ပထမဆုံးလက်ရာ
ကြိုးစားပမ်းစား ထိုးလိုက်တာ နောက်ဆုံးမှာ "ပထမဆုံးလက်ရာ"ပြီးသွားပါတယ်။ သေချာလျော်၊ မီးပူတိုက်၊ မှန်ဘောင်သွင်းပြီးရင် ပုံတော်က ဒီထက်ပိုသပ္ပါယ်သွားပါလိမ့်မယ်။ အခုပုံက ကျွန်မလက်အရာတွေနဲ့ တွန့်ကြေနေပါတယ်။ ဒီပုံပြီးရင် နဂါးပုံထိုးဖို့ ရည်ရွယ်ထားပါတယ်။ သူက နဂါးနှစ်ဖွားမို့ပါ။း) (ဘယ်ခါပြီးမလဲတော့ မပြောတတ်ပါဘူး)

ပုံတွေက ထိုးရတာမခက်ပါဘူး။ အကွက်တစ်ကွက်ကို ကြက်ခြေခတ်ပုံ ထိုးသွားရုံပါပဲ။ ကိုယ်ရွေးတဲ့ပုံပေါ်မှုတည်ပြီး ကာလာစုံ၊ ချည်ရောင်စုံရင် ခက်သွားပါတယ်။ ပုံမှာမြင်ရတဲ့အတိုင်း ချည်တွေကို နံပါတ်အလိုက်ပေးထားပြီး သူတို့အကွက်ချထားတဲ့ပုံအတိုင်း ဘယ်နံပါတ်ဆိုရင် ဘယ်ချည်ရောင်သုံးပြီး ထိုးသွားရုံပါပဲ။ မျက်စိတော့ ညောင်းစေပါတယ်.. :P
နိုင်းနိုင်းစနေ

ပုံတွေက ထိုးရတာမခက်ပါဘူး။ အကွက်တစ်ကွက်ကို ကြက်ခြေခတ်ပုံ ထိုးသွားရုံပါပဲ။ ကိုယ်ရွေးတဲ့ပုံပေါ်မှုတည်ပြီး ကာလာစုံ၊ ချည်ရောင်စုံရင် ခက်သွားပါတယ်။ ပုံမှာမြင်ရတဲ့အတိုင်း ချည်တွေကို နံပါတ်အလိုက်ပေးထားပြီး သူတို့အကွက်ချထားတဲ့ပုံအတိုင်း ဘယ်နံပါတ်ဆိုရင် ဘယ်ချည်ရောင်သုံးပြီး ထိုးသွားရုံပါပဲ။ မျက်စိတော့ ညောင်းစေပါတယ်.. :P
နိုင်းနိုင်းစနေ

12 comments:
အိမ်ရှင်မကြီးကို လုံးလုံး ဖြစ်နေပါလား ညီမ နိုင်နိုင်းက။ :) :)
ရန်ကုန်မှာ ဘယ်ဆိုင်မှာ ၀ယ်လို့ရလဲသိချင်ပါတယ် .. အိမ်ကိုလှမ်းမှာပြီး ထိုးကြည့်ချင်လို့ပါ. ဒီUK မှာတော့ ရနိုင်မယ်မထင် :(
ဒါလဲအနုပညာတစ်ခုပါဘဲ
မနိုင်းနိုင်းရဲ့ ပန်းထိုးကအရမ်းလှတာပဲ... အဲဒီ Pattern တွေ Internet မှာဘယ်လိုရှာရမလဲ ပြောပြ ပါလား အမ...
မနိုင်းရေ ... ဘုရားပုံတော်လေး အရမ်းသပ္ပါယ်တာပဲ။ ချည်တွေက pattern ပုံဝယ်ရင် တစ်ခါထဲ တွဲပါတာလား။ တစ်ခါမှ မထိုးဖူးလို့။ အားကျသွားပါတယ်။ တစ်ပုံလောက်တော့ ထိုးကြည့်ချင်သေးတယ်။
မျကိစိလည်းညောင်း ခါးလည်းညောင်း ..တော်တော့်ကို စူးစိုက်ရမယ် အမရေ..ပြီးရင်တော့ ကျွန်တော် ဦးဆုံးကန်တော့မယ်..
ရန်ကုန်မှာတော့ မသိဘူး...
တရုတ်ဖြစ်တွေရောက်မလား မသိဘူး..
တရုတ်ဖြစ်က ပုံစံလှပေမယ့် ချည်သားမခိုင်ဘူးပြောတယ်.. နောက် ချည်စပ်တာတွေ မလှဘူး...
အွန်လိုင်းမှာ ဝယ်လို့ရမလား မသိဘူး..ကျွန်မထိုးတဲ့ကုမ္ပဏီက PINN cross Stitch Kits တဲ့ http://www.pinn-stitch.com/pinnchartbook.asp
ထိုးနေရရင် ပုံမပြီးမချင်း မရပ်ချင်ဘူးဖြစ်တယ်..
ပုံပီပြင်လာလေ.. ထိုးရလက်သွက်လေပဲ
ထိုးချင်သူများ ဝယ်စမ်းထိုးကြည့်ပါနော်..
ဒီမှာ ကျွန်မအစ်မလည်း ဆိုင်ဖွင့်ထားတယ်..
ရန်ကုန်ထိတော့ ပို့ပေးလို့ရတယ်.. အွန်လိုင်းမှာက ဒေါ်လာနဲ့ရောင်းတယ်.. ဒီမှာက ဘတ်နဲ့ရောင်းတယ်.. လိုချင်တဲ့ပုံကို အွန်လိုင်းကက်တလော့ထဲ ဝင်ရှာကြည့်လိုက်ပေါ့နော်..
ချည်တွေ၊ ပိတ်စတွေ ၊ အပ်တွေက တွဲပါပြီးသားပါ ဆွီ...
အားလုံးကျေးဇူးး)
အမရေ
ကျမကလဲ cross stich ထိုးတာအရမ်းဝါသနာပါတဲ.သူတယောက်ပါ။ အမလိုဘဲ ဘုရားပုံတော်ကို ကိုယ်တိုင်ထိုးပြီးအိမ်မှာ ဘောင်သွင်းပူဇော်ထားချင်လို.အမထိုးတာတဲ.ပုံတော် pattern လေးရနိုင်မယ်ဆိုရင် ကျေးဇူးအထူးပါ။အမလဲကုသိုလ်ရတာပေါ.နော်။
ဟုတ်ကဲ့...
ပုံတော် pattern လေး ထည့်ပေးလို့ရပါတယ်
ချည်နံပါတွေပါ ထည့်ပေးပါမယ်
ပိတ်စကို ဈေးထဲမှာ ရှာဝယ်ယူလို့ရပါတယ်
လိုချင်တဲ့သူတွေ ကျွန်မအီးမေးလ်ထဲ
ပေးပို့မယ့်နေရပ် လိပ်စာလေးတစ်ချက်လောက်
ရေးထည့်ပေးပါနော်...
ကျေးဇူးးးးးးးးး)
အထိုးထိုးရင်း ပျော်နိုင်ပါစေး)
ma 99, it's very nice... :)
i also want to get the buddhist pattern....
ဘုရားပုံတော်က အရမ်း သပ္ပါယ်တယ်...။ သဒ္ဓါလည်း ၀ါသနာတော့ပါတယ်။ ထိုးတတ်ချင်လိုက်တာ...။
ခင်တဲ့
ညီမသဒ္ဓါ
စနေ့လက်ရာလေးသိပ်သပ္ပယ်တာပဲ...။
ကဲ..လုပ်လိုက်ကြရအောင် စနေ မိုးငွေ့ဆီကို အဲဒီအထိုးကဒ်တွေပို့ပေး ရန်ကုန်မှာ လိုချင်တဲ့သူတွေများနေပြီ ရောင်းပေးမယ်လေ...ဟဲ ဟဲ..။ အော်...နဂါးရုပ်လေးကိုစောင့်နေမယ် ထပ်တင်ဦးနော် ထိုးပြီးရင် ဘယ်အခါပြီးပြီးပေါ့..။
ခင်မင်စွာဖြင့်
မိုးငွေ့
Post a Comment