Wednesday, January 13, 2010

ခုတလော......


ခုတလော နေ့လယ်အားနေရင် ကျွန်မအထိုးထိုးဖြစ်တယ်။ ကျွန်မအစ်မက စိတ်ငြိမ်တယ်ထိုးကြည့်ဆိုတာနဲ့ စိတ်မငြိမ်တငြိမ် ဆယ်ကျော်သက်အရွယ်ကျွန်မတစ်ယောက် အထိုးစထိုးဖြစ်ခဲ့တယ် :D စထိုးတာကတော့ မနှစ်က မြန်မာပြည်ပြန်လာစမှာ ပုံတစ်ပုံဝယ်ပြီး စထိုးတာပါပဲ.... ဒါပေမယ့် ပန်းလေးနှစ်ပွင့်ပဲထိုးပြီး ဒီအတိုင်း ၈လ ၉လလောက် ဆက်မထိုးဘဲ ပစ်ထားလိုက်တယ်။ ဒါကို အစ်မကကြည့်မရတာနဲ့ ဆက်ထိုးပေးလိုက်တယ်။ အစ်မလဲအဲဒီပုံထိုးပြီးရော ကျွန်မလည်းယောက်ျားရရော... အစ်မကပြောပါတယ် နင်နိမိတ်ဖတ်တာလားတဲ့.. အစကကြိုသိခဲ့ရင် ကျွန်မတစ်ခြားပုံရွေးဝယ်ပါတယ်လို့ :P

ပုံစံဒီဇိုင်းအမျိုးမျိုးရှိတဲ့အထဲမှာ ဒီတစ်ခေါက်တော့ ဒီပုံကို ကျွန်မရွေးထိုးဖြစ်ခဲ့တယ်။ ဒါက ထိုးလက်စပုံလေးပါ။ ရုပ်လုံးနည်းနည်းပေါ်လာပြီမို့ ဘာပုံထိုးနေလဲဆိုတာကို မပြောတော့ပါဘူး။ အကုန်ထိုးပြီးမှပဲ ထပ်ပြတော့မယ်..

ဒီအထိုးက ပိတ်စတစ်စပေါ် အပ်နဲ့တစ်ပင်ချင်း ရုပ်ပုံတွေပေါ်အောင် ရောင်စုံချည်တွေနဲ့ ထိုးရပါတယ်။ တစ်ပင်ချင်း၊ တစ်ပင်ချင်းထိုးရင်း တဖြေးဖြေးရုပ်လုံးပေါ်လာတဲ့ ပုံကိုကြည့်ပြီး ပီတိဖြစ်ရပါတယ်။ အောက်ကပုံတွေက ကျွန်မအစ်မထိုးထားတဲ့ ပုံတချို့ပါ။

အစ်မပြီးအောင်ထိုးပေးလိုက်တဲ့ မင်္ဂလာမောင်နှံပုံလေး

ပုံတွေကအဝေးကကြည့်ရင် ပန်းချီကားနဲ့ တူနေတယ်။ အနီးကပ်ကြည့်မှ ထိုးထားတဲ့သိုးမွှေးချည်လေးတွေကို တွေ့ရတယ်။ တကယ်လို့ ခုတလော အွန်လိုင်းမှာ ကျွန်မပျောက်နေရင် လိုက်မရှာကြပါနဲ့... အထိုးထိုးနေလို့ပါလို့ :) တစ်ပုံလောက်တော့ပြီးအောင် ကိုယ်ပိုင်လက်ရာလေး ရှိချင်သေးတယ်လေ :P

နိုင်းနိုင်းစနေ


Share/Bookmark

13 comments:

WWKM said...

မနိုင်းရေ..
လှပလွန်းတဲ့ ပန်းထိုးထားတဲ့ လက်ရာလေးတွေကို အားကျစွာနဲ့ ငေးကြည့်သွားပါတယ်ရှင်.
ဒါနဲ့ ရှမ်းပြည်ဘက်မှာအထိုးထိုးတယ်လို့ ပြောတယ်လား မနိုင်းရေ . အမျိုးသားပြောပြလို့ သိသွားတာ..ကျွန်မသိတာက ပန်းထိုးတယ်လို့ သိထားတာလေ..း)

ပန်းလှလှလေးတွေ အများကြီးထိုးနိုင်ပါစေ..စာတွေလည်း အများကြီးရေးနိုင်ပါစေရှင်။

ခင်မင်စွာနဲ့

ဝါ၀ါခိုင်မင်း

Sai said...

ကျားရိုး....မမီး

နှင်းဟေမာ said...

မနိုင်းရေ...
အထိုး ထိုးတာလေးတွေ အရမ်းသဘောကျတယ် ...
စိတ်ကိုလည်း ငြိမ်သက်စေတယ်... မနိုင်း ဒီတစ်ခါ ထိုးနေတဲ့ ပုံတော်က မြတ်စွာဘုရားရှင်က ကြာပလ္လင်ပေါ်မှာ ထက်ဝယ်ဖွဲ့ခွေ စံတော်မူနေတဲ့ပုံဆိုတော့ နိမိတ်ကောက်ကြည့်လိုက်တယ် မနိုင်း ... တရားစခန်း မကြာခင်ဝင်ဖြစ်မယ်ထင်တယ်လို့း) ချစ်လို့ စတာနော် ဟိ ဟိ ... ကိုယ်ပိုင်ပုံလှလှလေးတွေ ဖန်တီးနိုင်ပါစေ ... စာတွေလဲ များးးးးးးးးကြီးဆက်လက်ရေးနိုင်ပါစေ .... အရာအားလုံးလည်း အဆင်ပြေချောမွေ့ပါစေနော်
ချစ်ခင်စွာဖြင့်
နှင်းဟေမာ

ကြည် said...

ဘက်စုံတော်သူလေး လို့ပဲခေါ်လိုက်ပါရစေ။

Anonymous said...

Is it Buddha Image?

ဧပရယ်လ်ပူး@ပူးတေ said...

မမရေ
ဘုရားရှင် ကြာပန်းပွင့်နဲ့ ပုံထိုးနေတာမလား။ တော်တယ် မမနိုင်းက ဘက်စုံရတယ်နော်။ မင်္ဂလာမောင်နှံပုံလေး သဘောကျတယ်။ ပူးတေတို့ကို ထိုးပေးပါ့လား ၁၄-၀၂-၂၀၁၀ တရုတ်နှစ်ဆန်းတရက်နေ့ကျရင် မင်္ဂလာဆောင်မှာမို့ :)
မမနဲ့ ဖြစ်နိုင်ရင်တွေ့ချင်သေးတယ်။ တောင်ကြီးဘက်ကိုလာရင် တွေ့ဖြစ်မလားမသိဘူးနော်။
:)
ခင်တဲ့
ပူးတေ

Vista said...

စိတ်ဝင်စားလိုက်တာ ..ပုံစံကရှိပြီးသားပေါ့ ဟုတ်လား
ဘယ်နေရာမှာ ဘယ်အရောင်ဆိုတာကရော ...?

နိုင်းနိုင်းစနေ said...

ကျေးဇူး မဝါး)
ကျွန်မတို့က အထိုးထိုးတယ်လို့ပဲခေါ်တာပဲ.. အချင်းချင်းတော့ နားလည်နေကြတယ် :P

တရားစခန်းမဝင်ဘဲ မြန်မာပြည်အနှံ့ ဘုရားဖူးထွက်ရမယ်ဆိုရင် ပိုကောင်းမယ်ထင်တယ်နော် နှင်းဟေမား)

ဘက်စုံတော်တာ မဟုတ်ဘူး ကြည်
ဟိုစပ်စပ် ဒီစပ်စပ်လို့ခေါ်တာ ... ဟား..ဟား

ဟုတ်ပါတယ် Anonymous
Buddha Image ပါ...

ကွန်ဂရက်ကျူလေးရှင်း ပိုတေးရေ..
အဲတာချစ်သူများနေ့ မဟုတ်လား.. ပူတေးအတွက် ချစ်သူနဲ့အတူနေတဲ့နေ့ ဖြစ်သွားပြီပေါ့
စောစောကြိုသိရင် ထိုးပြီးလက်ဆောင်ပေးပါတယ်..
ခုမှသိတော့ ထိုးချိန်မီမှာမဟုတ်ဘူး.. ကျွန်မထိုးရင် ၁လမကကြာတတ်လို့ပါ :P

ဟုတ်တယ် Vista
သူက ပုံစံရှိပြီးသား
အဝတ်စက ပိတ်ကြမ်းလိုအကွက်တွေပါတယ်လေ.. အဲဒီအကွက်နဲ့ ကြည့်ပြီးထိုးတာပဲ.. လိုအပ်တဲ့ချည်တွေလည်း ပေးထားတယ်
အကွက်တွေကြည့်ပြီး ကြက်ခြေခတ်ထိုးသွားရုံပဲ..
လွယ်ပါတယ်.. ယိုးဒယားမိတ်တွေက ပိုလှပြီး ပိုခိုင်တယ်။ တရုတ်မိတ်တွေလည်း ရှိပေမယ့် အရောင်မလှဘူး။ မသပ်ရပ်ဘူး။ နိုင်ငံခြားမှာနေရင်တော့ ထိုးဖို့အချိန်ရဘူးထင်တယ်။။
မြန်မာပြည် ပြန်လာလို့ ထိုးချင်ရင်ပြောနော်.. ထည့်ပေးမယ်း)

ကျေးဇူး.. အားလုံး ကျေးဇူးးး

မိုးငွေ့...... said...

ကျမဆီမှာ ကိုယ်တိုင်ထိုးထားတဲ့ပုံ သုံးလေးပုံလောက်ရှိတယ်...နောက်မှ ဘလော့ဂ်မှာ စနေ့ကိုကြွားတော့မယ်...။ တာချီလိတ်က အဒေါ်ဆီမှာပြီး ထိုးတာ ပုံလေးတွေက သိပ်ချစ်စရာကောင်းတယ်...။


ခင်မင်စွာဖြင့်
မိုးငွေ့

ရွှေပြည်သူ said...

အစ်မနိုင်းနိုင်းရေ... တော်လိုက်တာ ဒါလည်း အနုပညာပဲနော်။ ညီမလည်း အထိုးထိုးရတာ သဘောကျပါတယ်။ အစ်မတို့လိုတော့ လက်ရာကောင်းကောင်း မထိုးတတ်ပါဘူး။ ကလေးလက်ရာမျိုးပဲ လုပ်တတ်တား) ပုံပေါ်လာတဲ့ လက်ရာကောင်းကောင်းလေးတွေကို ကြည့်ရတာ သိပ်ကို ကြည်နူးစရာကောင်းမှာပဲနော်။ တကယ်ဘက်စုံရတဲ့ အစ်မပါပဲ...

ဆု said...

စိတ်ဝင်စားစရာလေး...အပေါ်ဘယ်ဘက်ဒေါင့်ဆုံးပုံလေးကြိုက်တယ်...

Rita said...

ကျောင်းတုန်းက လုပ်ဖူးတယ်။
ဘယ်လောက်မှ မကြာဘူး။ ပြီးသွားရော။
(ပြီးသွားရောဆိုတာ တခန်းရပ်သွားတာကို ပြောတာ)

ခု ပြန်လုပ်ချင်သလိုလို ဖြစ်မိတယ်။

mama said...

အရမ်းမိုက်တယ်
စိတ်ဝင်စား စ ပြုလာပြီ
ဘယ်လို ဆက်သွယ်ရမလည်းဟင်
မမ