက်အထိ တရားဝင်ယူခွင့်ရတဲ့ မလေးရှားမှာ မိန်းမကို ကွာရှင်းချင်ရင် SMS (Text message) နဲ့ ကွာရှင်းနိုင်တယ်ဆိုလို့ အုတ်အော်သောင်းတင်း ဖြစ်သွားသေးတယ်။ အခု အဲသည်ဥပဒေ ဆက်ရှိမရှိ မသေချာ။

စင်္ကာပူမှာတော့ တနှစ်လောက် စဉ်းစားဖို့ အချိန်ပေးပြီး အထပ်ထပ်အခါခါ ပြန်ချိန်းတယ်။ မလွယ်ဘူးလေ။ အိပ်ခ်ျဒီဘီက ၀ယ်ထားတဲ့အိမ်က နှစ်ဦးနာမည်နဲ့ ပေါက်တာဆိုတော့ ခွဲဝေရတာခက်တယ်။

ချမ်းမြေ့ရင် said...

စလုံးမှာကတော့ကွယ် လေဒီဖက်စ် ဆိုတော့ ဒေါ်လေဒီတွေကြီးစိုးတဲ့ ဇတ်ဘဲနေမှာပေါ့၊Salvador ကွာရှင်းပုံတော့ကြိုက်တယ်၊ နောက်ဆုံးပိတ် အမုန်းကျွေးဘဲ၊ကွာရှင်းပြီးမနက်မိုးလင်းရင် ပါးဖောင်းဖောင်းလေးတွေကို ဖြစ်လို့ ဟေးဟေး!!!

မာ့ခ် said...

>>> စားသောက်ပြီးရင် ယောက်ျားနဲ့မိန်းမ မျက်နှာချင်းဆိုင်ပြီး တစ်ယောက်ကိုပါး(၁ဝ) ချက်စီရိုက်ရတယ်။

Most Practical way :D

မီးမီးချစ် said...

အီတလီ မှာ မိန်းမ မဖြစ်တာ တော်သေးတာပေါ့နော်..
ဟိဟိ

Ko Boyz said...

နိုင်းနိုင်းက ဘယ်လိုဘယ်ပုံကြောင့် ဒီကွာရှင်းနည်းတွေကို စိတ်ဝင်စားနေသလဲဆိုတာကို စိတ်ဝင်စားတယ်။

သားကြီး said...

တစ်ယောက်ပါး၁၀ချက်စီချရမှာတော့လွန်ပါတယ်
တစ်သက်လုံးချစ်ဖို့ရွယ်ခဲ့တဲ့လူတွေပဲဗျာ
................
အခန့်မသင့်လို့ကွဲရမယ့်ဟာ
ဘယ်သူပျော်နိုင်မှာတဲ့လဲ

Angel Shaper said...

မြန်မာမလေး ဖြစ်တာပဲကောင်းတယ်ထင်နော် မနိုင်း။
ဒါပေမယ့်လည်းနော်.............
မရေ ဗဟုသုတရတာပေါ့..ကောင်းတယ်။ ကျေးဇူး။

MAYY said...

မမရေ မြန်မာမလေးဖြစ်ရတာပဲ ကောင်းတယ်နော. မသိသေးတဲ့ ဗဟုသုတ ရသွားတယ် မမ။ ကျေးဇူး

rita said...

မလေးရှားမှာ ph sms ဖြင့် လင်မယားကွာရှင်းခြင်းကိုတရားမဝင်ဟု ဘာသာရေးဆိုင်ရာ တရားစီရင်ရေးအဖွဲံ့မှ ဆုံးဖြတ်၏

sai said...

အာ. မသွားမီက ရောက်နှင့်ပြီ
စိတ်ဝင်စားစရာလား
ဖွဟဲ့ ..လွဲပါစေ