အားနေရင် ဘာလုပ်စားရမလဲ? ဘာစားရမလဲလို့ တွေးနေတတ်တဲ့လူတွေထဲမှာ ကျွန်မလည်းပါတယ်။ ဒီလိုနေပူပူ နွေနေ့လယ်ခင်းမှာ ချဉ်ချဉ်စပ်စပ်တွေစားရတာက သိပ်အရသာရှိတယ်။ လူကိုအိပ်ငိုက်ရာက လန်းစေတယ်။ သရက်သီးပေါ်ချိန်လဲ ရောက်ပြီဆိုတော့ ဒီနေ့ကျွန်မ သရက်သီးသုပ်စားဖြစ်တယ်။
ဒီမှာက သရက်သီးအချိုနဲ့ အချဉ်ဆိုပြီး နှစ်မျိုးရှိတယ်။ အချိုက အစိမ်းတောင်မှတော်တော်ချိုတယ်။ မျိုးစပ်သီးတွေပေါ့။ အချဉ်သီးပဲ သုပ်စားလို့ကောင်းပါတယ်။ ကျွန်မသုပ်တဲ့သရက်သီးသုပ်က လူများရောင်းသလို ပဲမှုန့်၊ ဆီကျက်တွေနဲ့ သုပ်မှာမဟုတ်ပါဘူး။ ကျွန်မတို့တောရွာမှာ သုပ်စားသလို သုပ်ထားပါတယ်။ သုပ်ရလည်းလွယ်သလို စားလို့လည်းကောင်းပါတယ်။ တောသုပ်လေးဆိုပါတော့...
ဒီမှာက သရက်သီးအချိုနဲ့ အချဉ်ဆိုပြီး နှစ်မျိုးရှိတယ်။ အချိုက အစိမ်းတောင်မှတော်တော်ချိုတယ်။ မျိုးစပ်သီးတွေပေါ့။ အချဉ်သီးပဲ သုပ်စားလို့ကောင်းပါတယ်။ ကျွန်မသုပ်တဲ့သရက်သီးသုပ်က လူများရောင်းသလို ပဲမှုန့်၊ ဆီကျက်တွေနဲ့ သုပ်မှာမဟုတ်ပါဘူး။ ကျွန်မတို့တောရွာမှာ သုပ်စားသလို သုပ်ထားပါတယ်။ သုပ်ရလည်းလွယ်သလို စားလို့လည်းကောင်းပါတယ်။ တောသုပ်လေးဆိုပါတော့...
ငရုတ်သီးခြောက်ကို မီးဖုတ်ပါတယ်။ မီးဖုတ်ရအဆင်မပြေရင် လှော်လို့ရပါတယ်။
အမျှင်လှီးထားတဲ့ သရက်သီးထဲ မီးဖုတ်ထားတဲ့ ငရုတ်သီးခြောက်ကို ချွေထည့်ပါတယ်။
ကြံသကာ ပါးပါးလှီးထည့်ပါတယ်။ (ကြံသကာမရှိရင် သကြားထည့်လည်းရပါတယ်)
နောက် ဆား၊ ဟင်းချိုမှုန့်၊ ပဲငံပြာရည်တွေ လိုအပ်သလောက်ထည့်နယ်လိုက်ရင် ကျွန်မတို့အမြဲသုပ်စားတတ်တဲ့ တောသရက်သီးသုပ်ကို ရပါပြီ။
သရက်သီးသုပ်တစ်ပန်းကန်က ကျွန်မနဲ့ တူ၊ တူမလေးတွေရဲ့လက်ချက်ကြောင့် ခဏအတွင်းပြောင်သွားပြီး နောက်ဆုံးမှာ ငရုတ်သီးဖပ်တွေသာ ပန်းကန်ထဲ ဝမ်းနည်းပက်လက် ကျန်နေခဲ့ပါတယ်။ တူ၊ တူမလေးနဲ့ ကျွန်မမှာလည်း နှပ်ရည်၊ ချွေးရေတွေတရှုံ့ရှုံ့နဲ့ပေါ့.....း)
နိုင်းနိုင်းစနေ


11 comments:
စားချင်စရာနော်
သွားရေကျလိုက်တာဗျာ။ ကျနော်လည်း အဲဒါမျိုးကြိုက်တယ်။ ချဉ်ချဉ်စပ်စပ်ပေါ့။ အများကြီးတော့ မစားနိုငဘူး။ သွားကျိန်းလို့။
မားမားနိုင်းနိုင်း သရက်သီး စားချင်တယ် :(
ဒီမှာ စားစရာ သရက်သီးရှိဘူး :(
သွားရေယိုပြီး ပြန်တွားဘီ :(
နာတို့ မြစ်ကြီးနားမှာက ကြံသကာတို့ သကြားတို့ထည့်ဘူး ငပိတောင်ပါသေးတယ် :P
အဲလိုသုပ်ရင် အရမ်းကြိုက်တာ အမရေ
ငယ်ငယ်တုန်းကတော့ မေမေ သုပ်ကျွေးလို့ စားရတယ်။
ခုတော့ မစာရတာကြာပြီ။
အမသုပ်ထားတာကိုကြည့်ပြီ သရေကျသွားတယ်ဗျာ
မနိုင်း သရက်သီးသုပ်ရောင်းစားနေရပြီမှတ်လို့ အပြူးအပြဲလာကြည့်တယ်။
အကြိမ်ကြိမ် မျိုချ (တံတွေး) ပြီး ငိုမဲ့မဲ့နဲ့ ပြန်သွားရတယ်။
အားပါး..
စားချင်စရာကြီးပါလားမမနိုင်းရဲ့
:)
မနိုင်းသရက်သီးသုပ်က
ဖတ်နေရင်းနဲ့ တကယ်သွားရေယိုလာတယ်
ပါးစပ်ထဲကိုပြည့်လာတယ်
ကျွန်မတို့ နယ်မှာ သုပ်စားတဲ့ နည်းနဲ့တူတယ်..
တော်တော်လေးကို သတိရသွားတယ်...
ကျေးဇူး.......
ညစာစားနေတာ အချဉ်မပါတာနဲ့နိုင်းရဲ့ သရက်သီးသုတ်ကို နိုက်စားမိတယ်
SORRY NAW!
နိုင်းရေ---
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ
ကိုယ့်ကွန်မြူတာကလေးကောင်းသွားပြီ-
တိုက်ရိုက်ဋ္ဌကည့်လို့ရသွားပြီဗျ-
လိုင်းပေါ်တွေ့ ရင်ခေါ်အုံးနော်-
အခုတော့အိပ်ယာထမို့လို့ သရက်သီးကိုနဲနဲထမင်းဋ္ဌေက်ာနဲ့ 
စားသွားတယ်-ကျေးဇူးပါဗျာ-
အား---------နဲနဲစပ်တယ်
နိုင်းနိုင်းရေ..
မြစ်ကြီးနားမှာတော့ငါးပိလေးဖုတ်ထည့်သေးတယ်..
သွားရည်တောင်ယိုလာပြီ..
Post a Comment