ရှေ့ရက်က အိမ်ပြန်တဲ့ဘတ်စ်ကား ဂိတ်ခဏထိုးရပ်တာနဲ့ ခရီးသည်တွေ တပြုံကြီးတိုးတက်လာခဲ့တယ်။ ကျွန်မဘေးမှာလာရပ်တဲ့ ရုံးဆင်းစစုံတွဲတစ်တွဲက ကျွန်မအကြည့်ကို ဖမ်းစားထားခဲ့တယ်။ လူများတာကြောင့် ကောင်လေးက သူ့လက်မောင်းနဲ့ ကောင်မလေးလက်ကို မကြာခဏချိတ်နေခဲ့တယ်။ ပြီးတော့ အသံတိုးလေးနဲ့ "ပင်ပန်းခဲ့ပြီလား? ခဏနေကျရင် ဘာစားချင်လဲ?" လို့ မေးနေခဲ့တယ်။
ကောင်လေးအပြောကို ကောင်မလေးက စိတ်မရှည်သလိုနဲ့ "စိတ်ရှုပ်လိုက်တာ... ဘာစားမယ်ဆိုတာ အရင်ဆုံးဖြတ်မထားဘူးလား! ခင့်ကိုပဲ အမြဲမေးနေတော့တာပဲ"လို့ ပြန်ဖြေတယ်။
ကောင်လေးက အပြစ်ရှိသူတစ်ယောက်လို ခေါင်းလေးငုံ့ပြီး ကျွန်မစိတ်ထဲမှာ အစဉ်မှတ်မိနေစေမယ့် စကားတစ်ခွန်းကို ပြောခဲ့တယ်။
"ခင်ကို အမြဲမေးရတာက ခင်ကြိုက်တာကို မောင်လိုက်စားမလို့ပါ။ ပြီးတော့ ခင်ကျေနပ်သွားတဲ့အပြုံးကို မောင်မြင်ချင်လို့၊ နောက်ပြီး အလုပ်မှာ အဆင်မပြေခဲ့တာတွေ ခင်ခဏမေ့ထားနိုင်ဖို့ပါ။ အလုပ်ထဲထိ ခင်ကိုလိုက်ကူညီဖို့ မောင်မစွမ်းနိုင်ခဲ့လို့ မောင် အခုလို ပြောမိတာပါ"
ကောင်လေးစကားကိုကြားတော့ ကောင်မလေးက ရှက်ရွံ့ရွံ့နဲ့ "ဆောရီး..." လို့ ပြန်တောင်းပန်တယ်။
"ကိစ္စမရှိပါဘူး.. ခင်စိတ်ချမ်းသာရင် တော်ပါပြီ" ဆိုပြီး ကောင်လေးက ကောင်မလေးနဖူးကို ငုံ့နမ်းလိုက်တယ်။
ကျွန်မဆင်းမယ့် ကားဂိတ်ရောက်တော့ ကားပေါ်ကမဆင်းခင် သူတို့နှစ်ယောက်ကို ကျွန်မပြန်လှည့်ကြည့်မိတယ်။ ကောင်လေးက သူချစ်တဲ့ကောင်မလေးကို ကာကွယ်စောင့်ရှောက်ထားတုန်းပဲ။
ဒီလိုမြင်ကွင်းသာ မတွေ့ခဲ့မိရင်၊ ဒီလိုစကားသာ မကြားခဲ့မိရင် ကျွန်မလည်း ဒီနေ့အလုပ်မှာကြုံခဲ့တဲ့ရတဲ့ စိတ်ရှုပ်စရာတွေနဲ့ အိမ်ပြန်ရောက်ရင် ကိုယ်ချစ်တဲ့သူကို မျက်နှာရှစ်ခေါက်ချိုးနဲ့ စူပုပ်ပြတော့မယ်။ ကိုယ့်ခံစားချက်ကိုသာသိပြီး ကိုယ်အလိုမကျတဲ့မျက်နှာကို ဘုမသိဘမသိ ရင်ဆိုင်ရမယ့် တစ်ဘက်သားရဲ့ခံစားချက်ကို ကျွန်မလျစ်လျူရှူမိတော့မယ်။ ပြီးတော့ မရည်ရွယ်ဘဲ ကိုယ်နဲ့အရင်းနှီးလူကို စိတ်ထိခိုက်စေတော့မယ်။
ဒါကြောင့် အိမ်ထဲမဝင်ခင် "ဘတ်စ်ကားပေါ်က ကောင်မလေးလို ကိုယ့်စိတ်ရှုပ်စရာတာတွေကို တစ်ဘက်သားအပေါ် စုပုံချရက်သလား?"လို့ ကျွန်မကိုယ်ကျွန်မ မေးမိတယ်။ အလုပ်မှာ အဆင်မပြေခဲ့တာတွေ၊ တစ်ခြားလူနဲ့ မကျေနပ်ခဲ့တာတွေကို ကိုယ်ချစ်တဲ့သူတွေအပေါ် ပုံချပြီး ကျွန်မတို့ရဲ့ဆက်ဆံရေးကို မဆိုးဝါးစေချင်ခဲ့ပါဘူး။
ဒီလို ကိုယ့်ခံစားချက်ကို ကိုယ်ဖမ်းချုပ်မထားနိုင်ချိန်မှာ ဒီလိုအမေးမျိုးကို ကျွန်မတို့ သတိရသင့်တယ်။ ဒါဟာလည်း စိတ်ရှုပ်စရာအခြေအနေမှာ အပြုံးတစ်ခုတိုးစေတဲ့ နည်းဖြစ်တယ်။
တစ်ခါက သစ်ခွပန်းတွေကို အရမ်းနှစ်သက်တဲ့ ဘုန်းကြီးတစ်ပါးရှိတယ်။ ဘုန်းကြီးဟာ ဘုရားတရားအားထုတ်ပြီး ပိုနေတဲ့အချိန်တွေကို ပန်းစိုက်တာနဲ့ပဲ ကုန်လွန်စေခဲ့တယ်။
တစ်နေ့မှာ ဘုန်းကြီးက တစ်ခြားနေရပ်တစ်ခုကို သွားဖို့အကြောင်းပေါ်တယ်။ မသွားခင် ပန်းတွေကို သေချာစောင့်ရှောက်ဖို့ ကိုရင်တွေကို မှာခဲ့တယ်။ ကိုရင်တွေကလည်း ပန်းကိုသေချာစောင့်ရှောက်ခဲ့ပါတယ်။ ဒါပေမယ့်တစ်ရက်မှာ ကိုရင်တွေက ပန်းရေလောင်းရင်း သစ်ခွစင်ကို မတော်တဆတိုက်မိခဲ့ကြတယ်။ သစ်ခွစင်ပြိုပြီး သစ်ခွအိုးတွေ ကွဲကြေခဲ့တယ်။ ဘုန်းကြီးနှစ်သက်တဲ့ သစ်ခွပန်းတွေ ကျိုးကြေခဲ့ရလို့ ကိုရင်တွေက အရမ်းထိတ်လန့်ခဲ့တယ်။ ဘုန်းကြီးပြန်လာချိန် တောင်းပန်ပြီး အပြစ်ခံယူဖို့ သူတို့ဆုံးဖြတ်လိုက်ကြတယ်။
ဘုန်းကြီးပြန်ရောက်တဲ့အခါ ကိုရင်တွေက အကျိုးအကြောင်းပြောပြတယ်။ ဘုန်းကြီးက စိတ်မဆိုးတဲ့အပြင် "ဘုန်းဘုန်း သစ်ခွပန်းစိုက်တာက ဘုရားကိုလှူဖို့ နောက်ပြီး ဘုန်းကြီးကျောင်းဝန်းကျင် စိမ်းစိမ်းစိုစိုနဲ့ လှပဖို့ဖြစ်တယ်။ စိတ်ဆိုးဖို့ သစ်ခွစိုက်ခဲ့တာမဟုတ်ဘူး" လို့ ဆိုတယ်။ ဘုန်းကြီးပြောတာ အဓိပ္ပါယ်ရှိပါတယ်။ စိတ်ဆိုး၊ ဒေါသထွက်ဖို့ သစ်ခွပန်းစိုက်ခဲ့တာ မဟုတ်ပါဘူး။ ဘုန်းကြီးက သစ်ခွပန်းကြိုက်တယ်ဆိုတာ မှန်ပေမယ့် သူ့စိတ်ထဲမှာ သစ်ခွဆိုတဲ့အစွဲကိုမထားဘူး။ ဒါကြောင့် သစ်ခွရှိတာနဲ့ သစ်ခွဆုံးရှုံးတာက သူစိတ်ကို ပျော်အောင်၊ ဒေါသထွက်အောင် မသက်ရောက်စေနိုင်ခဲ့ဘူး။
နေ့စဉ်လူ့ဘဝမှာ ကျွန်မတို့ရဲ့ လိုအင်တွေကများခဲ့တယ်။ ရယူတာနဲ့ ဆုံးရှုံးတာကို ကျွန်မတို့အရမ်း ဂရုစိုက်ခဲ့ကြတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ခံစားချက်က နိမ့်လိုက်မြင့်လိုက်နဲ့ ကျွန်မတို့ မပျော်ရွှင်ခဲ့ကြဘူး။
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ တွေ့ဆုံခဲ့ကြတာမဟုတ်ဘူး""
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ အလုပ်လုပ်နေတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ စာသင်နေတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ သူငယ်ချင်း မိတ်ဆွေထားတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ လင်နဲ့မယားအဖြစ် ကျွန်မတို့ ပေါင်းသင်းခဲ့တာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ ကလေးမွေးခဲ့ကြတာမဟုတ်ဘူး"
စိတ်တို၊ ဒေါသထွက်ချိန်မှာ ကျွန်မတို့ဒီလို တွေးတောနိုင်ခဲ့ကြရင် ကျွန်မတို့ရဲ့စိတ်ညစ်စရာ ခံစားချက်တွေကို ကျွန်မတို့ တနည်းနည်းနဲ့ ဖြေသိမ့်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
မူရင်း-- http://www.minghui-school.org
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

22 comments:
so touch ! :)
:) အရမ်းသဘောကျတယ်။
မမွန်
မှန်လိုက်တာ မနိုင်းနိုင်းစနေရယ် ကျွန်မမှာ အဲ့အကျင့်ဆိုးကြီးတစ်ခုရှိတယ်.. အရမ်းစိတ်ရူပ်ထွေးလာတိုင်း စိတ်တိုလာတိုင်း ဒေါသထွက်လာတိုင်း ကိုယ့်ချစ်တဲ့သူတွေကို စကားလုံးတွေနဲ့ ပြင်းပြင်းထန်ထန် ပစ်ပေါက်တတ်တဲ့ ပုံချတတ်တဲ့ အကျင့်ရှိတယ်..အခုလေးတင်ပဲ ချစ်တဲ့သူတွေကို လုပ်မိတယ် နောက် ကိုယ်ပဲ မျက်ရည်ပြန်ကျရတယ် ဖြစ်သွားသမျတွေက နောင်တရပေမယ့် ပြန်ပြင်လို့မရတော့တဲ့အခြေအနေတွေဖြစ်ကုန်တယ်
စိတ်တို ဒေါသဖြစ်ဖို့ ဘလောဂ်ရေးတာမဟုတ်ဘူး၊ စိတ်တို ဒေါသဖြစ်ဖို့ စီဘောက်ထားတာမဟုတ်ဘူး...
:)
သူတို့ ခမျာ... ငါ့ကိုဆဲချင်နေတာ ကြာပေါ့...။ ခုမှပဲ ကွန်မန့် တို့ စီဘောက်တို့မှာ လာဆဲကြရတာ...။ ဆဲကြပါစေ...။ သူတို့ပျော်ရင် ပီးတာပဲ ဆိုပြီး...
ံHow? အဒေါ်ကြီး
ကျေးဇူး မနိုင်း...
ကျွန်မရဲ့ အစိမ်းရောင်လွင်ပြင်က ကောင်းလိုက်ပျက်လိုက် ဖြစ်နေတာ တစ်ပတ်လောက်ရှိခဲ့ပြီ...
စိတ်လဲတို ဒေါသလဲထွက်ပေါ့.
ဒီစာလေးဖတ်လိုက်မှ ပြန်ဆင်ခြင်ဖို့ သတိရသွားပြီ.. စိတ်တိုဒေါသထွက်ဖို့ စာရေးတာ မဟုတ်ဘူးလို့ဘဲ
ကိုယ့်ကိုယ်ကို ပြန်ဖြေသိမ့်ရပါဦးမယ်..
ကောင်းလိုက်တာ
မှန်လိုက်တာဗျာ-
သာဓု သာဓု သာဓု
မနိုင်းရေ ... ခုတစ်လော စိတ်က ထစ်ဆို တိုတိုနေတတ်လို့ ... တိုက်တိုက်ဆိုင်ဆိုင် ဒီပို့စ်လေး ဖတ်ရတာ အကျိုးများလိုက်တာ ... ကျေးဇူး။
ဘုန်းကြီး ဖြေသွားတာ သဘောကြမိတယ်၊ နေ့ စဉ်တွေ့ နေရတာကဒေါသတွေပဲ၊
thanks for ur nice post sis nine nine!
မနိုင်း
စိတ်တိုဒေါသထွက်တတ်တဲ့အကျင့်ကိုဖျောက်ဖို့ကြိုးစားရမယ်။ ဟုတ်တယ်နော်.. တခါတရံ ကိုယ်ချစ်တဲ့သူတွေအပေါ်ကိုယ့်ရဲ့ စိတ်တိုဒေါသဖြစ်မှုတွေကို ပုံချခဲ့မိတယ်။ ပြန်စဉ်းစားရင်ကိုယ်ပဲစိတ်မကောင်းပြန်ဖြစ်ရတယ်။
ခင်တဲ့
သဒ္ဓါ
မနိုင်းနိုင်းရေ...
ဒီပို့စ်အတွက် ကျေးဇူးတင်ပါတယ်နော်။ ရင်ထဲမှာ တစ်ခုခုကို မြင်လိုက်ရသလိုပါပဲ။ သစ်ခွပင်စိုက်တဲ့ ဘုန်းကြီးပုံပြင်လေးက ကျွန်တော့်ကို ဖမ်းစားသွားပါတယ်။ သင်ခန်းစာလည်း ရလိုက်ပါတယ်။ ထပ်ဆင့် ကျေးဇူးတင်ပါတယ်အစ်မ။ စာတွေ ဆထက်တပိုး ရေးနိုင်ပါစေ။
အရမ်းကောင်းတာပဲအစ်မရယ်.....
ပညာရသွားတယ်..... :)
အစ်မလည်း စိတ်ချမ်းမြေ့ပါစေ......
ကောင်းလိုက်တာအတွေးစကားစု။ ရာဟုသား
အရမ်းကောင်းတယ်ဗျာ ကျွန်တော်ပြောချင်တာတွေ အကုန် Ko Nyan ပြောသွားတယ်။ ကျေးဇူးဗျာ အားလုံးကို။ ကိုယ့်ကိုကိုယ် အများကြီး ပြုပြင် ပြောင်းလဲ ယူရဦးမယ်လို့ လဲ မြင်သွားတယ်ဗျာ။ မနိုင်းနိုင်းကို ထပ်ဆင့်ကျေးဇူးတင်ပါတယ်ဗျာ။
သာမာန်လူတစ်ယောက် လိုက်လုပ်ဘို့တော်တော်ခက်လိမ့်မယ်
အင်းလေ. . ထူးခြားလို့လည်း စာဖွဲ့နေတာပေါ့
oh sis, you remind me something.... that I have been overlooked
I am just speechless...
Beautifully told..
m
hi,sis!good post!i want to take this post to my website!plx allow me!www.realove30yangon.ning.com u may be more happy and success!
မနိုင်းနိုင်းရေ...
ဒုတိယအကြိမ် ဒီပို့စ်ကို လာဖတ်ရတာပါ။
ကျေးဇူးတင်ပါတယ်။
ကျွန်တော့်ဒေါသတွေ ပျောက်သွားပါပြီ။
ကျေးဇူးတင်ပါတယ်.... ခုတလော စိတ်တိုနေတတ်လို့ ချစ်တဲ့သူတွေကို ကျီတိုက်မိနေတယ်...
Post a Comment