Wednesday, November 18, 2009

မောင်းမကန်ကမ်းခြေ


တနသာင်္ရီတိုင်းထဲက မောင်းမကန်ကမ်းခြေကို အလည်တစ်ခေါက်ရောက်ခဲ့တယ်။ ဟန်းနီးမွန်းအနေနဲ့ သွားတာတော့ မဟုတ်ပါဘူး။ သူ့ဇာတိက ထားဝယ်ကမို့ ထားဝယ်နဲ့ (၁ဝ)မိုင်ကျော်သာဝေးတဲ့ မောင်းမကန်ကမ်းခြေကို မရောက်ဖူးလို့ အရောက်သွားခဲ့တာဖြစ်တယ်။

အဲဒီနေ့က လပြည့်နေ့မို့ ကမ်းခြေမှာ လူတွေနဲ့စည်ကားနေခဲ့ပါတယ်။ ညနေရေကျချိန်မို့ သောင်ပြင်စပ်မှာ ပြေးလွှားဆော့ကစားသူတွေနဲ့ ပြည့်နေခဲ့ကြတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကမ်းခြေတွေထဲမှာ
မောင်းမကန်ကမ်းခြေက သောင်ပြင်အပြန့်ဆုံး၊ အသန့်ရှင်းဆုံးလို့ဆိုပါတယ်။ နှမြောစရာကောင်းတာက ဝေးခေါင်တဲ့နေရာမှာရှိပြီး ဘန်ဂလိုနည်းတဲ့အတွက် ကမ်းခြေနဲ့နီးတဲ့ မြို့ရွာက လူတွေလောက်ပဲ အလည်သွားနိုင်ခဲ့တယ်။

အဲဒီနေ့က လပြည့်နေ့မို့ ....

မောင်းမကန်ကမ်းခြေက သောင်ပြင်အပြန့်ဆုံးတဲ့....
ညနေ ၃, ၄နာရီလောက်မှာ ရေကျနေပြီဖြစ်တဲ့ သောင်ပြင်မှာ ပြေးသူလွှားသူ ကစားသူတွေနဲ့

ငါးဖမ်းလှေတွေကိုလည်း အဝေးက လှမ်းမြင်ရတယ်

ရေကျချိန်လှမ်းမြင်ရတဲ့ ကမ်းခြေကကျောက်ဆောင်တွေ

တစ်ခါတလေ ကလေးတွေနဲ့အပြိုင် ပြေးလွှားဆော့ကစားရတာကိုက
စိတ်ပျော်ရွှင် လွတ်လပ်မှုတစ်မျိုးပါပဲ..

နိုင်းနိုင်းစနေ


Share/Bookmark

28 comments:

Ko Boyz said...

ဘာအခုမှ ရှက်ပါပြီလဲ။ ဟန်းနီးမွန်းဖြင့် ဟန်းနီးမွန်းပေါ့။

Vista said...

ဟန်းနီးမွန်းပါ ..ဘာမဟုတ်ဘူးလဲ ဟိ

မိုးမောင် said...

ဝေးးးးးးး သတင်းတွေတော့ကြားနေတယ်။ အခုမှ ဓါတ်ပုံတွေလာကြည့်တယ်ဗျို့။ ဒီလင်ဒီမယား အိုအောင်မင်းအောင်(အဆိုတော်ကိုပြောခြင်းမဟုတ်)ပေါင်းရပါစေဗျားးးးးးးးးး။

Waing said...

ဟန်းနီးမွန်းခရီးလေးက ပျော်စရာပဲး)

sosegado said...

အင်းလေးအိုင် နှင့် မောင်းမကန် ပင်လယ် ခြားနားမယ်လို့တော့ ထင်ပါတယ်။ ပျော်ရွှင် ကြည်နူးစရာပါပဲ၊
Congratulation

မိုးခါး said...

ဟန်းနီးမွန်းပဲပေါ့ မစနေရး))
ရောက်ဖူးချင်တယ် .. မရောက်ဘူးဘူး ..း))

ဒဏ္ဍာရီ said...

မနိုင်းရေ... ဟန်းနီးမွန်းက ပျော်စရာပေါ့နော်။ မောင်းမကန် အလှကို လာကြည့်သွားတယ်နော်။

ခင်မင်လေးစားလျှက်

Ei said...

အရမ်းသာယာတာပဲနော်... တို့များလည်း ဟန်းနီးမွန်း နိုင်တဲ့တစ်နေ့ ရောက်အောင်သွားလိုက်ဦးမယ်.. အမရေ..

ကျော်ကျော်အောင် said...

ဟန်းနီးမွန်းလေးကမောက်မကန်ဆို
တော့တော်တော်ပျော်ဖို့ကောင်းမှာ
အရင်တုန်းကအစ်မစနေဟန်းနီးမွန်း
မထွက်ခင်လေးပြောခဲ့တာသွားသတိရတယ်
မေမေလေးနဲ့လေ မောင်းမကန်၊ မောက်မကန်
ကိုရောက်အုံးမလားဆိုတာ။ ရောက်မဲ့ရောက်
တော့လဲဟန်းနီးမွန်းလေးဖြစ်နေပါလား
တော်တော်ပျော်ဖို့ကောင်းမှာတော့ကျိန်း
သေတယ်။ ထာဝရပျော်ရွှင်နိုင်ပါစေ အစ်
မစနေ။

ကိုကိုသုန် said...

မနိုင်းနိုင်းရေပျော်ရွှင်ပါစေဗျာ....မောင်းမကန် ကလည်းလှတော့ သတို့သမီးအသစ်ကလည်း ဆွေပြမျိုးပြသွားတာ အားပါး လှမှလှပေါ့..... တော်တော်ပျော်ခဲ့ရဲ့လားအစ်မ....ထားဝယ်သူ တွေလှတာတော့ သိတယ်ဗျာ.... ထားဝယ်သားတွေတော့လှတာအစ်ရွေးလိုက်မှပဲ သိတော့တယ်...ဟဲ ဟဲ ဟဲ........ ပျော်ရွှင်ပါစေလို့ဆုတောင်းထားပေးတယ်နော်...

ခင်မင်စွာဖြင့်
ကိုကိုသုန်

Myo Win Zaw said...

ပျော်ရွှင်စွာဘ၀ခရီး အတူလျှောက်လှမ်းနိုင်ပါစေဗျား

ကျောပိုးအိတ် said...

နောက်ဆုံးပုံလေးက ချစ်စရာလေး
ကလေးလေးနဲ့ တူတယ်

ညရဲ့ကောင်းကင် said...

အစ်မ...တော်တော်ပျော်ခဲ့တယ်ထင်တယ်...
ပြေးနေတဲ့ ပုံက ပျော်ရွှင်မှုတွေကို အရောင်တင်ထားသလိုပဲ...

Bino said...

A nice trip with lover.
I'm happy to see that.

It seen to be okay evening view.

The image of motorbike handles look like rockets or canons due to lack of my eye sight.

BINO

အိအိချော said...

အစ်မရေ ထားဝယ်သူဖြစ်တဲ့ ကျမကလည်း မောင်းမကန် မပြောနဲ့ ထားဝယ်မြို့ကိုတောင် မရောက်ဖူး ဘူးလေ။ ဓါတ်ပုံကိုတွေ့ရတော့ ကြည့်နူးမိ တယ်။

မြစ်ချေသူ said...

ကို မင်းမင်း နှင့် မ နိုင်းနိုင်းတို့  သက်ဆုံးတိုင် နားလည်မှု များစွာနဲ့  သာယာ အေးမြစွာ လက်တွဲသွားနိုင်ပါစေ။

ခင်မင်လေးစားလျှက်
မြစ်ချေသူ။

Anonymous said...

ကိုကျော်ဇောဆိုတဲ့လူ Comment ပေးတာနဲနဲလေး စည်းစောင့်ရင်ကောင်းမယ်ထင်တယ်။ ခင်များကပြောလိမ့်မယ် ( ယဉ်ယဉ်ကျေးကျေးလေးသုံးနှုန်းထားတာပါတို.၊ ဒါမျိုးက adult life မှာရှက်စရာမလိုပါဘူးတို.)
ခင်များ comment ကိုဖတ်မိတဲ့လူတိုင်းကတော့ ခင်များရဲ့ယုတ်မာတဲ့ရည်ရွယ်ချက်ကို ရိပ်မိကြမှာဘဲ ။ တကယ်စိတ်ပျက်စရာကောင်းတယ်ဗျာ။ မြန်မာအမျိုးသမီးတစ်ယောက်ကို ဒီလိုပြောစရာလား ၊ တော်တော်လူမဆန်တဲ့အပြုအမူဘဲ ။

မောင်လူအေး

နိုင်းနိုင်းစနေ said...

မောင်လူအေးရေ...
comment ကို အစ်မဖျက်လိုက်တယ်း)
သူ့ရည်ရွယ်ချက် သူသိပါလိမ့်မယ်

ကိုကျော်ဇော
ကျွန်မတို့ လူကြီးမိဘတွေနဲ့ မရောက်ဖူးလို့ အလည်သွားခဲ့တာပါ.. ညအိပ်ညနေ သွားခဲ့တာလည်း မဟုတ်ပါဘူးး)
စကားပြော နည်းနည်းဆင်ခြေပါလို့

အားလုံး ကျေးဇူးးး

မောင် said...

မမ၉၉ ပျော်နေတာ မြင်၇တာ စိတ်ချမ်းသာတယ်... ပျား၇ည်စမ်း ခ၇ီးလေး သွားအုံးလေ.တစ်သက်မှာ တစ်ခါပဲ သွား၇တာလေ.

သံလွင် HeRo said...

မောင်းမကန်ရေ.........လွမ်းတယ်ဗျာ....
ကျနော်သာ ထားဝယ်မှာရှိနေရင်
အစ်မကို နေရာအနံ့လိုက်ပို့ပါတယ်။
ရှင်ကိုးရှင်တို့၊ ရေတံခွန်တို့ရောက်ခဲ့သေးလား
အစ်မ

သံလွင် HeRo said...

အင်းလေးနဲ့မောင်းမကန်ကဆွေမျိုးအရင်
ကတည်းကဆွေမျိုးတွေပဲလေ....
နှစ်ကျိပ်ရှစ်ဆူနှစ်၁၀၀ပြည့်မီခဲ့တယ်ပေါ့အစ်မ
ကံကောင်းတယ်ဗျာ

နှင်းနဲ့မာယာ said...

မောင်းမကန်က အမသွားတဲ့အချိန်မှာ ပိုလှတယ်..
ညီမက မိုးတွင်းကြီးရောက်သွားတော့
အဲဒီနေ့က မိုးတွေရွာလို့ ကမ်းခြေမှာ လူတစ်ယောက်မှမရှိဘူး..
အခုတော့ တောင်ကြီး မိသားစုမှာ
ထားဝယ်မိသားစုပါ တိုးလာပီပေါ့လေ...

နှင်း

Anonymous said...

the boy behind you inside the photo of maungmagan beach ( you are running ) is look like the face of ( Mong thong Dee )the kid who got the first price in japan for paper plane flying tournament.

Congratulation to your Wedding !

မောင်ဘကြိုင် said...

မ99က ရွှေဝယ်သားနဲ့ဖူးစာဆုံတာကိုး
ပျော်တယ်ဗျာ ကျွန်တော်လဲ ရွှေဝယ်ဇာတိပါ
မောင်းမကန်နဲ့ထားဝယ်မြို့ကြီးကိုလွမ်းနေတာ
အခု မနိုင်နိုင်းမင်္ဂလာဆောင်တာလာကြည့်ရင်းနဲ့
အလွမ်းဖြေသွားတယ်ဗျာ
သာယာအေးချမ်းတဲ့ဘဝတခုကိုထာဝရပိုင်ဆိုင်နိုင်ပါစေဗျာ
း)

chocothazin said...

မနိုင်းနိုင်းရေ
၇ တန်းကျောင်းသူဘဝတုန်းက ထားဝယ်မှာ တစ်လလောက်နေခဲ့ဘူးတယ်။
အရမ်းချစ်ဖို့ ကောင်းတဲ့နေရာလေးပါ။
မနိုင်းနိုင်း ပျော်နေတာကို မြင်ရတာ ဝမ်းသာမိပါတယ်။

Orange Chit Thu said...

ဟန်းနီးမွန်းပါ :))))

ချောအိ said...

အမရေ ထားဝယ်မုန့်လက်သုတ် ပုံလေး ရှိရင်တင်ပေးပါနော်

Anonymous said...

ကျွန်မတို့ ကံကောင်းတယ်လို့ပြောရမယ်။
99ရဲ့မင်္ဂလာသတင်းကြားပြီးကတည်းက
Blog ဆက်မှဖတ်ရပါ့မလားလို့ အစိုးရိမ်ကြီးနေတာ
အခုဆက်ဖတ်ရမှပဲ ဟင်းချနိုင်တော့တယ်။
99 အမြဲဆက်ရေးပေးဖို့တောင်းဆိုပါတယ်...