Tuesday, February 09, 2010

အချစ်တစ်ဖုံဖော်စပ်နည်း


လွန်ခဲ့တဲ့တစ်ပတ်လောက်က အီးမေးလ်ထဲရောက်လာတဲ့ စာလေးပါ။ အီးမေးလ်ထဲမှာ ဒီလိုလေးရေးထားပါတယ်။ "ကျွန်တော်က အစ်မရဲ့ပရိသတ်ပါ။ ချစ်သူများနေ့အတွက် သူငယ်ချင်းတွေကို အချစ်ဖော်စပ်နည်းလေး ပေးချင်ပါတယ်။ ကိုမင်းလူစာအုပ်ထဲက ရေးထားတာကို ကျွန်တော်အကြံဥာဏ်နဲ့ ဖြည့်စွက်ရေးထားတာပါ။ စာကို(၉)ရက်နေ့မှာ ဖော်ပြပေးပါ။ လူတိုင်းအသုံးတဲ့ပြီး ချစ်သူများနေ့မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းရင်း..

အချစ်တစ်ဖုံဖော်စပ်နည်း
( MEDICAL SCIENCE EFFECT OF FORMULA OF REAL LOVE )

အကြင်နာမျိုးငါးပါး - (၁)ကျပ်သားစီ
အပြုံးပွင့်ခြောက် - (၃)ကျပ်သား
သမုဒယအမြစ် - (၂)ကျပ်သားနှင့်(၄)ပဲသား
နှုတ်ခမ်းလွှာအမှုန့် - (၁)ကျပ်သားနှင့်(၂)ပဲသား
သစ္စာအခေါက် - (၃)ကျပ်သား
မျက်ဝန်းသတ္တုရည် - (၁)ရွှေးသား

စသည့်တို့ကို နှလုံးသွေးဖြင့်တေပြီး ညစဉ်အိပ်မက်မမက်ခင်စားပါက အသဲကွဲခြင်း၊ ရင်နာခြင်း၊ နှလုံးသား အဖျားတတ်ခြင်း၊ ဦးနှောက်ငမ်းဖမ်းခြင်း၊ မျက်ရည်ကြောတတ်ခြင်း၊ မေတ္တာချုပ်ခြင်း၊ အလွမ်းနာကျခြင်း၊ သံယောဇဉ်လေဖြတ်ခြင်း၊ အချစ်ငုပ်ခြင်း၊ အလွမ်းနာတာရှည်ခြင်း၊ အချစ်စိတ်ပုံမှန်မလာခြင်း၊ အချစ်ပိန် အချစ်ခြောက်ခြင်း၊ အချစ်အဆိပ်တတ်ခြင်း၊ ဥပက္ခာပြု ခံရခြင်း၊ ဂရုဏာမဲ့ခြင်း၊ သစ္စာမရှိခြင်းနှင့် အတ္တကြီးခြင်းရောဂါများကို ဒိဌပျောက်ကင်းစေကြောင်း အာမခံပါသည်။

မှတ်ချက်။ ။ (၉၆)ပါးသော အမုန်းရောဂါအမျိုးမျိုးကို ပျောက်ကင်းစေကြောင်း အာမခံပါသည်။ သမားတော်ကြီးကိုယ်တိုင် ကြီးကြပ်စောင့်ရှောက်ကုသပေးနေပါသည်။ လူမျိုးမရွေး၊ ဘာသာမရွေး သုံးဆောင်နိုင်ပါသည်။ ဝေဒနာခံစားနေရသူများ အမြန်ဆုံးဆက်သွယ်ပါ။

သမားတော်ကြီး ကွန်းဇော်
မြစ်သာဆောင်၊ မုံရွာမြို့
အချစ်ဝင်္ကပါဆေးတိုက်
mr.kunzw@gmail.com


လူတိုင်းနဲ့အသုံးတဲ့မဲ့ ကိုကွန်းဇော်ရဲ့ အချစ်ဖော်စပ်ဆေးနည်းကို ဖော်ပြလိုက်ပါတယ်။ သူပြောတဲ့ အဖျားအနာတွေ ပျောက်ကင်းစေတာကြောင့် သူ့ဆေးကို အားပေးသုံးဆောင်ကြည့်ကြပါလို့..း)


နိုင်းနိုင်းစနေ


Share/Bookmark

7 comments:

အိ said...

အရမ်းမိုက်တယ် မမရေ..
သူပြောတဲ့ဆေးကိုသုံးရင် သူပြောသလို ရောဂါပျောက်မှာ သေချာတာပေါ့..
ကျေးဇူးပါ ကိုကွန်းဇော်နဲ့ မမစနေရေ..း)


လေးစားစွာဖြင့်
အိ

ကိုရင်နော်ခင်လေးငယ် said...

မှတ်သားလောက်ပါပေတယ်..း))
ဒီဆေးမျိုး စွဲသောက်ဖို့ ဆောင်ထားသင့်တယ်..း)

ဆေးသွားဖော်လိုက်ပါဦးမယ်..း)

မနိုင်းကိုလည်း ကျေးဇူး
ကိုကွန်းဇော်ကိုလည်း ကျေးဇူး..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

noblemoe said...

း)))))
သာယာချမ်မြေ့ပါစေနော်
မိုး

tin min htet said...

:)))

ဆေးပတ်မလည်ရင် ရောဂါ ပိုဆိုးတတ်တယ် ဆိုတာလေး - ဆေးဘူးမှာ သတိပေးစာ ကပ်ထားလိုက်ပါဦး။

ညရဲ့ကောင်းကင် said...

အမလေး အစ်မရေ...
တကယ်ပျောက်တာလားဟင်...
သူကကော တခါတည်း ဖော်ပေးတာလား..
သွားယူအုန်းမှ..မဆိုးဘူး... အဟီး...

kokoseinygn said...

မ,ေ၇ဒီဆေးကတော.အတော်.ကိုအရောင်းသွက်မယ်.ဆေးဖြစ်တော.မယ်..နှလုံးသားနဲ.ပါတ်သက်တဲ.ရောဂါဟူသမျှအမြန်ဆုံးပျောက်ကင်းကြပါစေ........

ကိုဇော် said...

ဟီးဟီး..
တော်တော်ဆိုးတဲ့ ကောင်လေး..။
တော်ပါသေးရဲ့ ကျနော် အရင် ဒီနေရာကို လာဖတ်လိုက်မိလို့...
နို့မို့ဆို မလွယ်ဘူး..။

( ကျနော့်ဆီလည်း ပို့ထားတယ်။ )