Thursday, March 18, 2010

ရှင်လောင်း... ရှင်လောင်း... ပဲသီးထောင်း




အခုဆိုရင် မြန်မာပြည်မှာ နွေရာသီကျောင်းပိတ်ရက်ပေါ့။ ကျောင်းပိတ်တော့ ကလေးလေးတွေ ရှင်လောင်းဝတ်ကြတယ်။ ရှင်လောင်းရာသီဆိုလည်း မမှားဘူးပေါ့။ မြို့ပေါ်ရှင်လောင်းတွေက ကားစီးပြီးလှည့်ကြတယ်။ ကျွန်မတို့ရွာက ရှင်လောင်းတွေက မြင်းစီးဒါမှမဟုတ် လူထမ်းပြီးလှည့်ကြတယ်။ ဘာပဲစီးစီး၊ ဘယ်လိုလှည့်လှည့် အလှူပေးကြတဲ့ ကျောင်းဒကာ၊ ဒကာမတွေရဲ့ မျက်နှာတွေက တပြုံးပြုံးနဲ့ပေါ့။ ဒီမနက် အိမ်ရှေ့ဖြတ်သွားတဲ့ ရှမ်းရှင်လောင်းလေးတွေကို လိုက်ရိုက်ဖြစ်တယ်။ ကင်မရာသေးသေးလေးနဲ့ ဗီတီယိုရိုက်တော့ ပုံတွေက မကောင်းဘူး။ မလုပ်တတ်လုပ်တတ်နဲ့ editထားတယ်။ မြို့မှာဆိုတော့ ဗုံတီးသံကလွဲရင် အော်သံတွေ သိပ်မကြားရဘူး။ ကျွန်မတို့ရွာမှာတော့ အော်ကြတယ်။

ရှင်လောင်း... ရှင်လောင်း... ပဲသီးထောင်း
ရှင်လောင်းအစ်မ ငါနဲ့ရ
ရှင်လောင်းအမေ.................. အလုပ်များနေ

နယ်စပ်မြို့လေးဆိုတော့ ဒီကပဒေသာပင်တွေက ဘတ်ငွေတွေချည်းပဲ၊ တစ်ရာတန်၊ ငါးဆယ်တန်၊ နှစ်ဆယ်တန်တွေနဲ့ လှူနိုင်ဒါန်းနိုင်ကြတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

3 comments:

မောင်ဘကြိုင် said...

အဲလိုကြီးအော်ကြလားဗျး)
ကျွန်တော်က ဒီလကုန် သင်္ကန်းစီးမှာ
ဘယ်လိုအော်ရင်ကောင်းမလဲမသိဖူးး)

Anonymous said...

ရှင်လောင်း......ရှင်လောင်း....ပဲပုပ်ထောင်း

Anonymous said...

မနိုင်းနိုင်း .. ရှင်လောင်းအမေ အလုပ်များနေတာမဟုတ်ဘူး။
ညီမသိတယ်။ ဘယ်လိုဆိုကြလဲဆိုတာ။
ဟိ