"ကံကောင်းခြင်းစားပွဲ"ပို့စ်အောက်မှာ ကိုဇော်မျိုးလွင်က တစ်ယောက်ယောက်ရေးခဲ့တဲ့ သူ့ဘလော့က ကော်မန့်ကို လာပြပါတယ်။ အဲဒီကော်မန့်က 愛,拆開來是心和受兩個字。用心去接受對方的一切,用心去愛對方的所有。ဖြစ်ပြီး ကိုဇော်မျိုးလွင်က ဂူဂယ်လ်နဲ့ ဒီလိုဘာသာပြန်ထားပါတယ်။
Love, apart for a heart and by the word. Intention to accept each other's everything, all the intentions to love each other . (Translated by Google Word Translator)
ဒါကိုကျွန်မက ပိုနားလည်လွယ်အောင် မြန်မာလို ဒီလိုဘာသာပြန်ပါတယ်။ တရုတ်စာလုံး (愛)အချစ်ကို ဖြည်ကြည့်တဲ့အခါ (心)နှလုံးသားနဲ့ (受)လက်ခံဆိုတဲ့ စာလုံးနှစ်လုံးကို ရပါတယ်။ တစ်ဘက်သားရဲ့အရာရာကို နှလုံးသားနဲ့လက်ခံမယ်၊ နှလုံးသားနဲ့ချစ်မယ် ဆိုတာပဲဖြစ်တယ်။ နှလုံးသားနဲ့ နားလည်လက်ခံနိုင်မှ အချစ်ဆိုတာ ဖြစ်လာခဲ့တာဖြစ်တယ်။
ကျွန်မဖတ်ရတဲ့ ဇန်နဝါရီလ(၂၃)ရက်နေ့ ထိုင်းနိုင်ငံထုတ် The Universal Daily News တရုတ်သတင်းစာမှာ "အချစ်စစ်ရဲ့ အရှည်ကြာဆုံး လတ်ဆတ်မှုကာလက လ(၃ဝ)" ဖြစ်တယ်လို့ ဆိုထားပါတယ်။
အမေရိကန်နိုင်ငံ Cornell University အချစ်စိတ်ပညာဗေဒပညာရှင် ပရော်ဖက်ဆာYi Luက အမေရိကန်မှာရှိတဲ့ အသက်(၂၅)နှစ်မှ(၄၅)နှစ်ကြား ဇနီးမောင်နှံအတွဲ(၅ဝဝဝ)ကို သုံးနှစ်ကြာ လေ့လာဆန်းစစ်ခဲ့တယ်။ ဆန်းစစ်လို့ရလာတဲ့ အဖြေတွေကို ကွန်ပြူတာနဲ့ ဒေတာပြုစုပြီး ဆေးစိတ်ပညာနဲ့ ခွဲခြမ်းစိတ်ဖြာခဲ့တယ်။
နောက်ဆုံးရလာတဲ့ရလဒ်မှာ အချစ်စစ်ရဲ့ အရှည်ကြာဆုံး လတ်ဆတ်မှုကာလက (၃)နှစ်ထက် မကျော်ကြောင်း တွေ့ရတယ်။ လတ်ဆတ်တဲ့ခံစားချက်တွေ ကုန်လွန်လာတာနဲ့အမျှ တစ်ဘက်သားရဲ့ နှလုံးခုန်သံ မြန်မမြန်၊ လက်ဖဝါးမှာ ချွေးစေးထွက်မထွက်ဆိုတာကို အချင်းချင်း မခံစားနိုင်ခဲ့ကြတော့ဘူး။ အချင်းချင်းပွေ့ဖက်တဲ့ အားဟာလည်း အရင်ကပွေ့ဖက်တဲ့အားထက် ၅ပုံ ၃ ပုံနဲ့ ၅ ပုံ၂ပုံသာရှိကြောင်း တွေ့ရတော့တယ်။ နမ်းရှုံ့တဲ့အပူချိန်ဟာလည်း အရင်ကနမ်းရှုံ့တဲ့အပူချိန်ထက် ၅ပုံ၃ပုံနဲ့ ၂ပုံသာရှိခဲ့ကြတော့တယ်။
တစ်ဆက်တည်းမှာပဲ ယောက်ျားမိန်းမအချင်းချင်း ဂရုစိုက်ကြည့်တတ်တဲ့ အကြည့်ဟာလည်း အရင်ကထက် ၅ပုံ၂ပုံနဲ့ ၁ပုံ လျော့နည်းသွားတာ တွေ့ရတယ်။ ပိုစိတ်ဝင်စားစရာကောင်းတာက ယောက်ျားလေးနဲ့ နမ်းရှုံ့တဲ့အခါ မိန်းကလေးတွေထောက်တတ်တဲ့ ခြေဖျားတွေဟာ အရင်ကထောက်တဲ့ ခြေဖျားထက် (၁)နဲ့(၂)စင်တီမီတာထိ နိမ့်သွားကြောင်း တွေ့ရပါတယ်။
ဒါကြောင့် ယောက်ျားနဲ့မိန်းမကြားက တကယ့်အချစ်စစ်ရဲ့ လတ်ဆတ်နိုင်မှုဟာ (၁၈)လမှ လ(၃ဝ)အထိပဲရှိခဲ့ပြီး အဲဒီထက်ကျော်လွန်တာနဲ့အမျှ လတ်ဆတ်နှုန်းတွေ တဖြေးဖြေး လျော့နည်းကုန်တယ်လို့ ဆန်းစစ်ချက်အရ တွေ့ခဲ့ရပါတယ်။
ကျွန်မထင်ပါတယ်.. အတူပေါင်းသင်းနေထိုင်ပြီး ကာလကြာလာတဲ့အမျှ တစ်ယောက်အပေါ်တစ်ယောက် ထားတဲ့ သံယောဇဉ်က ချစ်သူ၊ ညားကာစဆိုတာထက်ပိုရင်းနှီးပြီး မောင်နှမ၊ တစ်အိမ်သားချင်းဆိုတဲ့ဘက် ကူးပြောင်းသွားခဲ့လို့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်မှုတွေ၊ ရင်ခုန်မှုတွေ လျော့နည်းကုန်တယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ချစ်ကြပြီ၊ ယူကြပြီဆိုမှတော့ တစ်ဘက်သားရဲ့အရာရာကို နှလုံးသားနဲ့ လက်ခံနားလည်ပေးတတ်ဖို့ လိုအပ်ပါတယ်။
အချစ်(愛)ဆိုတဲ့စာလုံးကို နှလုံးသား၊ လက်ခံနားလည်ဆိုတဲ့ စာလုံးနှစ်လုံးနဲ့ တည်ဆောက်ထားလို့ပဲဖြစ်ပါတယ်။
ချစ်နိုင်ကြပါစေ...
နိုင်းနိုင်းစနေ
Love, apart for a heart and by the word. Intention to accept each other's everything, all the intentions to love each other . (Translated by Google Word Translator)
ဒါကိုကျွန်မက ပိုနားလည်လွယ်အောင် မြန်မာလို ဒီလိုဘာသာပြန်ပါတယ်။ တရုတ်စာလုံး (愛)အချစ်ကို ဖြည်ကြည့်တဲ့အခါ (心)နှလုံးသားနဲ့ (受)လက်ခံဆိုတဲ့ စာလုံးနှစ်လုံးကို ရပါတယ်။ တစ်ဘက်သားရဲ့အရာရာကို နှလုံးသားနဲ့လက်ခံမယ်၊ နှလုံးသားနဲ့ချစ်မယ် ဆိုတာပဲဖြစ်တယ်။ နှလုံးသားနဲ့ နားလည်လက်ခံနိုင်မှ အချစ်ဆိုတာ ဖြစ်လာခဲ့တာဖြစ်တယ်။ကျွန်မဖတ်ရတဲ့ ဇန်နဝါရီလ(၂၃)ရက်နေ့ ထိုင်းနိုင်ငံထုတ် The Universal Daily News တရုတ်သတင်းစာမှာ "အချစ်စစ်ရဲ့ အရှည်ကြာဆုံး လတ်ဆတ်မှုကာလက လ(၃ဝ)" ဖြစ်တယ်လို့ ဆိုထားပါတယ်။
အမေရိကန်နိုင်ငံ Cornell University အချစ်စိတ်ပညာဗေဒပညာရှင် ပရော်ဖက်ဆာYi Luက အမေရိကန်မှာရှိတဲ့ အသက်(၂၅)နှစ်မှ(၄၅)နှစ်ကြား ဇနီးမောင်နှံအတွဲ(၅ဝဝဝ)ကို သုံးနှစ်ကြာ လေ့လာဆန်းစစ်ခဲ့တယ်။ ဆန်းစစ်လို့ရလာတဲ့ အဖြေတွေကို ကွန်ပြူတာနဲ့ ဒေတာပြုစုပြီး ဆေးစိတ်ပညာနဲ့ ခွဲခြမ်းစိတ်ဖြာခဲ့တယ်။
နောက်ဆုံးရလာတဲ့ရလဒ်မှာ အချစ်စစ်ရဲ့ အရှည်ကြာဆုံး လတ်ဆတ်မှုကာလက (၃)နှစ်ထက် မကျော်ကြောင်း တွေ့ရတယ်။ လတ်ဆတ်တဲ့ခံစားချက်တွေ ကုန်လွန်လာတာနဲ့အမျှ တစ်ဘက်သားရဲ့ နှလုံးခုန်သံ မြန်မမြန်၊ လက်ဖဝါးမှာ ချွေးစေးထွက်မထွက်ဆိုတာကို အချင်းချင်း မခံစားနိုင်ခဲ့ကြတော့ဘူး။ အချင်းချင်းပွေ့ဖက်တဲ့ အားဟာလည်း အရင်ကပွေ့ဖက်တဲ့အားထက် ၅ပုံ ၃ ပုံနဲ့ ၅ ပုံ၂ပုံသာရှိကြောင်း တွေ့ရတော့တယ်။ နမ်းရှုံ့တဲ့အပူချိန်ဟာလည်း အရင်ကနမ်းရှုံ့တဲ့အပူချိန်ထက် ၅ပုံ၃ပုံနဲ့ ၂ပုံသာရှိခဲ့ကြတော့တယ်။
တစ်ဆက်တည်းမှာပဲ ယောက်ျားမိန်းမအချင်းချင်း ဂရုစိုက်ကြည့်တတ်တဲ့ အကြည့်ဟာလည်း အရင်ကထက် ၅ပုံ၂ပုံနဲ့ ၁ပုံ လျော့နည်းသွားတာ တွေ့ရတယ်။ ပိုစိတ်ဝင်စားစရာကောင်းတာက ယောက်ျားလေးနဲ့ နမ်းရှုံ့တဲ့အခါ မိန်းကလေးတွေထောက်တတ်တဲ့ ခြေဖျားတွေဟာ အရင်ကထောက်တဲ့ ခြေဖျားထက် (၁)နဲ့(၂)စင်တီမီတာထိ နိမ့်သွားကြောင်း တွေ့ရပါတယ်။
ဒါကြောင့် ယောက်ျားနဲ့မိန်းမကြားက တကယ့်အချစ်စစ်ရဲ့ လတ်ဆတ်နိုင်မှုဟာ (၁၈)လမှ လ(၃ဝ)အထိပဲရှိခဲ့ပြီး အဲဒီထက်ကျော်လွန်တာနဲ့အမျှ လတ်ဆတ်နှုန်းတွေ တဖြေးဖြေး လျော့နည်းကုန်တယ်လို့ ဆန်းစစ်ချက်အရ တွေ့ခဲ့ရပါတယ်။
ကျွန်မထင်ပါတယ်.. အတူပေါင်းသင်းနေထိုင်ပြီး ကာလကြာလာတဲ့အမျှ တစ်ယောက်အပေါ်တစ်ယောက် ထားတဲ့ သံယောဇဉ်က ချစ်သူ၊ ညားကာစဆိုတာထက်ပိုရင်းနှီးပြီး မောင်နှမ၊ တစ်အိမ်သားချင်းဆိုတဲ့ဘက် ကူးပြောင်းသွားခဲ့လို့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်မှုတွေ၊ ရင်ခုန်မှုတွေ လျော့နည်းကုန်တယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ချစ်ကြပြီ၊ ယူကြပြီဆိုမှတော့ တစ်ဘက်သားရဲ့အရာရာကို နှလုံးသားနဲ့ လက်ခံနားလည်ပေးတတ်ဖို့ လိုအပ်ပါတယ်။
အချစ်(愛)ဆိုတဲ့စာလုံးကို နှလုံးသား၊ လက်ခံနားလည်ဆိုတဲ့ စာလုံးနှစ်လုံးနဲ့ တည်ဆောက်ထားလို့ပဲဖြစ်ပါတယ်။
ချစ်နိုင်ကြပါစေ...
နိုင်းနိုင်းစနေ

19 comments:
ဟုတ်တယ် မစနေရေ...ပြောရရင်တော့ အချစ်ဟာ တယောက်နဲ့ တယောက် မခွဲ အတူတူ နေချင်အောင် ဖျားယောင်းခဲ့ပြီး အိမ်ထောင်ကျပြီးလို့ ကြာလာတာနဲ့ အမျှ မေတ္တာ၊ သံယောဇဉ်၊ နားလည်မှု ဆိုတာတွေ အဖြစ် အသွင်ပြောင်းခဲ့တယ် ထင်ပါရဲ့၊ တက်ကြွမှုတွေ နဲလာပေမဲ့ အေးချမ်းမှုတွေ ပိုလာတယ်လို့ ကျမ ခံစားရတယ်...:))
မစနေရော...အိမ်ထောင်ကျတာ မကြာသေးဘူးဆိုတော့ ...ဓါတ်လိုက်နေတုန်းပဲ ထင်ပါရဲ့....ခိခိ...:D
ဟုတ်တယ်...မစနေရေ...တချို့ ကလဲ အချစ်သက်တမ်းကို နှစ်နှစ်ခံတယ်လို့ ပဲ ပြောကြတယ်... တကယ်တော့ အချစ်ထက် မေတ္တာကတော့ ရာသက်ပန် ခံမယ်လို့ ထင်ပါတယ်..
မချစ်ဖူးသေးလို့ စမ်းချစ်ကြည့်ဦးမယ် အမရေ..
မမစနေရေ လ ၃၀ မဟုတ်ဘူး ၃လဘဲ ရာ
ကျွန်တော် က တော့ အနေဝေးမှ သွေးအေးတာမျိုးလို အနေနီးတော့လည်း အေး သွားတယ် လို့ ထင်တာပါပဲ ။
ဘယ်အရာမဆို လတ်လတ်ဆတ်ဆတ်ပဲကောင်းတယ် ( စတာနော်) အချစ်က တွေ့ကာစမှတော့ လတ်ဆတ်တာပေါ့ ကြာရင် ၀ိုင်လုပ်ပစ်လိုက်မယ်းP
ဟိဟိ...
မနိုင်းနိုင်းစနေ ကတော့ အိမ်ထောင်သည်ပီသပါပေတယ်ဗျာ.
ကျွန်တော်က မကွေးမှာနေတာလေ..
မမရဲ့ ပရိတ်သတ်တွေက ဒီမှာ အများကြီးပဲ.
မမ အသစ်တင်တိုင်းဖတ်ကြတယ်..ပြောကြတယ်..
အစ်ကိုတစ်ယောက်ကဆို လ္ဘက်ရည်ဆိုင်ထိုင်ရင်းနဲ့
ပြောတယ်..
သြော် နိုင်းနိုင်းစနေတစ်ယောက် အိမ်ထောင်ကြပြီးမှ အချစ်ကြောင်းတွေပိုပြောလာတယ်တဲ့..
ဒီထက်ပိုပြီး ပရိတ်သတ်တွေကို ညှို့ယူနိုင်ပါစေ..
မျှော်လင့်သူ
မသိဘူး မသိဘူး wan an ပဲသိတယ် ဟိဟိ
ကျေးဇူးပါ နိုင်းနိုင်းရေ။ တယောက်ပြောတဲ့ ၃လပဲ ခံတယ်ဆိုတာကို အမှန်ယူလိုက်ပါ။ ပြီးတော့ အဲဒီ ကံကောင်းခြင်းစားပွဲ(Lucky Table)ကို ဘယ်လို ရှာဖွေတွေ့နိုင်မလဲ။ လမ်းညွှန်ပေးပါဦး။
ထာဝစဉ် ရွှင်လန်းချမ်းမြေ့ပါစေ။
ခင်မင်ရင်းနှီးစွာဖြင့်...
ဇော်မျိုးလွင်
အမြဲတမ်းလတ်ဆတ်နေတဲ့အချစ်ဆိုတာ
ပုဂ္ဂိုလ်စွဲ မထားလို့ပါ
အချစ်နဲ့  ပက်သင်ရင် လူတစ်ကို
တစ်ယောက် တမျိုးစိပဲနော်......
လိုက်လို့ ကို မမှိတဲ့အရာ က အချစ်......
တား စီး လို့ မရတာက လေယာဉ်ပျံ........
ဟင်းးးးးးးးးးးးးးးးးးးးးးးးးး
pagolay
ကိုယ်အချစ်ဆုံးသူနဲ့  ပြီးခဲ့တဲ့ ၁၀ နှစ်ကဘာသာရေး ကြောင့်မယူခဲ့ရပါ..အမေပေးစားတာယူခဲ့ရတယ်...
ခုတော့လည်းကလေး ၂ယောက်နဲ့  အနယ်ထိုင်နေ
ပါပြီ..သူလည်း သူနဲ့ ဘာသာတူယောကျာင်္းယူပြီးအဆင်
ပြေနေပါပြီ..အချစ်လို့ ထင်ခဲ့ပေမဲ့ ကွဲခဲ့ရတာဘဲလေ
ခုတော့လည်းအကောင်းဆုံးတိုင်ဘက်သူငယ်ချင်းတွေ
ွပေါ့..
အိမ်မှာရောပေးစားလိုယူခဲ့ရပေမယ့်ခုတော့လည်း
တဖြည်းဖြည်းနဲ့  ပိုချစ်လာ တယ်...
၃ လ ပုံစံ နဲ့ မဆိုင်ဘူးထင်တယ် ..
နားလည်မူကအရေးကြီးဆုံးထင်တာပါဘဲလေ..
ချစ်ကြောင်းတော့ မသိဖူး အမရေ
မိုးအမြင် ကတော့ မေတ်တာစစ် မေတ်တာမှန်ရင်
မပြောင်းလဲနိုင်ဖူး အချစ်တွေတိုးသွားနိုင်တယ်လို့ 
ယူဆတယ် မရေ
သာယာချမ်းမြေ့ပါစေ
မိုး
ချစ်နဲ့  ပက်သက်ပြီးမသိသေးပေမဲ့ 
မေတ်တာစစ် မေတ်တာမှန် နဲ့ လူတစ်ယောက်ကိုချစ်ရင်
တော့  အလွယ်တကူမပြောင်းလဲပဲ ပိုတိုးပြီချစ်နိုင်လိမ့် 
မယ်လို့ ယူဆပါတယ်။
သာယာချမ်းမြေ့ပါစေ
မိုး
ချစ်စကြင်စမှာတော့ တစ်ယောက်နဲ့တစ်ယောက်အရူးအမူး
တစ်နေ့ဖုန်းအကြိမ်များစွာဆက်ပီးသတိရတယ်ပြောတတ်သူ
ကိုယ့်တွက်တော့ သူကအရေးကြီးဆုံးဖြစ်နေသေးပေမဲ့သူ့ တွက်တော့ ကိုယ်က လုံးဝအရေးမပါတော့ဘူးလေ
အရင်ကပြောဖူးတဲ့စကားတွေခုချိန်ထိပဲ့တင်သံလိုပဲကြား
ယောင်မိသေးတယ်
ယုံမိတာကိုယ့်အမှားပဲလားလေ
ရှေးဟောင်းသုတေသနပညာရှင်ဟာ လင်ယောက်ျားထဲမှာ အကောင်းဆုံးပဲ၊
ဇနီးက အသက်ကြီးလေလေ သူကပိုစိတ်ဝင်စားလေပဲ။
ကိုနိုင်းနိုင်းစနေရေ.. ကျွန်မရဲ့ သူများနဲ့ မတူပဲ မြင်တတ်တဲ့ အမြင်တခုကိုတော့ မောင်နှမတွေ သိအောင် ပြောပြချင်ပါတယ်။ လောကမှာ သိပ္ပံနည်းပညာတွေ လိုက်မမှီနိုင်တဲ့ အရာတွေ အများကြီးရှိပါတယ်။ 99% ထိ မှန်နေတဲ့ သီအိုရီတွေ..သုတေသနတွေ့ရှိချက်တွေရှိခဲ့ရင်တောင် ကျန်တဲ့ 1% ကိုလျော့မတွက်သင့်ဘူး။ ကျွန်မကိုယ်တိုင် သုတေသနလုပ်ငန်းတွေလုပ်နေရသူမို့.. အဲလို 1% လောက်ကပဲ သိပ္ပံပညာတွေလိုက်မမှီနိုင်တဲ့ အံ့ဖွယ်ဖြစ်တည်မှူတွေ ရှိနေပြီး 99% ကိုဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတတ်ပါတယ်။
သင်ဇာ
မသင်ဇာသို့
နိုင်းနိုင်းစနေသည် 'ကို' ဟု တတ်ခေါ်ရသော အမျိုးသား မဟုတ်ပါ။ 'မ'ဟု တတ်ခေါ်ရမည့် အမျိုးသမီးစစ်စစ်ဖြစ်ကြောင်း၊ ဓာတ်ရှင်မင်းသား 'နိုင်းနိုင်း' ဖြင့် မမှားသင့်ကြောင်း လေးစားစွာ ရှင်းလင်းအပ်ပါသည်။
:D မနိုင်းနိုင်းစနေရေ..ဆော်တီးပါ
မမှားသောရှေ့နေ မသေသောဆေးသမားဆိုသလိုပေါ့..
အဓိက ကတော့ အဓိကပါပဲ
သင်ဇာ
Post a Comment