ဘာမှလည်း ထွေထွေထူးထူး မလုပ်ခဲ့ပါဘူး
ဒါနဲ့တင် အပြောင်းအလဲပေးပါလို့
အော်နေသူပါ
ပြက္ခဒိန်တွေ
တစ်ရွက်ပြီးတစ်ရွက်ကြွေတယ်
၂ဝဝ၉ သစ်ပင်ကြီး
ရာသီကုန်လို့ ခုတ်လဲခံရတယ်
ဘာအပွင့်မှ ဝေဝေဆာဆာ မပွင့်ခဲ့ဖူးသလို
ဘာအသီးမှလည်း ချိုချိုမြိန်မြိန် မသီးခဲ့ပါဘူး။
ဒါနဲ့တင် ၂ဝ၁ဝမှာ
အပြောင်းအလဲပေးပါလို့
ဘဝကူးကောင်းအောင် အော်နေခဲ့တယ်။
နိုင်းနိုင်းစနေ
ဒါနဲ့တင် အပြောင်းအလဲပေးပါလို့
အော်နေသူပါ
ပြက္ခဒိန်တွေ
တစ်ရွက်ပြီးတစ်ရွက်ကြွေတယ်
၂ဝဝ၉ သစ်ပင်ကြီး
ရာသီကုန်လို့ ခုတ်လဲခံရတယ်
ဘာအပွင့်မှ ဝေဝေဆာဆာ မပွင့်ခဲ့ဖူးသလို
ဘာအသီးမှလည်း ချိုချိုမြိန်မြိန် မသီးခဲ့ပါဘူး။
ဒါနဲ့တင် ၂ဝ၁ဝမှာ
အပြောင်းအလဲပေးပါလို့
ဘဝကူးကောင်းအောင် အော်နေခဲ့တယ်။
နိုင်းနိုင်းစနေ


22 comments:
Happy New Year, 2010 par Ma Nine Nine. Have a wonderful year ahead!
အော်.. ပြောရင်း ဆိုရင်း ရေးသား မန့်ရင်းနဲ့ ၂၀၁၀တောင် နီးလာပါပေါ့လား။ အမပြောသလိုဘဲ ရာသီကုန်လို့သာ ခုတ်လှဲခံရတယ်။ ၂၀၀၉ ဟာ ဘာမှ ဝေေ၀ဆာဆာ မသီးမပွင့်ခဲ့ပါလား။
၂၀၁၀မှာတော့ သီးပွင့်ကောင်းပါရဲ့ လေ။
နှစ်သစ်မှာ ပျော်ရွှင်ပါစေ အမ။
၂၀၁၀ မှာ အပြောင်းအလဲတွေ ကောင်းအောင်တော့ ထွေထွေထူးထူးတွေလုပ် ... အပွင့်တွေ ဝေေ၀ဆာဆာနဲ့ အသီးတွေလည်း သီးအောင် ကြိုးစားကြတာပေါ့
ရိုးရိုးလေး နဲ့ကောင်း၏ :)
Happy New Year...
Have a nice life in 2010.
မနိုင်းရေ...
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေနော်..
ကဗျာလေး ထိမိလိုက်တာ..
၂၀၁၀ လည်း ရာသီကုန်ရင် ဒီလိုပဲ ခုတ်လဲ ခံရဦးမှာပါလား..း(
ပိုစ့်ခေါင်းစဉ်လေး ခပ်ဆင်ဆင် တူနေတယ်..
Cheer..!!!
ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ဟိ..မင်္ဂလာနှစ်သစ်ဖြစ်ပါစေ မနိုင်းနိုင်း
HAPPY NEW YEAR...
Happy New Year ပါမနိုင်းနိုင်း
ညီမ နိုင်းနိုင်းရေ
ကဗျာလေး လာဖတ်ပါတယ်။
နှစ်သစ်မှာ ချစ်သောသူနဲ့အတူ ပျော်ရွှင် ချမ်းမြေ့စေကြောင်း ဆုမွန်တောင်းလိုက်ပါတယ်။
Nice poem . I love it ;)
Nice Poem.
Same to you.
Wish you Happy New Year and fill with Love, Peace, Joy the whole year.
Lucinda
နိုင်းနိုင်းရေ .. ကဗျာလေးအသက်ဝင်တယ်။ အမလည်း ဒီလိုပါပဲ ပြောင်းလဲမယ်၊ ပြောင်းလဲမယ်နဲ့ နှစ်တွေသာ ကုန်ကုန်သွားတယ်၊ ခုထိဘာမှမထူးသေးသလိုပဲ ကိုယ့်ကိုကိုယ် အားမရဘူးဖြစ်နေတယ်။ နှစ်သစ်မှာ လူသစ်၊စိတ်သစ်နဲ့ ပျော်ရွှင်နိုင်ပါစေနော်။
nice poem. ma
ရသကောင်းကောင်းလေးတွေ ပေးတတ်တဲ့ မနိုင်း နှစ်သစ်မှာ အရာရာကို စိတ်တိုင်းကျပါစေ.. ခုထက်ပိုပြီး ကောင်းမွန်တဲ့ အင်အားများနဲ့ ရသကောင်း လေးတွေပေးနိုင်ပါစေ.. ထာဝရ ဝေမျှနိုင်ပါစေနော်...
HAPPY NEW YEAR
ကဗျာလေးက ရိုးရိုးရှင်းရှင်းလေးနဲ့ လှတယ်...
နှစ်သစ်မှာ အေးချမ်းပျော်ရွှင်ပါစေ စနေ...
ပျော်ရွှင်ချမ်းမြေ့ သောနှစ်သစ်ဖြစ်ပါစေ ခင်ဗျာ
HAPPY NEW YEAR sis!!! I am back from taking rest... I saw the great news of yours and like to say have a very happy married life.
CNL!
နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ။
နှစ်သစ်မှာ စနေတို့မောင်နှံ အစစအရာရာအောင်မြင်ပြည့်စုံလို့
စိတ်ချမ်းသာကြပါစေ...
အပွင့်လဲပွင့်ပြီးပြီမို့...အသီးသီးဖို့ပဲလိုတော့တယ်နော်
ခင်မင်စွာဖြင့်
မိုးငွေ့
စနေရေ...နှစ်သစ်မှာ ဝေေ၀ဆာဆာဖြစ်ဖို့ရာ မောင်နှံနှစ်ယောက် အသီးသီးဖို့ရာကျန်နေသေးကြောင်း မမေ့မလျော့ သတိပေးလိုက်ပါသည်။
ခင်မင်စွာဖြင့်
မိုးငွေ့
ပြောင်းလဲပေးပါ အော်နေခဲတယ်
Post a Comment