ကျေးဇူးပြုပြီး....
စောစောစီးစီး အားလုံးကို အကူအညီတစ်ခုတောင်းချင်ပါတယ်။ ကျွန်မအတွက်မဟုတ်ပါဘူး.. ကောင်မလေးတစ်ယောက်အတွက်ပါ။ အဲဒီကောင်မလေးက တရုတ်ပြည်ကနေ မြန်မာနိုင်ငံမှာ စာလာသင်နေသူပါ။ ရန်ကုန်မှာရှိတဲ့ နိုင်ငံခြားဘာသာတက္ကသိုလ်မှာ မြန်မာစာသင်ယူနေပါတယ်။ အခုသူတို့ကျောင်းက ဖိုင်နယ်ရီပို့တင်ချိန်ရောက်ပြီမို့ သူက မြန်မာယဉ်ကျေးမှုဓလေ့ဖြစ်တဲ့ "ရေစက်ချ" (သူက ဒီလိုရေးပါတယ် (yaysatcha))အကြောင်းကို တရုတ်ဓလေ့နဲ့နှိုင်းပြီး ရေးချင်ပါတယ်လို့ ဆိုပါတယ်။ မြန်မာ့ရေစက်ချဓလေ့အကြောင်းကို သူစုံစုံစိစိနားမလည်လို့ ကျွန်မကို အကူအညီတောင်းလာပါတယ်။ ကျွန်မကလည်း သိတဲ့အတိုင်း.... ဟီး.. နားမလည်လို့ သိနားလည်သူတွေကို အားကိုးလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်း)
မိမိပြုခဲ့တဲ့ကုသိုလ်ကောင်းမှုအတွက် ရေစက်ချတဲ့အကြောင်းကို သိချင်တာပါ။ အကြောင်းအရာ စုံစုံလင်လင်လေးပေါ့..
နိုင်းနိုင်းစနေ
မိမိပြုခဲ့တဲ့ကုသိုလ်ကောင်းမှုအတွက် ရေစက်ချတဲ့အကြောင်းကို သိချင်တာပါ။ အကြောင်းအရာ စုံစုံလင်လင်လေးပေါ့..
နိုင်းနိုင်းစနေ

17 comments:
သေတဲ့လူတွေကို ရည်စူးပြီး အိမ်မီးရှို့တဲ့. ကုံတက်အကြောင်း သိတယ်ဟုတ်..
အဲဒါရှို့ပြီးရင် ပြာပုံကို ပတ်ပြီး ရေပုလင်းထဲက ရေတွေ လောင်းချတယ်လေ.. အဲဒါနဲ့ သဘောအတူတူပဲလို့ ပြောလိုက်ပါ.
မိမိ၏ လှူဒါန်း သော အရာအား ယတိ ပြတ်၊ သံသရာ ၌ အစွဲအလန်းမပါ ရန်အလို့ငှါ၊ ကုသိုလ် ကောင်းမှုအထ မြောက်ကြောင်းအလို့ငှါ ရေစက်ချ ကြောင်း မှတ်သားဘူးပါသည်။ မှားနေရင် လဲ ကျေးဇူးပြု ပြီး ပြင်ပေးပါ
အမ ငါ့ကို မေးပေါ့ ..
ဟိ . .. ဒါပေမဲ့ ငါလဲ နားလည်ဘူး
Nyein
အမ .. ရေစက်ချတာ မသိဘူးပေါ့
နာလည်း သိဘူး
I THINK U SHOULD ASK ONE OF MYANMAR MONK.
ONLY MONK WILL KNOW ABT IT DETAIL N WELL
ဟောတော့.. yuflမှာ မြန်မာစာဆရာတွေအများကြီးရှိတယ်လေ.. မေးလို့ရသားပဲဟာကို... စာနဲ့ပေနဲ့ရေးချင်ရင် သူတို့ပြောတာက ပိုထိရောက်မှာ
http://dhammathukha.com/index.php?option=com_rokdownloads&view=file&Itemid=132&id=323:---
ဒါက ရေစက်ချအဓိပ္ပာယ်ရှင်းတမ်းတဲ့ ဒေါင်းခိုင်းလိုက်ပေါ့နော်
ရေစက်ချခြင်းဟူသည်မှာ- အလှူတခု လှူဒါန်းရာ၌
၁။ လှူဒါန်းခြင်း
၂။ ဆုတောင်းခြင်းနှင့်
၃။ အမျှဝေခြင်း ဟူ၍ အပိုင်း ၃-ပိုင်းရှိရာ ဤပစ္စည်း ဤ၀တ္ထုများကို လှူဒါန်းပါ၏။
ဤသို့လှူဒါန်းရသောကြောင့် နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏။ ဤကောင်းမှု၏ အဖို့ဘာဂကို သတ္တ၀ါတို့ ရရှိကြပါစေ-ဟု စိတ်စေတနာ လေးလေးနက်နက်ဖြင့် အမျှဝေရခြင်းမှာ ဘုရားအလောင်း သူတော်ကောင်းတို့ ပြုရိုးအစဉ်ပင် ဖြစ်ပါသည်။
ဝေဿန္တရာမင်းကြီးသည် ဒါနပြုတိုင်း ရေစက်ချ၊ အမျှဝေလေ့ရှိပါသည်။ ထိုရေစက်ချ အမျှဝေမှုသည်ပင် မာရ်နတ် စစ်တိုက်လာရာ၌ ဤဗောဓိပင်နှင့် ရွှေပလ္လင်ကို ရရေး (သဗ္ဗညုတဉာဏ်ကိုရရေး) အတွက် ဝေဿန္တရာဘ၀တွင် လှူဒါန်း၍ ရေစက်ချခဲ့သည်ကို ဤမဟာပထ၀ီမြေကြီး အသိသက်သေဖြစ်သည်ဟု သက်သေပြုသဖြင့် ပထ၀ီမြေကြီးက သက်သေခံခဲ့ပါသည်။ အလှူရှင်မှာ အခြား အကုသိုလ်အကျိုးပေး၍ ငရဲသို့ ရောက်သွားသည့်တိုင်အောင် ယမမင်းက အမျှပေးဝေ ဖူးသည်မဟုတ်လော-ဟု သတိပေး၍ ကုသိုလ်ကို သတိရကာ ငရဲမှ လွတ်နိုင်ပါသည်။ ထို့ပြင်လည်း ပုညကိရိယ ၀တ္ထု (ကုသိုလ်ကောင်းမှု) ၁၀-ပါးတွင် အမျှဝေခြင်း (ပတ္တိဒါန) သည်လည်း ဒါနစသော ကုသိုလ်တို့ကဲ့သို့ ကုသိုလ် တမျိုးဖြစ်ရာ ရေစက်ချ၊ အမျှဝေသဖြင့် ကုသိုလ်တမျိုး တိုးနိုင်ပါသေးသည်။ အလှူလှူရာ၌ ဆုတောင်းခြင်းမပြုဘဲ လှူခြင်းမှာ ပေးကမ်းခြင်းသက်သက်သာဖြစ်၍ နိဗ္ဗာန်ကို ဆုတောင်းမှ ဒါနပါရမီ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ပါရမီဒါန ပြုလုပ်ကြသူတိုင်း ဆုတောင်းခြင်း စသည့် ရေစက်ချမှုကို မပြုမနေ ပြုလုပ်ကြရပါသည်။
ဒီစာကတော့ http://www.dhammaransi.com/index.php?option=com_content&view=article&am
ရေစက်ချတယ်ဆိုတာ
ဲပြုမိတဲ့ ကုသိုလ်ကောင်းမှုအစုစုကို သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော လူနတ်ဗြဟ္မာ သတ္တ၀ါတို့အား မျှဝေခံစားလိုစေခြင်း။
မကျွတ်မလွတ်သေးသော လူသတ္တ၀ါတို့အား သံသရာမှကျွတ်လွတ်စေရန် ကုသိုလ်နှင့်ယှဉ်၍ ရေစက်ချအမျှဝေခြင်း။
လို့မှတ်သားဖူးပါသည်။
ဒါပေမယ့် အဓိက ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို မသိဘူးဗျ...
ကျွန်တော်လည်းသိချင်နေတာ...
ရေစက်ချတယ်ဆိုတာ ဘုရားလောင်းကို အတုယူပြီး ပြုတဲ့ အပြုအမူလဲဖြစ်၊ အလှူရဲ့ သဘောတရားကို အလှူရှင်၊ အလှူခံနဲ့ ပရိသတ် သိအောင်ပြတဲ့ သရုပ်ပြလဲ ဖြစ်ပါတယ်။
ဝေသန္တရာမင်းကြီးဟာ အလှူပေးတိုင်းမှာ ရေစက်ချပြီး ပေးပါတယ်။ မြေကြီးပေါ်ကို လောင်းတာပါ။ အဓိပ္ပါယ်က ရေခွက်ထဲက ရေတွေ ရေခွက်ထဲ ပြန်မရောက်တော့သလို အလှူပစ္စည်တွေလဲ ငါ့ဆီ ပြန်မလာတော့ဘူး (ဆိုတာကို ငါသိပါတယ်။) ငါ စွန့်လွှတ်ပါတယ်။ ငါ့စိတ်က ပြတ်ပါတယ်။ ငါ့ဥစ္စာမဟုတ်တော့ပါ ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
အဲဒီ သဘောတရားကို နှလုံးသွင်းရင်းနဲ့ ဘုရားလောင်းလုပ်တဲ့ အလုပ်ကို အတုခိုးကြတာပါ။ ရေစက်မချလဲ အလှူမြောက်ပါတယ် မနိုင်းနိုင်းစနေရေ။
ရေစက်ချတယ်ဆိုတာ ဘုရားလောင်းကို အတုယူပြီး ပြုတဲ့ အပြုအမူလဲဖြစ်၊ အလှူရဲ့ သဘောတရားကို အလှူရှင်၊ အလှူခံနဲ့ ပရိသတ် သိအောင်ပြတဲ့ သရုပ်ပြလဲ ဖြစ်ပါတယ်။
ဝေသန္တရာမင်းကြီးဟာ အလှူပေးတိုင်းမှာ ရေစက်ချပြီး ပေးပါတယ်။ မြေကြီးပေါ်ကို လောင်းတာပါ။ အဓိပ္ပါယ်က ရေခွက်ထဲက ရေတွေ ရေခွက်ထဲ ပြန်မရောက်တော့သလို အလှူပစ္စည်တွေလဲ ငါ့ဆီ ပြန်မလာတော့ဘူး (ဆိုတာကို ငါသိပါတယ်။) ငါ စွန့်လွှတ်ပါတယ်။ ငါ့စိတ်က ပြတ်ပါတယ်။ ငါ့ဥစ္စာမဟုတ်တော့ပါ ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
အဲဒီ သဘောတရားကို နှလုံးသွင်းရင်းနဲ့ ဘုရားလောင်းလုပ်တဲ့ အလုပ်ကို အတုခိုးကြတာပါ။ ရေစက်မချလဲ အလှူမြောက်ပါတယ် မနိုင်းနိုင်းစနေရေ။
Ma Ma 99,
I agree with the 2nd Comment "မိမိ၏ လှူဒါန်း သော အရာအား ယတိ ပြတ်၊ သံသရာ ၌ အစွဲအလန်းမပါ ရန်အလို့ငှါ၊ ကုသိုလ် ကောင်းမှုအထ မြောက်ကြောင်းအလို့ငှါ ရေစက်ချ ကြောင်း မှတ်သားဘူးပါသည် " ....As anonymous say about, pls tell her to go and ask Buddhist Monk for more detail. Actually, this is not the same as Chinese Culture, I dont wanna accept this. She can compare, but not the same. Coz, we are not only "Yaysatcha" for dead people, also doing "Yaysatcha" for the donation at Buddhist Monastry and also at our home donation. And we also dont have to make burn paper and others like Chinese, we just make donation of food to Monk and make "Yaysatcha" for that. Sorry for long comment coz I dont wanna accept the first comment.
I think "yaysatcha" is after you doing the good things you share it with other people and some spirits and "nat".
You let them know that u did that good things and jux share your "ku-toe".
ရေစက်ချခြင်းသည် မိမိပြုလုပ်သော ကုသိုလ်ကောင်းမှု ကို နိဗ္ဗာန်ရည်မှန်းကာ ရေကယားထဲကနေ ရေခွက် ထဲ သို့သွန်းလောင်းလေ့ရှိကြပါသည် လက်ရှိ မြန်မာ ဓလေ့ထုံးစံဖြစ်သည် ။
ဟိုရှေးယခင်က ရေစက်ချတာကတော့ အခုနဲ့မတူ ဘဲ ကွဲပြားခြားနားပါသည် ။ အလှုခံပုဂ္ဂိုလ်ရဲ့လက်ထဲသို့ ရေသွန်းလောင်း၍ ရေစက်ချသောအစဉ်အလာဖြစ်သည်။
စာပေကျန်းဂန်များမှာတော့ ဘုရားလောင်း ကုရုမင်းက ဆင်တော်ကို ပုဏားတို့အား ရေစက်ချလှူဒါန်းခြင်း ။ ဘုရားလောင်း ဝေဿန္တရာ မင်းက ဆင်ဖြူတော်ကို ကလိင်္ဂတိုင်းသားတို့အား လည်း ကောင်း။ သားတော်ဇာလီနှင့် သမီးတော်ကဏှာဇိန်တို့ကို ဇူဇကာပုဏ်ဏားအား၎င်း။ မိဘုရားမဒ္ဒီဒေ၀ီကို ပုဏားယောင်ဆောင်သော သိကြားမင်းအား၎င်း။ ကိုတိုင်ရေစက်ချလှုဒါန်းခြင်း။ ဗိမ္ဗိသာရမင်းကြီးက ဝေဠုဝန်ကျောင်းတော်ကို ဘုရားရှင်အား ရေစက်ချလှုဒါန်းပုံကိုကို၎င်း ။ အနာထပိဏ်သူဌေးကြီး က ဇေတ၀န်ကျောင်းတော်ကို ရေစက်ချလှုဒါန်းပုံကို၎င်း ။ နန္ဒိယသူဌေးက ဓမ္မစကြာတရားဦးဟောရာ မိဂဒါဝုန်တောအတွင်းတိုက်ခန်းလေးခုပါသော ကျောင်းဆောင်ကို၎င်း။ စိတ္တသူကြွယ်က မိမိ၏ဥယျာဉ်ကို သံဃာရာမအဖြစ် မဟာနာမ်မထေရ်အားရေစက်ချလှုဒါန်းပုံများကိုလည်း ကောင်း စာပေကျန်းဂန်များအတိအကျလာသည့်အတွက် ကြောင့် ရေစက်ချဓလ့ထုံးစံသည် ဟိုရှေးယခင်ကရော ယနေ့ခောတ်ပါ ဗုဒ္ဓဘာသာ ဓလေ့ထုံးစံအဖြစ်ဖြစ် တည်ရှိနေပါသည် ။ တစ်ချို့ကတော့ မိမိပြုထားတဲ့ကုသိုလ်ကို မဟာပထ၀ီမြေကြီးသက်သေတည်ထားသည့်အနေဖြင့်လည်း ရေကို မြေကြီးသို့သွန်းလောင်းတတ်၏ဟူ၍လည်း ကြားဘူးပါသည် ။ လေ့လာမိသမျှလေး မစနေအား တင်ပြလိုက်ပါသည် ။
မှတ်ချက် ။။ ဘာသာရေးပြဿနာ မေးဖြေရာ စာအုပ်မှ စုစည်းတင်ပြပါသည်။
ဖြေကြားပေးကြသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်.. ဒီလောက်ဆို ရီပို့လုပ်ဖို့ လုံလောက်ပြည့်စုံပြီလို့ ထင်ပါတယ်။ ဒီစာတွေကို တရုတ်လို သူ့ကို ကျွန်မပြန်မရှင်းပြတတ်လို့ အားလုံးကို ကော်ပီကူးပြီး သူ့အီးမေးလ်ထဲ ထည့်ပေးလိုက်ပါတယ်။
အားလုံးကျေးဇူးတင်ပါတယ်..
ရေစက်ချခြင်း
ပေးလှူသူက ရေခွက်ဖြင့် အလှူခံသူ၏လက်ပေါ်သို့ဖြစ်စေ၊ အခြားခွက်တစ်ခု အတွင်းသို့ ဖြစ်စေ၊ မြေကြီးပေါ်သို့ဖြစ်စေ ရေစက်ချသွန်းလောင်းသောကြောင့် အလှူ ရေစက်ချသည်ဟု ခေါ်၏။ ရေစက်ချခြင်းကို ယခုကာလတို့၌် အောက်ပါအတိုင်း သုံးမျိုး ပြုလုပ်လေ့ရှိကြ၏။
(၁) အလှူရှင်ကိုယ်တိုင် ပြောဆိုလှူဒါန်း၍ ရေစက်ချခြင်း။
(၂) အလှူခံက ရှေ့ကဆိုပြ၍ အလှူရှင်က နောက်က လိုက်ဆို၍ ရေစက်ချခြင်း။
(၃) အလှူခံကသာ ရှေ့ကဆိုသွား၍ အလှူရှင်က ဘာမှ မဆိုဘဲ ရေစက်ချခြင်း။
ယင်းသုံးမျိုးတွင် ပထမနည်းမှာ အကောင်းဆုံးဖြစ်၍ ဒုတိယနည်းမှာ သင့်လျော်ပါသည်။ တတိယနည်းမှာ မသင့်လျော်ပါ။
ဆရာဦးသက်စိန်(ဖြူး) ၏ မြတ်ဗုဒ္ဓ သာသနာ့ အခြေခံ စာအုပ် စာမျက်နှာ (၅၆၃)မှ ဖြစ်ပါသည်။
swear to the ground
I like what day dream said. It's acceptable.
အမ ရေစက်ချတယ်ဆိုတာက အတိုဆုံးနဲ့ အလွယ်ကူ
ဆုံးဖြစ်အောင် 25.12.09 မှာ blogger တွေစုပြီးလုပ်တဲ့ 
အလှူမှာ ဆရာတော်ကရှင်းပြသွားပါတယ်။မိုးလည်းအဲ
ဒီနေ့ ကမှသေချာသိတာပါ။အဓိတော့ ရေစက်ချတာက
ကိုယ်လုပ်တဲ့ ကောင်းမှူတွေကိုအားလုံးရစေချင်တယ်ဒါ
ကြောင့် ဒီလိုလုပ်တာလို့ ပဲသိတာပါ။ဆရာတော်ရှင်းပြမှ
သေသေချာချာသိတာ ရေစက်ချနေချိန်မှာမိမိအမျှပေး
ချင်တဲ့ မိဘ၊ဆရာသမား.............တို့ ကိုအာရုံပြုနေရ
မယ်လို့ ပြောသွားပါတယ်။အရင်ကရေစက်ချရင်ရေစက်
ချနေတဲ့ ခွက်ပဲအာရုံရောက်နေသွားတက်သူတွေထဲမှာမိုး
လည်းအပါဝင်ပေါ့ အမရယ်
အမဘ၀သာယာချမ်းမြေ့ ပါစေ
Post a Comment