ဖိနပ်ကို အမျိုးမျိုးသော ဝတ္ထုပစ္စည်းတွေနဲ့လုပ်ကြတယ်။ အလွယ်ဆုံးနဲ့ အရှင်းဆုံးဖိနပ်က ငှက်ပျောရွက်နဲ့ လုပ်တာဖြစ်နိုင်သလို တန်ဖိုးအကြီးဆုံးနဲ့ အရှားပါးဆုံးက စင်ဒရဲလားရဲ့ လက်လက်ထနေတဲ့ ဖိနပ်လည်းဖြစ်နိုင်တယ်။ ဘယ်လိုဖိနပ်မျိုးဖြစ်ဖြစ် အဓိက,က ခြေထောက်နဲ့တော်ဖို့၊ ကိုက်ညီဖို့ဖြစ်ပြီး ဘယ်လို အိမ်ထောင်ရေးမျိုးဖြစ်ဖြစ် အဓိက,က စည်းချက်ညီဖို့နဲ့ သဟဇာတဖြစ်ဖို့ပဲ ဖြစ်ပါတယ်။
ထက်မြက်တဲ့ယောက်ျားနဲ့ ထက်မြက်တဲ့ မိန်းမတို့ရဲ့ အိမ်ထောင်ရေးက နာမည်ကြီးတံဆိပ် ဖိနပ်နဲ့တူတယ်။ လှပပြီးအဖိုးတန်သလို ကြည့်လိုက်တာနဲ့ လူကိုကြည်နူးစေတယ်။ ဒါပေမယ့် တန်ဖိုးကြီးမားပြီး လှပတာကြောင့် ရွံ့အပေမခံဘူး။ ရွံ့နည်းနည်းပေတာနဲ့ ကြည့်ရရုပ်ဆိုးတာကြောင့် အမြဲတမ်းဂရုတစိုက် ပြုပြင်ထိန်းသိမ်းပေးရတယ်။ တန်ဖိုးထားရတယ်။
ငယ်ပေါင်းကြီးဖော်အိမ်ထောင်ရေးက အဝတ်စနဲ့ချုပ်ထားတဲ့ ဖိနပ်နဲ့တူတယ်။ ရိုးရှင်းပြီး တန်ဖိုးမကြီးပေမယ့် စီးလို့ကောင်းတယ်။ ကြည့်လိုက်တာနဲ့ ပေါ့ပါးပြီးသွက်လက်စေတယ်။ တခြားလူ ယူသွားမှာလည်း စိုးရိမ်စရာမလိုဘူး။ ဒါပေမယ့် စီးတဲ့အချိန် သိပ်လျောလျောရှူရှူ ဖြစ်မနေတတ်ဘူး။
ဆင်းရဲဒုက္ခကို အတူတကွဖြေရှင်းတဲ့ အိမ်ထောင်ရေးက အားကစားဖိနပ်နဲ့တူတယ်။ ပုံစံဆန်းပြီး စီးရတာလည်း သက်တောင့်သက်သာရှိတယ်။ အကောင်းဆုံးအချက်က လေဒဏ်၊ မိုးဒဏ်၊ ရွံ့နွံ့ဒဏ်ကိုခံရလည်း ဖိနပ်အောက်ခံ ပျက်စီးသွားတာမျိုး မရှိဘူး။ စီးလိုက်တိုင်း ခြေထောက်နဲ့တသားတည်း အံဝင်ခွင်ကျဖြစ်နေတတ်တယ်။ ဒါကြောင့် ဘယ်လိုဆူးခင်းလမ်း၊ ခရောင်းတောလမ်းပဲဖြစ်ဖြစ် ခြေထောက်ကို မပွန်းပဲ့စေဘဲ တာရှည်ခိုင်မြဲစေပါတယ်။
ရိုမန်တစ်ဆန်တဲ့ အိမ်ထောင်ရေးက အကဖိနပ်နဲ့တူတယ်။ ပေါ့ပါး၊ တက်ကြွပြီး ကြော့ရှင်းတယ်။ ဒါပေမယ့် ပြောင်ချောတဲ့ အကခွင်ကြမ်းပြင်ကခွါတာနဲ့ ဒီလိုဖိနပ်မျိုးက စီးလို့အသုံးမဝင်တော့သလို စီးရတာလည်း ခက်သွားပါတယ်။
စီးပွါးဆန်အိမ်ထောင်ရေးက အပြေးဖိနပ်နဲ့တူတယ်။ လှမ်းတဲ့ခြေလှမ်းနောက် ထပ်ကြပ်မခွါလိုက်ပြီး စောင့်ရှောက်တယ်။ အောင်မြင်မှုတွေ ဆွတ်ခူးတယ်။ ဒါပေမယ့် စီးပွါးရေးပြေးလမ်းက ခွဲထွက်သွားတာနဲ့ စီးလို့မကောင်းတော့ပါဘူး။
အသက်ကြီးတဲ့ယောက်ျားနဲ့ အသက်ငယ်တဲ့မိန်းမတို့ရဲ့ အိမ်ထောင်ရေးက ခုံမြင့်ဖိနပ်ဖြစ်တယ်။ ခရီးဝေးအတွက် စီးလို့မသင့်လျော်ပေမယ့် ကြည့်ရတာထူးခြားတယ်။
အသက်ကြီးတဲ့မိန်းမနဲ့ အသက်ငယ်တဲ့ယောက်ျားတို့ရဲ့ အိမ်ထောင်ရေးက ညအိပ်ဖိနပ်နဲ့တယ်။ ကြည့်ရတာ ရယ်ချင်စရာကောင်းနေပေမယ့် စီးရတာအဆင်ပြေတယ်။ ချွတ်ရတာလည်း လွယ်ကူတယ်။ ဒီလိုဖိနပ်မျိုးကို အိမ်မှာပဲစီးရအဆင်ပြေတယ်။ အပြင်စီးထွက်ရင် လူပြောစရာဖြစ်တယ်။
ပွင့်လင်းတဲ့အိမ်ထောင်ရေးက လွှာချင်းဖိနပ်(sandal)နဲ့တူတယ်။ ရာသီမရွေး စီးလို့ရတယ်။ ခံစားချက်တွေ ပူနွေးစေတဲ့နွေရာသီမှာ ခြေထောက်ကို အေးမြစေတဲ့လွှာချင်းဖိနပ်ကို စီးထားနိုင်ပြီး ခံစားချက်တွေ အေးခဲ့တဲ့ဆောင်းရာသီမှာ ဖိနပ်ကိုချွတ်ထားလို့ရပါတယ်။
ဖောက်ပြန်တဲ့အိမ်ထောင်ရေးက အိမ်နေစီးဖိနပ်နဲ့တူတယ်။ စီးလို့ကောင်းတယ်၊ လွယ်ကူအဆင်ပြေတယ် ဆိုပေမယ့် အပြင်စီးထွက်လို့မရဘူး၊ လမ်းမကြီးပေါ်လျှောက်လို့မရဘူး။ ခရီးဝေးဝေးသွားလို့ မဖြစ်ဘူး။
ငွေမက်တဲ့အိမ်ထောင်ရေးက နိုင်ငံခြားကလာတဲ့ ထိပ်ချွန်ဒီဇိုင်းဆန်းတဲ့ ဖိနပ်မျိုးနဲ့တူတယ်။ ကြည့်ရတာ လှပပေမယ့် စီးလို့မကောင်းဘူး။ စီးလိုက်တာနဲ့ စီးရအဆင်မပြေဘဲ ခြေထောက်နာတတ်တယ်။
အတင်းအကျပ်လုပ်တဲ့ အိမ်ထောင်ရေးက သံဖိနပ်နဲ့တူတယ်။ ကြီးလေးပြီး ရှေ့ကိုလျှောက်လှမ်းဖို့ ခက်ခဲစေတယ်။ ချွတ်ပစ်လည်း ခြေကြော၊ ခြေရိုးတွေကို နာကျင်စေတယ်။ အသားတွေကို ပွန်းပဲ့စေတယ်။
အားရကျေနပ်ဖို့ကောင်းတဲ့ အိမ်ထောင်ရေးကိုရွေးချယ်တာက စီးလို့ကောင်းတဲ့ ဖိနပ်တစ်စုံကို ရွေးယူတာနဲ့တူတယ်။ အဓိက,က ခြေထောက်ရဲ့အတိုင်းအတာနဲ့ ဖိနပ်အတိုင်းအတာ ကိုက်ညီဖို့ဖြစ်တယ်။ ဘယ်လိုခြေထောက်မျိုးက ဘယ်လိုဖိနပ်မျိုး စီးရင်သင့်တော်မလဲဆိုတာ သိဖို့လိုလိမ့်မယ်။
သက်တောင့်သက်သာရှိတဲ့ ဖိနပ်က ခြေထောက်ကို မပွန်းပဲ့စေဘူး။ ဒါပေမယ့် သက်တောင့်သက်သာရှိတဲ့ ဖိနပ်တိုင်းလှပရမယ်လို့ မဟုတ်ပါဘူး။ ဖိနပ်စီးရတာ အဆင်ပြေမပြေ စီးတဲ့ခြေထောက်ကပဲသိပါတယ်။ ခရီးဝေးသွားရင် ဖိနပ်စီးမှားမှာကို လူတိုင်းကြောက်ကြတယ်။ အိမ်ထောင်ပြုရင် လူတိုင်းအနိုင်ကျင့်ခံရမှာကို ကြောက်ကြတယ်။ ဖိနပ်က ခြေထောက်ကိုအရမ်းပွန်းပြီး နာကျင်စေခဲ့ရင် ဖိနပ်အောက်ခြေ မပါးခင်၊ ခြေထောက်လည်း မထိခိုက်ခင် သင့်လျော်တဲ့အသစ်တစ်ရံကို ပြောင်းလဲသင့်ပါတယ်။
ကိုယ်နဲ့မသင့်လျော်တဲ့ အဖိုးတန်ဖိနပ်ကို စီးထားတာဟာ ကိုယ့်ကိုနာကျင်အောင် လုပ်တာနဲ့တူတယ်။ သူတစ်ပါးက ကိုယ့်ရဲ့တန်ဖိုးကြီးလှပတဲ့ဖိနပ်ကို တွေ့မြင်နိုင်တယ်ဆိုပေမယ့် စီးထားတဲ့ကိုယ့်ခြေထောက် နာကျင်တာကို ကိုယ်ပဲသိပါတယ်။ ခြေထောက်က ဖိနပ်ထက်အရေးပါပါတယ်။ ဒါပေမယ့် တချို့က တန်ဖိုးကြီးလှပတဲ့ ဖိနပ်ကြောင့် ဒီအချက်ကို မေ့ခဲ့ကြတယ်။
ရေခဲစကိတ်စီးရင် စကိတ်စီးဖိနပ်ကို စီးရတယ်။ နှင်းတောကြားမှာ နှင်းဖိနပ်ရှည်ကို စီးရတယ်။ ခရီးဝေးသွားရင် ခရီးသွားဖိနပ်ကို စီးရတယ်။ လောကကြီးမှာ ကိုယ်နဲ့သင့်တော်တဲ့ ဖိနပ်တွေအများကြီး ကိုယ်စိတ်ကြိုက်ရွေးယူနိုင်ပါတယ်။ ခြေထောက်က တစ်စုံပဲရှိတာမို့ ကိုယ့်ခြေထောက်နာစေတဲ့ဖိနပ်မျိုး အရွေးမမှားစေချင်ပါဘူး။
အသက်အရွယ် အကန့်အသတ်တစ်ခုထိ ခြေထောက်တွေ ရှည်လျားကြီးထွားနိုင်ပါတယ်။ ဒါပေမယ့် ဖိနပ်တွေက မပြောင်းလဲပါဘူး။ ခြေထောက်နဲ့ဖိနပ် ဘယ်အရာက အင်အားကြီးသလဲ? ခြေထောက်ကြီးတယ်လို့ ထင်ပါတယ်။ ဖိနပ်ရိအောင်၊ ပွန်းအောင် ခြေထောက်ကပဲ လုပ်နိုင်ခဲ့ပါတယ်။
အသက်အရွယ်တစ်ခုမှာ ခြေထောက်ဆက်မကြီးထွားတော့တဲ့ အချိန်က ကျွန်မတို့ ရင့်ကျက်တဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ ကိုယ်နဲ့သင့်လျော်တဲ့ ဖိနပ်တစ်မျိုးကို ရွေးဖို့အချိန်ကျပါပြီ။ ခြေထောက်တစ်ဖက်က ယောက်ျားဆိုရင်၊ နောက်တစ်ဖက်က မိန်းကလေးဖြစ်ပါလိမ့်မယ်။ ဖိနပ်က အဲဒီခြေထောက်နှစ်ဖက်ကို တစ်စုံဖြစ်အောင် အတူတကွ ပေါင်းစည်းလိုက်ပါတယ်။ ပြီးတော့ ဘဝခရီးဆုံးခန်းတိုင်ထိ လျှောက်လှမ်းကြရပါတယ်။
ကိုယ်နဲ့သင့်လျော်တဲ့ဖိနပ်ကမှ ပိုဝေးတဲ့ခရီးကို လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။
မူရင်း--- http://health.nmgnews.com.cn or google search
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
ထက်မြက်တဲ့ယောက်ျားနဲ့ ထက်မြက်တဲ့ မိန်းမတို့ရဲ့ အိမ်ထောင်ရေးက နာမည်ကြီးတံဆိပ် ဖိနပ်နဲ့တူတယ်။ လှပပြီးအဖိုးတန်သလို ကြည့်လိုက်တာနဲ့ လူကိုကြည်နူးစေတယ်။ ဒါပေမယ့် တန်ဖိုးကြီးမားပြီး လှပတာကြောင့် ရွံ့အပေမခံဘူး။ ရွံ့နည်းနည်းပေတာနဲ့ ကြည့်ရရုပ်ဆိုးတာကြောင့် အမြဲတမ်းဂရုတစိုက် ပြုပြင်ထိန်းသိမ်းပေးရတယ်။ တန်ဖိုးထားရတယ်။
ငယ်ပေါင်းကြီးဖော်အိမ်ထောင်ရေးက အဝတ်စနဲ့ချုပ်ထားတဲ့ ဖိနပ်နဲ့တူတယ်။ ရိုးရှင်းပြီး တန်ဖိုးမကြီးပေမယ့် စီးလို့ကောင်းတယ်။ ကြည့်လိုက်တာနဲ့ ပေါ့ပါးပြီးသွက်လက်စေတယ်။ တခြားလူ ယူသွားမှာလည်း စိုးရိမ်စရာမလိုဘူး။ ဒါပေမယ့် စီးတဲ့အချိန် သိပ်လျောလျောရှူရှူ ဖြစ်မနေတတ်ဘူး။
ဆင်းရဲဒုက္ခကို အတူတကွဖြေရှင်းတဲ့ အိမ်ထောင်ရေးက အားကစားဖိနပ်နဲ့တူတယ်။ ပုံစံဆန်းပြီး စီးရတာလည်း သက်တောင့်သက်သာရှိတယ်။ အကောင်းဆုံးအချက်က လေဒဏ်၊ မိုးဒဏ်၊ ရွံ့နွံ့ဒဏ်ကိုခံရလည်း ဖိနပ်အောက်ခံ ပျက်စီးသွားတာမျိုး မရှိဘူး။ စီးလိုက်တိုင်း ခြေထောက်နဲ့တသားတည်း အံဝင်ခွင်ကျဖြစ်နေတတ်တယ်။ ဒါကြောင့် ဘယ်လိုဆူးခင်းလမ်း၊ ခရောင်းတောလမ်းပဲဖြစ်ဖြစ် ခြေထောက်ကို မပွန်းပဲ့စေဘဲ တာရှည်ခိုင်မြဲစေပါတယ်။
ရိုမန်တစ်ဆန်တဲ့ အိမ်ထောင်ရေးက အကဖိနပ်နဲ့တူတယ်။ ပေါ့ပါး၊ တက်ကြွပြီး ကြော့ရှင်းတယ်။ ဒါပေမယ့် ပြောင်ချောတဲ့ အကခွင်ကြမ်းပြင်ကခွါတာနဲ့ ဒီလိုဖိနပ်မျိုးက စီးလို့အသုံးမဝင်တော့သလို စီးရတာလည်း ခက်သွားပါတယ်။
စီးပွါးဆန်အိမ်ထောင်ရေးက အပြေးဖိနပ်နဲ့တူတယ်။ လှမ်းတဲ့ခြေလှမ်းနောက် ထပ်ကြပ်မခွါလိုက်ပြီး စောင့်ရှောက်တယ်။ အောင်မြင်မှုတွေ ဆွတ်ခူးတယ်။ ဒါပေမယ့် စီးပွါးရေးပြေးလမ်းက ခွဲထွက်သွားတာနဲ့ စီးလို့မကောင်းတော့ပါဘူး။
အသက်ကြီးတဲ့ယောက်ျားနဲ့ အသက်ငယ်တဲ့မိန်းမတို့ရဲ့ အိမ်ထောင်ရေးက ခုံမြင့်ဖိနပ်ဖြစ်တယ်။ ခရီးဝေးအတွက် စီးလို့မသင့်လျော်ပေမယ့် ကြည့်ရတာထူးခြားတယ်။အသက်ကြီးတဲ့မိန်းမနဲ့ အသက်ငယ်တဲ့ယောက်ျားတို့ရဲ့ အိမ်ထောင်ရေးက ညအိပ်ဖိနပ်နဲ့တယ်။ ကြည့်ရတာ ရယ်ချင်စရာကောင်းနေပေမယ့် စီးရတာအဆင်ပြေတယ်။ ချွတ်ရတာလည်း လွယ်ကူတယ်။ ဒီလိုဖိနပ်မျိုးကို အိမ်မှာပဲစီးရအဆင်ပြေတယ်။ အပြင်စီးထွက်ရင် လူပြောစရာဖြစ်တယ်။
ပွင့်လင်းတဲ့အိမ်ထောင်ရေးက လွှာချင်းဖိနပ်(sandal)နဲ့တူတယ်။ ရာသီမရွေး စီးလို့ရတယ်။ ခံစားချက်တွေ ပူနွေးစေတဲ့နွေရာသီမှာ ခြေထောက်ကို အေးမြစေတဲ့လွှာချင်းဖိနပ်ကို စီးထားနိုင်ပြီး ခံစားချက်တွေ အေးခဲ့တဲ့ဆောင်းရာသီမှာ ဖိနပ်ကိုချွတ်ထားလို့ရပါတယ်။
ဖောက်ပြန်တဲ့အိမ်ထောင်ရေးက အိမ်နေစီးဖိနပ်နဲ့တူတယ်။ စီးလို့ကောင်းတယ်၊ လွယ်ကူအဆင်ပြေတယ် ဆိုပေမယ့် အပြင်စီးထွက်လို့မရဘူး၊ လမ်းမကြီးပေါ်လျှောက်လို့မရဘူး။ ခရီးဝေးဝေးသွားလို့ မဖြစ်ဘူး။
ငွေမက်တဲ့အိမ်ထောင်ရေးက နိုင်ငံခြားကလာတဲ့ ထိပ်ချွန်ဒီဇိုင်းဆန်းတဲ့ ဖိနပ်မျိုးနဲ့တူတယ်။ ကြည့်ရတာ လှပပေမယ့် စီးလို့မကောင်းဘူး။ စီးလိုက်တာနဲ့ စီးရအဆင်မပြေဘဲ ခြေထောက်နာတတ်တယ်။အတင်းအကျပ်လုပ်တဲ့ အိမ်ထောင်ရေးက သံဖိနပ်နဲ့တူတယ်။ ကြီးလေးပြီး ရှေ့ကိုလျှောက်လှမ်းဖို့ ခက်ခဲစေတယ်။ ချွတ်ပစ်လည်း ခြေကြော၊ ခြေရိုးတွေကို နာကျင်စေတယ်။ အသားတွေကို ပွန်းပဲ့စေတယ်။
အားရကျေနပ်ဖို့ကောင်းတဲ့ အိမ်ထောင်ရေးကိုရွေးချယ်တာက စီးလို့ကောင်းတဲ့ ဖိနပ်တစ်စုံကို ရွေးယူတာနဲ့တူတယ်။ အဓိက,က ခြေထောက်ရဲ့အတိုင်းအတာနဲ့ ဖိနပ်အတိုင်းအတာ ကိုက်ညီဖို့ဖြစ်တယ်။ ဘယ်လိုခြေထောက်မျိုးက ဘယ်လိုဖိနပ်မျိုး စီးရင်သင့်တော်မလဲဆိုတာ သိဖို့လိုလိမ့်မယ်။
သက်တောင့်သက်သာရှိတဲ့ ဖိနပ်က ခြေထောက်ကို မပွန်းပဲ့စေဘူး။ ဒါပေမယ့် သက်တောင့်သက်သာရှိတဲ့ ဖိနပ်တိုင်းလှပရမယ်လို့ မဟုတ်ပါဘူး။ ဖိနပ်စီးရတာ အဆင်ပြေမပြေ စီးတဲ့ခြေထောက်ကပဲသိပါတယ်။ ခရီးဝေးသွားရင် ဖိနပ်စီးမှားမှာကို လူတိုင်းကြောက်ကြတယ်။ အိမ်ထောင်ပြုရင် လူတိုင်းအနိုင်ကျင့်ခံရမှာကို ကြောက်ကြတယ်။ ဖိနပ်က ခြေထောက်ကိုအရမ်းပွန်းပြီး နာကျင်စေခဲ့ရင် ဖိနပ်အောက်ခြေ မပါးခင်၊ ခြေထောက်လည်း မထိခိုက်ခင် သင့်လျော်တဲ့အသစ်တစ်ရံကို ပြောင်းလဲသင့်ပါတယ်။
ကိုယ်နဲ့မသင့်လျော်တဲ့ အဖိုးတန်ဖိနပ်ကို စီးထားတာဟာ ကိုယ့်ကိုနာကျင်အောင် လုပ်တာနဲ့တူတယ်။ သူတစ်ပါးက ကိုယ့်ရဲ့တန်ဖိုးကြီးလှပတဲ့ဖိနပ်ကို တွေ့မြင်နိုင်တယ်ဆိုပေမယ့် စီးထားတဲ့ကိုယ့်ခြေထောက် နာကျင်တာကို ကိုယ်ပဲသိပါတယ်။ ခြေထောက်က ဖိနပ်ထက်အရေးပါပါတယ်။ ဒါပေမယ့် တချို့က တန်ဖိုးကြီးလှပတဲ့ ဖိနပ်ကြောင့် ဒီအချက်ကို မေ့ခဲ့ကြတယ်။
ရေခဲစကိတ်စီးရင် စကိတ်စီးဖိနပ်ကို စီးရတယ်။ နှင်းတောကြားမှာ နှင်းဖိနပ်ရှည်ကို စီးရတယ်။ ခရီးဝေးသွားရင် ခရီးသွားဖိနပ်ကို စီးရတယ်။ လောကကြီးမှာ ကိုယ်နဲ့သင့်တော်တဲ့ ဖိနပ်တွေအများကြီး ကိုယ်စိတ်ကြိုက်ရွေးယူနိုင်ပါတယ်။ ခြေထောက်က တစ်စုံပဲရှိတာမို့ ကိုယ့်ခြေထောက်နာစေတဲ့ဖိနပ်မျိုး အရွေးမမှားစေချင်ပါဘူး။
အသက်အရွယ် အကန့်အသတ်တစ်ခုထိ ခြေထောက်တွေ ရှည်လျားကြီးထွားနိုင်ပါတယ်။ ဒါပေမယ့် ဖိနပ်တွေက မပြောင်းလဲပါဘူး။ ခြေထောက်နဲ့ဖိနပ် ဘယ်အရာက အင်အားကြီးသလဲ? ခြေထောက်ကြီးတယ်လို့ ထင်ပါတယ်။ ဖိနပ်ရိအောင်၊ ပွန်းအောင် ခြေထောက်ကပဲ လုပ်နိုင်ခဲ့ပါတယ်။
အသက်အရွယ်တစ်ခုမှာ ခြေထောက်ဆက်မကြီးထွားတော့တဲ့ အချိန်က ကျွန်မတို့ ရင့်ကျက်တဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ ကိုယ်နဲ့သင့်လျော်တဲ့ ဖိနပ်တစ်မျိုးကို ရွေးဖို့အချိန်ကျပါပြီ။ ခြေထောက်တစ်ဖက်က ယောက်ျားဆိုရင်၊ နောက်တစ်ဖက်က မိန်းကလေးဖြစ်ပါလိမ့်မယ်။ ဖိနပ်က အဲဒီခြေထောက်နှစ်ဖက်ကို တစ်စုံဖြစ်အောင် အတူတကွ ပေါင်းစည်းလိုက်ပါတယ်။ ပြီးတော့ ဘဝခရီးဆုံးခန်းတိုင်ထိ လျှောက်လှမ်းကြရပါတယ်။
ကိုယ်နဲ့သင့်လျော်တဲ့ဖိနပ်ကမှ ပိုဝေးတဲ့ခရီးကို လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။
မူရင်း--- http://health.nmgnews.com.cn or google search
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

24 comments:
အဝတ်ဖိနပ်တစ်ရန်.. အဲလေ.. တစ်ဖက် လာဖတ်သွားပါသည်။
such a great post.. thanks :)
ဘယ်လိုဖိနပ်မျိုးပဲစီးစီး အဓိက က ချီးတက်မနင်းဖို့၊
သူတစ်ပါးလမ်းလျှောက်နေချိန်မှာ ဖိနပ်တက်မနင်းဖို့၊
ခလုတ်မတိုက်ဖို့၊
မမ
အရမ်းဖတ်လို့ကောင်းတယ်။
တကယ်ကိုမျောသွားတယ်
စိတ်ညစ်နေတဲ့အချိန်မို ကျေးဇူး
ကောင်းလိုက်တဲ့ ဥပမာ မမရယ်....
ကျနော်က .... columbia စီးတယ် ... အိမ်နေရင်း ဟိုနားဒီနား တော့ .. maldini ပေါ့ . အင်းးးးးး အလုပ်မှာတော့ safty shoes စီးရတယ် .... အဲဒါဆို ဘယ်လိုပြောမလဲဟင် :D ....
ကောင်းတာကတော့ ... ဖိနပ်တွေ အများကြီး ဝယ်ထားတာဘဲ.. ဟုတ်တယ်မလားးး
အိမ်ထောင်ရေးကို ဖိနပ် ဥပမာလေးတွေနဲ့ ခိုင်းနှိုင်းသွားတာ အရမ်းဘဲ စိတ်ဝင်စားစရာ ကောင်းပါတယ်.. ကိုယ့်ဘ၀အတွက် ဘယ်လိုဖိနပ်မျိုးနဲ့ သင့်တော်မလဲ လို့ ရွေးချယ်ရတာကိုက စိတ်လှုပ်ရှားစရာပါ..ကိုယ်ရွေးချယ်တဲ့ ဖိနပ်က ရေရှည် အကြမ်းခံဖို့တော့ လိုမယ်နော်...
မမရေလာဖတ်သွားတယ်နော်
ပညာရပါတယ် မနိုင်းနိုင်း။
ခြေထောက်ကြီးထွားမှု မရပ်တန့် သေးခင်မှာ ဖိနပ်ရွေးခဲ့မိတယ်။
နာကျင်လွန်းလို့ လမ်းတစ်ဝက်မှာတင် ချွတ်ခဲ့လိုက်ရတယ်။
နောက်တစ်ကြိမ် ဖိနပ်တစ်ရံရွေးဖို့ တောင် ကြောက်နေမိတယ်။
ကျေးဇူးတင်ပါတယ် မနိုင်းနိုင်း
မကိုးဆယ့်ကိုးရေ
ရာသာဖိနပ် ၊ ခုံဖိနပ် ၊ တာယာဖိနပ်တို့ကိုရော ဘယ်လိုဆုံးဖြတ်မလဲ
မနိုင်းနိုင်း...မနက်ဖြန် ပြာသိုလ်လပြည့် အမေ့နေ့လေ.. ပို့စ်လေး ဘာလေး ရေးတင်ပေးပါအုံးလို့ တောင်းဆိုချင်ပါတယ်၊မနှစ်က ပြာသိုလ်လပြည့်တုန်းကလဲ မနိုင်းရေးပေးခဲ့ဖူးတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။
အားကစားဖိနပ်လေးကိုပဲ သဘောကျတယ် ... :)
great post . thanks ma 99. have a nice day!
မမရေ
တကယ်ကို ပေါ်လွင်အောင် နှိုင်းယှဉ်ပြသွားတယ်။
ကျေးဇူးနော်...
ပူးတေ
အရမ်းကောင်းတယ်။ ဖိနပ်ဝယ်မမှားဖို့ ဂရုစိုက်ရမယ်။
ဖိနပ်ဝယ်မှားသွားရင် ဘယ်လိုလုပ်မလဲ။ လူဆိုတာ
တစ်ခါတစ်လေမှာ မှားတတ်ကြတာဆိုတော့ ၀ယ်ပြီးမှ
မှားသွားရင် ပြန်လဲလို့ ရပါ့မလား။ ဖိနပ်ကတော့
ပြန်လဲလို့ရတယ်နော်။ သိပ်တန်ကြေးမကြီးဘူး။ အိမ်ထောင်ရေးကျတော့ ဖိနပ်လို လဲလိုရပါ့မလား။ အရင်ပို့စ်တွေမှာ ရေးတဲ့ မိန်းမနဲ့ ယောက်ျား ၊ အိမ်ထောင်ရေးအကြောင်းတွေက ပိုပြီး လေးနက်ကောင်းမွန်တယ်။
အိမ်ထောင်ရေးကို ဖိနပ်မျိုးစုံနဲ့ နှိုင်းယှဉ်ပြသွားပုံလေးက သိပ်လှပါတယ်...ကျေးဇူးတင်ပါတယ်စနေ..
ဗဟုသုတတွေမျှဝေပေးတဲ့အတွက်...။
ခင်မင်စွာဖြင့်
မိုးငွေ့
I think I will be in big trouble. coz I like to wear multiple shoes within a week.
and i have like seven shoes :D
7 different marriage?
အ၇မ်းဖတ်လို့ကောင်းတယ်...အမက ဒီဆိုဒ်ကိုအခုမှသိ၇တာနှမျောစ၇ာတောင်ကောင်းနေပြီ..
Can i stand with the bare legs ?
If i were , I think I will be in peaceful life
ကတီပါဖိန်ပ်..ဖိနပ်ဆို ကတီပါအကြိုက်ဆုံးပဲ..
တသက်လုံးအတွက်လဲ ကတီပါပဲ...
But I give up katipar coz of rain.
I hate rain.....
မနိုင်းနိုင်းရေ...
လာဖတ်သွားပါတယ်။ အရင်ကတော့ ဒီအတိုင်းပဲ လာဖတ်သွားလိုက်တာပါပဲ။ ကွန်းမန့်တွေဘာတွေ မရေးပေးခဲ့ဖြစ်ဘူး။ ကျော်ရခွရတာ စိတ်ညစ်လို့ပါ။ အခု ဒီ “အိမ်ထောင်ရေးမည်သော ဖိနပ်တစ်စုံ” ပို့စ်မှာတော့ ကွန်းမန့်ရေးခဲ့လိုက်ပါတယ်။ အရမ်းကို သဘောကျမိပါတယ်။
ပထမတစ်ချက်က အိမ်ထောင်ရေးဆိုတာကို အမျိုးမျိုး ခိုင်းနှိုင်းကြတာပါပဲ။ အဲဒီထဲကမှ ဖိနပ်နဲ့နှိုင်းပြတာကိုတော့ အခုမှ ပထမဆုံးအကြိမ် ကျွန်တော်ဖတ်ဖူးခြင်းပါပဲ။ အခုလို ရေးသားဝေမျှတဲ့အတွက် ကျေးဇူးပါ။ နောင်ပြန်ဖတ်လို့ရအောင် ကူးယူသွားပါတယ်။
ဒုတိယတစ်ခုက အပြာရောင်သန်းတဲ့ အိမ်ထောင်ရေးဟာသတွေနဲ့ ပတ်သက်ပြီး အသံတွေ စီညံစီညံ ဖြစ်ခဲ့ကြရတာကို ကုစားတဲ့အနေနဲ့ မနိုင်းနိုင်းတစ်ယောက် ဒီပို့စ်လေးကို ရေးခဲ့သလားလို့ တွေးနေမိတယ်။ အဲဒီလိုတွေးမိတော့ မနိုင်းနိုင်းရဲ့ စိတ်ကူးစိတ်သန်းကို သဘောကျသွားမိတယ်။ အတွေ့အကြုံကပေးတဲ့ သင်ခန်းစာတွေကို မနိုင်းနိုင်း ကောင်းကောင်းရထားတယ်ဆိုတာ ဗေဒင်မေးစရာမလိုဘူး။
အိမ်ထောင့်တာဝန်တွေကြားမှာ စာရေးမပျက်တဲ့ မနိုင်းနိုင်းကို အားပေးလျက်ပါ။ စာတွေစောင့်မျှော်ဖတ်ရှုလျက်ပါ။
အစားအသောက်တွေအကြောင်း ရေးထားတာ သွားရည်တောင်ကျတယ်။ ဒါပေမယ့် အများစုက ငရုတ်သီးတွေနဲ့ဆိုတော့ အစပ်ကြောက်တဲ့ ကျွန်တော့်အတွက် အလိုလိုစပ်လာမိသလိုပဲ။
စာတွေအမြဲမပြတ် ဆက်ရေးနေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
တစ်လက်စတည်း ပျော်ရွှင်ဖွယ်ရာနှစ်သစ် ၂၀၁၀ ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါကြောင်း။
Ma Ma 99,
This post is totally suitable to compare with different types of marriage...It really touch me...
And I also like above comment...I wanna copy his word again "အတွေ့အကြုံကပေးတဲ့ သင်ခန်းစာတွေကို မနိုင်းနိုင်း ကောင်းကောင်းရထားတယ်ဆိုတာ ဗေဒင်မေးစရာမလိုဘူး။"...
Yeah, that is correct...I also can feel it...
Always ur reader Ma Ma :)
နိုင်းနိုင်းရေ..အရမ်းကောင်းတဲ့ ဥပမာလေးတွေပါပဲ။ အိမ်ထောင်ရေးကိုဖိနပ်နဲ့ ယှဉ်ရေးထားတာ စိတ်ဝင်စားဖို့ လည်းကောင်းပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။
zarchi.april
I like very much that example for married.I like the most sport shoes
This is my first time experience but I feel cool as your blogger :)
Post a Comment