(၁) ကာတွန်းရုပ်လေးချိတ်ထားတယ်
သင်ဟာ ကလေးစိတ် မပျောက်သေးသူတစ်ယောက်ဖြစ်တယ်။ ဘယ်လိုအချိန်မျိုးမှာဖြစ်ဖြစ် ပျော်ရွှင်အောင်နေနိုင်ဖို့ သင်မျှော်လင့်တတ်ပေမယ့် လူအလို နတ်မလိုက်နိုင်ဆိုသလို များသောအားဖြင့် စိတ်ညစ်စရာတွေကိုပဲ သင်ဖြေရှင်းနေရတတ်တယ်။ သင်စိတ် အနက်ရှိုင်းဆုံးတစ်နေရာမှာတော့ ရိုးရှင်းပြီး အပူအပင်မဲ့တဲ့ ဘဝတစ်ခုကို သင်မျှော်လင့် တောင့်တနေတတ်တယ်။
(၂) ကံကောင်းစေတဲ့အဆောင် ချိတ်ထားတယ်
သင်ဟာ စိတ်ကူးယဉ်ဆန်သူဖြစ်တယ်။ လက်ရှိကိုယ့်အခြေအနေကို မကျေမနပ်ဖြစ်နေသူဖြစ်ပြီး အခွင့်အရေးကောင်းကို စောင့်မျှော်နေသူဖြစ်တယ်။ ကိုယ့်စိတ်ကူးအိပ်မက်တွေ ဘယ်တော့ အကောင်အထည်ပေါ်လာနိုင်မှန်း မသိပေမယ့် ထူးခြားလာမဲ့တစ်နေ့ကို သင်မျှော်လင့်နေတတ်တယ်။ ပျော်ပျော်နေတတ်တဲ့သင်က တစ်ချိန်ချိန်မှာ သင့်ဘဝပြီးပြည့်စုံ၊ အောင်မြင်လာနိုင်တယ်ဆိုတာကို ယုံကြည်ထားသူဖြစ်တယ်။
(၃) ရိုးရိုးပုံစံ or အသံမြည်တတ်တာ ချိတ်ထားတယ်
သင်ဟာ ကိုယ့်ကိုယ်ကို လုံခြုံစိတ်ချတယ်လို့ မထင်သူဖြစ်တယ်။ အစဉ်ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်ထဲမှာ သင်ဟာတည်ငြိမ်သူတစ်ယောက်အဖြစ် ဖြတ်သန်းနေပေမယ့် သင့်စိတ်ထဲမှာတော့ တောင်တောင်မြောက်မြောက် လျှောက်တွေးနေတတ်တယ်။ တည်ငြိမ်တဲ့ဘဝတစ်ခုကို သင်မျှော်လင့်ပြီး လုံခြုံစိတ်ချစွာ ဘဝကိုဖြတ်သန်းချင်သူဖြစ်တယ်။
(၄) ဘာမှချိတ်ဆွဲမထားဘူး
လွတ်လပ်မှုကိုကြိုက်တဲ့သင်က ကိုယ့်ကိုယ်ကိုတောင် မထိန်းချုပ်ချင်လောက်အောင် လွတ်လပ်မှုတွေပေးထားတယ်။ ဒါပေမယ့် စိတ်ကြိုက်လွတ်လပ်မှုမျိုး သင်မရခဲ့ဘဲ ဘဝရဲ့အချုပ်အနှောင်ကြားမှာ သင်ရှင်သန်နေရတယ်။ သင်ဟာ ကျုံ့နိုင်၊ ဆန့်နိုင်သူဖြစ်တာကြောင့် ဘယ်လိုပတ်ဝန်းကျင်မျိုးဖြစ်ဖြစ် သင့်လျော်အောင် သင်နေထိုင်တတ်တယ်။ အခွင့်အရေးရတာနဲ့ သင်ဟာ ကိုယ့်ကိုယ်ကို လွတ်လပ်မှုတွေပေးပြီး ကောင်းမွန်အောင် ပြုစုနေထိုင်တတ်သူဖြစ်တယ်။
***အင်တာနက်ပေါ်မှာဖတ်ရတဲ့ စိတ်အပျင်းပြေစရာလေး တစ်ခုပါ။ စိတ်အပျင်းပြေစေမယ်လို့ မျှော်လင့်ပါတယ်။ အပျင်းပြေတယ်၊ ဝါသနာပါတယ်ဆိုရင် ဗို့လေးတွေဗို့ပြီး အပျင်းပြေကစားနိုင်ပါတယ်။ အပျင်းပြေကစားတာမို့ ရာနှုန်းပြည့်တော့ မယုံကြည်စေချင်ပါဘူး။ ကျေးဇူးတင်ပါတယ်...
နိုင်းနိုင်းစနေ

8 comments:
ကျမက နံပါတ်(၄)ထဲမှာပါတယ်..။
ခင်မင်စွာဖြင့်
မိုးငွေ့
မနိုင်းရေ ၀ိုင်းကတော့ နံပါတ်(၁)ကို ရွေးထားတယ် နည်းနည်းတော့ နီးစပ်တယ် ကျေးဇူးတင်ပါတယ် ၀ိုင်းရဲ့ဆိုဒ်မှာလည်း vote လုပ်ထားတယ် ဒါမဲ့ လုပ်နည်းမမှန်လို့လားမသိ ပေးမရဘူးဖြစ်နေတယ် လုပ်ပုံလုပ်နည်းလေး ကူညီပါဦးနော်
ခင်မင်စွာဖြင့်
ဝိုင်း
ဘာမှ မချိတ်ဘူး ဖုံးသုံးလုံးတော့ကိုင်တယ်။
အဟဲ စီမီးကလေ ဘာမှချိတ်မထားဘူး ဂျ ဟိဟိ
မေနိုင်း ဟုန်ပေါင်းပေးလေ နှစ်ကူးပြီ ခိခိ
မမနိုင်း
သမီးက အရုပ်လေးတွေ အမျိုးစုံ ချိတ်တတ်တယ်။
မှန်သင့်သလောက်တော့ မှန်ပါတယ်။
မျှဝေပေးတာ ကျေးဇူးနော်
ကျွန်တော်လည်း ဘာမှမချိတ်ထားဘူး..
ဒါဆို နံပါတ် (၄) မှာပါတာပေါ့နော် ...း)
လွတ်လပ်ချင်တာတော့မှန်တယ်။ ဘယ်လိုပတ်ဝန်းကျင်မျိုးဖြစ်ဖြစ် သင့်လျော်အောင် နေထိုင်တတ်တာတော့
သိပ်မကိုက်ဘူး။
အပြင်သွားရင် ပစ္စည်းများများစားစား မသယ်ဘူး။
mp3, နာရီ အတွက် ဖုန်းတစ်လုံးကိုပဲ သုံးတယ်။
မှန်တယ်..
Post a Comment