Friday, December 04, 2009

မိန်းမရပြီးနောက်....


ယောက်ျားတွေ မိန်းမ မရခင်
ကိုယ့်အခန်း၊ ကိုယ့်ပစ္စည်းကို သပ်သပ်ရပ်ရပ် သိမ်းဆည်းတတ်တယ်။

မိန်းမရပြီးနောက်
ယောက်ျားတွေက အခန်းလည်း မသိမ်းချင်တော့ဘူး။ ပစ္စည်းတွေလည်း လျှောက်ပစ်ထားတတ်တယ်။ အမှန်က မိန်းမရပြီးလို့ သူတို့ပျင်းသွားတာ မဟုတ်ဘူး။ မိန်းမရဲ့ တစ်ဖက်က ပစ္စည်းသိမ်းရင်း၊ တစ်ဖက်က တဗျစ်တောက်တောက် ဆူဆဲနေတဲ့အသံကို သူတို့ကြားချင်လို့ဖြစ်တယ်။ ဒါကိုပဲ ချမ်းမြေ့ခြင်းတစ်မျိုးလို့ သူတို့ထင်တယ်။

ယောက်ျားတွေ မိန်းမ မရခင်
နေမကောင်း၊ မကျန်းမမာဖြစ်ရင် ကျိတ်မှိတ်ခံတယ်။ မခံနိုင်တော့ဘူးဆိုမှ ဆေးခန်းပြေးကြတယ်။

မိန်းမရပြီးနောက်
ယောက်ျားတွေက ချောင်းဆိုး၊ ခေါင်းကိုက်ရင်လည်း မိန်းမကိုပြောပြတတ်တယ်။ အမှန်က မိန်းမရပြီး သူတို့ပိုချွဲနွဲ့တတ်သွားတာ မဟုတ်ဘူး။ သူတို့အတွက် စိတ်ပူ၊ စိတ်လှုပ်ရှားနေတဲ့ မိန်းမတွေရဲ့ အပြုအစုကို ခံချင်လို့ဖြစ်တယ်။ ဒါကိုပဲ ချမ်းမြေ့ခြင်းတစ်မျိုးလို့ သူတို့ထင်တယ်။

ယောက်ျားတွေ မိန်းမ မရခင်
ထမင်းကို တစ်ယောက်တည်းစားတယ်။ ဘယ်သူမှ အဖော်လုပ်ပေးစရာ မလိုဘူး။

မိန်းမရပြီးနောက်
ယောက်ျားတွေက မိန်းမဆာသည်ဖြစ်စေ၊ မဆာသည်ဖြစ်စေ မိန်းမနဲ့အတူ လက်ဆုံစားချင်ကြတယ်။ ကလေးငယ်တစ်ယောက်လို ပလုပ်ပလောင်းစားနေတဲ့ သူတို့ကို ထိုင်ကြည့်စေချင်ကြတယ်။ ဒါကိုပဲ ချမ်းမြေ့ခြင်းတစ်မျိုးလို့ သူတို့ထင်တယ်။

ယောက်ျားတွေ မိန်းမ မရခင်
ပင်ပန်း၊ မောပန်းတယ်လို့ ဘယ်တော့မှ မညည်းဘူး။

မိန်းမရပြီးနောက်
ယောက်ျားတွေက မပင်ပန်းလည်း ပင်ပန်းတယ်လို့ ညည်းတတ်ကြတယ်။ အမှန်က မိန်းမရဲ့ နူးညံ့သိမ်မွေ့တဲ့လက်နဲ့ နှိပ်နှယ်တာကို သူတို့ခံချင်လို့ဖြစ်တယ်။ ဒါကိုပဲ ချမ်းမြေ့ခြင်းတစ်မျိုးလို့ သူတို့ထင်တယ်။

ယောက်ျားတွေ မိန်းမ မရခင်
"မိန်းကလေးတစ်ယောက်ကို ချစ်တယ်ဆိုတာ သူ့အားနည်းချက်ကို ချစ်တာပါပဲ" လို့ ပြောတတ်ကြတယ်။

မိန်းမရပြီးနောက် အဲဒီစကားအတိုင်း သက်သေပြ ချစ်ပြသင့်တယ်။


ယောက်ျားတွေ မိန်းမ မရခင်
"ယောက်ျားတွေက ဂတိသစ္စာတည်ရတယ်" လို့ ပြောတတ်ကြတယ်။

မိန်းမရပြီးနောက် တစ်ခါတလေ လိုအပ်ခဲ့ရင် ရိုးသားတဲ့ လိမ်ညာမှုလည်းလိုကြောင်း သိလာခဲ့ရတယ်။

ယောက်ျားတွေ မိန်းမ မရခင်
မိန်းကလေးတွေ ဘာကြောင့် မကြာခဏ မျက်ရည်ကျတတ်သလဲဆိုတာကို နားမလည်ခဲ့ဘူး။

မိန်းမရပြီးနောက် မိန်းကလေးတွေ မျက်ရည်ကျတာဟာ "သူတို့သိပ်ချစ်တဲ့လူ သူတို့ကို ထိခိုက်နာကျင်အောင်လုပ်လို့" လို့ သဘောပေါက်လာခဲ့တယ်။

ယောက်ျားတွေ မိန်းမ မရခင်
မိန်းကလေးတွေ ထိခိုက်ခံစားလို့ ငိုကြွေးနေရင် ခြေမကိုင်မီ၊ လက်မကိုင်မီနဲ့ ဘယ်လိုချော့ရမှန်း နားမလည်ကြဘူး။

မိန်းမရပြီးနောက် ငိုကြွေးနေတဲ့ မိန်းကလေးတစ်ယောက်အတွက် အလိုအပ်ဆုံးက နွေးထွေးတဲ့ ထွေးပွေ့မှုနဲ့ မှီဖို့ပုခုံးတစ်စုံဆိုတာကို နားလည်လာခဲ့တယ်။

ယောက်ျားတွေ မိန်းမ မရခင်
မိန်းကလေးတွေက အရမ်းရိုမန်တစ်ဆန်တယ်၊ စိတ်ကူးယဉ်ဆန်တယ်လို့ ထင်တတ်ကြတယ်။

မိန်းမရပြီးနောက် မိန်းကလေးတွေ စိတ်ကူးယဉ်ခဲ့တဲ့အရာက သူတို့နဲ့သက်ဆုံးတိုင် တစ်နေ့တခြား အိုမင်းသွားဖို့ဖြစ်တယ်ဆိုတာကို နားလည်ခဲ့ရတယ်။

အင်တာနက်ပေါ်တွင် ဖတ်ရှုမိသော "ယောက်ျားများ မိန်းမရပြီးနောက်" (男人拥有女人之后...) အား ဆီလျှော်အောင် ဘာသာပြန်ပါသည်။

ဖတ်စရာ ---- ယောက်ျားနှင့်မိန်းမ

နိုင်းနိုင်းစနေ



Share/Bookmark

17 comments:

သက်တန့်ချို said...

မိန်းမ ရပြီးပြောင်းလဲသွားတာ သူတို့မိန်းမတွေက သင်ပေးလိုက်လို့ထင်တယ်နော်..ဟီး အမှန်တော့ ပိုပြီးရင့်ကျက်လာတယ်ဆိုပိုမှန်မယ်နော်.. အရင်လိုနေချင်သလိုနေလို့မရတော့ဘူးလေ သူ့ရဲ့ ကမ္ဘာလေးထဲမှာ သူ့မိန်းမလည်း ပါလာတာပေါ့လေ ။ နွေးထွေးမှုနဲ့ ပခုံးတစ်စုံ ....ကျေးဇူးပါအစ်မရေ..

ခင်တဲ့ သက်တန့်ချိုး)

နှင်းပွင့်ဖြူဟန် said...

I Like this very much. So right and touching..!!

Snow

ဒဏ္ဍာရီ said...

ဖတ်နေရင်းနဲ့ မသိပါဘူး မမက မမချစ်ချစ်ကို ပြောနေတယ် မှတ်နေတာ။း)
ဟုတ်မယ်နော် မိန်းမရပြီးနောက် ပြောင်းလဲ သွားတတ်ကြတာ... သူတို့လည်း တစ်ယောက်တည်း မဟုတ်တော့ဘူးဆိုတာကို နားလည်သွားလို့ နေမှာပေါ့နော်။

ခင်မင်လေးစားလျှက်

မောင် said...

မိန်းမတွေ ယောက်ျားမ၇ခင် နဲ့ ၇ပြီး အကြောင်းလေးေ၇းပါအုံး...မမ၉၉

some1 said...

Precisely :D lol

အတ္တ said...

မိန်းမ မရခင် မိသားစုနဲ့ စုံစုံညီညီစားရတယ်။(အမေ့အိမ်မှာ ထမင်းစားရင် လူစုံမှစားရပါသည်။)
မိန်းမရပြီး တစ်ယောက်တည်းဖြစ်သလိုစားရတာကများပါသည်။ (အလုပ်ချိန် မတိုက်ဆိုင်လို့ပါ။ :P )

Bino said...

I don't think so that the post item come from your experience.

You got marriage just passed one month only.

All husband are not same.

After married,

Some are become bright, smart, prompt and active.
Some are become lazy and useless.
Up to you.
It is depend on ....
The wife who knows how to control her husband....

ခရေဖြူ said...

ယောက်ျားတွေ မိန်းမ မရခင် -ကိုယ့်အခန်း၊ ကိုယ့်ပစ္စည်းကို သပ်သပ်ရပ်ရပ် သိမ်းဆည်းတတ်တယ်။
မိန်းမရပြီးနောက်ယောက်ျားတွေက အခန်းလည်း မသိမ်းချင်တော့ဘူး။ ပစ္စည်းတွေလည်း လျှောက်ပစ်ထားတတ်တယ်။ အမှန်က လုပ်ပေးမယ်လူ၁ယောက်ရှိလာလို့ ရေသာခိုလိုက်တာဖြစ်တယ်

ယောက်ျားတွေ မိန်းမ မရခင် နေမကောင်း၊ မကျန်းမမာဖြစ်ရင် ကျိတ်မှိတ်ခံတယ်။ မခံနိုင်တော့ဘူးဆိုမှ ဆေးခန်းပြေးကြတယ်။
မိန်းမရပြီးနောက် ယောက်ျားတွေက ချောင်းဆိုး၊ ခေါင်းကိုက်ရင်လည်း မိန်းမကိုပြောပြတတ်တယ်။ အမှန်က မိန်းမကိုဂရုစိုက်စေချင်လို့ဖြစ်တယ်

ယောက်ျားတွေ မိန်းမ မရခင် -ပင်ပန်း၊ မောပန်းတယ်လို့ ဘယ်တော့မှ မညည်းဘူး။
မိန်းမရပြီးနောက် ယောက်ျားတွေက မပင်ပန်းလည်း ပင်ပန်းတယ်လို့ ညည်းတတ်ကြတယ်။ အမှန်က ခိုင်းချင်လို့ဖြစ်တယ်၊

ယောက်ျားတွေဟာ ဘယ်တော့မှ မကြီးပျင်းတဲ့ ခလေးတွေဖြစ်တယ်၊ ချိုချိုလေးပြောပီးခိုင်းရင် လျှာထွက်အောင်လုပ်ပေးဖို့ ဝန်မလေးပေမယ့်၊ ဒိုးတူဘောင်ဘက် အမှန်အကန် မိန်းမတွေအတွက်တော့ လျှာထွက်အောင်လုပ်ပေးလဲ အသိအမှတ်မပြုတတ်ကြဘူး

ဟီး မနိုင်းနိုင်းကိုအားကျလို့ ဒသန ထုတ်ကြည့်တာ

သူရဲကောင်းကြယ် said...

စာဖတ်ရင်း ရယ်မိတယ်...
ရည်းစားဘဝမှာတင်ကို တစ်ခုခုဆို ပြောပြနေတတ်ပြီဗျ...ကိုယ့်ဇနီးသာ ဖြစ်သွားရင်တော့ ဘယ် မပြောဘဲ နေပါ့မလဲ။
မျှဝေခံစားချင်ရုံ သက်သက်ပါ...

shwe said...

မနိုင်းနိုင်းရဲ့စာတွေကို သူ့ကိုပေးဖတ်ဖြစ်တယ်။
အမရဲ့စာတွေကို အရမ်းကြိုက်တယ်။
အားပေးနေတယ်အမ။ facebook မှာ accept လုပ်လို့ကျေးဇူး။
ပျော်ရွှင် အဆင်ပြေပါစေအမ။

shwe said...

အမေ၇
ယောက်ျားရပြီးနောက်
မိန်းကလေးဘက်ကပေါ့
အဲဒီလိုရောမရှိဘူးလား။
ရေးပါအုံး။
ဖတ်ချင်လို့ :)

အောင် said...

ယောက်ျားတွေ မိန်းမ မရခင်
မိန်းကလေးတွေက အရမ်းရိုမန်တစ်ဆန်တယ်၊ စိတ်ကူးယဉ်ဆန်တယ်လို့ ထင်တတ်ကြတယ်။

မိန်းမရပြီးနောက် မိန်းကလေးတွေ စိတ်ကူးယဉ်ခဲ့တဲ့အရာက သူတို့နဲ့သက်ဆုံးတိုင် တစ်နေ့တခြား အိုမင်းသွားဖို့ဖြစ်တယ်ဆိုတာကို နားလည်ခဲ့ရတယ်။
မှန်လိုက်တာ မစနေရေ ယောင်္ကျားရပြီးနောက် မိန်ကလေးတွေအကြောင်းလေးရေးတင်ပါအုံးနော် အာလုံးက စိတ်ဝင်တစားနဲ့တောင်းဆိုနေကြပြီ။ မစနေပို့စ်လေးဖတ်ပြီးတော့ ဟေမာနေ၀င်းရဲ့ ခွင့်လွှင့်နော် ဆိုတဲ့ သီချင်းလေးကိုလဲ ပြန်လည် သတိရနေမိတယ်။

Anonymous said...

ဒို့ အိမ်မှာကတော့ ပြောင်းပြန်

လွမ်းသုရင် said...

ဟုတ်မှာပဲလို့ တွေးပြီး ပြန်သွားတယ် :)

ချမ်းလင်းနေ said...

ပြောင်းလဲမှုတွေမှာ ဆိုးတာတွေ ရှိသလို ကောင်းတာတွေလဲ ရှိလာနိုင်ပါတယ်။=)

ခမ်းခွန် ^^^ said...

ဖတ်ရတာတော့ .စိတ်ကြည် နူးစရာကောင်းတယ်.....

pe`khinnkyee.blogposts.com said...

It will be in MYANMAR