Wednesday, February 17, 2010

နယ်စပ်မြို့လေး တာချီလိတ်


တာချီလိတ်ခြံစည်းရိုးဖက်က မြင်ရတဲ့ မယ်ဆိုင်ချောင်းသာခြားထားတဲ့ ထိုင်းနိုင်ငံနယ်စပ်

တာချီလိတ်မြို့ဆိုတာ မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်အရှေ့နယ်စပ်က မြို့လေးတစ်မြို့ဖြစ်ပါတယ်။ တာချီလိတ်မြို့ကို ထိုင်းနိုင်ငံနဲ့ မယ်ဆိုင်ချောင်းလေးပဲ ခြားထားပါတယ်။


ဒုတိယနေ့ နွေကြိုပွဲလေးကို
ပင်ပန်းနွမ်းနယ်တာတွေ ပျောက်အောင် ဒီလိုအချဉ်သီးတွေဆက်ခဲ့ရတယ်။ တာချီလိတ်မြို့မှာ ဒီလိုအချဉ်တွန်းလှည်းတွေကို နေရာအနှံ့တွေ့ရပါတယ်။ ရာသီပေါ်အသီးတွေနဲ့ ဝမ်းစာရှာနေကြသူအများက မြန်မာပြည်အလယ်ပိုင်းက လာကြတဲ့ မြန်မာလူမျိုးတွေပဲဖြစ်ပါတယ်။

ထိုင်းနယ်စပ်ဖက်ကနေ ဝင်လာရင် ပထမဦးဆုံးတွေ့ရမယ့် တာချီလိတ်မြို့အဝင်ဝပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံဖက်ကို တရားဝင်ကူးတဲ့လက်မှတ်ကို ဒီနေရာမှာပဲ လုပ်ကြရပါတယ်။ တာချီလိတ်မြို့က ဈေး(၄)ဈေးထဲက တာလော့ဈေးကို ဒီနေရာမှာတွေ့ရပါတယ်။

တာလော့ဈေးက တရုတ်သိပ်ဆန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တာလော့ဈေးမှာ တရုတ်ထည်တွေ အလုံးအရင်းရောင်းလို့ပါပဲ။ တရုတ်ထည်တွေအပြင် ဒီလို မြန်မာဆန်ဆန် ကျောက်သင်ပုန်း ၊ လက်လုပ်ထည်၊ ဗုံ၊ မောင်း... စတာတွေကို တာလော့ဈေးမှာ တွေ့ရပါတယ်။

ညနေ(၆)နာရီမထိုးခင် ကျွန်မတို့တာလော့ဈေးကို ရောက်သွားချိန်မှာ ဈေးဆိုင်တွေက နွမ်းနွမ်းလျလျနဲ့ အသိမ်းခံနေကြရပြီ။ နေ့လယ်ဆိုရင် ကြက်ပျံမကျစည်တဲ့ တာလော့ဈေးထဲ ကျွန်မတို့အဖွဲ့ဝင်ရခက်မှာ စိုးတာကြောင့် ညနေဆိုင်သိမ်းချိန်မှာ ရွေးပြီးလာခဲ့ကြတာဖြစ်ပါတယ်။


တာလော့ဈေးက အင်မီဂရေးရှင်းရုံး အောက်တည့်တည့်မှာ ရှိပါတယ်။ ဒီရုံးအဆောက်အဦးထဲကနေ လက်မှတ်ပြပြီး ထိုင်းနိုင်ငံကို လမ်းလျှောက်ဖြတ်ဝင်နိုင်သလို၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ သုံးဘီးတွေနဲ့လည်း ဝင်နိုင်ပါတယ်။

တာချီလိတ်ကို အလည်ရောက်လာကြတဲ့ မြန်မာပြည်တွင်းထဲကလူတွေကို တာလော့ဈေးမှာ တွေ့ရတဲ့အပြင် ထိုင်းနိုင်ငံကလာတဲ့ ထိုင်းနိုင်ငံသား၊ အင်္ဂလိပ်လူမျိုးတွေကိုလည်း တာလော့ဈေးမှာ အများအပြားတွေ့ရတတ်တယ်။ အဓိက အလည်လာဈေးဝယ်သူတွေက ထိုင်းနိုင်ငံသားတွေပဲဖြစ်တယ်။ ဒါကြောင့် ဆိုင်ဝန်ထမ်းတွေကို ယိုးဒယားစကားတတ်မှ ခန့်တာများပါတယ်။

ထိုင်းနိုင်ငံသားတွေ တာလော့ဈေးကို အရမ်းကြိုက်ပါတယ်။ ဘာဖြစ်လို့ တာလော့ဈေးကို ကြိုက်သလဲဆို တာလော့ဈေးထဲမှာ သူတို့နိုင်ငံမှာ ဝယ်လို့မရတဲ့၊ မဝယ်နိုင်တဲ့ တရုတ်ပစ္စည်းတွေ ရောင်းလို့ပဲဖြစ်တယ်။

နာမည်ကြီးတံဆိပ် Rolex နာရီယူမလား? Gucci? JB 2? Swiss?

ဘာဘန်းခွေလိုချင်သလဲ? တာလော့ဈေးမှာ အကုန်ရှိတယ်။ ဆေးလိပ်၊ အရက်မျိုးစုံအကုန်ရပါတယ်။ နောက်ဆုံးပေါ် ဖုန်းယူမလား? i pad? နောက်ဆုံးပေါ် လျှပ်စစ်ပစ္စည်းအမျိုးမျိုး? နောက်ဆုံးပေါ် အဝတ်အထည် ကြိုက်တာယူပါ။ တာလော့မှာ တရုတ်ပစ္စည်းတွေ တီဗွီ၊ ကက်ဆက်တွေကအစ၊ ဆံညှပ်တွေအထိ ဈေးပေါပေါနဲ့ ဝယ်လို့ရတယ်ပါတယ်။

ဈေးပေါပေါဆိုလို့ ကိုယ့်ကိုယ် နိုင်ငံခြားသားစတိုင်လ်တော့ သွားမဖမ်းလိုက်နဲ့ တာလော့ဈေးက ပစ္စည်းတစ်ခုကို ဈေး၃ဆတက်ပြီး အချဉ်ရိုက်သွားပါလိမ့်မယ်။ မြန်မာလိုပဲမေးပါ။ သူပြောတဲ့ဈေးကို တစ်ဝက်ဆစ်ပါ။ တာလော့ဈေးမှာ ဈေးဆစ်တတ်ရင် လိုချင်တာ အကုန်ရပါတယ်။

သူဌေးတွေမှ သုံးနိုင်တဲ့ဆိုတဲ့ နာမည်ကြီးတံဆိပ် LV အိတ်? Prada? Burberry? Gucci? Chanel? D&G? လိုချင်တဲ့ အိတ်အကြီးအသေး၊ ဒီဇိုင်းအမျိုးမျိုး အကုန်ရှိပါတယ်။ အတုဆိုပေမယ့် ကွာလတီတွေတော့ မအောက်ပါဘူး။ အတုတန်ဖိုးနဲ့ သုံးပျော်မှာပါ။ ကျွန်မက အိတ်မကြိုက်သူမို့ မဝယ်ဖူးပါဘူး။

တာလော့မှာ တရုတ်ထည်တွေအပြင် မြန်မာ့ယွန်းထည်၊ ရွှေချည်ထိုး၊ ရှမ်းထမိန်၊ ချိတ်ထမိန်တွေကိုလည်း တွေ့ရတတ်ပါတယ်။ နိုင်ငံခြားသားအဝင်များပြီး ဒီနေရာမှာ သူတို့နိုင်ငံထက် ဈေးပေါတဲ့ပစ္စည်းတွေကို ဝယ်ယူနိုင်လို့ပါပဲ။

ကျွန်မတို့ တာလော့ကိုရောက်သွားချိန်မှာ မိုးချုပ်ဆိုင်သိမ်းကုန်ပါပြီ။ ပုံတွေလည်း ဝါးတားတားပဲ ရိုက်နိုင်ခဲ့ပါတယ်။ နောက်ရက်တွေမှ တာလော့ဈေးထဲသွားပြီး ပုံတွေရိုက်ခဲ့ပါအုန်းမယ်။ အခါအခွင့်သင့်ရင် တာချီလိတ်က တာလော့ဈေးကို အလည်လာဖို့ ဖိတ်ခေါ်ပါတယ်။ တာလော့တစ်ဈေးလုံးကို ကျွန်မတို့ရဲ့ နွေကြိုတေးသီချင်းတွေနဲ့ နေရာအနှံ့ဖြန့်ခဲ့တာကြောင့် ကိုယ်လိုချင်တဲ့အရာတွေနဲ့ တာလော့ဈေးက နွေးနွေးထွေးထွေး ကြိုဆိုနေပါလိမ့်မယ်ဆိုတဲ့အကြောင်း....

နိုင်းနိုင်းစနေ


Share/Bookmark

7 comments:

kokomaung.uk said...

ရောက်အောင်သွားသင့်တဲ့နေရာဘဲ။ ပျော်စရာကြီး။

mama said...

ဘာလိုချင်လည်းလို.မေးရင်
နိုင်းနိုင်းစနေ ထိုးတဲ.
အထိုးတွေ ၀ယ်လို.ရမယ်.အဆက်သွယ်လေး
လိုချင်ပါတယ်..
ကျေးဇူးတင်ပါတယ်..
မမ

ကိုဇော် said...

ရသလေးတစ်ခုပါပဲ မနိုင်းရေ..

မမြင်ဖူးတာလေးတွေ ...
မရောက်ဖူးတာလေးတွေ...
မတွေ့ဖူးတာလေးတွေ ...
တွေ့ရ ၊ သိရ ၊ မြင်ရ တော့. . .
ဘယ်ပဲပြောပြော ဗဟုသုတလည်း ဖြစ်တာပေါ့ဗျာ။

ဝေမျှတယ် ဆိုတာ သရေကျဖို့လည်းပါတယ်လေ။

ခင်မင်စွာဖြင့်
ကိုဇော်

Anonymous said...

Hal zay wae chin sa yar gyi.. i love shopping. Next destination will be tar lot market.thx for sharing, ma.:)*

NweYoe said...

March 5 ဆိုရင် အဲဒီမြို့လေးကို ခွဲခဲ့တော့မယ်ဗျာ ..

u u swe said...

Congratulation as i have to say you first for your information about THARCHILAKE.So again i would like to request you about KENGTONG (KYAINE TONE) which is nearby.I would be very excited to know about.Photo and information about the festival,history,tradition culture and any thing that were famous and popular.Hope to here from you soon.And thanks a million.

u u swe said...

Congratulation as i have to say you first for your information about THARCHILAKE.So again i would like to request you about KENGTONG (KYAINE TONE) which is nearby.I would be very excited to know about.Photo and information about the festival,history,tradition culture and any thing that were famous and popular.Hope to here from you soon.And thanks a million.