တရုတ်နှစ်သစ်ကူးရင် TVမှာအစီအစဉ်ကောင်းတွေ လာတယ်။ ဘယ်လိုင်းကြည့်ကြည့် မီးလုံးနီနဲ့ ကျားရုပ်တွေချည်းပဲ။ ကျွန်မအကြိုက်က စတိတ်ရှိုးတွေဖြစ်တယ်။ ပရိသတ်တွေနဲ့ နှစ်သစ်ကူးကို ကြိုဆိုကြတဲ့ စတိတ်ရှိုးတွေမှာ ကျွန်မသိတဲ့ အဆိုတော်တွေပါသလို မသိတဲ့အဆိုတော်တွေလဲပါတယ်။
ဒီသီချင်းက စတိတ်ရှိုးမှာ ဆိုသွားတဲ့သီချင်းလေးဖြစ်တယ်။ အဓိပ္ပါယ်အကြမ်းဖျင်းက...
သီချင်းသီဆိုသူကတော့ ဟောင်ကောင်အဆိုတော် Alex To (杜德伟)ဖြစ်ပါတယ်။ သူ့ရဲ့ ဒီသီချင်းMVကို တချို့နိုင်ငံ TVလိုင်းတွေမှာ ပိတ်ထားပါတယ်။ ဘာကြောင့်ပိတ်လဲ youtube MVကိုကြည့်ရင် သိပါလိမ့်မယ်။
၂ဝဝ၉က အညစ်အကြေးတွေ၊ ဟန်ဆောင်တာတွေ၊ အလိုမကျတာတွေ၊ ဒေါသတွေချွတ်ပြီး ၂ဝ၁ဝကျားနှစ်မှာ ကျားတစ်ကောင်လို့ အားမာန်အသစ်တွေနဲ့ ပြည့်ဝကြပါစေ.... အားလုံး တရုတ်နှစ်ကူး အားလပ်ရက်နဲ့အတူ ပျော်ရွှင်သော ချစ်သူများနေ့ဖြစ်ပါစေလို့..
နိုင်းနိုင်းစနေ
ဒီသီချင်းက စတိတ်ရှိုးမှာ ဆိုသွားတဲ့သီချင်းလေးဖြစ်တယ်။ အဓိပ္ပါယ်အကြမ်းဖျင်းက...
အနွေးထည်ချွတ်ပစ် ချွတ်ပစ်
အင်္ကျီ ချွတ်ပစ် ချွတ်ပစ်
မျက်နှာဖုံး ချွတ်ပစ် ချွတ်ပစ်
ဇီဇာကြောင်တာတွေ ချွတ်ပစ် ချွတ်ပစ်
အကုန်လုံး ချွတ်ပစ် ချွတ်ပစ်
စည်းကမ်းစည်းမျဉ်းတွေ ချွတ်ပစ် ချွတ်ပစ်
မေတ္တာ၊ တဏှာ၊ အကျင့်သီလ၊ ကိုယ်ကျင့်တရား၊ စာရိတ္တတွေ
မွေးကတည်းက ပါလာတာမဟုတ်ဘူး....
အကုန်ချွတ် အသစ်လဲ ချွတ်ပစ် ချွတ်ပစ်
အများကြီးဝတ်ထားရင် အရမ်းလေးမယ်
တစ်ကိုယ်လုံး ပေါ့ပါးလတ်ဆတ်ဖို့ ချွတ်ပစ် ချွတ်ပစ်
အင်္ကျီ ချွတ်ပစ် ချွတ်ပစ်
မျက်နှာဖုံး ချွတ်ပစ် ချွတ်ပစ်
ဇီဇာကြောင်တာတွေ ချွတ်ပစ် ချွတ်ပစ်
အကုန်လုံး ချွတ်ပစ် ချွတ်ပစ်
စည်းကမ်းစည်းမျဉ်းတွေ ချွတ်ပစ် ချွတ်ပစ်
မေတ္တာ၊ တဏှာ၊ အကျင့်သီလ၊ ကိုယ်ကျင့်တရား၊ စာရိတ္တတွေ
မွေးကတည်းက ပါလာတာမဟုတ်ဘူး....
အကုန်ချွတ် အသစ်လဲ ချွတ်ပစ် ချွတ်ပစ်
အများကြီးဝတ်ထားရင် အရမ်းလေးမယ်
တစ်ကိုယ်လုံး ပေါ့ပါးလတ်ဆတ်ဖို့ ချွတ်ပစ် ချွတ်ပစ်
သီချင်းသီဆိုသူကတော့ ဟောင်ကောင်အဆိုတော် Alex To (杜德伟)ဖြစ်ပါတယ်။ သူ့ရဲ့ ဒီသီချင်းMVကို တချို့နိုင်ငံ TVလိုင်းတွေမှာ ပိတ်ထားပါတယ်။ ဘာကြောင့်ပိတ်လဲ youtube MVကိုကြည့်ရင် သိပါလိမ့်မယ်။
၂ဝဝ၉က အညစ်အကြေးတွေ၊ ဟန်ဆောင်တာတွေ၊ အလိုမကျတာတွေ၊ ဒေါသတွေချွတ်ပြီး ၂ဝ၁ဝကျားနှစ်မှာ ကျားတစ်ကောင်လို့ အားမာန်အသစ်တွေနဲ့ ပြည့်ဝကြပါစေ.... အားလုံး တရုတ်နှစ်ကူး အားလပ်ရက်နဲ့အတူ ပျော်ရွှင်သော ချစ်သူများနေ့ဖြစ်ပါစေလို့..
နိုင်းနိုင်းစနေ

2 comments:
Hi
We always like ur blog.Don't change ur style.
အမေရိကန် MTV ထက် အများကြီး ကြည့်လို့ သင့်တော်ပါတယ်။ Beach မှာ လမ်းသွားလျှောက် ရသလောက်ပဲ ရှိပါတယ်။
Post a Comment