Jummyနဲ့ သူရဲ့သရုပ်ဖော်ပုံများ
ဘဝမှာ လျှပ်တစ်ပြက်ပျောက်ပျက်သွားနိုင်တဲ့ အလှအပတွေကို
လိုက်ဖမ်းရင်း သူအလုပ်များနေခဲ့တယ်။
လှပတဲ့လိပ်ပြာက သူ့ရဲ့သားကောင်မဟုတ်ဘူး။
သူလိုက်ဖမ်းနေတဲ့အရာက ပိုအဆင့်အတန်းမြင့်တယ်။
ဥပမာ-
ဥပါဒ်များတဲ့ စိတ်ဝိညာဉ်တွေ
ခြောက်သွေ့တဲ့ အိပ်မက်တွေ
ပြိုကွဲတဲ့ မျှော်လင့်ချက်တွေ
ပြောပြရင်လည်း သင်နားလည်နိုင်မှာ မဟုတ်တဲ့ အရာတွေပေါ့....

တကယ်တော့ ချိုချိုက သူ့အိပ်မက်တွေကို လိုက်ဖမ်းနေတာဖြစ်တယ်။
သူ့စိတ်ကူးအိပ်မက်အားလုံးကို လိုက်ဖမ်းချုပ်နေတယ်။
သူဟာ တိကျပြတ်သားတဲ့ ကလေးမဟုတ်ဘူး။
ကြည့်စမ်း.. သူ့စိတ်ကူးယဉ်အိပ်မက်ထဲ သူပြုတ်ကျသွားပြန်ပြီ
အကြင်နာကင်းမဲ့တဲ့ ဒီလောကမှာ
ချိုချိုကို ပျော်ရွှင်တယ်၊ မပျော်ရွှင်ဘူးလို့ ပြောနိုင်မလား?
ဟိုင်း.. အားလုံး မင်္ဂလာပါ
ကျွန်တော့်နှလုံးသားကို အချစ်မြားစူးသွားခဲ့လို့
ကျွန်တော်က ချစ်တတ်တဲ့ တိမ်တစ်ပွင့်ဖြစ်သွားတယ်။
ဒါပေမယ့် ဘယ်သူ့ကိုချစ်ရမှန်း ကျွန်တော်မသိဘူး။
ကျွန်တော်ကိုရော ဘယ်သူချစ်နိုင်မလဲ?
ကျွန်တော့်နှလုံးသားကို အချစ်မြားစူးသွားခဲ့လို့
ကျွန်တော်က ချစ်တတ်တဲ့ တိမ်တစ်ပွင့်ဖြစ်သွားတယ်။
ဒါပေမယ့် ဘယ်သူ့ကိုချစ်ရမှန်း ကျွန်တော်မသိဘူး။
ကျွန်တော်ကိုရော ဘယ်သူချစ်နိုင်မလဲ?

လမင်းကို ကျွန်တော်ချစ်လို့ရလား?
ကြယ်လေးကို ကျွန်တော်ချစ်လို့ရလား?
လွှင့်လာတဲ့ ဘယ်တိမ်တိုက်ကိုမဆို ကျွန်တော်ချစ်လို့ရလား?
ကောင်းကင်ပေါ်မှာ ကျွန်တော်တစ်ယောက်တည်း ဟိုဒီလွှင့်မျှောနေခဲ့တယ်။
မြားနတ်မောင် ပစ်လွတ်လိုက်မယ့် နောက်မြားတစ်စင်းကို
ကျွန်တော်လိုက်ရှာနေမိတယ်။

(၃)
ဝက်ဝံလေးရဲ့
အနာကျင်ဆုံးနေရာက
အလှပဆုံး ကြပ်စည်းထားတဲ့နေရာဖြစ်တယ်။
သူတစ်ပါးရဲ့ အနှိင်ကျင့်ဒဏ်ကို ငယ်ငယ်လေးတည်းက ဝက်ဝံလေးခံခဲ့ရတယ်။
သူ့တစ်ကိုယ်လုံး ဒဏ်ရာတွေချည်းပဲ
သူ့ကို ဘယ်နေရာအနာဆုံးလဲလို့ သင်မေးခဲ့ရင်
သူ့နှလုံးသားကို သူသာသာလေး ပုတ်ပြလိမ့်မယ်။
ဒါပေမယ့် လောကကြီးထဲမှာ ဘယ်သူမနာကျင်ခဲ့ဖူးလဲ?
အနာကျင်ဆုံးနေရာကို အလှပဆုံးနဲ့ ကြပ်စည်းနိုင်ဖို့
ဝက်ဝံလေး ကြိုးစားခဲ့တယ်။

ဝက်ဝံလေး တစ်နေ့ကို စာတစ်စောင်ရေးတယ်
ကောင်းကင်ဘုံက မေမေကို
သူရှင်သန်ရတာ ပျော်ရွှင်ကြောင်း ရေးပို့တယ်။
သူချရေးခဲ့တဲ့ ပျော်ရွှင်ခြင်းတွေ
တစ်နေ့မှာ တကယ်ဖြစ်လာမယ်လို့ သူယုံကြည်မိတယ်။
ကောင်းကင်ဘုံက မေမေကို
သူရှင်သန်ရတာ ပျော်ရွှင်ကြောင်း ရေးပို့တယ်။
သူချရေးခဲ့တဲ့ ပျော်ရွှင်ခြင်းတွေ
တစ်နေ့မှာ တကယ်ဖြစ်လာမယ်လို့ သူယုံကြည်မိတယ်။

(၄)
တစ်နေ့နေ့မှာ ကောင်လေးချောချောတစ်ယောက်
သူ့ခံစားချက်ကို နားလည်လိမ့်မယ်လို့ ဂျုလီမျှော်လင့်မိတယ်။
နွေ စဝင်တာနဲ့
ပုလင်းထဲထည့်တဲ့ စာတစ်စောင် ဂျုလီရေးပြီးပြီ
ပုလင်းကို ပင်လယ်ထဲမျှောလိုက်ဖို့ ပြင်ဆင်ပြီးပြီ
ရုပ်ရှင်ထဲက စိတ်ကူးယဉ်ဆန်ဆန်အဖြစ်မျိုးတွေ
သူ့ဘဝမှာလည်း ကျရောက်နိုင်တယ်လို့
ဂျုလီ မျှော်လင့်မိတယ်။
သူပစ်လိုက်တဲ့ ပုလင်းကို လူတွေကကောက်ပြီး
သူနဲ့ဆက်သွယ်မယ်။
အဲဒီနောက် ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝမှာ သူတို့အတူနေကြမယ်။
ပူပြင်းတဲ့ သဲသောင်ပြင်ပေါ် နာကျင်စွာ သူလျှောက်လှမ်းနေပေမယ့်
လှပတဲ့အိပ်မက်က မဝေးတဲ့နေရာကနေ သူ့ကို လက်ယှပ်ပြနေတယ်လို့
ဂျုလီ ခံစားမိတယ်။

ဒါပေမယ့် သူပစ်လိုက်တဲ့ ပုလင်းကလှိုင်းလုံးတွေကြောင့် သူ့ဆီပြန်ပြန်ရောက်လာတယ်။
သူ စိတ်ပျက်မိတယ်။
စာလုံးပေါင်းအမှားတွေများလို့
သူ့ဆီပြန် ပြန်ရောက်လာတယ်လို့ သူတွေးထင်မိတယ်။
ဒီနေရာကနေ Jummyရဲ့ စာတွေကိုဖတ်နိုင်ပါတယ်။ သူ့စာတွေက ဖတ်မဝနိုင်ပါဘူး။ သူ့ရဲ့ပုံပဲဖြစ်ဖြစ်၊ စာပဲဖြစ်ဖြစ် ဖတ်သူကို အတွေးလေးတွေ ခံစားစေပါတယ်။ ကျွန်မက ကျွန်မဥာဏ်မီသလောက် ပြန်ရေးပါတယ်။
ဖတ်စရာ-- Jummy နဲ့ သူရဲ့သရုပ်ဖော်ပုံများ
နိုင်းနိုင်းစနေ
ဖတ်စရာ-- Jummy နဲ့ သူရဲ့သရုပ်ဖော်ပုံများ
နိုင်းနိုင်းစနေ

4 comments:
Hi sis,
Good day. Thanks very much for sharing
jummy ရဲ့ ကြောင်းလေးတွေက အရမ်းသနားစရာလေးတွေပါလား ...
ဒီနေရာကနေ Jummyရဲ့စာတွေကိုဖတ်နိုင်ပါတယ်လို့ရေးထားတော့
ထောက်ကြည့်လိုက်မှ အံ့အားသင့်သွားတယ်။ ကျွန်တော်မှတရုတ်စာ
မဖတ်တတ်တာ။ ပို့စ်လေးအတွက်ကျေးဇူးပါ အမနေ။
Regarding of your new post! I could not clear of your tittle . It was Jummy and his illustration.
I understood that it were 4 subtitles and 4 diverse topics. If readers will read all of those togerther at the same time what your were given to reader ! Then I do look up it follow your links again!
However it were not connected at all. May be I am out of that category.
Post a Comment