ရှမ်းခေါက်ဆင့်
ကျွန်မရဲ့ချော့စားနည်းက တော်တော်လေးအသုံးဝင်သွားတယ်--ဟီး.... ဒီမနက်အစောကြီး မယ့်ထောက်က "ခေါက်ဆင့်" လုပ်ကျွေးပါတယ်။ ခေါက်ဆင့်ဆိုတာ ရှမ်းမုန့်တီချက်ဖြစ်ပြီး တာချီလိတ်မြို့ရဲ့ နေရာအနှံ့မှာ ဒီအစားအစာကို ဝယ်စားနိုင်ပါတယ်။
ခေါက်ဆင့်အတွက် မိန်းအစာကို ကြက်သားသို့မဟုတ် ငါးတွေနဲ့လုပ်နိုင်ပါတယ်။ ပုံမှာမြင်ရတဲ့အစာက ငါးနဲ့လုပ်ထားတာဖြစ်တယ်။ ပထမဦးဆုံး ငါးကိုပြုပ်၊ ငါးသားတွေခွါပြီး ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ (ငါးပိ၊ ပဲပုပ် အနည်းငယ်)တွေနဲ့ ဆီပြန်ချက်လိုက်ပါတယ်။ ကြက်သားဆီပြန်ဟင်း ချက်သလိုပါပဲ။
ဒါကတွေ ခေါက်ဆင့်ထဲထည့်စားတဲ့ အရာတွေပါ။ ရွှေပဲရွက်၊ မုန့်လာထုပ်၊ နံနံပင်၊ မုန်ညင်းချဉ်၊ ကြက်သွန်ဆီ၊ မုန့်တီ... မုန့်တီနဲ့ရွှေပဲရွက်ကို ရေနွေးဖျော၊ ငါးဆီပြန်၊ အစာပလာတွေထည့် အပေါ့အငန်မြည်းပြီး လိုအပ်တာထည့်စားနိုင်ပါတယ်။ ခေါက်ဆင့်က ဝက်ခေါက်ကြော်နဲ့ အင်မတန်လိုက်ဖက်ပါတယ်။ အိမ်မှာချက်စားတယ်ဆိုတော့ ဆိုင်မှာထက် ဖောဖောသီသီစားလို့ရပါတယ်။ ဆိုင်မှာရောင်းတဲ့ ခေါက်ဆင့်တွေက ပဲပုပ်မှုန့်တွေ ထည့်ထည့်စားတာကို တွေ့ရပါတယ်။
မိုးအုံ့အုံ့ဆောင်းတွင်းမနက်မှာ ခေါက်ဆင့်ပူပူနွေးနွေးလေးက ဗိုက်ကိုပြည့်စေသလို မယ့်ထောက်ရဲ့ စေတနာကလည်း မိသားစုတိုင်းကို နွေးထွေးစေခဲ့ပါတယ်။.... အေ့ (ဆောရီး.. :D)
နိုင်းနိုင်းစနေ

12 comments:
အားပါး အကြိုက်ဆုံးပဲကွယ်
အေ့ :D
မနိုင်းရေ
ဒီမှာသူငယ်ချင်းတယောက်ချက်ကျွေးတဲ့ခေါက်ဆင့်က ပဲရင်ပေါက်ပါထည့်တယ်။ ပဲပုတ်ထောင်းလဲ ထည့်တယ်။ စားလို့တော့ကောင်းတယ်။ ရှမ်းအစားစာဆို အားလုံးကြိုက်တယ်။ ပဲပုတ်ထောင်းလဲကြိုက်တယ်။ :)
အဲဒါ ရှမ်းခေါက်ဆွဲကို ပြောတာလား ?
စားချင်လိုက်တာ.. ^_^
မမဆီမှာ အမြဲလိုလို စာလာဖတ်ပေမယ့် ဒါပထမဦးဆုံး
comment ပေးတာပါ။
ကံကောင်းလွန်းလို့ တစ်ရသွားတယ်။ :)
အွန်.. approval လိုသေးတာလား ?
ဒါဆို သေချာတယ်။ တစ် မရတော့ဖူး.. :(
သွားရည်ကျအောင်လုပ်ပြန်ပီ... ရှမ်းစာ ဆိုရင်သိပ်ကြိုက်
မမနိုင်းရေ .... ရှမ်းစာလေးကိုကြည့်ရင် သွားရည်ကျသွားတယ်နော်။
ခင်မင်လေးစားလျှက်
း) ထားဝယ်မုန့်တီသုပ်များလားလို့
စားကောင်းမယ့်ပုံ ဂလု
စားချင်စရာကြီး.. တစ်ပွဲလောက်.း)
စားချင်လိုက်တာ...
ကျေးဇူးပဲ စနေရေ မီးမီးအတွက် ရှမ်းစာတွေတင်ပေးလို့ ခေါက်ဆင့်တွေကို အ၀စားသွားတယ်....ဟိ..။
ခင်မင်စွာဖြင့်
မိုးငွေ့
ပဲပင်ပေါက်ထည့်စားလည်း ကောင်းတယ်..
ပဲပင်ပေါက် အစိမ်းလေ.. ဒီက ရှမ်းခေါက်ဆွဲတော်တော်များများမှာ ထည့်စားကြတယ်...
အားလုံး လာခဲ့ပါ တာချီလိတ်ကို...
အဝကျွေးပါမယ်း)
Post a Comment