Monday, March 15, 2010

အချစ်ရုပ်ရှင် သင်ခန်းစာ


ဂီတအနုပညာသမိုင်းမှာ နာမည်ကြီးခဲ့တဲ့ အချစ်တစ်ခုရှိခဲ့တယ်။ အဲဒီအချစ်ထဲမှာ ပါဝင်သူသုံးဦးက ဂျာမဏီက နာမည်ကြီး ဂီတပညာရှင်တွေဖြစ်တဲ့ Robert Schumann(1810-1856)၊ သူ့ဇနီး Clara Schumann (1819-1896)နဲ့ Johannes Brahms(1833-1897)တို့ဖြစ်တယ်။ သူတို့ရဲ့အချစ်ကို ပိတ်ကားပေါ်အထိတင်ပြီး "Beloved Clara(Geliebte Clara)"လို့ နာမည်ပေးရိုက်ကူးခဲ့ကြတယ်။ အဲဒီထဲကနေ သူတို့သုံးဦးရဲ့ ဂီတဖလှယ်မှု၊ စိတ်ဖလှယ်မှုနဲ့ တက်ကြွပြင်းထန်တဲ့ အချစ်နဲ့ရင်းနှီးမှုတွေကို တွေ့ရတယ်။

ဒီခေတ်မှာ အချစ်စာတွေကို မက်ဆေ့၊ အီးမေးလ်တွေနဲ့ အလွယ်တကူပေးနိုင်ခဲ့လို့ စိတ်လှုပ်ရှားမှု၊ ဆန်းသစ်ထီထွင်မှုတွေ နည်းခဲ့ကြတယ်။ Clara ကို Schumann ပိုးပန်းတုန်းက သူ့အစွမ်းအစကို Schumann ကောင်းကောင်းအသုံးချခဲ့တယ်။ အဲတာကတော့ သာယာနာပျော်ဖွယ်ကောင်းတဲ့ စန္ဒယားတေးသံ ၁၃ပုဒ်ကို (Kinderszenen ("Scenes from Childhood") ရေးသားခဲ့တာဖြစ်တယ်။

Schumann (၁၈)နှစ်အရွယ်မှာ Claraရဲ့ဖခင်ဆီကနေ စန္ဒယားတီးသင်ခဲ့တယ်။ အဲဒီတုန်းက အသက်ငယ်ရွယ်တဲ့ Claraရဲ့ ပြောင်မြောက်တဲ့ဂီတလက်ရာက သူ့ကိုဖမ်းစားစေခဲ့တယ်။ နောက်ပိုင်းမှာ နှစ်ဦးသား စန္ဒားအတူတီးကြ၊ ဂီတဆွေးနွေးကြနဲ့ တစ်အိမ်သားချင်းလို သံယောဇဉ်ဖြစ်သွားခဲ့တယ်။ ဒီလိုသံယောဇဉ်က တစ်နေ့တခြားကြီးပြင်းလာတဲ့ Claraနဲ့အတူ လိုက်ကြီးပြင်းခဲ့ပြီး အချင်းချင်း ချစ်ကြိုက်ခဲ့ကြတယ်။ ဒါပေမယ့် အသက်အရွယ်ကွာဟမှု၊ နောက်ပြီး ဂီတပညာရှင်တွေက မကြီးပွါးတတ်ဘူးဆိုပြီး Claraဖခင်က ကန့်ကွက်ခဲ့တယ်။ အပြင်းအထန်ကန့်ကွက်မှုတွေက သူတို့နှစ်ယောက်ရဲ့ အချစ်မီးကို မငြိမ်းနိုင်ခဲ့ဘူး။ ဂီတက သူတို့နှစ်ဦးရဲ့ ဘာသာစကားဖြစ်ခဲ့တယ်။ Schumannက ဂီတနဲ့ သူ့ရင်ထဲကအချစ်တွေကို ဖော်ကျူးခဲ့တယ်။ စကားလုံးမပါတဲ့ သံစဉ်တွေဆိုပေမယ့် အဲဒီသံစဉ်တွေထဲကနေ သူ့စိတ်ခံစားချက်ကို Clara ဖတ်နားလည်ခဲ့တယ်။ အဲဒီသံစဉ်တွေက Claraကို သူရေးပေးတဲ့ အချစ်စာတွေဖြစ်တယ်။ သံစဉ်တွေထဲမှာ သူတို့နှစ်ဦးရဲ့ အမှတ်တရတွေ ပြည့်နေခဲ့တယ်။

တတိယလူရဲ့ကြားဝင်မှုနဲ့ အချစ်ကိုအကောင်းဆုံး ဆန်းစစ်နိုင်တယ်

အချင်းချင်းချစ်ကြသူနှစ်ဦးရဲ့ ချစ်ခရီးလမ်းက သာသာယာယာနဲ့ ဖြောင့်ဖြောင့်ဖြူးဖြူး လျှောက်လှမ်းနိုင်ကြတယ်။ ဒါပေမယ့် ချစ်သူနှစ်ဦးကြားမှာ နောက်လူတစ်ယောက်(တတိယလူ) ကြားမဝင်လာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ? ဒီတတိယလူက ဘယ်လိုစိတ်သဘောထား၊ ဘယ်လိုပုံစံနဲ့ ထွက်ပေါ်လာနိုင်မလဲ? လေးစားအားကျလို့လည်း ဖြစ်နိုင်သလို ချစ်သူနှစ်ဦးကြားဝင်ဖို့ ဘယ်တော့မှ မတွေးခဲ့သူလည်းဖြစ်နိုင်တယ်။ ကြိုတင်ကြံစည်ထားတာပဲဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ် ချစ်သူနှစ်ဦးကြားမှာ တတိယလူရဲ့ အင်အားက အရမ်းကို ကြီးမားခဲ့တယ်။ အဲဒီအင်အားက အချစ်ကို ထိခိုက်ပျက်စီးစေနိုင်ခဲ့တယ်။ ဒါပေမယ့် ချစ်သူနှစ်ဦး အချင်းချင်းယုံကြည်မယ်၊ တကယ့်အချစ်နဲ့ချစ်ကြမယ်ဆိုရင် ဒီလိုကြားဝင်မှုက အချစ်ကို အကောင်းဆုံးဆန်းစစ်ပေးပြီး ပိုမိုခိုင်မြဲစေနိုင်ပါတယ်။

Johannes Brahmsက ဖျော်ဖြေမှုတစ်ခုမှာ Claraရဲ့ပြောင်မြောက်တဲ့လက်ရာနဲ့ အလှဆွဲဆောင်မှုကြောင့် Claraကို ချစ်သွားခဲ့မိတယ်။ သူတို့ဇနီးမောင်နှံအချစ်က လေးစားအားကျသူ ပရိသတ်ကြောင့် ထိခိုက်နိုင်ကြောင့် Schumann နားလည်လိုက်တယ်။ Brahmsဆိုတဲ့လူငယ်ရဲ့ အနုပညာကိုလည်း Schumann အသိအမှတ်ပြုမိတယ်။ Brahmsက Claraအပေါ်ထားတဲ့ သူ့အချစ်ကို မဖုံးကွယ်ခဲ့ဘူး။ ကိုယ့်ထက်(၁၄)နှစ်ကြီးတဲ့ Claraကိုချစ်မိတဲ့ Brahmsရဲ့အချစ်မှာ လန်းဆန်းတက်ကြွမှုကို Schumann တွေ့လိုက်မိတယ်။ အိုမင်းနာမကျန်းဖြစ်နေတဲ့သူနဲ့ နှိုင်းယှဉ်ကြည့်ရင် ဆွဲဆောင်မှု၊ ဖြားယောင်းမှုပိုခဲ့တယ်။ သူ့သားသမီးနဲ့ Brahmsရဲ့ ရင်းနှီးမှုက ဖခင်လုပ်တဲ့ သူ့ထက်တောင်ပိုခဲ့တယ်။ သဝန်တိုစိတ်နဲ့ သူ့ရောဂါတွေ တစ်နေ့တခြား ပိုဆိုးလာခဲ့တယ်။ ရှုပ်ထွေးတဲ့ခံစားချက်တွေက သူ့အိမ်ထောင်ရေးနဲ့ သူ့အလုပ်ကို ထိခိုက်လာစေခဲ့တယ်။

အချစ်တည်မြဲခြင်း လျှို့ဝှက်ချက်က တစ်ဘက်သားရဲ့ကောင်းကွက်ကို အချိန်တိုင်း အမှတ်ရနေတာပဲ ဖြစ်တယ်။

အရမ်းချစ်ကြတဲ့ ချစ်သူအချင်းချင်း အတူနေပြီးနောက် အထူးသဖြင့် တစ်ယောက်ယောက်က ဖျားနာပြီဆိုရင် ဖျားနာသူရဲ့စိတ်ခံစားချက်က ပိုပိုဆိုးလာပြီး စိတ်တို၊ ဒေါသဖြစ်လွယ်နိုင်သလို ပြုစုစောင့်ရှောက်သူရဲ့ စိတ်ကလည်း ပြုစုလေငြိုငြင်လေ ဖြစ်လာတတ်တယ်။ ဒါပေမယ့် Claraက ဂီတမှာထက်မြက်သလို ကံကောင်းစွာနဲ့ သူ့ကိုချစ်တဲ့လူတစ်ယောက်နဲ့ ကြုံခဲ့ရတဲ့အပြင် သူချစ်တဲ့လူကိုလည်း ဘယ်လိုချစ်ရမယ်ဆိုတဲ့ အသိဥာဏ်ရှိခဲ့တယ်။

ဖခင်ရဲ့ကန့်ကွက်တားမြစ်တာကို မနာခံဘဲ သူ့ထက်(၁ဝ)နှစ်ကြီးတဲ့ Schumannကို Claraယူခဲ့တယ်။ Schumann က သူ့အတွက် ဆရာဆိုလည်းဟုတ်၊ ချစ်သူ၊ သူငယ်ချင်းဆိုလည်း မှန်ခဲ့တယ်။ Schumannရဲ့ ကာကွယ်စောင့်ရှောက်မှုကြောင့် အဲဒီတုန်းကရှေးဆန်တဲ့ခေတ်မှာ သူအနုပညာတွေကို ပြသခွင့်ရခဲ့တယ်။ Schumann နာမကျန်းဖြစ်ချိန်မှာ Schumannကိုယ်စား ဂီတဝိုင်းကိုဦးဆောင်ပြီး စန္ဒားပညာအပြင် တစ်ခြားဂီတပညာကို သူထုတ်ဖော်ပြသနိုင်ခဲ့တယ်။ ခေါင်းကိုက်ဝေဒနာကြောင့် Schumann စိတ်တိုဒေါသထွက်တိုင်း Schumannရဲ့ခံစားမှုကို သူနားလည်လက်ခံခဲ့တယ်။ သားသမီးတွေကို ချော့သိပ်သလို Schumannရဲ့ ခံစားချက်ကို သက်တောင့်သက်သာဖြစ်အောင် သူကြိုးစားခဲ့တယ်။

Schumannဖန်တီးတဲ့ဂီတနဲ့ အိမ်စောင့်ရဲ့စကားတစ်ခွန်းကို သူစိတ်ထဲ စွဲစွဲမြဲမြဲမှတ်ထားခဲ့မိတယ်။

"သူနဲ့ပြောဆို၊ ပေါင်းသင်းဖို့ မလွယ်ကူတဲ့အခါ သူ့ဂီတကြောင့် တစ်ချိန်က ကိုယ်ဘယ်လို စိတ်လှုပ်ရှားခဲ့တယ်ဆိုတာကို သတိရပေးပါ"

အဲဒီလို Schumannရဲ့ကောင်းကွက်ကိုပဲ သူမှတ်ထားခဲ့ပြီး Brahmsရဲ့ အရူးအမူးတောင်းဆိုတဲ့ အချစ်အောက်မှာ ခင်ပွန်းဖြစ်တဲ့ Schumannကို သူမစွန့်ပစ်ရက်၊ မခွဲရက်ခဲ့ဘူး။

အသက်အရွယ်ကွာခြားတဲ့ ဒီနာမည်ကြီး အချစ်ဇာတ်လမ်းမှာ အသက်ကွာခြားမှုက အဓိကမဟုတ်ဘဲ အချင်းချင်း ရင်ထဲကလာတဲ့ အချစ်စစ်သာလျှင် အဓိကဖြစ်ကြောင်း ကျွန်တော်တို့တွေ့လိုက်ရတယ်။ Schumann၊ Claraနဲ့ Brahms တို့ဟာ တစ်သက်မှာတစ်ယောက်ကိုပဲ ချစ်ခဲ့ကြသူဖြစ်တယ်။ သူတို့ရဲ့ တကယ့်အချစ်၊ သူငယ်ချင်းအချစ်ပုံပြင်က ဂီတနယ်မှာ လူတွေပြောစမှတ်အဖြစ် တွင်ကျန်ရစ်ခဲ့တယ်။

http://www.youtube.com (Beloved Clara-Trailer)

မူရင်းရေးသားသူ - SuShiYin (蘇士尹)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

4 comments:

anonymous:) said...

Brahm က Clara ကိုကြိုက်တာ Schumann နဲ့ ယူပြီးမှလား မယူခင်လား .. ယူပြီးမှလို့ နားလည်လို့ရပေမဲ့ အဓိပ္ပါယ်က နှစ်မျိုးဖြစ်နေတယ်

စာတွေကြောင်းတွေက တိုက်ရိုက်ဘာသာပြန်ထားတော့ တော်တော် ဂရုစိုက်ဖတ်ရတယ်
ပြီးတော့ တအားရှည်တယ် စာတစ်ကြောင်း တစ်ကြောင်းက .. မရှင်းဘူးး

စာပုဒ်တွေလဲနေရာလွဲနေလားလို့...

:D

မင်း

anonymous:) said...

အဲ့လဲ့ ငါ တစ်ဟ ... :P

နိုင်းနိုင်းစနေ said...

ဟီး..ဟီး
ဘာသာပြန်ညံ့လို့ ဖတ်ရမရှင်းခဲ့ရင် ဆောရီးနော်..
မယူခင်ကတည်းက ကြိုက်ခဲ့ရင် Brahm ကိုပဲ Claraယူခဲ့မယ်ထင်တယ် :P
ရုပ်ရှင်ကြည့်ရင် ပိုရှင်းသွားမယ်ထင်တာပဲ.. မကြည့်ဖူးသေးဘူး.. ;)

Anonymous said...

ယုံကြည်သူက သစ္စာဖောက်ခံရတဲ့ခံစားချက်က အဆိုးရွားဆုံးဘဲ ဘာကိုနားလည်ပေးရမလဲမသိတော့ဘူး။
တစ်ယောက်ယောက်ကို ရွေးချယ်လိုက် ရင်တော့ အားလုံးအတွက်ပိုကောင်းမယ်။ နာကျင်ရတဲ့လူတွေက တစ်ယောက်ထဲ ဒါမှမဟုတ် နှစ်ယောက်ထဲ ဘဲဖြစ်မယ်။
အရမ်းတစ်ကိုယ်ကောင်းဆန်တယ်လို. မြင်မိပါတယ်။