ဘယ်အရာမဆို ကိုယ်တိုင်တွေ့ကြုံခံစားဖူးမှ ပိုနားလည်တယ်ဆိုတဲ့ စကားက အရမ်းမှန်ပါတယ်။ အရင်တုန်းက ဘာသိဘာသာနေခဲ့တဲ့အရာတွေ ကိုယ်တိုင်လုပ်ကိုင်ကြည့်မှ နက်နက်နဲနဲ နားလည်လာရတယ်။ သိလာရတယ်။
"မင်္ဂလာဆောင်" တဲ့.. အရင်က ကိုယ်တိုင်တစ်ခါမှ မင်္ဂလာမဆောင်ဖူးတော့ ဓလေ့ထုံးစံတွေက ဒီလောက်ရှုပ်ထွေးမယ်မှန်း မသိခဲ့ဘူး။ ကိုယ်တိုင်ကြုံမှပဲ မသိခဲ့၊ မမြင်ခဲ့ဖူးတဲ့ ရိုးရာဓလေ့တွေကို ပိုသိ၊ ပိုမြင်လာခဲ့ရတယ်။
ကျွန်မတို့(လားဟူ)လူမျိုးမှာ တစ်ခြားလူမျိုးတွေအတိုင်း သတိုးသားက သတိုးသမီးကို သွားတင်တောင်းဖို့ အရင်ဆုံး ရက်ကောင်းရက်မြတ်ကို ရွေးချယ်ရပါတယ်။ ရက်ကောင်းရွေးချယ်ပြီး ဘယ်နေ့မှာ လာတောင်းမယ်ဆိုတဲ့အကြောင်း သတိုးသမီးအိမ်ကို ပန်းခြင်း၊ လက်ဆောင်တွေနဲ့သွားပြီး လူကြီးမိဘတွေကို အရင်အသိသွားပေးရပါတယ်။ သတိုးသမီးအိမ်က အဲဒီလက်ဆောင်တွေကို လက်ခံထားရပါတယ်။ တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် သတိုးသားနဲ့ သတိုးသမီး မင်္ဂလာမဆောင်ဖြစ်ခဲ့ရင် အဲဒီပန်းခြင်းကို သတိုးသားဖက် ပြန်ပေးရပါတယ်။
သတိုးသမီးကို သွားတောင်းတဲ့ရက်မှာ ပထမဆုံး သတိုးသားဖက် ပြင်ဆင်ရတဲ့အရာတွေက ကန်တော့ပုံသဏ္ဍာန် စက္ကူအနီထဲထည့်ထားတဲ့ လက်ဖက်ခြောက်ထုပ်နဲ့ ဆားထုပ်တွေဖြစ်တယ်။ အဲဒီအထုပ်တွေဟာ စုံဂဏန်းပဲဖြစ်ရပါမယ်။ ဥပမာ - လက်ဖက်ခြောက် ၄ထုပ်၊ ဆား ၄ထုပ်..
လက်ဖက်ခြောက်၊ ဆားတွေအပြင် သတိုးသားဖက်က တတ်နိုင်ရင်တတ်နိုင်သလောက် မုန့်ပုံး၊ ကိုလာ၊ နို့ဆီဗူး၊ ချိုချဉ်၊ အချိုရည် .. စတဲ့ လက်ဆောင်ပစ္စည်းတွေကို ဝယ်ရပါတယ်။ ပြီးတော့ အဲဒီလက်ဆောင်တစ်ခုစီကို စက္ကူအနီနဲ့ ပတ်ထားရပါတယ်။ အဲဒီအပြင် တတ်နိုင်ရင် တတ်နိုင်သလောက် သတိုးသမီးအတွက် အဝတ်အစား၊ အသုံးအဆောင်၊ ခန်းဝင်ပစ္စည်းတွေကိုလည်း ဝယ်ရပါတယ်။ ပစ္စည်းအားလုံးကို စက္ကူနီနဲ့ ကပ်ထားရပါတယ်။ ပစ္စည်းအားလုံးက စုံဖြစ်ရပါတယ်။
သတိုးသမီးဖက်ကလည်း တတ်နိုင်သလောက် ကိုယ့်အတွက် အဝတ်အစားတွေ ဝယ်ရပါတယ်။ အရင်ခေတ်တုန်းကတော့ ကိုယ်ဝတ်မယ့်အဝတ်အစား၊ အိပ်ယာစောင်ခင်း၊ ဖိနပ်တွေကို သတိုးသမီးက ကိုယ်တိုင်ချုပ်လုပ်ရတယ်လို့ ဆိုပါတယ်။ အခုခေတ်မှာတော့ ရယ်ဒီမိတ်တွေ အဆင်သင့် ရှိနေတာကတစ်ကြောင်း၊ ရိုးရာဓလေ့တွေကလည်း ခေတ်ရေစီးနဲ့အပြိုင် ပြောင်းလဲနေတာကတစ်ကြောင်း အရင်ကလောက် အယူတွေမရှိတော့ပါဘူး။ (နို့မဟုတ်ရင် အပ်မချုပ်တတ်သူတွေ ယောက်ျားမရဘဲ နေပါအုန်းမယ် :p)
သတိုးသမီးဖက်က ဝယ်ထားတဲ့ အဝတ်အစား၊ အသုံးအဆောင်အားလုံးကို မင်္ဂလာမဆောင်ခင် ရှေ့တစ်ညမှာ သတို့သမီးအမေက (အမေမရှိရင် အဒေါ်) သေတ္တာထဲ ထည့်ပေးပါတယ်။ သေတ္တာထဲ အဝတ်အစားမထည့်ခင် စပါး၊ နေကြာစေ့၊ ငွေပြား၊ ထင်းရှုးဆီ၊ တူနှစ်စုံ၊ ပန်းကန်လုံးနှစ်စုံ၊ စက္ကူနီပတ်ထားတဲ့ ငွေစက္ကူတွေကို သေတ္တာလေးထောင့်မှာ ထည့်ပေးပြီး ပါးစပ်ကလည်း ကလေးမြန်မြန်ရဖို့၊ မြေးမြစ်တွေနဲ့ ပျော်ရွှင်နိုင်ဖို့ ဆုတောင်းပေးရပါတယ်။ စပါး၊ နေကြာစေ့၊ ငွေပြားတွေရဲ့ အဓိပ္ပါယ်က သားသမီးမြန်မြန် ထွန်းကားဖို့ပဲဖြစ်ပါတယ်။ အားလုံးထည့်ပြီးရင် သေတ္တာကို လုံးဝမဖွင့်ရတော့ပါဘူး။
အဲဒီနောက် စပါး၊ နေကြာစေ့၊ ငွေပြားစတဲ့ပစ္စည်းတွေကို အစနီနဲ့ချုပ်ထားတဲ့ အိတ်လေးထဲထည့်ပြီး ခန်းဝင်ပစ္စည်းဖြစ်တဲ့ စောင်ရဲ့လေးထောင့်မှာ တွဲချီချုပ်ပေးရပါတယ်။ အဓိပ္ပါယ်ကတော့ ရှေ့ကတောင်းခဲ့တဲ့ ဆုတွေအတိုင်းပါပဲ။
သတိုးသားဖက်က သတိုးသမီးကို လာတင်တောင်းတဲ့မနက်မှာ တင်တောင်းမယ့် လက်ဆောင်ပစ္စည်းတွေနဲ့အတူ တင်တောင်းမယ့် ရွှေ၊ ငွေတွေကို ဘန်းတွေနဲ့ထည့်ယူလာရပါတယ်။ တကယ်လို့ တင်တောင်းတဲ့ပစ္စည်းတွေထဲမှာ အသား (ဥပမာ- ကြက်၊ ဝက်) ပါခဲ့ရင် အသားထည့်တဲ့ဘန်းထဲမှာ တူတစ်စုံ၊ ထင်းရှုးဆီစအနည်းငယ်၊ ကြက်သွန်ဖြူပင်တွေ စုစည်းပြီး ထည့်ထားရပါတယ်။ (အဲဒီပစ္စည်းတွေရဲ့ အခေါ်အဝေါ်အသံထွက်နဲ့ အဓိပ္ပါယ်ကောက်ယူကြလို့ဖြစ်ပါတယ်)
မနက်ပိုင်းမှာ သတိုးသမီးက အိမ်မှာအလှပြင်ပြီး သတိုးသားအလာကို ထိုင်စောင့်နေရပါတယ်။ အိမ်သူအိမ်သားတွေက သတိုးသားဖက်ကဆွေမျိုးတွေကို အစားအစာတွေနဲ့ တည့်ခင်းဧည့်ခံဖို့ အလုပ်ရှုပ်ကြပါတယ်။ သတိုးသားခြံရှေ့ရောက်ပြီဆိုတာနဲ့ သတိုးသမီးက ထိုင်နေရာက ထရပ်ရပါတယ်။ နောင်နောက်မှာ ကိုယ့်ကို မနိမ့်အောင်ဆိုတဲ့ အယူအဆပါတဲ့။ သတိုးသားက ခြံဝမှာစောင့်နေတဲ့ လူကြီး၊ ကလေးငယ်တွေရဲ့ ကြိုးတားတာတွေကို အန်းပေါင်းပေးပြီး ဖြတ်ရပါတယ်။ အဲဒီနောက် နှစ်ဖက်လူကြီးက မင်္ဂလာကိစ္စတွေကို ပြောဆိုရပါတယ်။ (တကယ်ဆို ပန်းခြင်းလာပေးတဲ့နေ့ကတည်းက တင်တောင်းမယ့်ကိစ္စ၊ တင်တောင်းမယ့်ပစ္စည်းတွေကို နှစ်ဖက်လုံး အရိပ်အမြွက်ပြောဆိုပြီးသားမို့ ထွေထွေထူးထူးတော့ ပြောစရာမရှိတော့ပါဘူး)
သတိုးသမီးဖက်က တင်တောင်းတာကို သဘောတူပြီဆိုမှ သတိုးသားက သတိုးသမီးရဲ့ အခန်းထဲဝင်ပြီး ခေါ်ထုတ်ရပါတယ်။ အဲဒီနောက် သတိုးသားနဲ့ သတိုးသမီးက နေအိမ်ဘုရားစင်မှာ ဆီမီးပူဇော်ကန်တော့ ရပါတယ်။ (ဘုရားစင်ရှိရင် ဘုရားစင်၊ နတ်စင်ရှိရင် နတ်စင်)
ကန်တော့ပြီးရင် သတိုးသမီးရဲ့အဖေက (အဖေမရှိရင် ဦးလေး) သတိုးသားရဲ့ ဘယ်လက်မောင်းမှာ ပန်းပွင့်နီတစ်ပွင့် တပ်ဆင်ပေးရပါတယ်။
ပြီးရင် သတိုးသမီးဖက်က မိဘဆွေမျိုးသားချင်း၊ ညီအစ်ကို မောင်နှမတွေကိုခေါ်ပြီး သတိုးသားကို မိတ်ဆက်ပေးရပါတယ်။ မိတ်ဆက်ပေးရာမှာလည်း ဒီအတိုင်း ရိုးရိုး မိတ်ဆက်မပေးရပါဘူး။ အရက်ခွက်လေးကမ်းပြီး ဒါက အဖေပါ။ ဒါကအမေပါ။ ဒါက ဦးလေးပါ လို့ဆိုပြီး မိတ်ဆက်ပေးရပါတယ်။ သတိုးသားက အဖေ၊ အမေ၊ ဦးလေးလို့ ပါးစပ်က လိုက်ခေါ်ရပါတယ်။ အဖေ၊ အမေ၊ ဦးလေး၊ အဒေါ်တို့က သတိုးသား၊ သတိုးသမီးကမ်းတဲ့အရက်ကို မဖြစ်စလောက်လေးသောက်ပြီး ငွေတန်ငွေ၊ ရွှေတန်ရွှေ လက်ဖွဲ့တွေနဲ့အတူ အိုအောင်မင်းအောင်းပေါင်းဖို့ ဆုတွေပေးကြပါတယ်။ သတိုးသား၊ သတိုးသမီးဖက်ကလည်း ကျေးဇူးတင်တဲ့အနေနဲ့ လူကြီးမိဘတွေကို လက်ဆောင်တစ်ခုခု ပြန်ပေးကြပါတယ်။ ကိုယ့်ထက်အကြီးတွေကို အရက်၊ လက်ဆောင်နဲ့ မိတ်ဆက်ပေးပြီးနောက် ကိုယ့်ထက်အငယ်ကို မိတ်ဆက်ပေးရပါတယ်။ အငယ်တွေကို မိတ်ဆက်ရာမှာ အရက်မပါတော့သလို သူတို့ကလည်း လက်ဖွဲ့ပေးစရာမလိုပါဘူး။ ကိုယ့်ဖက်ကပဲ သူတို့ကို အန်ပေါင်းပေးရပါတယ်။
ဆွေမျိုးအားလုံးကို မိတ်ဆက်ပေးပြီးရင်၊ သတိုးသမီးဖက် မိဘလူကြီးတွေက သတိုးသားကို မှာစရာရှိတာမှာပြီးရင် (လင်ဝတ္တရားကျေပွန်ဖို့၊ ခွင့်လွတ်သည်းခံဖို့၊ မယားမှတ်မှတ်ပေါင်းသင်းဖို့) သတိုးသမီးကို သတိုးသားက ခေါ်ထုတ်သွားနိုင်ပါပြီ။ သတိုးသမီးဖက်က သတိုးသားတင်တောင်းတဲ့ လက်ဆောင်ပစ္စည်းတွေကို တချို့ယူပြီး တချို့ကိုပြန်ထည့်ပေးကြတယ်။ လက်ဖက်ခြောက်ထုပ်နဲ့ ဆားထုပ်တစ်ဝက်ကို အိမ်ဘုရားစင်မှာ တင်ထားခဲ့ရပါတယ်။ သတိုးသမီးဖက်ကလည်း ဝယ်ထားတဲ့ ပစ္စည်းအသစ်မှန်သမျှ သတိုးသားအိမ်ဖက်ကို အကုန်သယ်ထုတ်သွားရပါတယ်။ အိမ်ထဲကမထွက်ခင် သတိုးသမီးက အလှပြင်နေတဲ့အချိန်မှာပဲ မှန်သေးတစ်ချပ်နဲ့ ဆားထုပ်လေးတစ်ထုပ်ကို ကိုယ့်အင်္ကျီထဲ ကြိုထည့်ထားရပါတယ်။ မင်္ဂလာယူတဲ့အချိန်မှာ အနှောင့်အယှက်တွေ ပေါ်တတ်လို့၊ မင်္ဂလာဆောင်ချိန်မှာ သတိုးသမီးရဲ့လိပ်ပြာက အရမ်းလှနေပြီး မကောင်းဆိုးဝါးတွေ နှောင့်ယှက်မှာစိုးလို့ မှန်နဲ့ဆားကို ထည့်ထားရတာဖြစ်တယ်လို့ ဆိုပါတယ်။
သတိုးသားနဲ့ သတိုးသမီး အိမ်ထဲကထွက်တာနဲ့ တစ်ပြိုက်နက် သတိုးသမီးရဲ့ မောင်က သတိုးသမီးကို ထီးအနီနဲ့ စကောဆောင်းပြီး ကားအထိလိုက်ပို့ ပေးရပါတယ်။ မကောင်းဆိုးဝါးတွေရဲ့ရန်က ကာကွယ်တဲ့ အယူနဲ့ဖြစ်ပါတယ်။ သတိုးသားဖက်ကလည်း သတိုးသမီးမိဘကို အန်ပေါင်းတစ်ခုပေးခဲ့ရပါတယ်။ အကြောင်းက သူတို့ရဲ့ စီးပွါးရေး၊ လာဘ်လာဘတွေ သတိုးသားနဲ့ လိုက်ပါမသွားဖို့ဖြစ်တယ်။ သတိုးသမီးဖက်ကလည်း သတိုးသမီးကို ခေါ်ထုတ်သွားပြီးနောက် ပန်းပွင့်ပုံဖော်ထားတဲ့ အစနီကြီးကို အိမ်ရှေ့တံခါးဝမှာ ချိတ်ဆွဲလိုက်ရပါတယ်။
သတို့သားအိမ်ရောက်ရင်လည်း သူတို့ရဲ့ထုံးစံအတိုင်း နတ်၊ ဘုရားတွေကို ပူဇော်ကန်တော့ရပါတယ်။ ပြီးတော့ လူကြီးတွေကို ကန်တော့ရပါတယ်။ အားလုံးကန်တော့ပြီးရင် ညနေမင်္ဂလာဧည့်ခံပွဲအတွက် ပြင်ဆင်ရုံပဲကျန်ပါတော့တယ်။
မင်္ဂလာခန်းဝင်ပစ္စည်း ခင်းကျင်းချိန်မှာလည်း မိဘအစုံအလင်ရှိပြီး သားရောသမီးရောရှိတဲ့ လူတွေကပဲ ခင်းကျင်းပေးရပါတယ်။ ခင်းကျင်းပေးပြီးရင် ခင်းထားတဲ့ ကုတင်ပေါ် ယောက်ျားလေး၊ မိန်းကလေးတွေကို အရင်တက်လှိမ့်စေရပါတယ်။ ပြီးရင် ခင်းကျင်းထားတဲ့ ကုတင်ပေါ် ဘယ်သူမှ မထိုင်ရတော့ပါဘူး။ ဧည့်ခံပွဲပြီးလို့ အိပ်ခန်းထဲ သတိုးသား၊ သတိုးသမီးပြန်ရောက်ရင် မိဘသားသမီး အစုံအလင်ရှိတဲ့လူတွေကပဲ သူတို့ကို အချိုရည်တိုက်ရပါတယ်။ များသောအားဖြင့် အချိုရည်က ဆီးသီး၊ ကျောက်ပွင့်နဲ့ သကြားတွေချက်ထားတဲ့ အရာဖြစ်တယ်။ ညားခါစဇနီးမောင်နှံအတွက် ချိုမြိန်ခြင်းပါတဲ့။
မိန်းကလေးဆိုတာ တစ်သက်မှာတစ်ခါသာ မင်္ဂလာဆောင်ရတာမို့ သတိုးသမီးဖက်က အဲဒီလိုနေ့မျိုးကို အမှားအယွင်းမရှိ၊ အနှောင့်အယှက်မရှိ သတိထားပြီး ပြုလုပ်ကြရပါတယ်။ အရင်ခေတ်တွေကတော့ နှစ်နဲ့ လနဲ့ချီပြီး မင်္ဂလာဆောင်ဖို့ ပြင်ဆင်ကြရတယ်လို့ ဆိုပါတယ်။ မင်္ဂလာရက်နီးရင် သတိုးသမီးကို လူကြီးမိဘတွေက အပြင်သိပ်မလွတ်တော့ပါဘူး။ အဲဒီအချိန်တွေက သတိုးသမီးရဲ့ လိပ်ပြာအရမ်းညံ့တဲ့အချိန်မို့ မတော်တဆမှုတွေ ဖြစ်တတ်လို့ဆိုပါတယ်။
မင်္ဂလာဆောင်ပြီး (၃)ရက်မြောက်နေ့မှာ သတိုးသမီးက မိဘအိမ် ပြန်ကန်တော့ရပါတယ်။ တကယ်တော့ သတိုးသမီးရဲ့ အဝတ်အစားဟောင်း၊ အသုံးအဆောင် ပစ္စည်းဟောင်းတွေ ပြန်ယူတာပါပဲ။ အရင်ခေတ်က သတိုးသမီးတွေဟာ သုံးလတိတိ အဝတ်အစားအသစ်နဲ့ပဲ နေရတယ်လို့ဆိုပါတယ်။ ဒီခေတ်မှာတော့ (၃)ရက်ထဲနဲ့ ပြီးသွားတာများပါတယ်။
"ဈေးသုံးလည်း မလွယ်နဲ့၊ ရှေးထုံးလည်း မပယ်နဲ့" တဲ့။ ဒီခေတ်မှာ အစစအရာရာ ဈေးကြီးတာကြောင့် ဈေးသုံးရတာတော့ တကယ်မလွယ်လှပါဘူး။ လူတိုင်းက ကိုယ့်ရိုးရာ၊ ကိုယ့်ဓလေ့ကို ရိုသေလေးစားကြတာချည်းပါပဲ။ မှတ်မိသလောက်၊ သိတတ်သလောက်တော့ လုပ်သွားကြမှာပဲ။ ဘယ်လို အယူပဲရှိရှိ၊ ဘယ်လိုဓလေ့ပဲဖြစ်ပါစေ အဓိက,က ယူပြီးတဲ့ ဇနီးမောင်နှံနှစ်ဦးလုံး တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုအပေါင်းနဲ့ ချစ်ချစ်ခင်ခင် ရိုးမြေကျ သက်ဆုံးထိတိုင် ပေါင်းသင်းနိုင်ကြဖို့ပဲ မဟုတ်ပါလား...
နိုင်းနိုင်းစနေ
"မင်္ဂလာဆောင်" တဲ့.. အရင်က ကိုယ်တိုင်တစ်ခါမှ မင်္ဂလာမဆောင်ဖူးတော့ ဓလေ့ထုံးစံတွေက ဒီလောက်ရှုပ်ထွေးမယ်မှန်း မသိခဲ့ဘူး။ ကိုယ်တိုင်ကြုံမှပဲ မသိခဲ့၊ မမြင်ခဲ့ဖူးတဲ့ ရိုးရာဓလေ့တွေကို ပိုသိ၊ ပိုမြင်လာခဲ့ရတယ်။
ကျွန်မတို့(လားဟူ)လူမျိုးမှာ တစ်ခြားလူမျိုးတွေအတိုင်း သတိုးသားက သတိုးသမီးကို သွားတင်တောင်းဖို့ အရင်ဆုံး ရက်ကောင်းရက်မြတ်ကို ရွေးချယ်ရပါတယ်။ ရက်ကောင်းရွေးချယ်ပြီး ဘယ်နေ့မှာ လာတောင်းမယ်ဆိုတဲ့အကြောင်း သတိုးသမီးအိမ်ကို ပန်းခြင်း၊ လက်ဆောင်တွေနဲ့သွားပြီး လူကြီးမိဘတွေကို အရင်အသိသွားပေးရပါတယ်။ သတိုးသမီးအိမ်က အဲဒီလက်ဆောင်တွေကို လက်ခံထားရပါတယ်။ တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် သတိုးသားနဲ့ သတိုးသမီး မင်္ဂလာမဆောင်ဖြစ်ခဲ့ရင် အဲဒီပန်းခြင်းကို သတိုးသားဖက် ပြန်ပေးရပါတယ်။
သတိုးသမီးကို သွားတောင်းတဲ့ရက်မှာ ပထမဆုံး သတိုးသားဖက် ပြင်ဆင်ရတဲ့အရာတွေက ကန်တော့ပုံသဏ္ဍာန် စက္ကူအနီထဲထည့်ထားတဲ့ လက်ဖက်ခြောက်ထုပ်နဲ့ ဆားထုပ်တွေဖြစ်တယ်။ အဲဒီအထုပ်တွေဟာ စုံဂဏန်းပဲဖြစ်ရပါမယ်။ ဥပမာ - လက်ဖက်ခြောက် ၄ထုပ်၊ ဆား ၄ထုပ်..
လက်ဖက်ခြောက်၊ ဆားတွေအပြင် သတိုးသားဖက်က တတ်နိုင်ရင်တတ်နိုင်သလောက် မုန့်ပုံး၊ ကိုလာ၊ နို့ဆီဗူး၊ ချိုချဉ်၊ အချိုရည် .. စတဲ့ လက်ဆောင်ပစ္စည်းတွေကို ဝယ်ရပါတယ်။ ပြီးတော့ အဲဒီလက်ဆောင်တစ်ခုစီကို စက္ကူအနီနဲ့ ပတ်ထားရပါတယ်။ အဲဒီအပြင် တတ်နိုင်ရင် တတ်နိုင်သလောက် သတိုးသမီးအတွက် အဝတ်အစား၊ အသုံးအဆောင်၊ ခန်းဝင်ပစ္စည်းတွေကိုလည်း ဝယ်ရပါတယ်။ ပစ္စည်းအားလုံးကို စက္ကူနီနဲ့ ကပ်ထားရပါတယ်။ ပစ္စည်းအားလုံးက စုံဖြစ်ရပါတယ်။သတိုးသမီးဖက်ကလည်း တတ်နိုင်သလောက် ကိုယ့်အတွက် အဝတ်အစားတွေ ဝယ်ရပါတယ်။ အရင်ခေတ်တုန်းကတော့ ကိုယ်ဝတ်မယ့်အဝတ်အစား၊ အိပ်ယာစောင်ခင်း၊ ဖိနပ်တွေကို သတိုးသမီးက ကိုယ်တိုင်ချုပ်လုပ်ရတယ်လို့ ဆိုပါတယ်။ အခုခေတ်မှာတော့ ရယ်ဒီမိတ်တွေ အဆင်သင့် ရှိနေတာကတစ်ကြောင်း၊ ရိုးရာဓလေ့တွေကလည်း ခေတ်ရေစီးနဲ့အပြိုင် ပြောင်းလဲနေတာကတစ်ကြောင်း အရင်ကလောက် အယူတွေမရှိတော့ပါဘူး။ (နို့မဟုတ်ရင် အပ်မချုပ်တတ်သူတွေ ယောက်ျားမရဘဲ နေပါအုန်းမယ် :p)
သတိုးသမီးဖက်က ဝယ်ထားတဲ့ အဝတ်အစား၊ အသုံးအဆောင်အားလုံးကို မင်္ဂလာမဆောင်ခင် ရှေ့တစ်ညမှာ သတို့သမီးအမေက (အမေမရှိရင် အဒေါ်) သေတ္တာထဲ ထည့်ပေးပါတယ်။ သေတ္တာထဲ အဝတ်အစားမထည့်ခင် စပါး၊ နေကြာစေ့၊ ငွေပြား၊ ထင်းရှုးဆီ၊ တူနှစ်စုံ၊ ပန်းကန်လုံးနှစ်စုံ၊ စက္ကူနီပတ်ထားတဲ့ ငွေစက္ကူတွေကို သေတ္တာလေးထောင့်မှာ ထည့်ပေးပြီး ပါးစပ်ကလည်း ကလေးမြန်မြန်ရဖို့၊ မြေးမြစ်တွေနဲ့ ပျော်ရွှင်နိုင်ဖို့ ဆုတောင်းပေးရပါတယ်။ စပါး၊ နေကြာစေ့၊ ငွေပြားတွေရဲ့ အဓိပ္ပါယ်က သားသမီးမြန်မြန် ထွန်းကားဖို့ပဲဖြစ်ပါတယ်။ အားလုံးထည့်ပြီးရင် သေတ္တာကို လုံးဝမဖွင့်ရတော့ပါဘူး။အဲဒီနောက် စပါး၊ နေကြာစေ့၊ ငွေပြားစတဲ့ပစ္စည်းတွေကို အစနီနဲ့ချုပ်ထားတဲ့ အိတ်လေးထဲထည့်ပြီး ခန်းဝင်ပစ္စည်းဖြစ်တဲ့ စောင်ရဲ့လေးထောင့်မှာ တွဲချီချုပ်ပေးရပါတယ်။ အဓိပ္ပါယ်ကတော့ ရှေ့ကတောင်းခဲ့တဲ့ ဆုတွေအတိုင်းပါပဲ။
သတိုးသားဖက်က သတိုးသမီးကို လာတင်တောင်းတဲ့မနက်မှာ တင်တောင်းမယ့် လက်ဆောင်ပစ္စည်းတွေနဲ့အတူ တင်တောင်းမယ့် ရွှေ၊ ငွေတွေကို ဘန်းတွေနဲ့ထည့်ယူလာရပါတယ်။ တကယ်လို့ တင်တောင်းတဲ့ပစ္စည်းတွေထဲမှာ အသား (ဥပမာ- ကြက်၊ ဝက်) ပါခဲ့ရင် အသားထည့်တဲ့ဘန်းထဲမှာ တူတစ်စုံ၊ ထင်းရှုးဆီစအနည်းငယ်၊ ကြက်သွန်ဖြူပင်တွေ စုစည်းပြီး ထည့်ထားရပါတယ်။ (အဲဒီပစ္စည်းတွေရဲ့ အခေါ်အဝေါ်အသံထွက်နဲ့ အဓိပ္ပါယ်ကောက်ယူကြလို့ဖြစ်ပါတယ်)
မနက်ပိုင်းမှာ သတိုးသမီးက အိမ်မှာအလှပြင်ပြီး သတိုးသားအလာကို ထိုင်စောင့်နေရပါတယ်။ အိမ်သူအိမ်သားတွေက သတိုးသားဖက်ကဆွေမျိုးတွေကို အစားအစာတွေနဲ့ တည့်ခင်းဧည့်ခံဖို့ အလုပ်ရှုပ်ကြပါတယ်။ သတိုးသားခြံရှေ့ရောက်ပြီဆိုတာနဲ့ သတိုးသမီးက ထိုင်နေရာက ထရပ်ရပါတယ်။ နောင်နောက်မှာ ကိုယ့်ကို မနိမ့်အောင်ဆိုတဲ့ အယူအဆပါတဲ့။ သတိုးသားက ခြံဝမှာစောင့်နေတဲ့ လူကြီး၊ ကလေးငယ်တွေရဲ့ ကြိုးတားတာတွေကို အန်းပေါင်းပေးပြီး ဖြတ်ရပါတယ်။ အဲဒီနောက် နှစ်ဖက်လူကြီးက မင်္ဂလာကိစ္စတွေကို ပြောဆိုရပါတယ်။ (တကယ်ဆို ပန်းခြင်းလာပေးတဲ့နေ့ကတည်းက တင်တောင်းမယ့်ကိစ္စ၊ တင်တောင်းမယ့်ပစ္စည်းတွေကို နှစ်ဖက်လုံး အရိပ်အမြွက်ပြောဆိုပြီးသားမို့ ထွေထွေထူးထူးတော့ ပြောစရာမရှိတော့ပါဘူး)
သတိုးသမီးဖက်က တင်တောင်းတာကို သဘောတူပြီဆိုမှ သတိုးသားက သတိုးသမီးရဲ့ အခန်းထဲဝင်ပြီး ခေါ်ထုတ်ရပါတယ်။ အဲဒီနောက် သတိုးသားနဲ့ သတိုးသမီးက နေအိမ်ဘုရားစင်မှာ ဆီမီးပူဇော်ကန်တော့ ရပါတယ်။ (ဘုရားစင်ရှိရင် ဘုရားစင်၊ နတ်စင်ရှိရင် နတ်စင်)
ကန်တော့ပြီးရင် သတိုးသမီးရဲ့အဖေက (အဖေမရှိရင် ဦးလေး) သတိုးသားရဲ့ ဘယ်လက်မောင်းမှာ ပန်းပွင့်နီတစ်ပွင့် တပ်ဆင်ပေးရပါတယ်။
ပြီးရင် သတိုးသမီးဖက်က မိဘဆွေမျိုးသားချင်း၊ ညီအစ်ကို မောင်နှမတွေကိုခေါ်ပြီး သတိုးသားကို မိတ်ဆက်ပေးရပါတယ်။ မိတ်ဆက်ပေးရာမှာလည်း ဒီအတိုင်း ရိုးရိုး မိတ်ဆက်မပေးရပါဘူး။ အရက်ခွက်လေးကမ်းပြီး ဒါက အဖေပါ။ ဒါကအမေပါ။ ဒါက ဦးလေးပါ လို့ဆိုပြီး မိတ်ဆက်ပေးရပါတယ်။ သတိုးသားက အဖေ၊ အမေ၊ ဦးလေးလို့ ပါးစပ်က လိုက်ခေါ်ရပါတယ်။ အဖေ၊ အမေ၊ ဦးလေး၊ အဒေါ်တို့က သတိုးသား၊ သတိုးသမီးကမ်းတဲ့အရက်ကို မဖြစ်စလောက်လေးသောက်ပြီး ငွေတန်ငွေ၊ ရွှေတန်ရွှေ လက်ဖွဲ့တွေနဲ့အတူ အိုအောင်မင်းအောင်းပေါင်းဖို့ ဆုတွေပေးကြပါတယ်။ သတိုးသား၊ သတိုးသမီးဖက်ကလည်း ကျေးဇူးတင်တဲ့အနေနဲ့ လူကြီးမိဘတွေကို လက်ဆောင်တစ်ခုခု ပြန်ပေးကြပါတယ်။ ကိုယ့်ထက်အကြီးတွေကို အရက်၊ လက်ဆောင်နဲ့ မိတ်ဆက်ပေးပြီးနောက် ကိုယ့်ထက်အငယ်ကို မိတ်ဆက်ပေးရပါတယ်။ အငယ်တွေကို မိတ်ဆက်ရာမှာ အရက်မပါတော့သလို သူတို့ကလည်း လက်ဖွဲ့ပေးစရာမလိုပါဘူး။ ကိုယ့်ဖက်ကပဲ သူတို့ကို အန်ပေါင်းပေးရပါတယ်။ဆွေမျိုးအားလုံးကို မိတ်ဆက်ပေးပြီးရင်၊ သတိုးသမီးဖက် မိဘလူကြီးတွေက သတိုးသားကို မှာစရာရှိတာမှာပြီးရင် (လင်ဝတ္တရားကျေပွန်ဖို့၊ ခွင့်လွတ်သည်းခံဖို့၊ မယားမှတ်မှတ်ပေါင်းသင်းဖို့) သတိုးသမီးကို သတိုးသားက ခေါ်ထုတ်သွားနိုင်ပါပြီ။ သတိုးသမီးဖက်က သတိုးသားတင်တောင်းတဲ့ လက်ဆောင်ပစ္စည်းတွေကို တချို့ယူပြီး တချို့ကိုပြန်ထည့်ပေးကြတယ်။ လက်ဖက်ခြောက်ထုပ်နဲ့ ဆားထုပ်တစ်ဝက်ကို အိမ်ဘုရားစင်မှာ တင်ထားခဲ့ရပါတယ်။ သတိုးသမီးဖက်ကလည်း ဝယ်ထားတဲ့ ပစ္စည်းအသစ်မှန်သမျှ သတိုးသားအိမ်ဖက်ကို အကုန်သယ်ထုတ်သွားရပါတယ်။ အိမ်ထဲကမထွက်ခင် သတိုးသမီးက အလှပြင်နေတဲ့အချိန်မှာပဲ မှန်သေးတစ်ချပ်နဲ့ ဆားထုပ်လေးတစ်ထုပ်ကို ကိုယ့်အင်္ကျီထဲ ကြိုထည့်ထားရပါတယ်။ မင်္ဂလာယူတဲ့အချိန်မှာ အနှောင့်အယှက်တွေ ပေါ်တတ်လို့၊ မင်္ဂလာဆောင်ချိန်မှာ သတိုးသမီးရဲ့လိပ်ပြာက အရမ်းလှနေပြီး မကောင်းဆိုးဝါးတွေ နှောင့်ယှက်မှာစိုးလို့ မှန်နဲ့ဆားကို ထည့်ထားရတာဖြစ်တယ်လို့ ဆိုပါတယ်။
သတိုးသားနဲ့ သတိုးသမီး အိမ်ထဲကထွက်တာနဲ့ တစ်ပြိုက်နက် သတိုးသမီးရဲ့ မောင်က သတိုးသမီးကို ထီးအနီနဲ့ စကောဆောင်းပြီး ကားအထိလိုက်ပို့ ပေးရပါတယ်။ မကောင်းဆိုးဝါးတွေရဲ့ရန်က ကာကွယ်တဲ့ အယူနဲ့ဖြစ်ပါတယ်။ သတိုးသားဖက်ကလည်း သတိုးသမီးမိဘကို အန်ပေါင်းတစ်ခုပေးခဲ့ရပါတယ်။ အကြောင်းက သူတို့ရဲ့ စီးပွါးရေး၊ လာဘ်လာဘတွေ သတိုးသားနဲ့ လိုက်ပါမသွားဖို့ဖြစ်တယ်။ သတိုးသမီးဖက်ကလည်း သတိုးသမီးကို ခေါ်ထုတ်သွားပြီးနောက် ပန်းပွင့်ပုံဖော်ထားတဲ့ အစနီကြီးကို အိမ်ရှေ့တံခါးဝမှာ ချိတ်ဆွဲလိုက်ရပါတယ်။
သတို့သားအိမ်ရောက်ရင်လည်း သူတို့ရဲ့ထုံးစံအတိုင်း နတ်၊ ဘုရားတွေကို ပူဇော်ကန်တော့ရပါတယ်။ ပြီးတော့ လူကြီးတွေကို ကန်တော့ရပါတယ်။ အားလုံးကန်တော့ပြီးရင် ညနေမင်္ဂလာဧည့်ခံပွဲအတွက် ပြင်ဆင်ရုံပဲကျန်ပါတော့တယ်။မင်္ဂလာခန်းဝင်ပစ္စည်း ခင်းကျင်းချိန်မှာလည်း မိဘအစုံအလင်ရှိပြီး သားရောသမီးရောရှိတဲ့ လူတွေကပဲ ခင်းကျင်းပေးရပါတယ်။ ခင်းကျင်းပေးပြီးရင် ခင်းထားတဲ့ ကုတင်ပေါ် ယောက်ျားလေး၊ မိန်းကလေးတွေကို အရင်တက်လှိမ့်စေရပါတယ်။ ပြီးရင် ခင်းကျင်းထားတဲ့ ကုတင်ပေါ် ဘယ်သူမှ မထိုင်ရတော့ပါဘူး။ ဧည့်ခံပွဲပြီးလို့ အိပ်ခန်းထဲ သတိုးသား၊ သတိုးသမီးပြန်ရောက်ရင် မိဘသားသမီး အစုံအလင်ရှိတဲ့လူတွေကပဲ သူတို့ကို အချိုရည်တိုက်ရပါတယ်။ များသောအားဖြင့် အချိုရည်က ဆီးသီး၊ ကျောက်ပွင့်နဲ့ သကြားတွေချက်ထားတဲ့ အရာဖြစ်တယ်။ ညားခါစဇနီးမောင်နှံအတွက် ချိုမြိန်ခြင်းပါတဲ့။
မိန်းကလေးဆိုတာ တစ်သက်မှာတစ်ခါသာ မင်္ဂလာဆောင်ရတာမို့ သတိုးသမီးဖက်က အဲဒီလိုနေ့မျိုးကို အမှားအယွင်းမရှိ၊ အနှောင့်အယှက်မရှိ သတိထားပြီး ပြုလုပ်ကြရပါတယ်။ အရင်ခေတ်တွေကတော့ နှစ်နဲ့ လနဲ့ချီပြီး မင်္ဂလာဆောင်ဖို့ ပြင်ဆင်ကြရတယ်လို့ ဆိုပါတယ်။ မင်္ဂလာရက်နီးရင် သတိုးသမီးကို လူကြီးမိဘတွေက အပြင်သိပ်မလွတ်တော့ပါဘူး။ အဲဒီအချိန်တွေက သတိုးသမီးရဲ့ လိပ်ပြာအရမ်းညံ့တဲ့အချိန်မို့ မတော်တဆမှုတွေ ဖြစ်တတ်လို့ဆိုပါတယ်။
မင်္ဂလာဆောင်ပြီး (၃)ရက်မြောက်နေ့မှာ သတိုးသမီးက မိဘအိမ် ပြန်ကန်တော့ရပါတယ်။ တကယ်တော့ သတိုးသမီးရဲ့ အဝတ်အစားဟောင်း၊ အသုံးအဆောင် ပစ္စည်းဟောင်းတွေ ပြန်ယူတာပါပဲ။ အရင်ခေတ်က သတိုးသမီးတွေဟာ သုံးလတိတိ အဝတ်အစားအသစ်နဲ့ပဲ နေရတယ်လို့ဆိုပါတယ်။ ဒီခေတ်မှာတော့ (၃)ရက်ထဲနဲ့ ပြီးသွားတာများပါတယ်။
"ဈေးသုံးလည်း မလွယ်နဲ့၊ ရှေးထုံးလည်း မပယ်နဲ့" တဲ့။ ဒီခေတ်မှာ အစစအရာရာ ဈေးကြီးတာကြောင့် ဈေးသုံးရတာတော့ တကယ်မလွယ်လှပါဘူး။ လူတိုင်းက ကိုယ့်ရိုးရာ၊ ကိုယ့်ဓလေ့ကို ရိုသေလေးစားကြတာချည်းပါပဲ။ မှတ်မိသလောက်၊ သိတတ်သလောက်တော့ လုပ်သွားကြမှာပဲ။ ဘယ်လို အယူပဲရှိရှိ၊ ဘယ်လိုဓလေ့ပဲဖြစ်ပါစေ အဓိက,က ယူပြီးတဲ့ ဇနီးမောင်နှံနှစ်ဦးလုံး တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုအပေါင်းနဲ့ ချစ်ချစ်ခင်ခင် ရိုးမြေကျ သက်ဆုံးထိတိုင် ပေါင်းသင်းနိုင်ကြဖို့ပဲ မဟုတ်ပါလား...
နိုင်းနိုင်းစနေ

25 comments:
Is that your wedding you are describing? And the bride in photo is you?
Yes!! Thank so much for sharing. What a lovely traditional wedding. :)
သတိုးသမီးလေးလှတယ်။
ဟုတ်ပါတယ်ဗျာ..... ရိုးရာဓလေ့အတိုင်း မင်္ဂလာထပ်ဆောင်တော့ ပိုပြီး မင်္ဂလာရှိပါပေတယ်ဗျာ.... သတို့သမီးဘက်က အွန်လိုင်းမောင်နှမများကလည်း သတို့သားနှင့် သတို့သမီး သားသမီးများ မြန်မြန် ထွန်းကားပြီး အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ....
ခင်မင်စွာဖြင့်
ကိုကိုသုန်
မင်္ဂလာဝတ်စုံနဲ့ အရမ်းလှတယ်နော်။ မင်္ဂလာဆောင်ပို့စ်မှာ မင်္ဂလာဆုတောင်းပေးဖို့ သိပ်နောက်ကျသွားလို့ ဒီပို့စ်မှာပဲ ပေးလိုက်တော့မယ် မမး)
ချစ်တဲ့သူချင်း ရာသက်ပန် အိုအောင်မင်းအောင် ပေါင်းရပါစေ။ သားသမီးရတနာတွေလည်း ထွန်းကားပါစေ...
ရိုးရာဓလေ့ထုံးစံလေးကို သေသေချာချာ သိလိုက်ရတယ်...
တူတူပဲ..
ကန်တော့တာမပါတာကလွှဲလို့..
နောက်တစ်မျိုး ၂မျိုး မလုပ်ရတာကလွှဲလို့..
ကောက်ညှင်းကိုအနီဆိုးထားပြီး
豆沙ထည့်ထားတဲ့ ကောက်ညှင်းလုံးလဲ စားရတယ်မို့လား။။
ဖတ်ရတာ စိတ်ချမ်းမြေ့စရာပါ... ၀ိုင်းဝန်းလုပ်ပေးတဲ့ မိသားစု ဆွေမျိုး သူငယ်ချင်းတွေနဲ့ဆိုတော့ တသက် မမေ့စရာ ပျော်စရာနော်။ ဒီလင် ဒီမယား အသက်ထက်ဆုံး သားသမီး မြေးမြစ်တွေနဲ့ ပျော်ရွှင်ကြပါစေ
ဒီလင်ဒီမယား ရိုးမြေကျအောင်ပေါင်းသင်းနိုင်ကြပါစေ
bride is so pretty.............
မသိသေးတာတွေ အများကြီး သိသွားရတယ်။ တကြောင်းတဂါထာ တရွာတပုဒ်ဆန်းပါပဲ။
ခုမှပဲနားလည်တော့တယ် ။ ကျေးဇူးတင်မိပါတယ် ။
အိုအောင် မင်းအောင် ပေါင်းသင်းနိုင်ပါစေ။
အတွေ့အကြုံတွေဝေမျှတဲ့အတွက်ကျေးဇူးနော်အမရေ...
အစ်မနဲ့ကျမှ ရိုးရာ တစ်ခုထပ်တိုးလာတယ်။ အွန်လိုင်းက ဆုတောင်းပေးကြတဲ့ ရိုးရာလေ။ :)
သတို့သမီးလေးက ချောလိုက်တာ၊းD
မေနိုင်း တရုတ်ရိုးရာနဲ့ နဲနဲ တူသလိုပဲနော်
တော်သေးရဲ့ မေနိုင်းရေ အဖေ ဘက်က တရုတ်ကို နဲနဲပဲ ပါလို့မဟုတ်ရင် သာမီး မင်လာဆောင်ရင် တရုတ်လိုဆောင်နေရ မှာ ဟီးးးးးးးးးးးးးးး
အားကျလိုက်တာ...
အားကျတာများပြီး
အားတောင်ပြန်တက်မလာတော့ဘူး
မမနိုင်း
လားဟူဓလေ့လား တရုတ်ဓလေ့လား
တရုတ်နဲ့ဆင်တယ် နည်းတွေက
post ဖတ်ရတာ ကောင်းသလောက်၊ comments တချို့ ဖတ်ရတာ စိတ်ပျက်တယ်။
စာဖတ်သူကို သောမနဿရော ဒေါမနဿပါ ခံစားရတာပေါ့လို့ ပဲ ထားလိုက်ပါ အစ်မရယ်...။
အကောင်းမြင်တာပဲ ကောင်းပါတယ်။
ဒီလိုရေးလို့ ဒီလိုကော်မန့်တွေ လာမယ်ဆိုတာ သိပြီးသားပါ အတ္တ.. လောကမှာ ဒီလိုလူမျိုးတွေလည်း ရှိသေးတယ်လေး)
ဒါပေမယ့် Anonymous နဲ့ လွတ်လွတ်လပ်လပ် ရေးနိုင်အောင် လုပ်ထားပေးပါတယ်။ ဒါမှ သူတို့ရဲ့ အလုပ်က၊ ကျောင်းကစိတ်ဖိအားတွေ ဒီမှာလာလာပြီး သူတပါးကို နစ်နစ်နာနာရေးပြီး ဖြေလျော့လို့ရမှာလေး) နို့မဟုတ် သူတို့ရူးသွားကြလိမ့်မယ်.. :P
豆沙တော့ မပါဘူး ပေါက်..
လားဟူနဲ့တရုတ်ထုံးစံတချို့က ခပ်ဆင်ဆင်တွေပဲ
ဥပမာ- အကောင်(၁၂)ကောင်ရေတာလဲတူတယ်။
ကော်မန့်အားလုံးအတွက် ကျေးဇူးပါလို့း)
နိုင်ငံခြားမှာ နှစ်ရှည်လများ နေခဲ့ပါလျက်နဲ့ ရိုးရာ ဓလေ့ ကို တလေးတစားလိုက်နာတဲ့ အမကို ပိုပြီး လေးစားသွားမိပါတယ်။
မင်္ဂလာဦး မှ နှစ်ပေါင်း တစ်ရာ မ က (သိပ်တော့ လက်တွေ့မဆန် ပေမဲ့) စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ စွာ နဲ့ ရိုးမြေကျ ပေါင်းဖော်နိုင် ကြပါစေ။ အဲလို ဖြစ်မယ် လို့လဲ ယုံကြည်ပါတယ်။ နိုင်းနိုင်း တို့ နှစ်ယောက်ကို (မသိဘဲ) မှန်းကြည့် ရတာ တစ်ယောက် နဲ့ တစ်ယောက် အလွန်နားလည်မှုရှိကြ မဲ့ ပုံမို့ပါ။ :-)))
ထွက်ပေါက်မရှိလို့လာရေးတာတော့မဟုတ်ပါဘူး။ မြန်မာတိုင်းရင်းသားတွေထဲမှာ ဌာနေမဟုတ်ဘဲ ထည့်ထားရတဲ့ တိုင်းရင်းသားတွေရှိနေတယ်ဆိုတာ ဒီစာက ထပ်ပြီး သက်သေပြသွားသလို ခံစားရတယ်ဆိုတာလေးပဲ ပြောချင်တာပါ။ ဘာပဲဖြစ်ဖြစ် လားဟူဆိုတာ ဘာလူမျိုးဆိုတာလေး ရေးပြတာ ကျေးဇူးတင်ပါတယ်။
အောက်ဆုံးက Anonymous ရေ...
ဟို ညစ်တီးညစ်ပတ် စုတ်စုတ်ပဲ့ပဲ့တွေ လာရေးထားတဲ့
တချို့သောသူကို ဆိုလိုတာပါ။ အဲဒီလိုရေးထားတဲ့ ကွန့်မန့်ကို ကျွန်မဖျက်လိုက်ပြီးပါပြီ.. (ကွန့်မန့်ဖျက်လိုက်ကြောင်း အပေါ်မှာ မရေးမိတဲ့အတွက်
အဓိပ္ပါယ်တစ်မျိုး ပေါက်သွားရင် ဆောရီးပါလို့)
ကွန့်မန့်အားလုံးအတွက် ကျေးဇူးတင်ပါတယ်
ထူးထူးဆန်းဆန်း ရိုးရာဓလေ့ထုံးစံလေးတွေ သိလိုက်ရတယ်…
သတို့သမီးလေးကလည်း (လိပ်ပြာလှမလှတော့ မသိဘူး) လူကတော့ အရမ်းလှ…
Post a Comment