Tuesday, December 22, 2009

ဘဝဟာသစည်းမျဉ်း


Murphy's Lawsကို လူတိုင်းကြားဖူးကြပေမယ့် ဘယ်ကဘယ်လို စခဲ့တယ်ဆိုတာကိုတော့ သိသူနည်းကြပါတယ်။

Murphy's Laws ဆိုတာဘာလဲ? ဘယ်သူစထွင်ခဲ့တာလဲ? Murphy's Laws ရဲ့ အနက်အဓိပ္ပါယ်က ဘာလဲ?

Murphy's Laws ဆိုတာ လုပ်ခဲ့မိတဲ့အမှားထဲကနေ လူ့ဘဝရဲ့ အရာရာအဆင်မပြေတတ်မှုကို ရေးထားတဲ့ ဟာသစည်းမျဉ်းတွေပဲဖြစ်တယ်။ ဒီစည်းမျဉ်းတွေကို Murphy's Lawsရဲ့ ပထမဆုံးအချက်ဖြစ်တဲ့ "မှားနိုင်မယ့်အရာက မှားကိုမှားမှာပဲ" "Anything that can go wrong will go wrong." ဆိုတာကနေ ပြန့်ပွါးလာတာဖြစ်တယ်။

ရှေးယခင်ကတည်းက Murphy's Laws ကို အသုံးပြုသူတွေရှိခဲ့ကြတယ်လို့ ဆိုကြပါတယ်။ ဥပမာ-

I never had a slice of bread,
Particularly large and wide,
That did not fall upon the floor,
And always on the buttered side.

(ပေါင်မုန့်အောက်ပြုတ်ကျတဲ့အချိန် ခရမ်ပါတဲ့ဖက်က အမြဲအောက်ရောက်နေတယ်။)

Murphy's Laws က (၁၉၄၉)ခုနှစ်မှာ စတင်ခဲ့ပြီး Edward A. Murphy (၁၉၁၇ ခုနှစ်တွင်မွေးဖွား)ရဲ့နာမည်နဲ့ အမည်ပေးခဲ့တာဖြစ်တယ်။ Murphy က Edwardလေကြောင်းအခြေချစခန်းက အင်ဂျင်နီယာဖြစ်ပြီး လူတွေရဲ့ အလျှင်ခံနိုင်ရည်စွမ်းအားကို စမ်းသပ်စစ်ဆေးသူဖြစ်တယ်။ လုပ်ဖော်ကိုင်ဖက်တွေက အလျှင်တိုင်းကိရိယာကို အမြဲပြောင်းပြန်ထားတိုင်းတဲ့အတွက် Murphy က အခုလို မှတ်ချက်ချလိုက်တာဖြစ်တယ်။

ဒီလိုအသုံးအနှုန်းတွေဟာ သတင်းစာရှင်းလင်းပွဲတွေမှာလည်း သုံးသူတွေရှိခဲ့တာကြောင့် လူတွေကြားထ ပြန့်နှံ့ခဲ့တယ်။ နောက်ပိုင်း စည်းမျဉ်းအသစ်တွေ ထပ်တိုးခဲ့ပြီး (၁၉၅၈)ခုနှစ်မှာ Murphy's Laws ဆိုပြီး Webster's Dictionaryမှာ ဖော်ပြခံခဲ့ရတယ်။

Murphy ကိုယ်တိုင်က Murphy's Laws ကို ထုတ်ဖော်သုံးစွဲခဲ့တာ မဟုတ်ပါဘူး။ အခုခေတ်မှာ Murphy's Lawsကို ပုံစံအမျိုးမျိုးနဲ့ အသေးစိတ် ခွဲထုတ်လိုက်တဲ့စည်းမျဉ်းတွေ အများကြီးရှိခဲ့ပါတယ်။ Murphy ကိုယ်တိုင်ကနေ မိသားစု၊ အလုပ်အကိုင်၊ အစိုးရ.. စတဲ့မတူတဲ့နယ်ပယ် အသီးသီးထိပြန့်နှံ့သွားခဲ့ပြီး လူတွေက သူတို့နဲ့သင့်လျော်လိုက်ဖက်တဲ့ Murphy's Laws ကို ကိုယ်တိုင်ထုတ်လာခဲ့ကြတာဖြစ်တယ်။

အောက်က Murphy's Laws တချို့ဖြစ်ပါတယ်။

Murphy's ဥပဒေ --- မှားနိုင်မယ်ထင်တဲ့အရာက မှားကိုမှားမှာပဲ။
Murphy's ဒဿန ---- ပြုံးပါ၊ ရယ်ပါ၊ မနက်ဖြန်ဟာ ဒီနေ့ထက် ကောင်းချင်မှကောင်းလိမ့်မယ်။
Murphy's အညွှန်း ---- ပစ္စည်းကောင်းတွေက တာရှည်အသုံးမခံဘူး။

အစ
အစကောင်းတိုင်း အဆုံးမကောင်းနိုင်ပါ။

ဆိုးတဲ့အစက နောက်ဆုံးမှာ ပိုပိုဆိုးသွားတတ်တယ်။

လူ
ငွေကြေး အကျပ်အတည်းဖြစ်နေတဲ့ သူငယ်ချင်းကို သင်ကူညီလိုက်ရင် သင့်ကို သူသတိရနေလိမ့်မယ်။ (နောက်တစ်ခေါက် ငွေအကျပ်အတည်းဖြစ်တဲ့အချိန်မှာပါ)

ခေါင်းဆောင်
အမြင့်ဆုံးမှာနေတဲ့ လူတုံးလူအတစ်ယောက်က တောင်ထိပ်ပေါ်ရောက်သွားတဲ့ လူတစ်ယောက်နဲ့တူတယ်။ အောက်ကလူတွေကို သူသေးသေးပဲ (အထင်သေး၊ အမြင်သေး) မြင်ရသလို အောက်ကလူတွေကလည်း သူ့ကို သေးသေးလေးပဲမြင်တယ်။

အသိဥာဏ်နဲ့ တုံးအ,ခြင်းကြား
လုပ်နိုင်သူ ---- လုပ်ခွင့်ပေးလိုက်ပါ။
မလုပ်နိုင်သူ ----- ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ပေးလိုက်ပါ။
မလုပ်တတ်သူ ---- ဆုံးမလိုက်ပါ။

အချစ်
သင်တစ်ဇွတ်ထိုး ပေးပို့လိုက်တဲ့ ရည်းစားစာက ပေးပို့တဲ့ လိပ်စာအကွာအဝေးနဲ့အညီ သင့်နောင်တရချိန်က ရှည်လိမ့်မယ်။

စောရောက်ခြင်းနှင့် နောက်ကျရောက်ခြင်း
သင်စောစောရောက်တဲ့နေ့---- အစည်းအဝေးမလုပ်ဖြစ်ဘူး။
သင်အချိန်မှန်ရောက်တဲ့နေ့ ---- ခဏလောက်တော့ စောင့်ရဦးမယ်။
သင်နောက်ကျတဲ့နေ့----- သင် နောက်ကျပါပြီ။

အရည်အသွေး အာမခံမှု
ရက်(၆ဝ) အာမခံတဲ့ပစ္စည်းက (၆၁)ရက်ရောက်တာနဲ့ လုံးဝပျက်တယ်။

ပစ္စည်း
အသုံးမဝင်ဘဲ အချိန်အကြာကြီးသိမ်းထားတဲ့ ပစ္စည်းကိုပစ်ထုတ်လိုက်တယ်။
ပစ်ထုတ်ပြီးနောက် အဲဒီပစ္စည်းကို သင်အသုံးလိုလာပါလိမ့်မယ်။

ရှာဖွေ
ပစ္စည်းမပစ်ခင် နေရာအရင်ရွေးပါ။ ကိုယ်ပြန်ရှာရင် ထပ်တွေ့နိုင်မယ့် နေရာကိုရွေးပါ။
ဒါမှမဟုတ်ရင် အလိုမရှိတဲ့ပစ္စည်းတွေပဲ သင်ရှာတွေ့နေလိမ့်မယ်။

အကောင်းဆုံးအခန်း
သင်ပေါက်ပေါက်ထွက်ဝယ်တဲ့အချိန် ပိတ်ကားပေါ်မှာ အကောင်းဆုံးအခန်း ပြနေတဲ့အချိန်ဖြစ်တယ်။

တန်းစီ
သင်ဝင်စီမထားတဲ့ အခြားအတန်းက ပိုမြန်နေတယ်။
အဲဒီအတန်းထဲ သင်ပြောင်းစီရင် သင်ရပ်ခဲ့တဲ့အတန်းက ပိုမြန်နေတယ်။
အချိန်ကြာကြာ သင်ရပ်လေ သင့်ကိုယ်သင် ငါဒီအတန်းစီမိတာ မှားပြီလို့ ထင်လေလေပါပဲ။

အဖော်
လူမသိစေချင်တဲ့ အဖော်နဲ့ သင်အပြင်ထွက်တယ်။
လူတွေကို မတွေ့စေချင်လေလေ ရင်းနှီးတဲ့လူနဲ့ တိုးလေလေ။

ဆက်စပ်မှု
တစ်မိနစ်ဘယ်လောက်ကြာလဲ?
ဒါက သင်ဟာအိမ်သာထဲမှာ ထိုင်နေသူလား?
အိမ်သာအပြင်မှာ ရပ်စောင့်နေသူလားဆိုတာနဲ့ ဆက်စပ်ရလိမ့်မယ်။

ဖုန်းနံပါတ်အမှား
ဖုန်းနံပါတ်အမှား နှိပ်မိတိုင်း ဖုန်းကိုင်တဲ့လူ ရှိကိုရှိတယ်။

Murphy's Laws ကို ဆက်ဖတ်ချင်သူများ ဒီနေရာမှာ Top Ten Murphy's Laws ဖတ်နိုင်ပါတယ်။

မူရင်း--- google search (幽默的人生規則)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

9 comments:

kelvin said...

As A Man Think...

ထိုက်ဦး said...

ကျေးဇူးတင်ပါတယ်အမပျော်ရ္ဓှင်ပါစေ။

some1 said...

nice

eamon said...

Dear99,

I love this post.

ဧပရယ်လ်ပူး@ပူးတေ said...

မမရေ
တန်းစီတာနဲ့ ပက်သက်ပြီး ပြီးခဲ့တဲ့ စနေနေ့ကပဲ လက်တွေ့ကြုံခဲ့ရတယ်။ မလေးရှား အင်မီဂရေးရှင်းမှာလေ။ ကိုယ်ကမြန်တယ်ထင်လို့ ရွှေ့လိုက်တာ ကိုယ်ထားခဲ့တဲ့ အတန်းက ပိုမြန်သွားတယ်။ :)

မင်း said...

မကြားဘူးဘူး အမှန်တိုင်းပြောတာ ....
ဒါပေမဲ့ လူတွေနဲ့ သူတို့ရဲ့ ဖြစ်စဉ်တွေက စိတ်ဝင်စားဘို့ကောင်းတယ်နော် ... မှန်လဲမှန်ပါတယ် ... မကြာခဏ ကြုံတွေ့ရတာလေးက "သင်စောစောရောက်တဲ့နေ့---- အစည်းအဝေးမလုပ်ဖြစ်ဘူး။
သင်အချိန်မှန်ရောက်တဲ့နေ့ ---- ခဏလောက်တော့ စောင့်ရဦးမယ်။
သင်နောက်ကျတဲ့နေ့----- သင် နောက်ကျပါပြီ။ "

တန်းစီတာကိုတွေ့တော့ ATM မှာ စောင့်ရတာကို သတိရမိတယ် .. ကောင်းပါတယ် ....

alışveriş said...

Thank you very much for the excellent and useful subject.

Han Min Htut said...

မလုပ်တတ်သူ နဲ့  မလုပ်နိုင်သူ နေရာများ မှားနေသလား လို့ 

ဖတ်ရတာ တစ်မျိုးကြီးဖြစ်နေလို့ ပါ ...

အစ်မ ရဲ့ အမြဲတမ်းစာဖတ်ပရိသတ် တယောက်ပါ ...

ဒါကတော့ ကျွန်တော့်ဘလော့လေးပါ
့http://amaeteur.blogspot.com

ဆူး said...

လောကကြီးကို ခပ်ရွဲ့ ရွဲ့ တွေးထားသလိုလိုပဲ။
ကိုက်ပါတယ် ကျွန်တော့စတိုင်နဲ့ ။