အိပ်မပျော်ရက်ည အတူဖြတ်သန်း
ခံစားမှုတွေဝေမျှ
နှလုံးသားချင်း နီးဖူးခဲ့
"တအားချစ်တယ် မခွဲနိုင်ဘူးကွယ်"
မောင့်အသံတွေ အနမ်းတွေကြား
ရင်ခုန်စွာ ကြည်နူးဖူးခဲ့
ဂီတာအိုတီး တေးသီချော့တဲ့
ဖုန်းတစ်ဖက်က မောင်အသံကြား
မျက်ရည်ဝဲရင်း သာယာဖူးခဲ့
ထာဝရမဝေး စိတ်ကူးအတွေးနဲ့
တွေ့ဆုံချိန်ကို လက်ချိုးရေရင်း
မောင့်ကို တမ်းတလွမ်းဆွတ်ဖူးခဲ့
နိုင်းနိုင်းစနေ
ခံစားမှုတွေဝေမျှ
နှလုံးသားချင်း နီးဖူးခဲ့
"တအားချစ်တယ် မခွဲနိုင်ဘူးကွယ်"
မောင့်အသံတွေ အနမ်းတွေကြား
ရင်ခုန်စွာ ကြည်နူးဖူးခဲ့
ဂီတာအိုတီး တေးသီချော့တဲ့
ဖုန်းတစ်ဖက်က မောင်အသံကြား
မျက်ရည်ဝဲရင်း သာယာဖူးခဲ့
ထာဝရမဝေး စိတ်ကူးအတွေးနဲ့
တွေ့ဆုံချိန်ကို လက်ချိုးရေရင်း
မောင့်ကို တမ်းတလွမ်းဆွတ်ဖူးခဲ့
နိုင်းနိုင်းစနေ
ဟီး.. ဟိုတုန်းက ရေးခဲ့ဖူးတဲ့ ကဗျာလေးပါ။ ဟိုရှာဒီရှာလုပ်ရင်း ထွက်လာတယ်။ အဲတုန်းက အဲလိုလည်း ရေးခဲ့ဖူးတာပဲနော်.. ခုနေပြန်ဖတ်ကြည့်တော့ ရီချင်စရာကြီး.. :P


14 comments:
အစ်မတိုက်ဆိုင်မူ့တွေများသွားလို့
ရီချင်စရာကြီးဖြစ်တာလား ဒါမှမဟုတ်
သေသေချာချာဖတ်ကြည့်တော့
တိုက်ဆိုင်မူ့မှ မဟုတ်တာဘဲ
ရင်ထဲကနေအမှန်ရေးထားတဲ့
စာသားတွေဘဲ ဟိ နှလုံးသားစစ်
စစ်နဲ့ရေးထားတဲ့စာသားတွေပေါ့
ဟုတ်တယ်ဟုတ်..
ခုကော မမောင်တော့ဘူးလာ အမ ရဲ့။
ခင်လို့ စ သွားပါတယ်ဗျာ။
ခင်တဲ့ ရီနို
အစ်မတော့ လွမ်းနေပြီ...လွမ်းနေပြီ...
ရှက်ပါနဲ့ ..
လူပဲဥစ္စာ..
ခံစားတတ်တယ်..
ကြေကွဲတတ်တယ်...
တခါတရံလည်း ငိုချတတ်တယ်..
အဲ့ဒါ လူပီသတာ...
ဟင် အမမောင်က ပြန်သွားပီလား ဟိုကို။
:P
ဟိဟိ... ဘယ်ကမောင်လဲ
:)...
:)
http://myanmarblogreader.blogspot.com/
You look so pretty in that poem photo! It's you. Isn't it?
မောင်.....
သူများပြောတော့ ခွေးသားစားတယ်ဆို....
ဟီးးးး ဟေမာနေ၀င်းဆိုတာသတိရလို့
မောင်က ကိုးရီးယားက မဟုတ်တော့ ခွေးသားစားဘူးတဲ့...
ပြန်သွားပြီလေးး(
လွမ်းနေပြီလေ
ဓာတ်ပုံက လွန်ခဲ့တဲ့ ၆ နှစ်ကရိုက်ထားတာ
မလှလှအောင် အလှပုံသွားရိုက်တယ်လေ
ပုံ ၂ဝကို အင်္ကျီသုံးစုံပေးဝတ်တယ်။ ထိုင်ဝမ်ငွေ
၃ဝဝဝတောင်ပေးလိုက်ရတယ်။
ရိုက်ထားတဲ့ပုံတွေက ကိုယ်နဲ့တူမနေဘူး
ဓာတ်ပုံထဲက အရမ်းလှနေလို့လေ.. ဟီ..
Most of love poems emitted from heart.
BINO
တိုက်ဆိုက်မှုမဟုတ်ပါဘူး...
ခံစားထားတာပါ...
ဟုတ်တယ်ဟုတ်...
ကျွန်တော်ကတော့ရီချင်စရာလို့မထင်ပါဘူးဗျာ...... အတွေးလေးတွေဆန်းနေတယ်လို့ပဲထင်တာ
Post a Comment