Thursday, March 11, 2010

ရုပ်ပုံထဲက စကားလုံးများ


"လူကောင်း"ဆိုတဲ့စာလုံးက နှစ်လုံးတည်း
ဒါပေမယ့် ကျွန်တော့်နောက် ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ တစ်သက်လုံးလိုက်နေခဲ့တယ်။

နှစ်သက်ချိန်မှာ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်နေရင်
အချိန်တွေက အကုန်မြန်ပါတယ်။

နူးညံ့ပျော့ပျောင်းတဲ့ အသဲနှလုံးတစ်စုံက
ချစ်ခြင်းမေတ္တာတွေ အများကြီးထည့်နိုင်ဖို့ဖြစ်တယ်။

လူ့ဘဝရဲ့စိတ်ဝင်အစားဆုံးအရာက
နောက်ခြေတစ်လှမ်းမှာ ကိုယ်ဘာဖြစ်မယ်ဆိုတာကို မသိတာဘဲ

အတည့်စဉ်းစားလို့ မရရင်
ပြောင်းပြန်လှန်ပြီး စဉ်းစားကြည့်ပါ။

ငေးမောနေတဲ့ ပန်းပင်လေးတွေလို
တစ်ခါတလေမှာ လေယူရာ ယိမ်းနွဲ့ကြည့်ချင်တယ်။

အပြင်ပန်းသဏ္ဍာန် သန်မာလေ
အတွင်းစိတ်က နူးညံ့နွေးထွေးမှုတွေ လိုလေဖြစ်တယ်။

ငိုပြီးကျိတ်ခံမယ့်အစား ရယ်ပြီးလက်ခံလိုက်မယ်။

ရင်းနှီးကျွမ်းဝင်တဲ့လမ်း ဆိုပေမယ့်လည်း
လမ်း ပျောက်ပြန်ပြီ.....


လက်လျော့၊ စွန့်လွတ်ဖို့ နားလည်မှ
တကယ့်အောင်နိုင်ခြင်းကို ရတယ်။

http://www.youthwant.com.tw ထဲက ဖတ်ရတဲ့ ကာတွန်းလေးတွေပါ။ မျှဝေလိုက်ပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

10 comments:

ကာရံဆူး said...

မစနေရေ...ကာတွန်းလေးတွေနဲ့ ပုံလေးတွေက လိုက်ဖက်ပါတယ်...မျှဝေတာ ကျေးဇူးပါ...

နွေးနွေးသဲမွန် said...

ကာတွန်းလေးတွေ ကချစ်စရာကောင်း၊စာလေးတွေကမှတ်သားစရာကောင်း.. :-D

Thiri said...

thanks for sharing ma ma sanay

noblemoe said...

ကာတွန်းပုံလေးတွေနဲ့ စားလေးတွေကို မှတ်သားသွားပါတယ် မရေ မျှဝေတာကျေးဇူးပါ။
သာယာချမ်းမြေ့ပါစေနော်
မိုး

Anonymous said...

ကောမန့်တွေက လူမှုရေးအရ ပြောသလိုဘဲ

Anonymous said...

အမရေ
ဒီပို.စ်နဲ.တော.ဘာမှမဆိုင်ပါဘူး။အမ ပြီးခဲ.တဲ.ပို.စ်တခုမှာ
cross stich နဲ.ဘုရားပုံတော်ထိုးထားတာလေ၊
အဲ.ဒါ အမပေးထားတဲ.လင်.ခ် ကိုသွားကြည်.ပြီး အမထိုးတဲ.ပုံတော်မျိုးကို အင်တာနက်ကနေ မှာလိုက်တာ ရောက်လဲမရောက်လာဘူး၊ဘာဖြစ်လို.လဲတော.မသိဘူး။
ကျမတို.မှာတာက ဂျပန်ကနေ မှာတာပါ။
အမရောဘယ်ကနေ၀ယ်တာလဲဟင်။
ကျမက ၀ယ်မယ်ဆိုရင် ချည်ရော၊ ထိုးရမယ်.အစရော၊ kit ကအစ ၀ယ်ချင်တာပါ

ကျေးဇူးတင်ပါတယ်

Anonymous said...

ပုံ နဲ. စာ လေးတွေ လှလို့ copy လုပ်ပါရစေနော် မနိုင်းနိုင်း

AungPaiSoe said...

လူဆိုး ဆိုတဲ့ စကားလုံးကလည်း နှစ်လုံးထဲပဲ..
ကျွန်တော်နောက်ကနေ ဗြောင်းဆန်အောင် လှုပ်ခတ်နေတာပဲ... :)

မိုးငွေ့...... said...

ကာတွန်းလေးတွေကချစ်စရာကောင်းပြီး အဓိပ္ပါယ်လည်းကောင်းတယ်...။

ခင်မင်စွာဖြင့်
မိုးငွေ့

Platinum Bird said...

To Anonymous.

I also ordered one from that website. It took around 2 weeks to arrive to UK. I've already received it. If you still haven't received the item yet, I suggest you to ring their contact phone number and trace the order. Thanks.