Synergy Publication စာအုပ်ထုတ်ဝေရေးကနေ ထုတ်သွားမယ့် စာအုပ်မျက်နှာဖုံးလေးပါ။ အားလုံးအဆင်ပြေခဲ့ရင် ဇန်နဝါရီလလယ် ဒါမှမဟုတ် ဇန်နဝါရီလကုန်မှာထွက်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ အစက ဒီစာအုပ်ကို မိုးလှိုင်ညစီစဉ်ပြီး ထုတ်ဝေမလို့ပါပဲ။ သူကလည်း အလုပ်တစ်ဖက်နဲ့ အရှုပ်တွေလုပ်နေတာမို့ ရန်အောင်မိတ်ဆက်ပေးတဲ့ ထုတ်ဝေသူအသစ်နဲ့ လုပ်ဖြစ်လိုက်တယ်။
ဒီစာအုပ်ထဲမှာ ဘလော့ပေါ်တင်ပြီးသားတွေဖြစ်တဲ့ အမေနဲ့ပတ်သက်တဲ့စာ(၂၁)ပုဒ်နဲ့ ဟိုးအရင်တစ်ခါက စာဖတ်သူတွေဆီကနေ ကျွန်မတောင်းထားတဲ့ကော်မန့် "အမေ့အတွက်စကား"တွေ ပါပါလိမ့်မယ်။ စာမျက်နှာ(၁၁ဝ)ရှိတယ်လို့တော့ ပြောပါတယ်။
ဒီစာအုပ်ထုတ်ဖြစ်အောင် ဝိုင်းဝန်းကူညီခဲ့ကြတဲ့ မိုးလှိုင်ညနဲ့ရန်အောင်ကို ကျေးဇူးတင်ချင်ပါတယ်။ ထုတ်ဖြစ်အောင် တိုက်တွန်းကြသူတွေ၊ အဓိက,က စာအုပ်ထုတ်ရဲအောင် အားပေးဖတ်ရှုခဲ့ကြတဲ့ စာဖတ်ပရိသတ်တွေကို အထူးကျေးဇူးတင်ပါတယ်။ စာအုပ်ထွက်တဲ့အခါလည်း အားပေးကြပါအုန်းလို့း) စာတွေက အဟောင်းတွေဆိုပေမယ့် အမှတ်တရ သိမ်းထားချင်လို့ပဲဖြစ်ဖြစ်၊ နောက်လုပ်မယ့်စာအုပ်တွေကို ထုတ်ဝေသူက ထပ်ထုတ်ရဲအောင်ဖြစ်ဖြစ်၊ အမေအလွမ်းပြေဖြစ်ဖြစ် ဝယ်ယူအားပေးကြပါလို့....း)
အဟောင်းဆိုပေမယ့် အမေရေးတဲ့စာတွေဖတ်ပြီး ရင်ထဲစွဲငြိကျန်ခဲ့သလို "အမေ့လက်ရေး" စာအုပ်ကလည်း အမေ့ကိုချစ်တဲ့ သားသမီးတိုင်းရဲ့ရင်ထဲမှာ တစ်ခုခုထင်ကျန်ရစ်စေခဲ့မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ အားလုံးအတွက် အမှတ်တရ နှစ်သစ်လက်ဆောင်ပါ...း)
Synergy Publication
အမှတ်(၉၄)
၃၉ လမ်း တတိယထပ်
ကျောက်တံတားမြို့နယ်
ဖုန်း- ၂၅၄၁၂၇
ဝ၉-၅ဝ၃၃၉၄၁
နိုင်းနိုင်းစနေ

18 comments:
မျက်နှာဖုံးပုံလေးကိုက တော်တော်လေး ကောင်းတယ်။ စာတွေကတော့ ဖတ်ပြီးသားတွေဆိုပေမယ့်။ ရင်ထဲ ထိမယ့် ဟာတွေပါပဲး-)
ရန်ကုန်မှာပဲ ထုတ်ဖြစ်မယ်ဆိုရင်တော့ ၀ယ်ဖြစ်မှာ မဟုတ်ပြန်ဘူးး-(
ကိုယ့်အမေကို ကိုယ်ချစ်ပေမယ့် ချစ်တယ်ရယ်လို့ ထုတ်မပြောဖူးဘူး ...
ချွဲချွဲ ပျော့ပျော့ကြီးလို ..
ရှက်သလိုလို...
နွဲ့သလိုလို ဖြစ်ဖြစ်နေတာနဲ့ပဲလေ...
ခုတော့...
ဒီစာအုပ်လေးပေးပြီး "မေမေ့ကို သတိရလိုက်တာ"လို့ ပြောရင် နည်းနည်း ရှက်ရတာ သက်သာမယ်ထင်တာပဲ..ဟီးးး
ကျေးဇူး အစ်မ...
အားပေးပါတယ်။ စာအုပ်အဖြစ်ထုတ်ပါ။ စာတွေ ကူးခံရခြင်းကလည်း ကင်းဝေးတဲ့ ဘလော့မှာကော စာရေးဆရာမပါ ဖြစ်လာတော့မယ့် မနိုင်းနိုင်းစနေအတွက် ဝမ်းသာပါတယ်။
စာအုပ်ထွက်လာရင် ကျနော်မဝယ်ရင်တောင် ရန်ကုန်က ကျနော့် အကိုဖြစ်သူက ဝယ်မှာပါ။
^_^
စကာင်္ပူမှာလည်း ဖြန့်ရင် သိပ်ကောင်းမှာပဲနော်..
စာအုပ်လေးကို အမှတ်တရ သိမ်းထားချင်လို့ပါ..
လေးစားစွာဖြင့်
သူဇာ
wanna have that but........................... :(
ဝမ်းသာပါတယ် အမ။ တစ်ခုတော့ ဝေဖန်ပါရစေ .. မျက်နှာဖုံးမှာ အဘွားကြီးတစ်ယောက်ရေးတဲ့ လက်ရေးဟာ အဲလောက်သေသပ်လှပနေတာ သိပ်သဘာဝ မကျလှဘူး .. ကြံဖန်ပြီး ဝေဖန်တယ်တော့ မထင်စေချင်ဘူး ... စိတ်ထဲရှိတာ ပြောတာပါး)
အေမီ
မ99 အမှတ်တရအနေနဲ့သိမ်းထားချင်တာအတော်ပါဘဲ၊
စာသာများများရေးပါ၊၀ယ်ဖို့တော့မပူပါနဲ့ ။
အားပေးမယ်အစ်မရေ
း) စိတ်ချဗျို့
Definately i will buy it....
မနိုင်းရေ..
ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်..
စာအုပ်လေးထွက်လာရင် အသေအချာ ဝယ်ဖတ်မယ်.. အမှတ်တရ သိမ်းထားမယ်..။
မနိုင်း စာအုပ်တွေအများကြီး ထပ်ထွက်လာဖို့လည်း မျှော်လင့်နေပါတယ်..။
ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်၊ ခင်လေးငယ်
ကျွန်မလည်းထင်တယ် အေမီ...
လုပ်တုန်းကတော့ အဲတာလေး အကြံပေးလိုက်သေးတယ်။
ကြည့်ရတာ ဒီဇိုင်းနာက ငယ်ငယ်ချောချောလေးထင်တယ် :D
ရန်ကုန်မှာထုတ်လို့ ရန်ကုန်မှာပဲ ရောင်းရမယ်လို့
ဥပဒေအသစ်က သတ်မှတ်လိုက်ပြီလား မသိဘူးး(
(အားပေးကြတယ် အဲဂလို)
မှာယူလို့ရပါတယ်။ ဥပမာ ၁ဝဝအုပ်ဝယ်ရင် ၁ အုပ်အပိုပေးပြီး အိမ်တိုင်ရာရောက်ပို့ပေးမယ်ဆိုတဲ့ ဝန်ဆောင်မှုမျိုးလည်း ရှိပါတယ် .. ဟား..ဟား...
ဘာပဲဖြစ်ဖြစ် အားလုံးကျေးဇူးပါ.. :)
အမရေ...
ကြားရတာ အရမ်းဝမ်းသာတာပဲ။
Feb လောက်ရန်ကုန်ပြန်မယ် စဉ်းစားထားတာ
ဝယ်မယ် အမရေ။ နောက်ပြီး တစ်ခြား ဖတ်စေချင်တဲ့ လူတွေကိုပါ
ပေးရဦးမယ်။ :)))
အမကို အမြဲအားပေးနေပါတယ်နော်။
ဒါ ပထမဦးဆုံးလား?
ရောင်းမကောင်းရင် ပြဿနာ မရှိပါဘူး၊
ရောင်းလို့ကုန်၊ ရောင်းလို့ကောင်းရင်
အဲ့ဒီကစတဲ့ ပြဿနာ တွေပေါ့
ကိုယ့်ဖါသာ ထုတ်နိုင်ရင် အကောင်းဆုံးပဲ
သွားဝယ်မယ် အဲဒီစာအုပ်ကို မေမေ့ကိုလက်ဆောင်ပေးဖို့
စနေစာအုပ်ကိုလဲ အမှတ်တရသိမ်းပြီးသားဖြစ်သွားတယ်..
ခင်မင်စွာဖြင့်
မိုးငွေ့
လက်ရေးလှတဲ့အဘွားအိုတွေရှိတာပဲဟာ။ ဒီတိုင်းလေးလဲ လှပါတယ်။
ဖတ်ရဦးမှာပေါ့.... :)
Congratulation ပါ နိုင်းနိုင်း။
အဆင်ပြေပျော်ရွှင်ပါစေ။
မနိုင်းရေ စိတ်ကူးကောင်းလေးနဲ့ မျက်နှဖုံးလေးကကို အဓိပ္ပာယ် အပြည့်နဲ့ ခံစားရတယ်။ ၀မ်းသားပါတယ် မမရေ.. စာအုပ်လေးကို ၀ယ်ဖတ်ဖြစ်အောင် ဖတ်ပါမယ်။ လက်ဆောင်လည်း ပေးရတာပေါ့။
ခင်မင်လေးစားလျှက်
Post a Comment