Thursday, December 24, 2009

ကမ္ဘာ့ပထမဆုံး ခရစ္စမတ်ကတ်



ကမ္ဘာ့ပထမဆုံး ခရစ္စမတ်ကတ်ကို (၁၈၄၃)ခုနှစ်မှာ အင်္ဂလိပ်လူမျိုး ဆာ Henry Cole အကြံပေးပြီး John Callcott Horsleyကဒီဇိုင်းထွင် ရေးဆွဲခဲ့တာဖြစ်တယ်။ ကတ်ပေါ်မှာ မျိုးဆက်သုံးဆက်ပါတဲ့ Royal မိသားစုတွေက ဝိုင်ခွက်တွေကိုင်မြှောက်ပြီး ခရစ္စမတ်ကို ကြိုဆိုနေတဲ့ပုံဖြစ်တယ်။ ပုံထဲမှာ ကလေးတစ်ယောက် ဝိုင်သောက်နေတဲ့ ပုံပါတဲ့အတွက် အငြင်းပွါးမှုတွေရှိခဲ့ကြတယ်။ ဒါပေမယ့် စိတ်ကူးကောင်းမွန်ခဲ့ပါတယ်။ Cole က လွန်ခဲ့တဲ့သုံးနှစ်(၁၈၄ဝ)ခုနှစ်မှာ ဈေးလျော့ဝန်ဆောင်ခဲ့တဲ့ Pennyစာတိုက် (Penny Post)အတွက် ကတ်(၁ဝဝဝ) ပုံနှိပ်ပေးခဲ့တယ်။ တစ်ကတ်ကို (one Shilling)နဲ့ ရောင်းချခဲ့တယ်။ ဒီလိုနဲ့ ကမ္ဘာ့ပထမဆုံး ခရစ္စမတ်ကတ် မွေးဖွားခဲ့တာဖြစ်တယ်။

(၂ဝဝ၅)ခုနှစ် ဒီဇင်ဘာလမှာ အဲဒီခေတ်ကရောင်းခဲ့တဲ့ ကတ်တစ်ထောင်ထဲက တစ်ကတ်ကို လေလံတင်ရောင်းချပွဲမှာ စတာလင်ပေါင် (၉ဝဝဝ)နီးနီး တန်ဖိုးရခဲ့ပါတယ်။

အားလုံး မယ်ရီခရစ္စမတ်ပါလို့.....

Ref : http://en.wikipedia.org/wiki/Christmas_card

နိုင်းနိုင်းစနေ


Share/Bookmark

11 comments:

သက်တန့်ချို said...

ပထမဆုံးခရစ္စမတ်ကတ်လေးအကြောင်းကိုလာဖတ်သွားပါတယ်အစ်မရေ.. သိခွင့်ရလို့ ကျေးဇူးပါနော်..

Merry Christmas !!!****** Nine******

SDL said...

ပျော်ရွှင်သောခရစ်စမတ်ဖြစ်ပါစေ

mie said...

Thanks 4 sharing

NweYoe said...

တကဒ်လောက် :D

မောင်ဘကြိုင် said...

ဟာလေးလူးယာ

Orange Chit Thu said...

Ma Ma 99,
It is really knowledgeable Ma Ma ...
I like it too much...
Thanks for Sharing...

chocothazin said...

Merry X'mas ပါ မနိုင်းနိုင်း

မိုးမောင် said...

မှတ်သားသွားပါကြောင်း။ :)

ချစ်ကြည်အေး said...

Ma Sa-Nay, Merry X'mas Naw....:D
Thanks for the sharing about 1st X'mas card....

Green said...

ခရစ္စမတ်နဲ့ နှစ်သစ်မှာ ပျော်ရွှင်ပါစေ နိုင်းရေ..
အမြဲ လာဖတ်ပါတယ်... ရသလေးတွေ အမြဲတမ်းပေးနိုင်ပါစေလို့

ဆောင်းမြူခိုး said...

Merry X-mas ပါလို့ ပြောပြီး လက်ဆွဲနှုတ်ဆက်ချင်ပါတယ်...
အမြဲ စိတ်ခွန်အားပေးတဲ့ စာကောင်းတွေ ရေးပေးတတ်တဲ့ အစ်မ ဘလော့လေးရှိနေတာလည်း
အစ်မကို ကျေးဇူးတင်ပါတယ်...
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်
အခက်အခဲ အားလုံးကို ရင်ဆိုင်နိုင်ဖို့
စိတ်ကော လူပါ ခွန်အားတွေ ပြည့်ဝသတဲ့
ပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...