အခုတစ်လော စားစရာတွေပဲတင်ဖြစ်နေတယ်။ မရည်ရွယ်ပါဘူး စားရဖို့ တိုက်ဆိုင်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့ အစ်မတို့မိသားစု အလှူတစ်ခုလုပ်ဖြစ်လို့ တစ်ခုခုကူဖို့ ကျွန်မလည်း မနက်အစောကြီး ဘုန်းကြီးကျောင်းကို ရောက်သွားခဲ့တယ်။ ရှမ်းဘုန်းကြီးကျောင်းဆိုတော့ လာကူတဲ့လူတွေက ရှမ်းတွေချည်းပဲ။ ချက်တဲ့ဟင်းတွေကလည်း ရှမ်းဟင်းတွေချည်းပါပဲ။ ရှမ်းတွေကြားမှာ ရှမ်းအင်္ကျီဝတ်ပြီး ရှမ်းစကားမတတ်တဲ့ကျွန်မ ဟိုကူ၊ ဒီဆေးနဲ့ ပင်စိမ်းသီးနမ့်ဖစ်ထောင်းကို ရှမ်းတွေဆီက သင်ယူခဲ့ပါတယ်။
ဒီလိုချမ်းအေးတဲ့ ဆောင်းရာသီက ပင်စိမ်းသီးရာသီဖြစ်တယ်။ ပင်စိမ်းသီးကို မန္တလေးဖက်က မတ်ခေါက်သီးလို့ခေါ်တယ်လို့ သိရပါတယ်။ ပင်စိမ်းသီးက ချဉ်ဖန်ဖန်အရသာရှိပြီး အစိမ်းစားလို့ရသလို၊ အချဉ်တည်စား၊ ယိုထိုးစားလို့လည်းရပါတယ်။ ခုတော့ ပင်စိမ်းသီးကို နမ့်ဖစ်အနေနဲ့လည်း ထောင်းစားနိုင်ပါသတဲ့...
ဒီလိုချမ်းအေးတဲ့ ဆောင်းရာသီက ပင်စိမ်းသီးရာသီဖြစ်တယ်။ ပင်စိမ်းသီးကို မန္တလေးဖက်က မတ်ခေါက်သီးလို့ခေါ်တယ်လို့ သိရပါတယ်။ ပင်စိမ်းသီးက ချဉ်ဖန်ဖန်အရသာရှိပြီး အစိမ်းစားလို့ရသလို၊ အချဉ်တည်စား၊ ယိုထိုးစားလို့လည်းရပါတယ်။ ခုတော့ ပင်စိမ်းသီးကို နမ့်ဖစ်အနေနဲ့လည်း ထောင်းစားနိုင်ပါသတဲ့...
ပင်စိမ်းသီးနမ့်ဖစ်ထောင်းက လုပ်ရတာ သိပ်မခက်ခဲပါဘူး။ လိုအပ်တဲ့ပစ္စည်းတွေက - ပင်စိမ်းသီး၊ ရှမ်းပဲပုပ်၊ ငရုတ်သီးအစိမ်း/အနီ၊ ကြက်သွန်ဖြူ/နီ၊ နံနံပင်၊ ကြက်သွန်ဖြူမြိတ် (ကြက်သွန်(နီ)မြိတ် မဟုတ်ပါ)တွေပဲ ဖြစ်ပါတယ်။
ပထမဦးဆုံး ပင်စိမ်းသီးတွေကို အခွံခွါပြီးပြုပ်ရပါတယ်။ အဖန်ရည်တွေ ထွက်သွားအောင် ခပ်နူးနူးလေး ပြုပ်လိုက်ပါတယ်။
ပြုပ်လို့ရလာတဲ့ ပင်စိမ်းသီးကို ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှမ်းပဲပုပ်နဲ့ ရောထောင်းလိုက်ပါတယ်။ (ငရုတ်သီး၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို အရင်မီးဖုတ်ရမှာဖြစ်ပြီး ရှမ်းပဲပုပ်ကို မီးကင်ရမှာဖြစ်ပါတယ်) မီးဖုတ်ထားတဲ့ ငရုတ်သီးပွ အစိမ်းရောင်က ပင်စိမ်းသီးနမ့်ဖစ်ထောင်းကို ပိုမွှေးစေသလို ငရုတ်သီးအနီရောင်က အရောင်လှစေပါတယ်။
ထောင်းလို့ရလာတဲ့ အစာတွေကို ပန်းကန်တစ်လုံးထဲထည့်ပြီး သေးသေးစင်းထားတဲ့ နံနံပင်နဲ့ ကြက်သွန်ဖြူမြိတ်တွေထည့် ဆား၊ အချိုမှုန့်နဲ့ ရေအနည်းငယ်ထည့်ပြီး ရောနှယ်လိုက်ရင် ပင်စိမ်းသီးနမ့်ဖစ်ထောင်းကို ရပါပြီ။
အရသာ ချဉ်ချဉ်စပ်စပ် ပင်စိမ်းသီးနမ့်ဖစ်ထောင်းက ထမင်းပိုမြိန်စေသလို ခံတွင်းလည်း ရှင်းစေပါတယ်။ အဆီအအိမ့်စားရမှာ ငြီးငွေ့နေသူတွေ လွယ်ကူတဲ့ ပင်စိမ်းသီးနမ့်ဖစ်ထောင်းကို လက်တည့်စမ်း လုပ်စားနိုင်ပါပြီ။
အစားသည် လူတိုင်းနှင့်တည့်၏။
ပင်စိမ်းသီးပိုးထိုး~~~ တောင်ကြီးသူမ ရအောင်ပိုးဟေ့ ~~~ ရအောင်ပိုး
ပင်စိမ်းသီးအညှာချွေချ ~~~ တောင်ကြီးသူမ ငါနဲ့ရဟေ့ ~~~ ငါနဲ့ရ
ပင်စိမ်းသီးနေစာလောင် ~~ မိန်းမလက်ဆောင် ပေးရအောင်ဟေ့ ~~ ပေးရအောင်
အယ်~~ အယ် ~~ ပင်စိမ်းသီး နမ့်ဖစ်ထောင်း ~~~~
ပင်စိမ်းသီးအညှာချွေချ ~~~ တောင်ကြီးသူမ ငါနဲ့ရဟေ့ ~~~ ငါနဲ့ရ
ပင်စိမ်းသီးနေစာလောင် ~~ မိန်းမလက်ဆောင် ပေးရအောင်ဟေ့ ~~ ပေးရအောင်
အယ်~~ အယ် ~~ ပင်စိမ်းသီး နမ့်ဖစ်ထောင်း ~~~~
နိုင်းနိုင်းစနေ


12 comments:
ပင်စိမ်းသီးကို တရုတ်လိုဘယ်လိုခေါ်လဲ... ယိုးဒယားလိုရောဘယ်လိုခေါ်လဲ သိပါလားခင်ဗျာ..ကျေးဇူးတင်ပါတယ်..
ဖတ်ရင်းကြည့်ရင်းနဲ့ သွားရေ (သရေ)ကျချင်လာတယ်.. တကယ်ပါ.. ထမင်းပူပူနဲ့ စားလိုက်ရရင်လဲ ကောင်းမှကောင်းဘဲနော်...
ဒီသံချပ်လိုလို ကဗျာလိုလို ထဲမှာကော
ပင်စိမ်းသီးအစား ဂွေးသီး(သို့)ခရမ်းသီး
ထဲ့ဆိုရင်ရမလား
မနိုင်းရေ .. သွားရည်ကျသွားတယ်။ စပ်လည်း စပ်မယ်နော်။ ကြည့်ရင်းနဲ့ စပ်လာတယ်။း)
မနိုင်းရေ...
စားချင်လိုက်တာ သရေတွေတောင် ယိုနေပြီ အဟဲး)
ထောင်းနည်းလေးသိရပြီဆိုတော့ မြန်မာပြည်ပြန်ရောက်တာနဲ့ မက်ခေါက်သီးလေးဝယ်ပြီးစမ်းထောင်းကြည့်တော့မယ်
ခင်မင်စွာဖြင့်
နေကောင်းပြီးကာစဗျာ အဲလိုမြင်ရတွေ့ရရင် ဘယ်လိုမှ မနေနိုင်ဘူးခင်ဗျာ။ သွားရေကျ ပြီး ပြန်သွားပါတယ်ခင်ဗျာ။
ခင်မင်တဲ့
ညီညီ
ပင်စိမ်းသီး နမ့်ဖစ်ထောင်း ~~တောင်ကြီးသူမ ငါ့ ရည်းစားဟောင်း ရည်းစားဟောင်းးး
(သံချပ်အသစ် ထွင်ပေးသွားပါသည်) :P
ဘိုဖြူရဲ့ သီချင်းကို ပြန်အမှတ်ရမိတယ်..ပင်စိမ်းသီးပိုးထိုး တောင်ကြီးသူမ ရအောင်ပိုး ရအောင်ပိုးဟေ ရအောင်ပိုး...းp
သားချောရေ...
ပင်စိမ်းသီးကို ယိုးဒယားလိုတော့ မသိဘူး
ရှမ်းလိုက မာကော်လို့ခေါ်တယ်။
တရုတ်လိုက တကယ့်နာမည် ဘယ်လိုခေါ်လဲမသိဘူး
ကျွန်မတို့က ဂျာကျိလို့ခေါ်တယ်.. :P
အားလုံး ကျေးဇူးး)
အမရေ...ပင်စိမ်းသီးဆိုတာ ဘာမှန်းမသိလို့ ရတဲ့ ဂွေးသီးအနုလေးတွေကို ထောင်းပြီး ကျန်တာကတော့ အမပြောတဲ့အတိုင်း လုပ်စားကြည့်လိုက်ပါတယ်။ တော်တော် စားကောင်းတယ် အမရ။ ဟီးဟီး။
ကြုံရင် ပင်စိမ်းသီးကို အင်္ဂလိပ်လို ဘယ်လိုခေါ်တယ်ဆိုတာပါ ရေးပေးနော်။ ကျွန်မက တရုတ်လိုလည်း မတတ်၊ ရှမ်းလိုလည်း မသိတော့ ဒွတ်ခပဲ။
လောလောဆယ် ဂွေးသီးနဲ့စားတာတင် တော်တော်ကောင်းတယ်။ ဟိ..
Inspiron
ကျေးဇူးတင်ပါတယ်...မယ်ဆိုင်ဖက်အလည်ရောက်တုန်းစားချင်လို့လိုက်ရှာတာ မခေါ်တတ်လို့မစားလိုက်ရဘဲ ပြန်လာရတယ်...:( ယိုးဒယားလိုသိရင်မောင်းထုလိုက်ဗျာ...ယိုးဒယားသူငယ်ချင်းတွေနဲ့ ၀ယ်ခိုင်းပြီး ပါဆယ်နဲ့ပို့ခိုင်းရအောင်လို့...:D
အစ်မ ..
အဲဒါပင်စိမ်းသီးလို့ ခေါ်တာလား
ပင်စိမ်းသီးကို နာမည်ပဲကြားဖူးပီး မမြင်ဘူးလို့
ခု ပုံတွေ့လိုက်တော့ ပြင်ဦးလွင်ဖက်က
မက်ချဉ်မွန်သီးလို့ ခေါ်တဲ့အသီးနဲ့ တူနေတာလားလို့
စိတ်ထင်တာလား တူတာလားဆိုတာ သိချင်လို့ပါ :D
ရှုပ်မိရင်စောရီးနော် ခုမှဖတ်မိလို့...ဟီးး
Post a Comment