Thursday, December 17, 2009

Standard (Women)


(၁) ရွက်ကြမ်းရည်ကြိုဖြစ်နေပါစေ။ ကျန်းမာဖွံ့ဖြိုးတဲ့ ခန္ဓာကိုယ်တော့ရှိသင့်တယ်။ ဒါမှ အလုပ်တွေကို ဝိုင်းဝန်းကူညီလုပ်ကိုင်နိုင်ပြီး တခြားလူအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်မှာဖြစ်တယ်။

(၂) ထက်မြက်ရသလို လိုအပ်တဲ့အချိန် တုံးအချင်ဟန်ဆောင်သင့်တယ်။
ထက်မြက်တဲ့မိန်းကလေးတွေကို မြင်သူတိုင်းက နှစ်သက်ပေမယ့်
တချို့က ထက်မြက်တိုင်း အသိဥာဏ်မရှိကြဘူး။ တချို့မိန်းမတွေက မိမိပင်ကိုယ်ထက်မြက်တာကို အသုံးချပြီး ယောက်ျားတွေကို နိုင်ထက်စီးနင်းလုပ်တတ်ကြတယ်။ အဲဒီအခါ ယောက်ျားတွေက ကိုယ့်ကိုယ်ချစ်စိတ်ဖြစ်ဖို့ထက် ကြောက်စိတ်ဖြစ်ဖို့က ပိုများပါတယ်။ ဒါကြောင့်တစ်ခါတလေမှာ တုံးအချင်ဟန်ဆောင်ပြီး ယောက်ျားရဲ့"လမ်းညွှန်၊ ဦးဆောင်"မှုနောက် လိုက်သင့်တယ်။ ဒါမှ ယောက်ျားတွေက သူတို့ရဲ့ဦးဆောင်နိုင်မှုကို ယုံကြည်မှာဖြစ်တယ်။

(၃) ပညာဗဟုသုတရှိပြီး တစ်ဖက်သားကို လေးစားရမယ်။
အခုခေတ်မှာ မိန်းမလေးတွေလည်း ယောက်ျားတွေနဲ့တန်းတူ
ပညာတွေကို သင်ယူနိုင်ပြီဖြစ်တယ်။ ဒါပေမယ့် ဒါတွေက အတန်းပညာသာဖြစ်ပြီး ဘဝပညာမဟုတ်သေးပါဘူး။ ဘွဲ့ဂုဏ်ရာထူးများများရတာနဲ့ မိန်းမသဘာဝ ပညာမာနတက်တတ်ကြတယ်။ ဒါပေမယ့် တစ်ဖက်သားကို မလေးစားတတ်တဲ့မိန်းမက မေတ္တာ(EQ)မပြည့်ဝတဲ့အတွက်ကြောင့် ယောက်ျားရဲ့ လျစ်လျူရှူမှုကို ခံရတတ်တယ်။

(၄) တင်းတိမ်ရောင့်ရဲတတ်ပြီး လွန်ကျွံတဲ့တောင်းဆိုမှုမျိုး မရှိသင့်ဘူး။
ယောက်ျားတွေဟာ မွေးလာတည်းက
ရာထူးအာဏာ၊ တိုးတက်ကြီးပွါးတဲ့ အရည်အချင်းပါလာတာ မဟုတ်ဘူး။ သူတို့က ကာယ၊ ဥာဏအားကိုသုံးပြီး သူတို့ရဲ့စိတ်ကူးအကောင်အထည်ကို ဖော်ကြတယ်။ တကယ်လို့ မိန်းမတွေကလိုအင်ကို အတင်းအကျပ်၊ အလွန်အကျွံတောင်းဆိုခဲ့ရင် နောက်ဆုံးမှာ နှစ်ဦးနှစ်ဖက် ထိခိုက်ဒဏ်ရာ ရတတ်ကြတယ်။ စိတ်ပညာရှင်တွေရဲ့ လေ့လာချက်မှာ ယောက်ျားအများရဲ့ စိတ်ဖိစီးမှုတွေက အလုပ်အကိုင်ကြောင့်မဟုတ်ဘဲ မိန်းမကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

(၅) ပင်ကိုယ်စိတ်ကို မပြောင်းလဲဘဲ အမျိုးမျိုးသရုပ်ဆောင်တတ်ရမယ်။
ဥပမာ - ချစ်သူရည်းစားနေရာမှာ၊
အစ်မကြီး၊ မိခင် စတဲ့နေရာတွေမှာ ဝင်သရုပ်ဆောင်တတ်ပြီး ယောက်ျားတွေ အလိုရှိတဲ့အချိန် လက်လှမ်းကူညီတတ်ရမယ်။

(၆) ချစ်ခင်တတ်ရမယ်၊ ခွင့်လွတ်နားလည်တတ်ရမယ်။ ချစ်ခြင်းမေတ္တာကို ဖြန့်ဝေတတ်ရမယ်။
ကိုယ့်ကိုယ်ချစ်တတ်ရုံနဲ့တင် မလုံလောက်ဘဲ ကိုယ့်ယောက်ျားကိုချစ်တဲ့အပြင် သူ့မိဘ၊ သူ့ညီအစ်ကို မောင်နှမတွေနဲ့ သူချစ်ခင်တဲ့လူတွေတိုင်းကိုလည်း ချစ်ခင်တတ်ရမယ်။

(၇) ပြင်ဆင်တတ်ရမယ်၊ ဒါပေမယ့် အလွန်အကျွံမဖြစ်စေရဘူး။
တချို့က အပျိုဘဝမှာ ပြင်ပြင်ဆင်ဆင်နေပေမယ့်
အိမ်ထောင်ကျကလေးရပြီးရင် အိမ်ထောင့်တာဝန်၊ ကလေးတာဝန်တွေအကြောင်းပြပြီး ပိုသီပတ်သီနဲ့ မပြင်မဆင်ချင်ကြတော့ဘူး။ ယောက်ျားတွေ အပြင်တွဲထုတ်ရဲတဲ့ အပြင်အဆင်မျိုး ရှိသင့်တဲ့အပြင် တကိုယ်ရေသန့်ရှင်းမှုလည်း အရေးကြီးပါတယ်။

(၈) ကူညီတတ်ရမယ်။ ဖေးမတတ်ရမယ်။
မိန်းမကောင်းဆိုတာ ယောက်ျားအတွက် လက်ထောက်ကောင်းတစ်ယောက်ဖြစ်တယ်။
ယောက်ျားရဲ့ဝါသနာအကြိုက်ကို ဝင်မချယ်လှယ်ဘဲ သူ့ရဲ့စိတ်ကူးတွေ အမြန်ဆုံး အကောင်အထည် ဖော်နိုင်အောင် ကြိုးစားကူညီပေးတတ်ရမယ်။ (ဝါသနာအကြိုက်ဆိုသည်မှာ မိန်းမ၊ လောင်းကစား.. စတဲ့ မကောင်းမှုတွေ မဟုတ်ပါ)

(၉) မိတ်ဆွေအပေါင်းအသင်းများရမယ်၊ ဒါပေမယ့် လက်လွတ်စပယ် မဖြစ်သင့်ဘူး။
ယောက်ျားလေး၊ မိန်းကလေး သူငယ်ချင်းတွေကနေ
ဘဝအတွေ့အကြုံ၊ လူမှုရေး၊ စီးပွါးရေးစတာတွေကို လေ့လာသင်ယူ ဖလှယ်တတ်ရမယ်။

(၁ဝ) ဝါသနာ၊ အကြိုက်တွေရှိနိုင်ပေမယ့် အဆင့်အတန်းတော့ရှိသင့်တယ်။
ဥပမာ- မိန်းကလေးတွေရဲ့အကြိုက်က ဆေးလိပ်၊ အရက်တွေ မဖြစ်သင့်ဘူး။


လောကကြီးမှာ ခြောက်ပစ်ကင်းသူ မရှိပါဘူး။ ယောက်ျားနဲ့မိန်းမကြားမှာ မတူညီတာတွေ များလွန်းပါတယ်။ နှစ်ဦးနှစ်ယောက်ကြားမှာ အချင်းချင်းသင်ယူ၊ နားလည်နိုင်မှသာ ငြိမ်းချမ်းတဲ့အနေအထားကို ရမှာဖြစ်တယ်။ ယောက်ျားကောင်း၊ မိန်းမကောင်းဆိုတာ မွေးကတည်းက ဖြစ်လာတာမဟုတ်ဘဲ အချင်းချင်း ပြောဆိုသင်ပြမှုကြောင့် ဖြစ်လာတာဖြစ်တယ်။

ဒါကြောင့် အိမ်ထောင်ရေးဆိုတာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်တို့ရဲ့ ချစ်ခြင်းမေတ္တာကို သင်ကြားဖလှယ်တဲ့နေရာ၊ ချစ်ခြင်းမေတ္တာကို ထုတ်ပြတဲ့နေရာဖြစ်တယ်။ တစ်ဖက်ကကြည့်ရင် သူတို့အချင်းချင်း ငြင်းခုန်ရန်ဖြစ်တဲ့ နေရာလည်းဖြစ်တယ်။ ဘယ်လိုနေရာအဖြစ် သတ်မှတ်သတ်မှတ် အဲဒီနေရာမှာ သူတို့က သူတို့ရဲ့တစ်သက်တာအချိန်ကို ပေးဆပ်ရမှာဖြစ်တယ်။ အိမ်ထောင်တစ်ခုမှာ ငြင်းခုန်ရန်ဖြစ်တယ်ဆိုတာ အနိုင်အရှုံး၊ အမှားအမှန်လုဖို့အတွက် မဟုတ်ဘူး။ တစ်ဖက်သားကို ပိုနားလည်ဖို့၊ သူ့လိုအင်ကို နက်နက်နဲနဲသိစေဖို့နဲ့ ပိုချစ်မြတ်နိုးတတ်ဖို့ပဲ ဖြစ်ပါတယ်။

အမျိုးသားတွေဖက်ကလည်း ရေးပေးပါလို့ဆိုလာသူ အပျော်တမ်းဘလော့ဂါ ရေတမာ ကျေနပ်နိုင်ပါစေး) Standard lady လား? ဟင့်အင်း အခုမှ လေ့လာသင်ယူနေဆဲပါ။

好女人的标准
, 好女人的标准

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

19 comments:

Melody said...

every successful man has a good wife behind.

some1 said...

hummmmmmm :)

Anonymous said...

မိန်းမတွေဟာ အမြဲတမ်းနောက်လိုက်ကြီးပဲလား?

ရေတမာ said...

ဒီ standard တွေ ရှိမရှိ အရင် စမ်းသပ်ကြည့်ရမယ်။ ဒီ standard တွေကိုလည်း သဘောကျပါတယ်။ အခုလို ဖော်ပြေပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒီ standard တွေရှိရင် ကျနော် ခေါင်းငြိမ့်လိုက်တော့မယ်နော်းP

နိုင်းနိုင်းစနေ said...

နောက်လိုက်ဆိုတဲ့ အသုံးအနှုန်းထက်
အနောက်မှာနေတဲ့ ကူညီပံ့ပိုးသူဆိုရင် ပိုမှန်လိမ့်မယ်။
မယ်လိုဒီပြောသလိုလေ
အောင်မြင်တဲ့ယောက်ျားတစ်ဦးရဲ့ နောက်ကွယ်မှာ
မိန်းမကောင်းတစ်ဦးအမြဲရှိတယ်။

သူ့မှာဒီstandard ရှိဖို့ ကိုယ့်မှာလည်း ဘာstandardရှိသင့်သလဲဆိုတာ သိရမှာနော်း)
မဟုတ်ရင် တစ်ဖက်သတ်ဆန်လွန်းနေလိမ့်မယ်း)

အားလုံး..ကျေးဇူး...

Anonymous said...

You're so good !
Let's do it and try ..
I wish..
Have a nice & happy life forever
with your hubby !

Anonymous said...

Standard ဆိုတာ သူရောကိုယ်ပါ အဆင်ပြေမယ့် Standard တစ်ခုဖြစ်မယ်ထင်တယ်နော် မမစနေ၊ အသေအချာ မသိပါဘူး ရှောက်ပြောကြည့်တာပါ. .

WWKM said...

အောင်မြင်တဲ့ယောက်ျားတစ်ဦးရဲ့ နောက်ကွယ်မှ
မိန်းမကောင်းတစ်ဦးဖြစ်နိုင်ဘို့ ကြိုးစားနေလျှက်ပါ။
ဖြစ်တော့ မဖြစ်သေးဘူးပေါ့.း)))

ရွှေစူး said...

ဖတ်လာတာအရမ်းကောင်းတယ်ဆိုပြီး ... နံပါတ် ၁၀ ရောက်တော့ အင် ကနဲ ဖြစ်သွားတယ်။ အစ်မ ... မိန်းကလေးတစ်ယောက် ဆေးလိပ်ကြိုက်တာနဲ့ပဲ အဆင့်အတန်းမရှိရတော့ဘူးတဲ့လား။ ဟိုးရှေးခေတ်က အဘွားကြီးတွေ ပြောင်းဖူးဖက်ဆေးလိပ်ကြီး ပါးစပ်မှာ ခဲထားတဲ့သူမှန်သမျှ အဆင့်အတန်းမရှိခဲ့တာတော့ မဖြစ်နိုင်လောက်ပါဘူးလေ။

Bino said...

Men think beautiful women like guitar shape are sexy.
Intelligent women are danger for men.

BINO

Anonymous said...

အဲ့အတိုင်းသာဆို..ယောကျာ်းတွေ ရောက်ကန်းတတ်သွားမှာပေါ့...ယောကျာ်းတွေအတွက်လည်း စံသတ်မှတ်ရမည့်အချက်တွေ ရှိသင့်တယ်..ဘုနဲ့ ဘောက်ပြောတဲ့ ယောကျာ်းဆို အဲ့လိုမဆက်ဆံနိုင်ပါဘူး.. ယောကျာ်းတွေက မိန်းမတွေကို အနိုင်ယူဖို့ ပဲသိတာ..

Thwal said...

ယောကျာ်းတွေ အတွက်လည်း မိန်းမတွေအပေါ်ထားသင့်တဲ့ စံရှိသင့်တယ်..

Anonymous said...

U Know...

Wise men said....

" Beauty is the Best Quality of Women "...

Every Guys prefer Pretty Women......all their life...

It's Too much true...

But Don't try to say that Ugly women got beauty , it's that In The Eyes of Stupid' Eyes ..!!!

Anonymous said...

ကျွန်တော်ကမအောင်မြင်သေးဘူးဆိုတော့
ယူထားတဲ့မိန်းမက မကောင်းလို့များလား
အသစ်လဲ လိုက်ရင် အောင်မြင်သွားနိုင်တယ်ထင်တယ်၊
ဒီနေ့ကစပြီး အကောင်အထည်ဖေါ်တော့မယ်၊

Ann said...

မိန်းကလေးဘက်က အဲ့လောက်ကောင်းနေရင် တော်နေရင်တော့ ယောကျာင်္းမယူဘဲနေတော့မှာပေါ့။ ဒါမှမဟုတ်လည်း ကိုယ့်ကိုလိုချင်လို့ ပါတ်ပါတ်လည်ဝိုင်းနေမယ့် ယောကျာင်္းတွေထဲမှာ အကြိုက်ဆုံးကိုဘဲ ခေါင်းခေါက်ပြီး ယူရင်လည်း ယူမှာပေါ့။
မိန်းကလေးတွေမှာလည်း ကိုယ်လိုချင်တဲ့ ယောကျာင်္းတယောက်ရဲ့ standard တော့ရှိပါတယ်။ ဒါပေမယ့် အဲ့လောက်ကြီးတောင် မများဘူးလိုဘဲ။ ပျော်ရွှင် အောင်မြင်တဲ့ဘဝရဖို့အတွက် ယောကျာင်္းလေးတယောက်စီမှာ ကိုယ့်ဘဝကို(မသေမချာနဲ့) ရင်းနှီးမြှပ်နှံ့ရမှာထက်စာရင် ကိုယ့်ဟာကိုယ်ဘဲ အစတိုးပြီး ကြိုးစားလိုက်တော့မယ်။ အိမ်ထောင်ပြုမယ်ဆိုရင်လည်း
ကိုယ့်ဟာကိုယ်ဘာမှန်းသိပြီး ကိုယ့်အဆင့်နဲ့ကိုက်ညီမယ့် ယောကျာင်္း၊ မိန်းမမျိုးကိုဘဲယူဖို့သင့်တယ်လို့ထင်ပါတယ်။

သိင်္ဂါကျော် said...

ယောင်္ကျားလေး တစ်ယောက်အနေနဲ့ ခံစားကြည့်လိုက်တော့ .. အားလုံးမှန်ပါတယ်..

မိန်းကလေး တစ်ယောက်အနေနဲ့တော့ သိပ်သဘောမတူနိုင်ဘူး.. အထူးသဖြင့် နံပါတ် ၂ အချက်ပေါ့... :D

ZT said...

နံပါတ်(၁) ကလွဲပြီး အကုန် ကိုက်တယ်။ :)

Anonymous said...

I tried to be perfect one for him.he loved me so much.i know he still love me he will love me i know well.i believed he loved me but why he had another gf. don't care boy.
don't care .u can .
i m glad to see your face with tears.
i m please to get 50missed calls from u in a day.
i wanna laugh loudly checking mails from u.N do remember it i ll have no feeling pity on u.
THANK YOU GOD you saved me from him.

Anonymous said...

ဟုတ်ကျန်တဲ့အချက်တွေကိုလိုက်နာနိုင်ပေမယ့် နံပါတ်(၆) အချက်ကိုတော့ကြိုးစားရဦးမယ်အစ်မ......ဟဲဟဲ
ကုယ့်ယောက်ျားကိုတော့ချစ်ပါတယ်.......ကျန်တာတွေကတော့အင်းကြိုးစားရဦးမယ်စ်မရေ....
ဘာပဲဖြစ်ဖြစ်အစ်မကိုကျေးဇူးတင်ပါတယ်နော်.........