သူငယ်ချင်းတွေ ကိုယ့်ဆီဘာချေးတာကို ကိုယ်မကြိုက်ဆုံးလဲ?
(၁) ပိုက်ဆံချေးတာမကြိုက်သူ
သင်ဟာ တစ်ဘက်သားကို ၈ဝ% မငြင်းဆန်တတ်သူဖြစ်တယ်။
သင်ဟာအရာရာOKဆိုတဲ့ အမျိုးစားထဲကဖြစ်တယ်။ တစ်ဘက်သားကို ထောက်ခံအားပေးတတ်သူဖြစ်တယ်။ သူငယ်ချင်းကြားမှာ မျက်နှာအပျက်မခံသူဖြစ်တယ်။ အရောင်းအဝယ်မဖြစ်သည့်တိုင် ထောက်ထားညှာတာစိတ် သင့်မှာရှိတယ်။ ပိုက်ဆံပေးမချေးတာနဲ့ အခင်အမင်ပျက်တဲ့ သူငယ်ချင်းမျိုး သင့်ဆီမှာမရှိဘူး။
(၂) ကားချေးငှားတာမကြိုက်သူ
သင်ဟာ တစ်ဘက်သားကို ၂ဝ% မငြင်းဆန်တတ်သူဖြစ်တယ်။
သင်ဟာ မျက်နှာပုပ်နဲ့ အေးစက်သူဖြစ်တယ်။ တစ်ဘက်သားကို အလိုမကျရင် မျက်နှာဆူပုပ်ပြတတ်တဲ့ ဟန်မဆောင်တတ်သူဖြစ်တယ်။ ဒီလိုလူမျိုးက တစ်ဘက်သားကို အလွယ်တကူ အထင်လွဲစေတယ်။
(၃) လက်ဝတ်ရတနာချေးငှားတာမကြိုက်သူ
သင်ဟာ တစ်ဘက်သားကို ၄ဝ% မငြင်းဆန်တတ်သူဖြစ်တယ်။
တစ်ဘက်သားပြောစကားကို နားမလည်သလိုလို ဒါမှမဟုတ် အလုပ်များချင်ဟန်ဆောင်ပြီး ရှောင်ထွက်သွားတတ်သူဖြစ်တယ်။ တစ်ဘက်သားအထင်လွဲမှာကိုလည်း စိုးရိမ်တတ်သူဖြစ်တယ်။ တစ်ဘက်သားကို ဘယ်လိုငြင်းဆန်ရမှန်းမသိလို့ ရှောင်ဖယ်တတ်သူလည်းဖြစ်တယ်။
(၄) အိမ်မွေးတိရစ္ဆာန်ချေးငှားတာမကြိုက်သူ
သင်ဟာ တစ်ဘက်သားကို ၉၉% မငြင်းဆန်တတ်သူဖြစ်တယ်။
တစ်ဘက်သားနဲ့ဆွေးနွေးပြီး အကောင်းဆုံးဖြေရှင်းနည်းကို သင်ပေးတတ်တယ်။ ဒီလိုလူမျိုးဟာ မေတ္တာနဲ့ သည်းခံစိတ်ရှိသူဖြစ်ပြီး သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ အခက်အခဲကို ဖြေရှင်းတတ်သူဖြစ်တယ်။
ကျွန်မက ကားလည်းမရှိ၊ လက်ဝတ်ရတနာလည်းမရှိ၊ အိမ်မွေးတိရစ္ဆာန်လည်းမရှိလို့ (၁)ကိုရွေးပါတယ်။ (၁)ကိုရွေးရတာကလည်း ပိုက်ဆံရှိလို့မဟုတ်ပါဘူး။ အပျော်ရွေးတာပါ။ ပိုက်ဆံမရှိမှန်းသိလို့ ဘယ်သူကမှ ကျွန်မဆီပိုက်ဆံလာမချေးဖူးသလို ကျွန်မလည်း ဘယ်သူ့ဆီမှ ပိုက်ဆံမချေးဖူးသေးပါဘူး။ ချေးမယ့်သူရှိရင်တော့ တစ်သက်စာလုံလောက်အောင် ချေးကြည့်ချင်ပါသေးတယ် :D ဗို့ကြတဲ့အတွက် ကျေးဇူတင်ပါတယ်..
နိုင်းနိုင်းစနေ


5 comments:
မဗုတ်တော့ဘူးဗျာ။ ဘာချေးတာမှ မကြိုက်ဘူးဆိုတဲ့ ရွေးချယ်ခွင့် မပါလို့။း-)
အမ.ပိုစ့်၃ခုလုံးvote တာအားလုံးမှန်နေတယ်ဗျာ
ချေးတာကိုတော့ မကြိုက်ဘူးရယ် မရှိပါဘူး.. ဒါပေမယ့် ပြန်ပေးဖို့တော့ လိုတာပေါ့နော်.. :D
တစ်သက်စာကြီးတော့ မချေးနိုင်ပေါင် :P
တူတူပဲ။ ကျန်တာကိုယ့်မှာမရှိလို့ အပေါ်ဆုံးက တစ်ခုပဲ ရွေးစရာရှိတယ်။ ဒါပေမယ့် မကြိုက်ဘူးချည်းလည်းမဟုတ်။ ပြန်ပေးမှာသေချာတဲ့သူကိုဆို ချေးတယ်။ တခြားသူဆိုရင်တော့ သူပြောထားတဲ့အတိုင်းပဲ။
Post a Comment