Tuesday, December 01, 2009

ကွက်လပ်


မတော်တဆမှုနဲ့ ကျွန်တော့်ဇနီး ကျွန်တော့်အပါးက ထာဝရထွက်ခွါသွားတာ အခုဆိုရင် (၄)နှစ်ရှိခဲ့ပါပြီ။ အိမ်မှုကိစ္စဘာမှ မလုပ်တတ်တဲ့ကျွန်တော်နဲ့ လူမမယ်သားလေးကို မထားချင်ဘဲထားခဲ့ရတဲ့ ဇနီးရဲ့ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်လည်း သားအပေါ် အဖေလိုတစ်မျိုး၊ အမေလိုတစ်မျိုး ဂရုမစိုက်တတ်ခဲ့လို့ ခံစားရပါတယ်။

တစ်ခါက အလုပ်ကိစ္စနဲ့ မနက်အစောကြီး အိမ်ကနေ ကျွန်တော်ထွက်ခဲ့ရလို့ သားအတွက် ဘာမှ မစီစဉ်ပေးခဲ့ရဘူး။ တစ်နေ့ကကျန်တဲ့ ထမင်းနဲ့ကြက်ဥပေါင်းကိုပဲ နွေးပြီး အိပ်ရာက ကောင်းကောင်းနိုးဟန်မတူသေးတဲ့ သားကိုမှာခဲ့တယ်။ သားကို တစ်နေ့သုံးနပ် ပြုစုစောင့်ရှောက်ဖို့နဲ့ အလုပ်ကတစ်ဖက်မို့ ကျွန်တော် အရမ်းပင်ပန်းနွမ်းနယ်ခဲ့ရတယ်။

တစ်ညနေ အလုပ်ကအပြန် ကျွန်တော်အရမ်းပင်ပန်းနေခဲ့တယ်။ အပေါ်အင်္ကျီကိုချွတ် သားကို တစ်ချက်နှုတ်ဆက်ပြီး ညစာတောင်မစားနိုင်ဘဲ ကုတင်ပေါ် ကျွန်တော်ပစ်လှဲချလိုက်တယ်။ အဲဒီမှာ "ဘုန်း"ဆိုတဲ့ အသံနဲ့အတူ ခေါက်ဆွဲနဲ့ဟင်းရည်တွေ အိပ်ယာခင်းပေါ် စီးကျပေကျံကုန်တယ်။ စောင်ထဲမှာ ခေါက်ဆွဲတစ်ခွက် ရှိနေခဲ့လို့ဖြစ်တယ်။ "ဟာ.... ဒီကလေး" ချက်ချင်းပဲ အင်္ကျီချိတ်တစ်ခုကို ကောက်ယူပြီး အိပ်ခန်းထဲကနေ ကျွန်တော်ပြေးထွက်ခဲ့တယ်။ ကစားစရာတွေနဲ့ ဆော့ကစားနေတဲ့ သားရဲ့တင်ပါးကို မပြောမဆို ကျွန်တော်ရိုက်ချပစ်တယ်။ အရမ်းဒေါသထွက်နေလို့ မနားတမ်း ကျွန်တော်ရိုက်နေမိတယ်။ ဆက်တိုက်ရိုက်နေမိတဲ့ ကျွန်တော့်ရိုက်ချက်တွေက ငိုယိုပြီးပြောလိုက်တဲ့ သားရဲ့စကားတစ်ခွန်းကြောင့် အရိုက်ရပ်သွားခဲ့တယ်။

"ထမင်းအိုးထဲက ထမင်းတွေ မနက်ကတည်းက ကုန်သွားပြီဖေဖေ။ ညနေစာကို သားကျောင်းမှာစားခဲ့ပါတယ်။ ညရောက်တော့ ဖေဖေလည်း မပြန်လာသေးတာနဲ့ မီးဖိုကြောင်အိမ်ထဲမှာ ခေါက်ဆွဲတစ်ထုပ်တွေ့လို့ သားပြုပ်မလို့ပါပဲ။ ဒါပေမယ့် ဂက်စ်မီးဖိုကို လျှောက်မဖွင့်ရဘူးလို့ ဖေဖေမှာထားခဲ့လို့ ရေချိုးခန်းထဲက ရေနွေးနဲ့ သားခေါက်ဆွဲပြုပ်လိုက်ပါတယ်။ ခေါက်ဆွဲစားနေရင်း ဖေဖေကိုလည်း စားစေချင်လို့ ခေါက်ဆွဲအေးမသွားအောင် စောင်အောက်ထဲ သားထည့်ထားမိတာပါ ဖေဖေ။ ဖေဖေပြန်ရောက်တာနဲ့ ပြောမလို့ပါပဲ။ ဒါပေမယ့် သူငယ်ချင်းဆီက ငှားလာတဲ့ ကစားစရာတွေဆီ စိတ်ရောက်နေလို့ သားပြောဖို့ မေ့သွားတာပါ ဖေဖေ"

ကျွန်တော့်ပါးပြင်ပေါ်က မျက်ရည်တွေ သားတွေ့မှာစိုးလို့ ရေချိုးခန်းထဲ ကျွန်တော်အပြေးဝင်ခဲ့တယ်။ ရေစက်ခေါင်းကို အကျယ်ကြီးဖွင့်ပြီး ကျွန်တော်အော်ငိုမိပါတယ်။ တအောင့်နေမှ ကျွန်တော်အားတင်းပြီး သားကို တစ်ဖက်ကချော့ရင်း တစ်ဖက်က ဒဏ်ရာတွေကို ဆေးလိမ်းပေးပြီး အိပ်စေခဲ့တယ်။ ကုတင်ပေါ်က ပေကျံနေတဲ့ ခေါက်ဆွဲတွေကိုရှင်းလင်းပြီး သားအိပ်ခန်းတံခါးကို ကျွန်တော် အသာလေးတွန်းဖွင့်ကြည့်မိတယ်။ လက်ထဲမှာ အမေ့ဓာတ်ပုံကို ဆုပ်ကိုင်ထားတဲ့သားဆီက ရှိုက်သံတိုးတိုးကို ကျွန်တော်ကြားနေရတုန်းပါပဲ။ တံခါးဘောင်ကိုမှီပြီ သားကို အကြာကြီး ကျွန်တော်ရပ်ကြည့်နေခဲ့မိတယ်။

လွန်ခဲ့တဲ့တစ်နှစ်ကျော်က ဒီလိုကိစ္စမျိုး ဖြစ်ပွါးပြီးနောက် မိခင်တာဝန်ပါကျေပွန်ဖို့ သားကို ကျွန်တော်ပိုပြီး ဂရုစိုက်ခဲ့တယ်။ အခုဆိုရင် သား(၇)နှစ်ပြည့်ပါတော့မယ်။ မကြာခင် ကျောင်းကြီးတက်ရပါတော့မယ်။ ကံကောင်းတာက ဒီကာလအတောအတွင်း သားပေါ် ဘာအရိပ်မည်းမှ မကျရောက်ခဲ့ဘူး။ သားဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းခဲ့ပါတယ်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ သားကိုကျွန်တော်ရိုက်မိပြန်တယ်။ ဆရာမဆီက ကျောင်းကို သားရောက်မလာခဲ့တဲ့အကြောင်း ကြားတော့ ကျွန်တော်စိတ်ပူမိတယ်။ အလုပ်စောစောဆင်းပြီး ရပ်ကွက်လမ်းတွေမှာ သားနာမည်ကို အကျယ်ကြီးအော်ပြီး ကျွန်တော်လိုက်ရှာခဲ့မိတယ်။ ဘယ်လိုရှာရှာ သားကိုမတွေ့ခဲ့ဘူး။ နောက်ဆုံးမှာ ကျောင်းသုံးပစ္စည်းတွေရောင်းတဲ့ ဆိုင်ရှေ့က ကစားစရာရှေ့မှာ ရပ်နေတဲ့သားကိုတွေ့ခဲ့တယ်။ ဒေါသတကြီးနဲ့ သားကို ကျွန်တော် အဆက်မပြတ်ရိုက်မိပြန်တယ်။ ဒီတစ်ကြိမ်တော့ သားဆီက ဘာဖြေရှင်းချက်မှ မကြားခဲ့ဘူး။ ကျွန်တော့်ကို တောင်းပန်တဲ့စကားတစ်ခွန်းပဲ သားပြောခဲ့တယ်။ နောက်ကျမှသိရတာက အဲဒီနေ့မှာ ကျောင်းသားတွေရဲ့မိဘတွေကို ကျောင်းကပွဲအတွက် ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုကိစ္စမျိုးဖြစ်ပျက်ပြီးနောက် ကျောင်းကသင်ခဲ့တဲ့ စာတွေကို လေ့ကျင့်ဖို့ဆိုပြီး သားက သူ့အခန်းထဲမှာပဲ အမြဲအောင်းနေခဲ့တော့တယ်။ စာတွေကို ကြိုးကြိုးစားစား လေ့ကျင့်ရေးမှတ်နေတဲ့ သားကိုကြည့်ရင်း သွားလေသူဇနီးလည်း အဝေးတစ်နေရာကနေ သားရဲ့ကြိုးစားမှုတွေကိုကြည့်ပြီး ပီတိဖြစ်နေမယ်လို့ ကျွန်တော်ထင်တယ်။

တစ်နှစ်ဆိုတဲ့အချိန်က တခဏအတွင်း ကုန်ဆုံးသွားခဲ့တယ်။ လမ်းတွေ၊ ဆိုင်တွေမှာတောင် ခရစ်စမတ်သီချင်းတွေ ကြားနေရပြီဖြစ်တယ်။ ဒီအချိန်မှာ သားကပြဿနာတစ်ခု ထပ်ရှာလာပါတယ်။ ကျွန်တော်အလုပ်ဆင်းခါနီး ရပ်ကွက်ရုံးဆီက ဖုန်းတစ်ခုကို လက်ခံရခဲ့တယ်။ ဖုန်းထဲမှာ ကျွန်တော်သားက လိပ်စာမပါတဲ့စာတွေကို စာတိုက်ပုံးတွေထဲ လိုက်ထည့်နေလို့ဆိုပါတယ်။ နှစ်တိုင်း ဒီလိုရာသီရောက်ရင် စာတိုက်က အလုပ်အရမ်းရှုပ်တဲ့အချိန်ဖြစ်တယ်။ ဒါကြောင့် သားရဲ့လိပ်စာမပါတဲ့ စာတွေက သူတို့အလုပ်ကို နှောင့်နှေးစေပါတယ်။

သားကို နောက်ထပ်မရိုက်တော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် အိမ်ကိုကျွန်တော် အလျှင်စလို ပြန်လာခဲ့မိတယ်။ သားကိုခေါ်ပြီး ကျွန်တော်ထပ်ရိုက်ခဲ့မိပြန်တယ်။ သားက သူမှားကြောင်းဝန်ခံပေမယ့် ဘာကြောင့် မှားတယ်ဆိုတာကိုတော့ မပြောခဲ့ဘူး။ သားကို ထောင့်တစ်နေရာတွန်းပို့ပြီး ကျွန်တော် လျစ်လျူရှူထားလိုက်တယ်။ စာတိုက်ဖက်သွားပြီး သားထည့်ထားတဲ့ လိပ်စာမပါတဲ့ စာတွေကို သွားယူခဲ့တယ်။

"ဘာဖြစ်လို့ ဒီလိုနည်းနဲ့ လူတွေကိုနောက်ရသလဲ?"

စာတွေကို သားရှေ့ပစ်ချပြီး ကျွန်တော်မေးတယ်။

"ဒီစာတွေက မေမေ့အတွက် ထည့်တဲ့စာပါဖေဖေ" သားက မျက်ရည်အရွှဲသားနဲ့ ပြန်ဖြေပါတယ်။

ကျွန်တော်မျက်လုံးအိမ်မှာ မျက်ရည်တွေပြည့်နှက်လာပြီး စိတ်တွေလှုပ်ရှားလာခဲ့တယ်။ ဒါပေမယ့် သားရှေ့မှာ မျက်ရည်မကျမိအောင် အတတ်နိုင်ဆုံး ကျွန်တော်ထိန်းချုပ်ထားမိတယ်။

"ဒီလိုဆိုရင် ဘာဖြစ်လို့ တစ်ကြိမ်မှာ ဒီလောက်များတဲ့စာတွေ ထည့်ရသလဲ?"

"အရင်တုန်းကရေးထားတဲ့စာတွေ စာတိုက်ပုံးနဲ့ သားမမီခဲ့လို့ မထည့်ဖြစ်ခဲ့ဘူး။ အခု သားအရပ်မီလာလို့ အရင်ကရေးထားတဲ့စာနဲ့ အခုစာတွေပေါင်းထည့်လိုက်တာပါ ဖေဖေ"

စိတ်တည်ငြိမ်အောင်ထားပြီး မေးခဲ့ပေမယ့် သားအဖြေက ကျွန်တော့်စိတ်ကို ပိုလှုပ်ရှားတုန်လှုပ်စေခဲ့တယ်။ သားကိုပြန်ပြောဖို့ စကားလုံးတွေ ကျွန်တော်ရှာမရခဲ့ဘူး။ တအောင့်နေမှ ကျွန်တော်စကားစဖြစ်တယ်။

"သား.. သားမေမေက ဟိုး မိုးကောင်းကင်ပေါ်ရောက်နေတယ်။ နောက်ဆိုရင် သားရေးတဲ့စာတွေကို မီးရှို့ပစ်လိုက်နော်။ ဒါမှ စာတွေ ကောင်းကင်ပေါ်ရောက်မှာ.."

သား အိပ်ပျော်သွားမှ အိမ်အပြင်မှာ ကျွန်တော်တစ်ယောက်တည်း စာတွေကို မီးရှို့နေမိတယ်။ စာထဲမှာ သား ရေးထားတာတွေကို သိချင်ဇောနဲ့ စာတချို့ကို ကျွန်တော်ဖောက်ဖတ်ကြည့်မိတယ်။ စာတစ်စောင်က ကျွန်တော့်ရင်ကို ဆွဲလှုပ်ရမ်းခါခဲ့ပါတယ်။

"ချစ်ရတဲ့ မေမေ

မေမေကို သားအရမ်းသတိရတယ်။ မေမေ.. ဒီနေ့ သားတို့ကျောင်းမှာ ကျောင်းကပွဲရှိတယ်။ မေမေကို ခေါ်ခဲ့ရမယ်ဆိုလို့ သားမှာမေမေမရှိလို့ အဲဒီပွဲကို သားမသွားခဲ့ဘူး။ မေမေကို ဖေဖေသတိရမှာစိုးလို့ ဖေဖေကိုလည်း သားမပြောခဲ့ဘူး။ ဖေဖေက သားကို နေရာအနှံ့ရှာခဲ့တယ်။ သားပျော်နေတယ်လို့ ဖေဖေထင်အောင် ကစားစရာတွေရှေ့မှာ သားတမင်သွားရပ်နေခဲ့တယ် မေမေ။ ဖေဖေသားကို ရိုက်ခဲ့ပေမယ့် ဘာဖြစ်လို့ သားကျောင်းမတက်တဲ့အကြောင်းကို သားမပြောခဲ့ဘူး။

မေမေ... မေမေ့ကိုလွမ်းလို့ ဖေဖေငိုတာကို သားအမြဲတွေ့တယ်။ သားလိုပဲ ဖေဖေလည်း မေမေကို အရမ်းသတိရတယ် ထင်ပါတယ်။ ဒါပေမယ့် မေမေ.. မေမေ့ပုံရိပ်က သားအသိဥာဏ်ထဲမှာ ဝိုးတဝါးဖြစ်နေခဲ့ပြီမေမေ။ ကျေးဇူးပြုပြီး သားအိပ်မက်ထဲကို လာခဲ့ပါမေမေ.. မေမေ့မျက်နှာကို သားနောက်တစ်ခေါက် ထပ်ကြည့်ပါရစေ။ ကိုယ်လွမ်းတဲ့သူရဲ့ ဓာတ်ပုံကို ရင်ခွင်ထဲထည့်ပြီးအိပ်ရင် အဲဒီလူကို အိပ်မက်မက်တတ်တယ်ဆို မေမေ... ဘာဖြစ်လို့ သားအိပ်မက်ထဲမှာ အခုချိန်ထိ မေမေကို မတွေ့ရသေးတာလဲ မေမေ!"

ကျွန်တော် ချုံးပွဲချငိုမိပါတယ်။ ဘယ်တော့များမှ လွတ်ဟာနေတဲ့ သားရင်ထဲကမေမေကို ကျွန်တော်ဖြည့်ဆည်းပေးနိုင်မလဲ?

မူရင်း-- google search or 妻子的空位

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

29 comments:

တောင်ပေါ်သား said...

ကျနော်လဲ ငိုချင်နေမိတယ်း( အရေးအသားကောင်းမွန်လှပါတယ်ဗျာ ကျေးဇူး


လေးစားလျက်
တောင်ပေါ်သား

နွေးနွေးသဲမွန် said...

အမှန်အတိုင်းဝန်ခံရရင်းဖတ်ရင်းမျက်ရည်ကျခဲ့ရတယ်..မမရယ်...

myomyo said...

မမရေလာဖတ်သွားတယ်နော်
အရမ်းကောင်းပါတယ်

myomyo

Anonymous said...

that story really touch my feelings.. =)

zawhtat said...

တစ်ခါတစ်လေ ကလေးတွေပာာ သူတို့ မှာရှိတဲ့ဝမ်းနည်းတဲ့ ခံစားချက်ကို လူကြီးတွေသိမှာစိုးလို့  ပျော်ရွှင်ယောင်ဆောင်တတ်ပါတယ်။
မနိုင်းနိုင်း ကို ဒီပိုစ့် အတွက်ကျေးဇူးတင်ပါတယ်။ ကျွှန်တော်မေ့နေတဲ့ တစ်ချို့ အကြောင်းအရာကို ပြန်သတိရစေလို့ ပါ.
အိပ်ခါနီး ဖတ်လိုက်ရတာကတော့ ကျွှန်တော်အတွက် မကောင်းဘူးပေါ့လေ.......ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် မနိုင်းနိုင်း

Space said...

အရမ်းကောင်းပါတယ်။
မျက်ရည်တွေဝဲလာတဲ့အထိ ကိုကောင်းပါတယ်။
ကျေးဇူးပါ အစ်မ။

သိင်္ဂါကျော် said...

မိဘတွေ အနေနဲ့ ကလေးတွေရဲ့ ခံစားချက်တွေကို နားလည်နိုင်အောင် ကြိုးစားဖို့ တကယ်ကို လိုအပ်ပါတယ်...

Anonymous said...

Dear 99,
Thank you very much especially for this post.
May god bless you ever.

with metta,
khaymarkhin

black.pirate said...

ဘာပြောရမှန်းတောင်မသိတော့ဘူး...။ ဖတ်ပြီးအတော်လေးစိတ်မကောင်းဘူး..။ :(

some1 said...

ရင်ထဲမှာ နင့်နေအောင်ခံစားရပါတယ်

Anonymous said...

I like this post.
Thanks for sharing.

သူရဲကောင်းကြယ် said...

ကောင်းလိုက်တာဗျာ..
ရင်ထဲကို ဆို့နင့် သွားတာပဲ...
ဖတ်ရင်းနဲ့ မျက်ရည်တောင် ဝဲမိတယ်...
ကလေးငယ်ရဲ့ ခံစားချက်ကို ဘယ်လို နှစ်သိမ့်လို့ ရမလဲလေနော်။

Anonymous said...

အမရယ်...
ပုံပြင်ဇာတ်ရိုးကောင်းတဲ့အပေါ်မှာ အရေးအသား ကောင်းလွန်းတော့ မျက်ရည်ကျမိတယ်။ကလေးတွေမှ မဟုတ်ပါဘူး။ အမေ တစ်ယောက်ရဲ့ ကွက်လပ်က ကြီးမားလွန်းပါတယ်။ အသက်အရွယ် ဘယ်လောက် ရလာလာ အမေ့ မရှိတော့တဲ့ လစ်ဟာမှုကို ခံစားနေရဆဲပဲ။

မိုးခါး said...

ငိုချင်လိုက်တာ မစနေရာ ......း(((

sai said...

ကွက်လပ်ဆိုတဲ့အတိုင်း ရင်ထဲ မှာဟာသွားတာပဲ
ကောင်းလိုက်တာ.....အင်း ကလေးနဲ့ လူကြီး..
လူကြီးနဲ့ ကလေး.. နားလည်မှု....သိတတ်မှု..
ကိုသရုပ်ဖော်သွားပုံများ...:((

အောင် said...

တကယ်ကို ရင်ထဲအသဲထဲနင့်နေအောင် ခံစားရတဲ့ ရသ မြောက်တဲ့ပို့စ်လေးပါ မစနေရယ် ၊ ကလေးငယ်ရဲ့  ခံစားချက်က ဘ၀ပေးက တကယ်ကို စိတ်မ ကောင်းစရာပါ အမိမဲ့သား ရေနဲငါးသို့ ဆိုသလိုပေါ့ ။

စေတနာ မေတ္တာများဖြင့် ရှာဖွေတင်ဆက်ပေးတဲ့ မစနေလဲ ကိုယ်ရော စိတ်ပါ အစဉ်အေးမြပါစေ။

Tin said...

Oo my God!
shake my heart
tear my face
very good translation
From Sky

Naing79 said...

Very touchy. excellence post. thanks for sharing.

ချမ်းလင်းနေ said...

မိခင်မဲ့သားကလေးနဲ့ သူ့အဖေကြားက ကွက်လပ်ကလေးတွေကို ဒီပိုစ်လေးဖတ်ရင်းမြင်မိရတော့ စိတ်မကောင်းဖြစ်မိရတယ် အမရေ။
Sweet December မှာ ပျော်ရွှင်ချိုမြိန်ပါစေဗျာ။

ညရဲ့ကောင်းကင် said...

ကျွန်တော်လည်း ချုံးပွဲချငိုချင်သလို ဖြစ်သွားတယ်ဗျာ...
ကလေးရဲ့ ခံစားချက်လေးက သနားဖို့ကောင်းတယ်...
အစ်မတင်တဲ့ ပို့စ်တွေဖတ်တိုင်း စိတ်ကူးတွေ အတွေးတွေနဲ့
ရင်ထဲမှာ တခုခုတော့ ထင်ကျန်ခဲ့တယ်ဗျာ...
အရမ်းကောင်းတဲ့ ပို့စ်လေးပါ...

simple said...

သားလေးကိုသတိရနေတယ်...သားလေးကိုအဲဒီလို..မခံစားစေချင်ဘူးလေ....သားလေးအရွယ်ရောက်မှ..
.မေမေသေပါရစေ...

simple said...

သားလေးကိုသတိရနေတယ်...
သားလေးကိုအဲဒီလို..
မခံစားစေချင်ဘူးလေ....
သားလေးအရွယ်ရောက်မှ..
မေမေသေပါရစေ...

Orange Chit Thu said...

It's really touching...I did cry after reading this...

hla myat said...

simple ပေးတဲ့ comment လိုပါပဲ။ အဆုံးထိဖတ်အပြီးမှာ သားလေးကိုကြည့်ပြီး မျက်ရည်ကျမိတယ်။ ကလေးတွေဘက်ကခံစားချက်ကိုလစ်လျှူမရှုရအောင် အသိတရားတခုကိုရစေတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Anonymous said...

မနိုင်းဆီကို ဟိုးလွန်ခဲ့တဲ့ နှစ်လောက်ထဲ က အမြဲ လာဖတ်ဖြစ်ပါတယ် တခါမှ comment မရေးခဲ့ဖူးဘူး အခုနောက်ပိုင်းလည်း မကြာမကြာရောက်ပါတယ်
ဒီစာလေးကို ဖတ်ပြီး မျက်ရည်ကျ မိပါတယ် မိဘတွေ အနေနဲ့ ကလေးတွေရဲ့ ခံစားချက်တွေကို နားလည်နိုင်အောင် ကြိုးစားဖို့ တကယ်ကို လိုအပ်ပါတယ်

shwe said...

It is really touching post.I wish all the kids grown up together with their parents.

ကိုဇေယျာ said...

မျက်ရည်ဝဲမိတယ်ဗျာ ... :'(

Anonymous said...

;(

Phannaywon said...

မမစနေရေးတဲ့ စာတွေကို တစ်ပုဒ်ဖတ်ပြီး..ဆက်မဖတ်နိုင်ခဲ့ဘူး...မကြာမကြာလာဖတ်တယ်..ဖတ်ပြီးတိုင်းငိုတယ်..ရင်ထဲမှာအောင့်အောင့်လာတယ်...
မဖတ်ပဲလည်းမနေနိုင်ဘူးဗျာ........