ပုံပြင်(၁)
ဆေးရုံရဲ့အခန်းတစ်နေရာမှာ အသက်ယဲ့ယဲ့လေးရှုနေတဲ့ အဘိုးအိုတစ်ဦး လဲလျောင်းနေခဲ့တယ်။ လူ့ဘဝနောက်ဆုံးအချိန်လေးမှာ အဘိုးအိုက သူ့ရဲ့အိုမင်းရွတ်တွနေတဲ့လက်နဲ့ အဘွားအိုရှိရာဘက် ကမ်းလိုက်တယ်။ ရာစုနှစ်တစ်ဝက်လောက် ကိုယ့်အပေါ်ဂရုစိုက်ကြင်နာခဲ့သူကို သူကျေးဇူးတင်နေမိတယ်။ မကြာခင် ဒီလောကကြီးကနေ သူထွက်သွားရတော့မယ်။ ထွက်မသွားခင် အဘွားအိုရဲ့အကြင်နာ၊ ကရုဏာကို အသိအမှတ်ပြုရာရောက်အောင် ပြီးတော့ ကိုယ်လည်းစိတ်ချလက်ချ သွားနိုင်အောင် ရင်ထဲက လျှို့ဝှက်ချက်တစ်ခုကို ပြောပြဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် လျှို့ဝှက်ချက်ကိုမပြောခင် အဘွားအိုက တုန်ရင်ရင်လက်နဲ့ သူ့ပါးစပ်ကို အသာအယာလေးပိတ်ပြီး "အချစ်ရဲ့ဘာလျှို့ဝှက်ချက်တွေမှ ကျွန်မ မလိုဘူး။ အချစ်ရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်က ကျယ်ပြန့်တဲ့လူ့ပင်လယ်မှာ ရှင်နဲ့ကျွန်မသိခဲ့တယ်၊ ချစ်ခဲ့တယ်၊ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး နေပူမိုးရွာမရှောင် အရာရာကို အနှစ်(၅ဝ)ကျော် ရင်ဆိုင်ခဲ့တာပဲဖြစ်တယ်.." အဘွားအိုရဲ့စကားကြောင့် အဘိုးအို မျက်ရည်ကျမိတယ်။ နောက်ဆုံး အဲဒီလျှို့ဝှက်ချက်ကို ရင်ထဲထည့်ပြီး လောကကြီးထဲကနေ သူထွက်ခွါသွားခဲ့တယ်။
ပုံပြင်(၂)
ဟိုးရှေးရှေးတုန်းက မြို့တစ်မြို့ကလူတွေဟာ အခြားမြို့ကလူတွေနဲ့ စစ်ဖြစ်ခဲ့ကြတယ်။ စစ်ပွဲက နှစ်အတော်ကြာခဲ့တယ်။ ဒီမြို့နှစ်မြို့မှာ တစ်မြို့ကတောင်ကုန်းပေါ်မှာရှိပြီး တစ်မြို့က လွင်ပြင်မှာရှိခဲ့တယ်။ တောင်ကုန်းပေါ်မှာရှိတဲ့မြို့က ရက်စက်တဲ့အကြံတစ်ခုထုတ်ပြီး ကိုယ့်တောင်ကုန်းပေါ်မှာရှိတဲ့ ဆည်ကိုဖွင့်ချလိုက်တယ်။ ဆည်ကိုဖွင့်ချလိုက်တယ်ဆိုရင်ပဲ လွင်ပြင်မှာရှိတဲ့မြို့က ရေလွှမ်းသွားပြီး အော်ဟစ်ငိုညည်းသံတွေနဲ့ သေကြေပျက်ဆီးကြရတော့မယ်။ ဒီလိုအခြေအနေမှာ မြို့စားမင်းက လှေတွေနဲ့ ရေနစ်သူတွေကိုကယ်ဖို့ အမိန့်ထုတ်လိုက်တယ်။ ဒါပေမယ့် လှေအစီးရေ မများတဲ့အတွက် လူတချို့ကိုပဲ ကယ်စေခဲ့တယ်။ မြို့စားမင်းက မိန်းမနှစ်သက်သူဖြစ်တာကြောင့် မိန်းမတွေကိုပဲ ကယ်စေခဲ့တယ်။ အဲဒီမိန်းမတွေက သူတို့နှစ်သက်တဲ့ပစ္စည်းတစ်ခုကိုပဲ ယူရမှာဖြစ်တယ်။
နှစ်သက်တဲ့ပစ္စည်းတစ်ခု ဆိုတာကြောင့် မိန်းမအများက လက်ဝတ်လက်စား၊ ရွှေငွေ၊ ကျောက်သံ ပတ္တမြားတွေယူပြီး လှေပေါ်တက်ကြတယ်။ မိန်းမတစ်ယောက်တည်းပဲ သူ့ယောက်ျားကိုထမ်းပြီး လှေပေါ်တက်တော့ ရဲမက်တွေက "လှေပေါ်ကို မိန်းမတွေပဲတက်ခွင့်ရှိတယ်။ ယောက်ျားတွေ မတက်ရဘူး" လို့ဆိုတယ်။ "ကိုယ့်အကြိုက်ဆုံးပစ္စည်းတစ်ခု ယူခွင့်ရှိတယ်ဆိုလို့ ဒါဟာ ကျွန်မအကြိုက်ဆုံးအရာမို့ပါ" လို့ မိန်းမကပြန်ပြောပါတယ်။ အဲဒီရေဘေးမှာ ယောက်ျားတစ်ဦးပဲ အသက်ရှင်ကျန်ရစ်ခဲ့တယ်။ အဲဒီမိန်းမရဲ့ ယောက်ျားပဲဖြစ်တယ်။
ပုံပြင်(၃)
ဒီပုံပြင်ကတော့ တီဗွီအစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီအစီအစဉ်က ယောက်ျားသားတွေက မျက်စိကို အဝတ်စည်းပြီး ကိုယ့်မိန်းမကို ရွေးထုတ်ရမယ့် ကစားနည်းဖြစ်တယ်။
ဒီကစားနည်းမှာ လင်မယားစုံတွဲ (၆)တွဲ ပါဝင်ခဲ့တယ်။ ယောက်ျား(၆)ဦးက မျက်စိကို အဝတ်စည်းပြီး မိန်းမ(၆)ဦးရဲ့လက်တွေကို သွားစမ်းရတယ်။ ပြီးမှ ကိုယ့်မိန်းမကို ရွေးထုတ်ရတယ်။ ရှေ့ယောက်ျား(၃)ဦး မမြင်မစမ်းနဲ့ စမ်းတော့ ပရိသတ်တွေက တဝါးဝါးပွဲကျကြတယ်။
(၄)ယောက်မြောက်မှာ အစီအစဉ်တင်ဆက်သူက အရင်အတိုင်း သူ့မျက်စိကို အဝတ်စနဲ့စည်းပြီး နေရာမှာတင် (၃)ပတ် ပတ်ခိုင်းလိုက်တယ်။ ပြီးမှ မိန်းမ(၆)ယောက်ကို ရွေးစေခဲ့တယ်။ အဲဒီလူက ပထမမိန်းမရှေ့ရပ်ပြီး လက်ကိုကိုင်ကြည့်တယ်။ သုံးလေးစက္ကန့်အတွင်းမှာ "ဒါ ကျွန်တော့်မိန်းမ မဟုတ်ဘူး" လို့ဆိုတယ်။ နောက် ဒုတိယမိန်းမရှေ့ရပ်ပြီး လက်ကိုကိုင်ကြည့်တယ်။ ဒီတစ်ကြိမ်ကိုင်တာ အချိန်နည်းနည်း ပိုကြာတယ်။ ဆယ်စက္ကန့်ကြာတော့ "ဒါ ကျွန်တော့်မိန်းမ"လို့ သူကဆိုတယ်။
တင်ဆက်သူက သူ့မျက်နှာပေါ်ကအဝတ်စကို ဖြုတ်ပေးလိုက်တယ်။ တကယ်ပဲ ဒုတိယအမျိုးသမီးက သူ့မိန်းမဖြစ်နေခဲ့တာကြောင့် ပရိသတ်ဆီက လက်ခုပ်သံတွေ သူရခဲ့တယ်။ တွေဝေမှုမရှိဘဲ ကိုယ့်မိန်းမကို ရွေးထုတ်နိုင်ခဲ့တဲ့သူ့ကို တင်ဆက်သူက "ဒီလောက်ထိ တိကျအောင် ရွေးထုတ်နိုင်ခဲ့တာ ဘာလျှို့ဝှက်ချက်များ ရှိလို့လဲ" လို့မေးတယ်။
အဲဒီအချိန်မှာ သူက "ဘာလျှိုဝှက်ချက်မှ မရှိပါဘူး။ လက်ရဲ့ခံစားချက်နဲ့ ကျွန်တော်ရွေးခဲ့တာပါ။ အိမ်ထောင်သက် (၁ဝ)နှစ်အတွင်းမှာ ကျင့်သားရခဲ့တဲ့ လက်ခံစားချက်ကြောင့်ပါ" လို့ ဆိုပါတယ်။ နောက်ခံပိတ်ကားပေါ်မှာ သူ့မိန်းမရဲ့မျက်နှာက မျက်ရည်အဝဲသားနဲ့ ထင်ဟပ်လာခဲ့တယ်။ (၁ဝ)နှစ်လုံးလုံး မဖြုတ်ခဲ့တဲ့တွဲလက်ကြောင့် လက်ရဲ့ခံစားချက်နဲ့ လူအများကြားမှာ ကိုယ့်မိန်းမကို သူရွေးထုတ်နိုင်ခဲ့ပါတယ်။
ဘာလဲအချစ်ဆိုတာ?
မူရင်း---- http://share.youthwant.com.tw
နိုင်းနိုင်းစနေ ဘာသာပြန်သည်။ပုံပြင်(၂)

14 comments:
ကြိုက်တယ်မမ...
အချစ်ဆိုတာကို အရမ်းချမ်းသာသွားတဲ့အချိန်မှာ ဆုံးဖြတ်တာပိုကောင်းပါတယ်
ရေဆန်မှာ ပြသနာ နည်းပါတယ်၊ ရေစုန်ကြရင် မခံနိုင်တဲ့သူကပိုများပါတယ်။
ပိုက်ဆံချမ်းသာလာရင် မဟုတ်တာလုပ်ဖို့အခွင့်အရေး ပိုများလာတယ်လေ။
နောက်ဆုံးက ကစားနည်း ကို ကြိုက်တယ်...။ ပထမဆုံး အဘိုးရဲ့ လျှို့ဝှက်ချက်ကို သိချင်၏း))
အင်း
အဖိုးကြီးရဲ့ လျှို့ဝှက်ချက်က ဘာများဖြစ်မလဲနော်
အင်းနော်
မမ
အချစ်ဆိုတာ ဘာမှန်းကိုမသိတာ အခုထိဘဲ
အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကတော့ အများကြီးဘဲ ထင်တယ် အဓိက ဘာလဲ.......အပေးအယူမျှဖို့လား လိုခြင်တက်မက်မှုလား သာယာကြည်နူးဖို့လား အလှအပလား သံယောဇဉ်လား လားပေါင်းများစွာဘဲရမယ် အဖြေတိတိကျကျ ရမယ်တော့မထင်ဘူး
တခါတလေ ကိုယ်ဘယ်မှာ ရပ်နေမှန်းမသိတဲ့အခါမှာတောင် အချစ်ကို အဓိပ္ပါယ် ဖွင့်မိတယ် ဒါအချစ်လား လား.......လား?????
စိတ်ညစ်တဲ့အထဲ နိုင်ငံရေးနဲ့ အချစ်က ထိပ်ဆုံးကဘဲ
ပျော်ရွှင်ပါစေ
အမ ... ပုံပြင် ၄ ရေးဘို့ကျန်ခဲ့တယ်နော် .....
ask p,,,pauk tat ka ya
:)
Love is a word that explains how u feel for ... ဒါ တာ တာ =D
လူတွေရဲ့ စိတ်တွေကို တွေ့လိုက်ရတယ်။
ဒါလေးပါပဲ..။
တကယ်တော့ အဘိုးအိုပြောချင်တဲ့စကားက
လက်ထပ်တဲ့အချိန်က မင်းရဲ့ရုပ်နဲ့ အခုရုပ်က တခြားစီဘဲနော်တဲ့။
ရှင်မရှိလို့မဖြစ်ဘူးတဲ့ ကျုပ်တို့လိုနွားတွေမရှိရင်မဖြစ်ဘူးလေ
အိမ်ထောင်သက်(၁ဝ)နှစ်အတွင်း
သားတော်မောင်ရဲ့လက်ကိုဘဲဆွဲခဲ့တာများတော့
မိန်းမလက်ကို မမှတ်မိလောက်ဘူဗျ၊
အဝေးကကော
မမ
အဘိုးကြီးရဲ့ လျှို့ဝှက်ချက်က အဘွားကြီးရဲ့ အချစ်လျှို့ဝှက်ချက် အတိုင်းပဲလေ..း)
အားလုံးကျေးဇူးးးးးးးး)
ကျွန်တော်အယူအဆကိုပြောတာနော်။ အချစ် = အပြန်အလှန်(နားလည်မှု + ခွင့်လွှတ်မှု + လေးစားမှု + ယုံကြည်မှု + ကြင်နာမှု)။
လူတစ်ယောက်ရဲ့ ဘ၀ကို သစ်ပင်တစ်ပင်နဲ့ နိုင်းယှဉ်ကြည့်မယ်ဆိုရင် မိဘ၊ညီအစ်ကို မောင်နှမ တွေရဲ့ ချစ်ခြင်းက မြေကြီး၊ သစ်ပင်ကြီးက ကိုယ်။ ရိုးသားမှု၊ကြိုစားမှုဆိုတဲ့ အကိုင်းအခက်တွေကနေ သီးပွင့်လာတာက အောင်မြင်ခြင်းနဲ့ ပျော်ရွှင်မှု။
သီးပွင့်လာတဲ့ အောင်မြင်ခြင်းဆိုတဲ့ အသီးတွေကို ပိုပြီး ချိုမြိန်ချင်တယ်။ ပျော်ရွှင်မှုဆိုတဲ့ အပွင့်တွေကို ပိုပြီးမွှေးပျံချင်တယ်ဆိုရင်တော့ ချစ်ခြင်းမေတ္တာဆိုတဲ့ မြေဩဇာလေးထည့်ပေးဖို့လိုတယ်။
Post a Comment