Wednesday, December 16, 2009

Standard (Men)


ကောင်မလေးတစ်ယောက်က အသက် (၂၁)နှစ်အရွယ်မှာ ပထမဆုံး ဒီလိုရေးခဲ့တယ်။
ရုပ်ချော၊ ဥစ္စာပေါ၊ မကြာခဏ ငါ့ကိုပျော်ရွှင်အောင် surpriseလုပ်နိုင်ပြီး ပြောသမျှကို နားထောင်ပေးနိုင်သူဖြစ်ရင် ရပြီ။

(၃၁)နှစ်အရွယ်မှာ ဒီလိုပြင်ရေးခဲ့တယ်။
ကြည့်ကောင်းရုံဆိုရပြီ အကောင်းဆုံးက ဆံပင်တွေရှိနေဖို့ပဲ။
လက်သိပ်မစီးဘဲ တစ်ခါတလေ အစားကောင်းတွေ ခေါ်ကျွေးရင်ရပြီ။
ငါပြောတဲ့ဟာသတွေကို နားထောင်ပြီး ရယ်သင့်တဲ့အချိန်မှာ ရယ်ရင်ရပြီ။
အနည်းဆုံးတော့ ငါ့မွေးနေ့နဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ကို မမေ့ရင်ရပြီ။

(၄၁)နှစ်အရွယ်မှာ ဒီလိုပြင်ရေးခဲ့တယ်။
ထိပ်ပြောင်ချင် ပြောင်ပါစေတော့ ရုပ်ရည်အသင့်သင့်ရှိသေးရင် ရပြီ။
တည်မြဲတဲ့အလုပ်ရှိပြီ ကြာကြာတစ်ခါ ငါ့ကို KFCလေး ကျွေးနိုင်ရင်ရပြီ။
ဟာသတွေ ခံစားတတ်ရင်ရပြီ။
ဖောက်တံရှိမှ ဖောက်လို့ရတဲ့ရှန်ပိန်မျိုး ဝယ်ရလောက်အောင် မတုံးသေးပါစေနဲ့။
ပြောစကားကို နားထောင်ပေးနိုင်ရင်ရပြီ။

(၅၁)နှစ်အရွယ်မှာ ဒီလိုပြင်ရေးခဲ့တယ်။
တစ်ခါတလေ မုတ်ဆိတ်၊ နှုတ်ခမ်းမွေး ရိတ်ရင်ရပြီ။
တစ်ခါတလေ ထမင်းဟင်းလေး ဝယ်ပြန်လာရင်ရပြီ။
ပြောပြီးသားစကားကို n ကြိမ်မြောက် မပြောရင်ရပြီ။
ရုံးပိတ်ရက်တွေမှာ ဆိုဖာက ခွါနိုင်ရင်ရပြီ။
ငါစကားပြောတဲ့အချိန် အိပ်မပျော်သွားရင်ရပြီ။

(၆၁)နှစ်အရွယ်မှာ ဒီလိုပြင်ရေးခဲ့တယ်။
သူ့ကိုတွေ့လို့ ကလေးတွေ မလန့်ရင်ရပြီ။
ဘာရောဂါ ထွေထွေထူးထူး မရှိရင်ရပြီ။
ဘာအတွက်ရယ်မောတာလဲဆိုတာ မှတ်မိရင်ရပြီ။
ရပ်နိုင်ရင်၊ ပြောတဲ့စကားကို ကြားနိုင်ရင်ရပြီ။

(၇၁)နှစ်အရွယ်မှာ ဒီလိုပြင်ရေးခဲ့တယ်။
အသက်ရှင်နေသေးတာပဲ ကောင်းတယ်။ အသက်ရှင်နေသေးတာပဲ ကောင်းတယ်။
အသက်ရှင်နေသေးတယ်ဆိုရင်ပဲ ရပြီ။ တခြားဟာတွေ ကောင်းနေသေးတယ်ဆိုရင် ရပြီ။
ဘယ်လိုပြောရမလဲ !
ရုပ်ချော၊ ဥစ္စာပေါပြီး ရိုမန်တစ်ဆန်လည်း ကောင်းတယ်။ ဒါပေမယ့် ဒါတွေက အရေးမကြီးတော့ဘူး။ အရေးကြီးတာက ကြင်နာနေဖို့ပဲလိုတယ်။ အချိန်တွေတိုက်စားပြီး အမြှုပ်အဖြစ်ကျန်ခဲ့ပါစေ အဓိကက တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာရှိနေသေးရင်ရပြီ။

好男人的标准

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

15 comments:

Anonymous said...

for men what their standard?

some1 said...

juz like me :D lol

waht about u,99 ?

mgpyone said...

nice post ;)

I love it

Cheer up

MP

Lu Soe Gyi said...

Standard = အတ္တ

Anonymous said...

အဲဒါအမှန်ပါဘဲ၊ ၇၁ နှစ်အရွယ်မရောက်သေးပေမဲ့ အသက်ရှင်နေသေးရင်ရပြီဆိုတာလေးဘဲလိုချင်ပါတယ်၊

Anonymous said...

Hahaha absolutely right.....
let share that thought to every ladies
Ryan

Hay Mar said...

ဟုတ်တယ်။ အသက်ရှင်နေသေးတာပဲကောင်းတယ်။ ၇၀တော့မကျော်သေးပါဘူးနော်။

ချစ်ကြည်အေး said...

ဟားဟားဟား....သဘောကျတယ် မစနေ ရယ်...။ လိုအပ်ချက်တွေက အချိန်နဲ့ အရွယ် ပေါ် မူတည်ပြောင်းလဲနေကြတာလေ...။

Craton said...

ဝိုးး.. ဖတ်ပြီး ခံစားရတယ်ဗျာ

ရေတမာ said...

မီးမီးကျဲကျဲ အမျိုးသားတွေဘက်ကလည်း ရေးပေးပါ။ သဘောကျတယ်။

Anonymous said...

From birth to age 18, a girl needs good parents.
From 18 to 35, she needs good looks.
From 35 to 55, she needs a good personality.
From 55 on, she needs good cash.

Sophie Tucker

Bino said...

Women think intelligent men are sexy.
Intelligence is associated with success.

BINO

အတ္တ said...

အမေကြီး(အမေ့ရဲ့အမေ) ပြောတာကြားဖူးတယ်။ ချောင်းဆိုးသံလေး ကြားရရင်တော်ပါပီတဲ့...။

အစိမ်းရောင် said...

အသက်ကြီးလာတာနဲ့အမျှ..မျှော်လင့်ချက်လေးတွေ တဖြေးဖြေးလျှော့လာတတ်တာ ဓမ္မတာပါ...
များများမမျှော်လင့်တတ်ရင်တော့ သိပ်မဖြစ်လာရင်လဲ မခံစားရတော့ဘူးပေါ့နော်.. စာရေးအားကောင်းတာ ချီးကျူးလေးစားတယ်...အားကျရတဲ့သူတွေထဲမှာ ပါပါတယ်...
မနိုင်းပျော်ရွှင်ပါစေ..အမြဲလာဖတ်တယ်နော် ..တို့ရဲ့ဘလောဂ်မှာ မနိုင်းကို လင့်ခ်ချိတ်ထားပါတယ်..

သက်ဆု said...

အမေကိုလည်း အသက်ရှင်နေရင်တော်ပါပြီ။
အိမ်ထောင်သက်၁နှစ်ဆိုပေမဲ့လည်းသူကချူချာတော့ အသက်ရှင်နေရင်တော်ပါပြီ။
စကားမစပ်ကျွန်မအသက်က ၂၁နှစ်ပါ။