Saturday, December 19, 2009

တိတ်တိတ်ပုန်း ဟာသ


ခေါင်းစဉ်ကြည့်ကတည်းက သိသာပါတယ်။ ဒီပို့စ်ဟာ ရိုင်းရင်လည်းရိုင်းမယ်။ အဓိပ္ပါယ်မဲ့ရင်လည်း မဲ့မယ်။ အဆဲခံထိရင်လည်း ထိမယ်။ ဒါပေမယ့် ပြုံးဖြစ်မယ်လို့ထင်ပါတယ်။ (မပြုံးလည်းရပါတယ်.. အတုတော့မခိုးပါနဲ့ :P)

(၁) ကိုယ်ချင်းစာတဲ့ တိတ်တိတ်ပုန်း

မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ နောက်မီးလင်းနေတုန်းမှာ အိမ်ရှင်ယောက်ျား တံခါးဖွင့်သံကို ကြားလိုက်တယ်။

"မြန်မြန်.... ဒီထောင့်မှာရပ်နေ.. မလှုပ်နဲ့"

မိန်းမကပြောပြောဆိုဆို သူ့ကိုထောင့်တစ်နေရာမှာ ရပ်ခိုင်းပြီး တစ်ကိုယ်လုံး အလှဆီတွေလိမ်းပေးပြီး ပေါင်ဒါမုန့်တွေ လူးပေးလိုက်တယ်။

"မလှုပ်နဲ့နော်... ရုပ်တုတစ်ခုလို ငြိမ်ငြိမ်လေးရပ်နေ"

အိမ်ရှင်ယောက်ျား အိပ်ခန်းထဲရောက်လို့ ပေါင်ဒါမုန့်တွေ ဖြူနေတဲ့ရုပ်တုကြီးနဲ့ ကြမ်းပြင်ပေါ်ပွနေတဲ့ အမှုန့်တွေကိုတွေ့တော့ ဘာလဲလို့မေးတယ်။ မိန်းမက တည်ငြိမ်အေးဆေးတဲ့အသံနဲ့ "အော်... ရုပ်တုပါ။ မဦးတို့အိမ်မှာလည်း တစ်ခုတွေ့ခဲ့လို့ ကျွန်မကြိုက်တာနဲ့ တစ်ခုဝယ်ခဲ့တယ်" လို့ဖြေတယ်။

အဲဒီလိုနဲ့ လင်မယားနှစ်ယောက် ရုပ်တုအကြောင်းကို ဆက်မပြောဘဲ အိပ်ရာဝင်ခဲ့ကြတယ်။ ညသန်းခေါင်ရောက်တော့ အိမ်ရှင်ယောက်ျားက မီးဖိုထဲထသွားခဲ့တယ်။ မီးဖိုက ထွက်လာတော့ သူ့လက်ထဲမှာ ပေါင်မုန့်တချို့နဲ့ နွားနို့တစ်ခွက် ပါလာတယ်။ အိမ်ရှင်ယောက်ျားက ရုပ်တုရှေ့မှာရပ်ပြီး "ရော့... အစာနည်းနည်းစားလိုက်အုန်း၊ ငါ့လိုမဖြစ်စေနဲ့... ငါတုန်းက မဦးအိမ်မှာ အစာမစား ရေမသောက်ရဘဲ ၃ ရက် ၃ ည ရပ်ခဲ့ရတယ်"

(၂) လိပ်ပြာမလုံတဲ့ တိတ်တိတ်ပုန်း

ဒီလင်မယားနှစ်ယောက်စလုံး နောက်မီးလင်းကြတယ်။ ယောက်ျားက ည ည အကြောင်းပြပြီး အပြင်ထွက်တယ်။ ဒါပေမယ့် တစ်ညမှာ လင်မယားနှစ်ယောက်စလုံး ဆုံကြပြီး ကိုယ်လုပ်တဲ့အပြစ်အတွက် နေမထိထိုင်မသာ ဖြစ်နေကြတယ်။ နှစ်ဦးသား ညအိပ်ရာဝင်ပြီး မနက်မိုးလင်းခါနီးအရောက်မှာ မိန်းမဖြစ်သူက ရုတ်တရက် ထထိုင်ပြီးယောင်တယ်။

"ဒုက္ခပဲ.. ဒုက္ခပဲ... ကျွန်မယောက်ျားပြန်လာပြီ"

မိန်းမအော်သံလည်းကြားရော ယောက်ျားဖြစ်သူက သူ့အဝတ်အစားတွေ ကပျာကယာယူပြီး ပြတင်းပေါက်ကနေ ထွက်ပြေးသွားခဲ့တယ်။

(၃) တိုက်ဆိုင်တဲ့ တိတ်တိတ်ပုန်း

အိမ်မှာယောက်ျားမရှိတုန်း မိန်းမက တခြားယောက်ျားနဲ့ တိတ်တိတ်ပုန်းနေတယ်။ အဲဒီမှာ ရုတ်တရက် ယောက်ျားကားသံကြားတော့ မိန်းမက "နင့်အဝတ်အစားတွေ မြန်မြန်ယူပြီး ပြတင်းပေါက်ကနေ ပြေးတော့" လို့ ပြောတယ်။

"အပြင်မှာမိုးရွာနေတာ ငါဘယ်လိုခုန်ချမလဲ" တိတ်တိတ်ပုန်းယောက်ျားက ပြောတယ်။

"ငါ့ယောက်ျားမိရင် ငါတို့နှစ်ယောက်လုံးသေမှာ သွား.. သွား..."

မိန်းမက အင်္ကျီတွေအတင်းထိုးထည့်ပေးပြီး ပြေးခိုင်းတယ်။ အဲဒီလူလည်း ပြတင်းပေါက်က ခုန်ချလိုက်တာ မာရသွန်ပြေးနေတဲ့ လူအုပ်ကြားထဲရောက်သွားခဲ့တယ်။

မာရသွန်ပြေးနေတဲ့ လူတစ်ယောက်က သူ့ကိုတွေ့တော့ မေးတယ်။

"ခင်ဗျား တုံးလုံးပြေးရတာ ဝါသနာပါတာလား"

"ဟုတ်ကဲ့ .. ဒါမှ ဆန့်ကျင်ဖက်လေဖိအားတွေ လျော့မှာ"

"ပြေးနေတဲ့အချိန် အဝတ်အစားကိုင်ပြီး ပြေးတတ်တာလား"

"ဟုတ်ကဲ့... ပန်းဝင်တာနဲ့ ကျွန်တော်ပြန်ဝတ်လိုက်လို့ရပါတယ်"

"ခင်ဗျား ခါတိုင်းလည်း ကွန်ဒုံးတပ်ပြီး ပြေးတတ်တာလား"

"မဟုတ်ပါဘူး.. မိုးရွာတဲ့အချိန်မှပါ"

(၄) ပဟေဠိ တိတ်တိတ်ပုန်း

ပင်လယ်ကမ်းစပ် ရွာတစ်ရွာက အိမ်ရှင်ယောက်ျားတွေဟာ မကြာခဏ ပင်လယ်ထဲသွားပြီး ငါးသွားရှာကြတယ်။ အိမ်ရှင်ယောက်ျားမရှိတဲ့အချိန် မိန်းမတွေက ဖောက်ပြန်ကြတယ်။ ဖောက်ပြန်ပြီးတိုင်းလည်း ဖာသာဆီသွားပြီး အမှားဝန်ခံကြတယ်။ ကြာလာတော့ ဖာသာကမိန်းမတွေကို "နောက်တစ်ခါ လာဝန်ခံကြရင် ခိုးစားတယ်လို့မပြောဘဲ "ချော်လဲတယ်"လို့ ပြောပါ။ ချော်လဲလာတယ်လို့ ပြောရင် ငါသိပြီ" လို့ မှာလိုက်တယ်။

နောက်တော့ ဖာသာအသက်ကြီးပြီး နောက်ဖာသာအသစ်တစ်ယောက်ပြောင်းတယ်။ မပြောင်းခင် ရွာသူကြီးကို "ချော်လဲတယ်"ဆိုတဲ့ အဓိပ္ပါယ်ကိုပြောပြပြီး နောက်ဖာသာကိုရှင်းပြဖို့ မှာခဲ့တယ်။ ဖာသာအသစ်ရောက်လာတော့ သူကြီးက အဲဒီစကားရဲ့အဓိပ္ပါယ်ကို ပြောပြဖို့မေ့သွားခဲ့တယ်။

ရွာထဲ မိန်းမတွေက အရင်အတိုင်းပဲ ခိုးစားပြီးတိုင်း ဖာသာအသစ်ဆီသွားပြီး ဝန်ခံကြတယ်။ ချော်လဲတဲ့လူတွေ များနေတာကြောင့် ဖာသာက သူကြီးဆီသွားပြီး မိန်းမတွေ မကြာခဏချော်လဲနေတာကြောင့် ရွာထဲကလမ်းတွေ ပြုပြင်သင့်ကြောင်း ပြောပြတယ်။ ဖာသာစကားကိုကြားတော့ သူကြီးက ထရယ်တယ်။ အားရပါးရ ရယ်နေတဲ့သူကြီးကိုကြည့်ပြီး ဖာသာနားမလည်စွာနဲ့ ထအော်တယ်။

"သူကြီး... ခင်ဗျား ဘာရယ်နေတာလဲ! ဒီတစ်ပတ်အတွင်း ခင်ဗျားမိန်းမ ချော်လဲတာ ၃ ခါရှိပြီဗျ"

(၅) မေ့မရတဲ့ တိတ်တိတ်ပုန်း

လူတစ်ယောက် .. သူက အလောင်းတွေ အခေါင်းထဲမထည့်ခင် ရေချိုး၊ စစ်ဆေးမှုတွေ ပြုပေးရတဲ့လူဖြစ်တယ်။ တစ်ခါက ဦးခင်ရဲ့အလောင်းကို ရေချိုးစစ်ဆေးနေတုန်း အံ့သြစရာတစ်ခု သူသွားတွေ့တယ်။ အဲဒါက ဦးခင်ရဲ့မွေးရာပါဟာ သာမန်ထက် ကြီးနေလို့ဖြစ်တယ်။ ဒါနဲ့သူက "ဦးခင်.. ဦးခင်.. ကန်တော့ပါနော်။ ခင်ဗျားကို ကျွန်တော် ဒီအတိုင်း မီးသင်္ဂြိုလ်လိုက်လို့မဖြစ်ဘူး။ ခင်ဗျားရဲ့ ထူးခြားတဲ့မွေးရာပါကိုတော့ နောက်လူတွေတွေ့မြင်နိုင်ဖို့ ခင်ဗျားချန်ခဲ့မှဖြစ်မယ်" ဆိုပြီး ဦးခင်ရဲ့မွေးရာပါကို ဖြတ်ထားခဲ့လိုက်တယ်။

အဲဒီနောက် အိမ်ပြန်ရောက်တော့ မိန်းမကိုပြချင်တာနဲ့ "မိန်းမရေ.. မိန်းမရေ.. ဒီမှာလာကြည့် နင်လုံးဝ မယုံနိုင်တဲ့ပစ္စည်းတစ်ခု ငါပြမယ်" ဆိုပြီး အထုပ်ကို ဖြည်ပြလိုက်တယ်ဆိုရင်ပဲ မိန်းမက ထအော်တယ်။

"အမလေး... ဦးခင်ကြီး သေသွားပြီလား!"

(၆) မတော်တဆ တိတ်တိတ်ပုန်း

ငယ်ရွယ်တဲ့ လင်မယားနှစ်ဦးမှာ လှပတဲ့သမီးနှစ်ယောက်ရှိတယ်။ ဒါပေမယ့် ယောက်ျားလေးတစ်ယောက် ထပ်မွေးဖို့ သူတို့မျှော်လင့်ခဲ့ကြတယ်။ စစ်ဆေးမှုတွေပြုလုပ်ပြီး လအနည်းငယ်ကြိုးစားလိုက်တော့ မိန်းမမှာကိုယ်ဝန်ရှိသွားခဲ့တယ်။ (၉)လနေပြီးနောက် မိန်းမက သားယောက်ျားလေးတစ်ဦးမွေးခဲ့တယ်။ ယောက်ျားလုပ်သူက ဝမ်းသာအားရ ကလေးခန်းထဲပြေးဝင်ပြီး အခုမှ အမေ့ဝမ်းကကျွတ်လာတဲ့ သားလေးကိုသွားကြည့်ခဲ့တယ်။ ဒါပေမယ့် အရမ်းရုပ်ဆိုးတဲ့ သားကိုတွေ့တော့ သူလန့်သွားခဲ့တယ်။ ဒါနဲ့မိန်းမဆီသွားပြီး ဒေါသတကြီးနဲ့ "ငါ့နောက်ကွယ်မှာ မင်းခိုးစားခဲ့တာလား!" လို့မေးတယ်။ မိန်းမက အချိုသာဆုံးပြုံးပြီး "ဟင့်အင်း... ဒီတစ်ခေါက် မဟုတ်ဘူး" လို့ဖြေလိုက်တယ်။

(၇) အူတူတူ တိတ်တိတ်ပုန်း

ဦးလှအိမ်ပြန်ရောက်တော့ သားက ကြမ်းပြင်ပေါ်ထိုင်ပြီး ငိုနေတယ်။

"နင့် အမေရော!"

"မေမေ အိပ်ခန်းထဲမှာ...."

အိပ်ခန်းထဲ ဦးလှပြေးဝင်ကြည့်တော့ ကုတင်ပေါ်မှာ ချွေးတစို့စို့နဲ့ အမောဖောက်နေတဲ့ မိန်းမကိုတွေ့လိုက်တယ်။ ချွေးသုတ်ဖို့ ရေချိုးခန်းထဲ တဘက်ဝင်ယူတော့ ရေချိုးခန်းထဲမှာ တုံးလုံးကြီးရပ်နေတဲ့ ဘေးအိမ်ကဦးမြကို ဦးလှတွေ့လိုက်တယ်။

"ခင်ဗျားဗျာ.... ကျုပ်မိန်းမ နှလုံးရောဂါထနေတာကို မပြုစုဘဲ တုံးလုံးကြီးချွတ်ပြီး ကျုပ်သားကို ခြောက်နေရသလားဗျာ"

(၈) အံဝင်ခွင်ကျ တိတ်တိတ်ပုန်း

လူတစ်ယောက်က သူ့သေနတ်ပေါ် မှန်ပြောင်းတစ်လက်တပ်ဖို့ မှန်ပြောင်းရောင်းဆိုင် တစ်ဆိုင်နား ရောက်လာခဲ့တယ်။

"ဒီမှန်ပြောင်းက အရမ်းမိုက်တယ်။ ဒီကနေ ဟိုးတောင်ကုန်းပေါ်က အိမ်ကို ခင်ဗျားရှင်းရှင်းလင်းလင်း တွေ့နိုင်တယ်" ဆိုင်ရှင်က မှန်ပြောင်းတစ်ခု ထုတ်ပြပြီးပြောတယ်။

"ဟုတ်လား!" မှန်ပြောင်းဝယ်သူက ဆိုင်ရှင်ပြောတဲ့ဖက် မှန်ပြောင်းယူပြီးကြည့်လိုက်တယ်။ ပြီးတော့ ရုတ်တရက် တဟားဟား ထရယ်တယ်။

"ခင်ဗျား ဘာရယ်တာလဲ!"

"အဲဒီအိမ်ရဲ့ အခန်းထဲမှာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် တုံးလုံးကြီး ကျွန်တော်တွေ့လိုက်တယ်"

ဆိုင်ရှင်က မှန်ပြောင်းကို ဆတ်ခနဲ့ဆွဲယူပြီး ကြည့်လိုက်တယ်။ ပြီးတော့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ပြီး ဒေါသတကြီးနဲ့ ကျည်ဆံနှစ်တောင့်ယူလိုက်တယ်။

"အဲဒါ ကျုပ်အိမ်ဗျ... ကျုပ်မိန်းမရဲ့ခေါင်းနဲ့ ဟိုကောင်ရဲ့မွေးရာပါကို ဒီကျည်နှစ်တောင့်နဲ့ ခင်ဗျားပစ်နိုင်ရင် ဒီမှန်ပြောင်း ခင်ဗျားကို အလကားပေးမယ်ဗျာ"

ဝယ်တဲ့သူက မှန်ပြောင်းနဲ့ သေသေချာချာကြည့်ပြီး ပြောလိုက်တယ်။

"ခင်ဗျားသိလား! ဒီကျည်တစ်တောင့်ထဲနဲ့ လုံလောက်တယ်"

မှတ်ချက်..... တကယ်လို့ ဒီ "တိတ်တိတ်ပုန်းဟာသ" က ရယ်ရတယ်ဆိုခဲ့ရင် တိတ်တိတ်ပုန်းပြီး မရယ်ပါနဲ့... သူငယ်ချင်းတွေကို မျှဝေပြီး အားပါးတရရယ်ပေးပါ။

အင်တာနက်ပေါ်က တိတ်တိတ်ပုန်းများကို နိုင်းနိုင်းစနေ ရှာဖွေတင်ပြသည်။


Share/Bookmark

34 comments:

Anonymous said...

တော်တော်ရီရတယ်.....ညနေစာ စားရင် ဖတ်တော့ သီးသွားတယ်...

NweYoe said...

ဟား ဟား ဟား ဟား အပေါ် ၂ ပုဒ် သဘောကျမိတယ်။

Anonymous said...

ပြုံးမိပါတယ်။

မြတ်လေးငုံ said...
This comment has been removed by the author.
ဏီ(န်)ကင်း said...

အသစ်တွေပဲ..တခါမှမဖတ်ဖူးသေးဘူး...ပြုံးတော့ပြုံးမိတာအမှန်ပဲ အမရေ....များများရေးပါ

min said...

"ခင်ဗျား ခါတိုင်းလည်း ကွန်ဒုံးတပ်ပြီး ပြေးတတ်တာလား"

"မဟုတ်ပါဘူး.. မိုးရွာတဲ့အချိန်မှပါ
Like that!!!!:)

ကောင်းကင်ပြာ said...

မပြုးံပဲ ၀ါးလုံးကွဲ ရယ်သွားတယ် မနိုင်းရယ်..

ဝက်ဝံလေး said...

ဟဟဟားးးးးးးးးဟားးးးးးးးးးးးးးးးးး

Anonymous said...

Amzaing.u know allthings.i like the open girl like u.

ကိုဇော် said...

အဟီး..။
တိတ်တိတ်ပုန်းလေး လာရယ်သွားတယ်.။
ခွိ. .ခွိ. .ခွိ.။

ချမ်းမြေ့ရင် said...

ဟားဟား အရမ်းရယ်ရတယ်ဗျို့

မောင်မောင် said...

နိုင်းနိုင်းစနေ ရေ
ပြုံးမိတယ် လို့ ပြောရမလား ၊ ရယ်မိတယ်လို့  ပြောရမလား။
ကိုယ်လည်း အိမ်ထောင်သည် ပေမို့  အဝေးမှာ နေရတဲ့ အခါတော့ လည်း ဒီဟာသလေး တွေ ဟာ
အပြင်လောက ကနေ တည်မှီပြီး ဖြစ်လာတယ် လို့ 
ယူဆမိတယ်။
မျှဝေပေး တဲ့ အတွက် ကျေးဇူးတင်တယ်နော်။

SDL said...

မဖတ်ရသေးတဲ့ အသစ်တွေပဲ.. ၇ီလိုက်ရတာ..။

မောင်ဘကြိုင် said...

ဟားဟား ခွိခွိ
ရယ်ရတယ်ဗျ
အတောမသတ်နိုင်အောင်ပဲဗျို့း)

shwezinu said...

ရီခွင့် ရတဲ့ အတွက် ကျေးဇူးပါ

နေမိုး said...

မနိုင်းနိုင်း..
မနိုင်းနိုင်းလည်း အိမ်ထောင်သည်တစ်ယောက်ဖြစ်လာနေပြီပဲ အခုလိုမျိုး အိမ်ထောင်ရေးဖောက်ပြန်တဲ့ စာမျိုးတွေ ဟာသရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် မတင်သင့်ဘူးလို့ ထင်မိပါတယ်။ အခုစာကို ဟာသလို့ဆိုပေမယ့် ကျနော့်စိတ်မှာတော့ မြန်မာ့အတွေးအခေါ်တွေ အရိုးစွဲနေ့လို့လားမသိ ဟာသတခုအနေနဲ့ ခံစားလို့မရပါဘူး။

နောက်တစ်ခုက မနိုင်းနိုင်းရဲ့ အရေးအသားတွေကို ဖတ်လာခဲ့တဲ့ တလျှောက်မှာ အခုလိုမျိုး အိမ်ထောင်ရေးဖောက်ပြန်မှုမျိုး၊ လိင်ကိစ္စနဲ့ သွယ်ဝိုက်ပတ်သက်တာမျိုးတွေ ရေးသားခဲ့တာကို ကျနော်တော့ မှတ်မှတ်ရရ မရှိခဲ့ပါဘူး။ မနိုင်းနိုင်းရဲ့ ဘလော့အာဘော်နဲ့များ သိပ်မကိုက်ညီလှသလိုများ ဖြစ်သွားလားမသိဘူး။

ဆောရီးဗျာ။ ကျနော်လည်း ဝေဖန်တာမို့လို့ မကောင်းမြင်သဘော ၀င်ပြောလိုက်ရတာလည်း မကောင်းလှပါဘူး။

နိုင်းနိုင်းစနေ said...

ဟုတ်ကဲ့ ကိုနေမိုး...

နောက်ဆို ကျွန်မဆင်ခြေပါ့မယ်..
ကျွန်မလည်း ဖတ်ပြီးရယ်လိုက်ရလို့ သူငယ်ချင်းတွေလည်း ရယ်ရအောင်ဆိုပြီး ရေးလိုက်မိတာပါ။ တခြားလူတွေလည်း ရယ်ရပါစေဆိုတဲ့စိတ်နဲ့ တခြား ဘာညာကွိကွ သွားမစဉ်းစားလိုက်မိဘူးလေ... ဆောရီးနော်း)

ရယ်သွားတဲ့လူတွေကိုလည်း ကျေးဇူးတင်ပါတယ်..း)

သိင်္ဂါကျော် said...

တစ်ခါမှ မဖတ်ဖူးတဲ့ ဟာသလေးတွေ ရှာဖွေတင်ပြပေးလို့ ကျေးဇူး..
နည်းနည်းတော့ ရိုင်းသလိုလို.. ဒါပေမယ့်... အင်း.. ရယ်ရပါတယ်...

Anonymous said...

ကိုနေမိုး ရေ အိမ်ထောင်ရေးဆိုတာ ဘယ်သူမှမကင်းပါဘူး အဲလိုဘဲ ရီစရာ ဟာသဟာလည်း ဘယ်သူမှမကင်းပါဘူး လာရောက်ဖတ်ရူ့ သူစာဖတ်ပရိတ်သတ် ပြုံးပျော်ရအောင် ဂရုစိုက်တတ်တဲ့ မနိင်းနိင်းစေတနာပါ အလွန်ရီရပါတယ် ဆက်တင်ပါဗျာ

တော်ကီ said...

ပထမဆုံးအကြောင်းမှာ ခောင်းစဉ် လို့ပောင်းရမယ်ဗျ။

ဟာသကို ဟာသအနေနဲ့ပဲ ခံစားပြီးဖတ်ရင် ရယ်ရပာတယ်။ ဒာပေမယ့် သူ့ယဉ်ကျေးမှုမှာ ရယ်ရပေမယ့် ကိုယ့်ယဉ်ကျေးမှုမှာတော့ မရယ်ရတာမျိုးတွေ ရှိတတ်တယ်။

anyway, thx 4 sharing. :)

Anonymous said...

To ko nay myo--

U tell like that to 99sanay,by the way, r u a monk or who r u? i really surprised ,r u thinking like that as ur age.so old man.if u dont like this post,dot read it,99sanay also ,she didnt meant like that as u think,may be u also have one of the experience from one of these story,thats why u can feel this story what they want to says.aww aww .pls trust n believe to ur wife, man!!!dot b think too much such a small matter.so surprise so surprise such a thinking---.

အစိမ်းရောင် said...

ဖတ်ပြီး တိတ်တိတ်တော့ မပုန်းပေမဲ့ တိတ်တိတ်လေးတော့ပြုံးမိပါရဲ့......

ညီညီ said...

တစ်ကယ်ပြုံးသွားပါတယ် မနိုင်းနိုင်းရေ.။
ဟာတွေ ဖတ်ချင်ပါတယ်။
လူရွှင်တော်နဲ့ အရူး ကို ချမ်းသာ ပေးရတယ် ဆိုတဲ့စကားက ခြွင်းချက် ပေးထားပြီးသားပါ။
ဟာသ ဟာ ဟာသ လို့ သဘောထားပြီး ပေါ့ပေါ့ပါးပါး ရီးလိုက်ပါတယ်.။ နောက်လည်းဆက်တင်ပါအစ်မ.။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

ချမ်းမြေ့ရင် said...

ရယ်ရရင် ပြီးတာပါဘဲ၊ဘာသာပြန်ပြီးတင်ပြပေးတဲ့ဘလော့
ဂါရဲ့ စိတ်နေသဘောထားနဲ့ ကဘယ်လိုမှမပတ်သက်လို့ လွတ်လပ်စွာ တင်ပြစေချင်ပါတယ်၊ဆင့်ကာဆင့်ကာပူပင်
ရတဲ့ စင်ကာပူမှာနေထိုင်ရတဲ့လူမို့ များနိုင်သမျှများများရယ်
ချင်ပါတယ်

Anonymous said...

အိမ်ထောင်ရေးက လူတိုင်းနဲ့မကင်းဘူးဆိုပေမယ့်
လာဖတ်တဲ့သူတွေ ၊ forward mail ကရတဲ့သူတွေက
အိမ်ထောင်သည်မဟုတ်တဲ့သူတွေ ၊ အဲဒီအကြောင်းတွေမကြားဖူးသေးတဲ့သူတွေ ၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးသိဖို့ အရွယ်မရောက်သေးတဲ့သူလည်း ဖြစ်နိုင်တာပဲ ။

Phyo Maw said...

(၅) မေ့မရတဲ့ တိတ်တိတ်ပုန်း တစ်ပုဒ်ပဲ ငယ်ငယ်တုန်းက ကြားဖူးတယ်။
ကျန်တာတွေတော့ ခုမှ ဖတ်ဖူးတာ။
ရီရလွန်းလို့ တခြားဘာမှကို မတွေးနိုင်ပါဘူး =D

မောင်လူအေး said...

ဟာသဆိုတာဟာသပါပဲ အမရေ ...ဟာသဆိုတာတက်ကျမ်းမဟုတ်ပါဘူး..အမ မမှားပါဘူး ..ဆင်ခြင်စရာလဲမလိုပါဘူး..
ဖတ်တယ် ...ရယ်တယ် ...ပြီးရင် ပြီးပြီ ..ဒါ ဟာသပဲ...
stress နည်းနည်းလျော.သွားတယ် ...အားပါးတရပြုံးလိုက်ရတယ် ....ကျေးဇူး အမး)

Anonymous said...

အရမ်းရီရတယ်..ဟာသတွေများများဆက်တင်ပါ အမစနေ.. မပြုံးဘဲဝါးလုံးကွဲရီရပါတယ်. အခုနစိတ်မကြည်လင်ဘဲဖြစ်နေတာ အခုရယ်လိုက်ရတော့ စိတ်ပေါ့သွားပြီ . Thanks a lot! :-P

Anonymous said...

အဟမ်း

Anonymous said...

one comment said(u r married)Is that true?i m one of ur readers.When did u married?could u please put wedding pic at blog?

Lu Soe Gyi said...

တိတ်တိတ်ပုံးကိစ္စကို စာရွက်ပေါ်မှာပဲ
ဟာသလုပ်ပြီး ရယ်မောနိုင်ကြပါစေ လို့
ဆုတောင်းပါတယ်

zaw said...

Thanks a lot for sharing.So funny...!

ကိုဖြိုး said...

တစ်ချက်ပြုံးရင် အသက်တစ်ရက် ပိုရှည်မှာပါ။

အားရပါးရ ရယ်သွားတယ်..
ဟားဟားဟား... :D

Anonymous said...

ကိုယ်နဲ့မဆိုင်ပေမဲ့ဖတ်ခဲ့ပါတယ်
အပျင်းပြေပါတယ်