Tuesday, November 17, 2009

တောင်ကြီးကို လွမ်းနေသူအတွက်


တောင်ကြီးရောက်ရင် တောင်ကြီးတက္ကသိုလ်က ပုံလေးတွေ တင်ပေးပါလားလို့ တစ်ယောက်ယောက် ပြောခဲ့တာကို ကျွန်မအမှတ်ရနေတယ်။ ဒါကြောင့် တောင်ကြီးရောက်ပုံတစ်ချို့ တင်လိုက်တယ်။ မနှစ်ကလောက် တောင်ကြီးမချမ်းဘူးတဲ့... တောင်ကြီးမှာ အမြဲနေသူတွေက ဆိုပါတယ်။ နိုဝင်ဘာတောင်ရောက်နေပြီ တကယ်လည်း တောင်ကြီးမချမ်းလှပါဘူး။ မနက်နဲ့ညနေမှ အနွေးထည် ပါးပါးလေးတစ်ထည်တည်းနဲ့ပြီးအောင် အရင်ကထက် တောင်ကြီးအချမ်းလျော့သွားပါတယ်။

ကျောင်းဖက်အသွားကုန်းဆင်းတစ်နေရာ

ဘွဲ့နှင်းသဘင်နဲ့ တောင်ကြီးတက္ကသိုလ်

ကျောင်းဘေးက ဓမ္မရုံ

မိန်းဝင်ပေါက် (စိန်ပန်းပြာအပင် အုပ်အုပ်ဆိုင်းဆိုင်းနဲ့ အရင်ကအတိုင်း မပြောင်းလဲဘူး)

ကျောင်းဝင်းအပြင် လမ်းမဘေးက ကင်တင်းန်တစ်နေရာ

ကျောင်းနောက်ဖက်အလွန် စောစီရွာဖက်အသွားလမ်း

အနောက်မြို့ပတ်လမ်း (ဝါးပြား - စောစီဖက်ပေါ့)

ဟိုးအမြင့်ကုန်းပေါ်အထိ လူနေအိမ်တွေ ထူထပ်နေပြီဖြစ်တဲ့ ဝါးပြား

အဝေးက လှမ်းမြင်ရတဲ့ တောင်ချွန်းနဲ့ စူဠာမုနိဘုရား

အဝေးက လှမ်းမြင်ရတဲ့ တောင်ချွန်းနဲ့ ရွှေဘုန်းပွင့်စေတီ

ပုံတွေက သိပ်အကောင်းကြီးတော့ မဟုတ်ဘူး။ ဆိုင်ကယ်ပေါ်က လှမ်းလှမ်းရိုက်တာမို့ မွဲပြီးဝါးကုန်တဲ့ ပုံတွေချည်းပဲ။ နောင်များမှာပေါ့... တောင်ကြီးမြို့အလှကို လူကိုယ်တိုင်အရောက်လာ ကြည့်ရှုနိုင်ကြပါစေလို့း)

နိုင်းနိုင်းစနေ



Share/Bookmark

9 comments:

ကျောပိုးအိတ် said...

ပြန်ရောက်ပြီလား အမတော်။

မျှော်နေတာ။ စာတွေဖတ်ရအောင်လို့ ။
း)

Anonymous said...

တောင်ကြီးကို အလည်တင်မဟုတ်ဘူး နိုင်းနိုင်းရေ အခြေချပြီးကို နေချင်တာ၊ တခါမှမရောက်ဘူးသေးဘူး။
ငယ်ငယ် ကစိတ်ကူးထဲမှာ တောင်ကြီးမှာ ဖြစ်ဖြစ်၊ ကလောမှာဖြစ်ဖြစ်၊ ကျောင်းဆရာမလေးအဖြစ် တဘ၀လုံးရပ်တည်ဖို့ စဉ်းစား စိတ်ကူးယဉ်ရတာ အမောပဲ။
ဒါပေမဲ့.........

ဏီ(န်)ကင်း said...

မပြန်ရောက်လာပြီလား....စာတွေဖတ်ဖို့စောင့်နေပါတယ်ဗျာ.....

အောင် said...

မစနေ နေကောင်းလား သာယာချမ်းမြေ့ချင်းများနဲ့အတူ အောင်မြင်သောနေ့ ရက်များအစဉ်ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။
မစနေရဲ့ သံယောဇဉ်ကြီးစွာ သစ္စာရှိစွာနဲ့ အားပေးနေကြတဲ့ စာချစ်ပရိတ်သတ်များကတော့ မစနေရဲ့ စာတွေ ဆက်လက်ဖတ်ရောတ့မှာမို့ အရမ်းဝမ်းသာကြမှာဘဲ ။ ထပ်တူဝမ်းသာနေပါတယ် ။ ဖြစ်နိုင်ရင် မစနေရဲ့ ဘ၀ဖော် စုံတွဲပုံလေးများကိုလဲ အားလုံးကြည့်ရအောင် မစနေဘလောဂ်မှာ တင်ပေးပါအုံးလို့ ။

Htin Kyaw said...

Thanks again Ma Nine Nine.There are so many changes at Taunggyi College compare to images from 1980's.There was no entrance gate in front of college.Everything is changed.Our lives are changed.I will never get back my child hood life from Taunggyi again.

ဏီ(န်)ကင်း said...

ဓာတ်ပုံတွေကြည့်ပြီး ကျွန်တော်ပျော်မွေ့ခဲ့တဲ့ တောင်ကြီးအငွေ့အသက်တွေ ထပ်ရလိုက်လေရဲ့..
တချက်ချက်မှာအေးအေးလေးတိုက်တိုက်သွားတဲ့ လေရနံ့လေးတောင် ဓာတ်ပုံထဲတွေ့လိုက်မိသလိုပဲ.. သိပ်မချမ်းတော့မကြေနပ်ဖူး...

နန်းညီ said...

ရွှေဘုန်းပွင့်က မနည်းကြည့်ယူရတယ် :P

ရေစီးကြောင်း said...

ကျွှန်တော့အတွက်တောင်ကြီးပုံတွေရိုက်ပေးခဲ့တဲ့အတွက်ကျေးဇူးပါမစနေ,,,,,

ကျော်ကျော် said...

လွန်ခဲ့တဲ့ ၃ နှစ်၊ တန်ဆောင်တိုင်
ဝါးပြားလမ်းက နာမည်တောင် မသိလိုက်ရတဲ့ ကောင်မလေးကိုတောင်လွမ်းလာပီဗျာ....