Thursday, March 18, 2010

ပြန်လည်တွေ့ဆုံကြပါဦးစို့


ကျွန်မတို့ တောင်ကြီးမြို့ကိုဝင်တဲ့ အတက်လမ်းနဲ့အဆင်းလမ်း နှစ်ခုဆုံတဲ့ ပစောက်ကွေ့နားမှာ ဆိုင်းပုဒ်ကြီးတစ်ခု ထောင်ထားတယ်။ အတက်လမ်းဆိုင်းပုဒ်ဘက်မှာ "ကြိုဆိုပါ၏"လို့ ရေးထားပြီး အဆင်းလမ်းဘက်မှာ "ပြန်လည်တွေ့ဆုံကြပါဦးစို့"လို့ ရေးထားတယ်။ ကျွန်မတို့က တောင်ကြီးမြို့နဲ့ရွာကို အဆင်းအတက်အမြဲလုပ်နေတော့ တောင်ကြီးမြို့က ကျွန်မတို့ကို ကြိုဆိုလိုက်၊ ပြန်လည်တွေ့ဆုံမယ်လို့ နှုတ်ဆက်လိုက်နဲ့ပေါ့။

ကျွန်မတို့မှာလည်း ဘဝအကွေ့တွေကများတော့ လူတွေနဲ့ တွေ့ဆုံလိုက်၊ ကွဲကွာလိုက်ပေါ့။ နေစရာအတည်တကျမရှိတဲ့ ကျွန်မမှာလည်း ဟိုရောက်လိုက် ဒီရောက်လိုက်ပါပဲ။ ခုလည်း ဘဝအကွေ့လေးတစ်ခုမှာ ပြန်လည်တွေ့ဆုံကြပါဦးစို့လို့ ကျွန်မနှုတ်ဆက်ဖို့ အချိန်တန်ခဲ့ပါတယ်။ ဆရာမအလုပ်ကထွက်၊ အင်တာနက်ကိုရောင်းပြီး ကျွန်မရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စအတွက်နဲ့ တောင်ကြီးမြို့ကို ပြန်ပါတော့မယ်။ တောင်ကြီးကိုရောက်ရင် အင်တာနက်အခက်အခဲနဲ့ တစ်ခြားအခက်အခဲတွေကြောင့် အရင်ကလိုပို့စ်တွေကို မျက်စိနောက်လောက်အောင် တင်နိုင်တော့မှာ မဟုတ်ကြောင်း အများဝမ်းသာရအောင် အားနာပါးနာ ပြောခဲ့ချင်ပါတယ်။

ဘလော့ရေးခဲ့တဲ့ လေးနှစ်တာကာလအတွင်း အမြဲလာရောက်ဖတ်ရှု အားပေးကြသူအပေါင်းကို အထူးပဲကျေးဇူးတင်ပါတယ်။ ကျွန်မဘာရေးရေး ဖတ်ရှုပေးကြတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ ဟုတ်တာရော၊ မဟုတ်တာတွေရော ပို့စ်ပေါင်းများစွာ ကျွန်မရေးခဲ့ပါတယ်။ အဲဒီပို့စ်တွေကို မကြာခင်မှာ စာအုပ်တွေအဖြစ်နဲ့ Synergy Publication စာအုပ်တိုက်ကနေ ထွက်ရှိလာအုန်းမှာပါ။ အဲဒီအခါကျရင်လည်း ဆက်လက်အားပေးကြပါအုန်းလို့...း)

ဒီနှစ်တွေအတွင်း ကျွန်မဘက်က တစ်ခုခုအမှားအယွင်း လုပ်ခဲ့မိတာပဲဖြစ်ဖြစ်၊ ရိုင်းစိုင်း မောက်မာခဲ့မိတာပဲဖြစ်ဖြစ်ရှိခဲ့ရင် အပြစ်မယူဘဲ အသိ
ိဉာဏ်မဲ့သူအဖြစ် ခွင့်လွတ်နားလည်ပေးကြဖို့ တောင်းပန်ပါတယ်။

တောင်ကြီးကို လာလည်ကြဖို့ ဖိတ်ခေါ်ပါတယ်။ အခါအခွင့်သင့်လို့ တောင်ကြီးကိုရောက်ခဲ့ရင်လည်း ကျွန်မကို ဆက်သွယ်နိုင်ပါတယ်။ အိမ်ကြီးအိမ်ကောင်းတွေ မပိုင်ဆိုင်ထားပေမယ့် နွေးထွေးတဲ့ ကြိုဆိုမှုတော့ရှိပါတယ်။ လိုအပ်တဲ့ အကူအညီရှိရင်လည်း ကျွန်မကိုသတိရပါလို့... ဘလော့မရေးဖြစ်တော့ပေမယ့် တတ်နိုင်သလောက် ကူညီမှုတော့ ကျွန်မမှာရှိပါသေးတယ်။

အားလုံး လိုအင်ဆန္ဒပြည့်ဝကြပါစေလို့
တစ်ချိန်ချိန်မှာ
ကျွန်မတို့ ပြန်လည်တွေ့ဆုံကြရအောင်....

အားလုံးကို ခင်မင်လေးစားလျှက်

နိုင်းနိုင်းစနေ


Share/Bookmark

132 comments:

Anonymous said...

sorry to hear that.
I will miss u.

CTM

သစ်သစ် said...

ဟယ် မနိုင်းနိုင်းရယ် ဒီပို့စ်ကတော့ စိတ်အထိခိုက်ဆုံးပါပဲ..သစ်သစ်အမြဲဖတ်ပေမယ့် တစ်ခါမှမရေးခဲ့မိဘူး စာရေးကောင်းသူမို့ နှမြောမိတာအမှန်ပါပဲ .... အဆင်ပြေပါစေနော်...
ခင်မင်လျှက် သစ်သစ်

may said...

မနိုင်း၂ရေ ဘလော့စဖတ်ကတည်းက ဒီဘလော့လေးက ပညာလည်းရ ဗဟုသုတလည်းရတဲ့ အကျိုးပြုတဲ့ ဘလော့လေးဖြစ်လို့  နှစ်သက်သဘောကျ လေးစားနေတာပါ
မကြာခင် တောင်ကြီးမှာ အဆင်ပြေသွားရင် မနိုင်း၂ရဲ့  စာတွေကို ပြန်ဖတ်ရမယ်လို့  မျှော်လင့်လျှက်ပါ
အမြဲလာဖတ်ပေမယ့် ကွန်မန့် မရေးဖြစ်တာပါ
အားလုံးအဆင်ပြေလို့  စာပြန်ရေးနိုင်ပါစေ မနိုင်းနိုင်းရေ

mon said...

အမနိုင်းနိုင်း
ဘလော့ ဆက်မရေးတော့ဘူလား အမ...
ပထမဆုံး ဖတ်မိတဲ့ ဘလော့...
ရုံးရောက်ရင်လဲ အရင်ဦးဆုံး ဖွင့်မိတဲ့ ဘလော့..
အမ ဆက်မရေးဖြစ်တော့ပေမဲ့...ပို့စ်အဟောင်းတွေပဲ
ဆက်လက်ဖတ်နေပါအုံးမယ်။ အမြဲတမ်းအားပေးနေမယ်။
အမ စာတွေအားလုံးအတွက် ကျေးဇူးအရမ်းတင်ပါတယ်။
မော်လမြိုင်ရောက်ရင်ဝင်လည်ပါနော်။ (အိမ်ကြီးအိမ်ကောင်းတွေ မပိုင်ဆိုင်ထားပေမယ့် နွေးထွေးတဲ့ ကြိုဆိုမှုတော့ရှိပါတယ်)ဟိဟိ အမ လိုပြောကြည့်တာ :D လိပ်စာ မေးလ်ပို့ထားပေးမယ်နော်။

ခင်မင်လေးစားလျှက်
ညီမလေး
မွန်

Wai said...

We are waiting a day when we will see your post on this page. how long does it take to arrive that day???????????????

cool said...

I'm a regular reader of ur blog but i never leave comment.
I also sorry to hear that.
I wish u can write ur blog soon.
I always wait for ur posts.

regards,
moon

မောင်ငယ်လေးတစ်ယောက် said...

ကြားရတာ စိတ်မကောင်းဘူး အမရယ်။ ကျနော်တို့အတွက် ဖတ်စရာ ဘလော့ကောင်းကောင်းတခု
လျော့သွားတာပေါ့၊ တောင်ကြီးရောက်လို့ အင်တာနက် အဆင်ပြေရင်တော့ ပြန်ရေးပါ အမရယ်။ ကျနော်တို့ အမကို မျှော်နေပါ့မယ်။
အမကိုအားပေးနေတဲ့
မောင်ငယ်လေးတစ်ယောက်

ah sai said...

ဟိုက်ဘယ်လိုပြောလိုက်တာဘာ
လိမ်. ၇ုတ်တ၇က်ကြီး ဖတ်နေကျဘ
လောက်လေး ပြန်တော.ေ၇းပါ ပ၇ိတ်
သတ်တွေကမျှော်ကြပါလိမ်.မယ်
ပြင်ဦးလွင်ေ၇ာက်၇င် လာလည်ပါ
ဖိတ်ခေါ်ပါတယ်
စိုင်း

ah sai said...

ဟိုက်ဘယ်လိုပြောလိုက်တာဘာ
လိမ်. ၇ုတ်တ၇က်ကြီး ဖတ်နေကျဘ
လောက်လေး ပြန်တော.ေ၇းပါ ပ၇ိတ်
သတ်တွေကမျှော်ကြပါလိမ်.မယ်
ပြင်ဦးလွင်ေ၇ာက်၇င် လာလည်ပါ
ဖိတ်ခေါ်ပါတယ်
စိုင်း

သော ကြာ သူ ရ said...

Thanks for all the time and effort you have put on this blog up to this point.
Just want to say one thing.
Don't give up on your readers coz we will not giving up waiting for your new post.

Anonymous said...

စာဆက်ရေးစေချင်ပါတယ်။ စာရေးကောင်းတဲ့သူတွေ၊စာကောင်းရေးတဲ့သူတွေ ရှားပါးလာတဲ့အချိန်မှာ စာရေးတာ ကို မရပ်လိုက်ပါနဲ့ ။

ကိုအောင် said...

ဘ၀သံသ၇ာ ပေါ့ မနိုင်း၇ယ်......
လိုအင်ဆန္ဒတွေ အမြန်ဆုံးပြည့်ဝပါစေ.....

ကိုရင်နော်ခင်လေးငယ် said...

မနိုင်းရေ..
ဒီပိုစ့်လေး ဖတ်ရတာ ရင်ထဲတကယ်တမျိုးကြီး ဖြစ်သွားပါတယ်..။ စိတ်လည်း မကောင်းဘူး။

မနိုင်းလို ရေးအားကောင်းကောင်းနဲ့ ဗဟုသုတမျှဝေနေသူ၊ စာဖတ်သူ အခိုင်အမာနဲ့ အောင်မြင်နေသူ တစ်ယောက် စာတွေ ဆက်မရေးတော့ဘူးဆိုရင် မြန်မာဘလော့လောကအတွက် ဆုံးရှုံးမှု တစ်ခုပါပဲ..။

အားရင်တော့ စာလေးတွေ ရေးထားပေါ့ အစ်မရယ်.. ကော်နက်ရှင်ကောင်းတော့ ပိုစ့်တွေကို Scheduled နဲ့ တင်ထားခဲ့ပေါ့..။ စာဖတ်သူတွေကိုယ်စား တောင်းဆိုလိုက်တာပါ..။

စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ရွှင်လန်းချမ်းမြေ့ပါစေ။

အမြဲသတိရနေပါမယ်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်ခင်လေးငယ်

Anonymous said...

အမ99ရေ ဒီနေ့နေ့လည်နှစ်နာရီမှ ဆိုဒ်ကိုဝင်ဖြစ်တယ်..။ အရင်နေ့တွေဆိုရင် မနက်မိုးလင်းလို့ရုံးကိုရောက်တာနဲ့ တစ်ခါတည်းတန်းဖွင့်ဖြစ်တဲ့ဆိုဒ်ပါ..
စိတ်မကောင်းအရမ်းဖြစ်ရတယ်အမရယ်..
ခွဲခွာတာကလဲမြန်နေသလိုပဲ..လေးနှစ်တဲ့လား
ညီမဒီဆိုဒ်ကလေးကိုသိတာနှစ်လတောင်မပြည့်သေးပါဘူး။
အရင်ကကျော်ခွပြီးဖတ်ရတဲ့ဘ၀မို့ မသိခဲ့လို့မလာဖြစ်တာပါ..အမရေးသမျှပိုစ့်တွေ
ခေါင်းကိုက်ဇက်ကြောတက်လောက်အောင်အငမ်းမရအားပေးသူပါ။
အဲလောက်တော့မစိမ်းကားပါနဲ့အမရယ်။။ ပြောရင်းနဲ့တောင်ငိုချင်လာပြီ.။ တတ်နိုင်သလောက်လေးတော့ကြိုးစားပြီးစာလေးတွေရေးပေးပါအုံးအမရယ်။

WWKM said...

ဟင်..

ဝါ၀ါက နှုတ်ဆက်ပို့စ်ရေးနေရင်းတန်းလန်း ဆက်မရေးချင်တော့လို့ နားနေတာ.. မနိုင်းက အရင်နှုတ်ဆက်သွားတယ်..း(((((
ဝမ်းနည်းထှာ... မနိုင်ရေ...တကယ်.. ၀ါဝါက မနိုင်က စာတွေ အမြဲရေးနေနိုင်ဦးမယ်လို့ တွေးထင်ထားတာ...
စာရေးကောင်းတဲ့ မနိုင်း တောင်ကြီးပြန်ရောက်လည်း စာတွေ ရေးလို့ရသလောက်ရေးပါဦးနော်.. အဟီး
ကိုယ်မရေးနိုင်တော့လို့ သူများကို အားပေးတာ.. ၀ါဝါက ကျော်ခွဝင်ပြီးတော့ မရေးချင်တော့ဘူး။ ရေးဖြစ်မယ်လည်း မထင်တော့ပါဘူး။

မနိုင်းကို တကယ် နှမျောတယ်..
စာအုပ်တွေထုတ်နော်.. အားပေးမယ်.
တောင်ကြီးလာဦးမှာ..တကယ်လာတွေ့မယ်.

ခင်မင်လေးစားစွာနဲ့

ဝါ၀ါခိုင်မင်း(အမှတ်တရလေးများ)

Anonymous said...

မနိုင်းနိုင်းရေ.....
မနိုင်းရဲ့ပိုစ့်ကို စောင့်မျှော်နေပါ့မယ်ဗျာ....
အခုပဲ ကျတော် ပိုစ့်အဟောင်းတွေ ပြန်မွေနေတာ...
မနိုင်းပိုစ့်ပြန်တင်မဲ့ရက်ကို စောင့်နေပါ့မယ်....။

thant said...

very sorry to know that..i love to came here la.

khin oo may said...

နိုင်းနိုင်း

အမြဲလိုမဟုတ်ပေမဲ့သတိရတိုင်းလာဖတ်ဖြစ်ပါတယ်။

ကွန်မက်ကတော့များသောအားဖြင့်မချန်ထားခဲ့ဖြစ်ဘူး။ ကိုယ်က ခပ်ပေါ့ပေါ့ရေးတတ်သူမို့ နိုင်းနိုင်းခံစားချက်တွေ ကို ပေါ့စေသလိုဖြစ်မိမှာစိုးလို့ပါ။ တောင်ကြီးမြို့ကိုမရောက်ဘူး မသိဘူးပေမဲ့ဒီလောက်တော့ ခေတ်နောက်ပြန်ဆွဲတဲ့မြို့မဟုတ်ဘူးလို့တော့ထင်မိပါတယ်။ ချမ်းသာတဲ့မြို့လို့လဲကြားဘူးပါတယ်။

အင်တာနက်ဆိုတာ ဘယ်လိုရှိမလဲမသိပေမဲ့ သတိရတဲ့အချိန် အဆင်ပြေတဲ့အချိန်တွေ မှာ ပိုစ်တွေ တက်လာမယ်လို့ မျှော်လင့်ပါတယ်။ blogspot.com မဟုတ်တဲ့အတွက် ဝင်ရလွယ်မလားလို့လဲစဉ်းစားမိပါတယ်။

ရေးချင်တဲ့သူတစ်ယောက်အတွက်ကတော့ဘယ်နေရာဘယ်ကိုဘဲရောက်ရောက်ရေးဖြစ်နေမှာပါ. မရေးတာကြာရင်တော့လည်း သံယောဇဉ်ပြတ်သွားတတ်တာမြင်ဘူးပါတယ်။ အဲဒီ တော့ ဘာတွေဖြစ်လာမလဲဆိုတာမသိတဲ့ကိုယ်တို့ရဲ့ဘဝကြီးတွေ ထဲမှာ ပေါါ်လိုက် ပျောက်လိုက်.. အခွင့်သင့်တဲ့အခါရေးလိုက်.. မသင့်တဲ့အခါ မရေးလိုက်ဖြစ်မိမှာ ပါဘဲ .။ တစ်ခါတစ်လေ ဘဝအတွက် အရေးကြီးတာတွေ လုပ်နေရတဲ့ အချိန် မှာတော့ စာရေးဘို့ဆိုတာ စိတ်ကူးရှိပေမဲ့လ အကောင်အထည် ပေါ်ဖြစ်ခဲ့မယ်မထင်ဘူး.။

နိုင်းနိုင်းလိုလူမျိုးတစ်ယောက် မရေးဘူးဆိုရင်တော့နှမျောစရာကောင်းပါလိမ့်မယ်။

လွမ်းအောင် မပြောခဲ့ပါနဲ့နိုင်းနိုင်းရယ်..
ငိုမိသူတွေ များလိမ့်မယ်.............

Anonymous said...

I do hope you continue writing, and looking forward to read in the future.

Anonymous said...

မနိုင်း.....

ီပို့စ်လေးကိုဖတ်ပြီးရင်ထဲမှာတစ်မျိုးပဲခံစားလိုက်ရတယ်..
Internet ဖွင့်လိုက်ပြီဆိုရင်ပထမဆုံးဖွင့် ပြီးဘာတွေ တင်ထားပြီလဲလို့ အငမ်းမရအားပေးခဲ့တာ...စာမရေးပဲမနေပါနဲ့နော်...ကျွန်မအတွက်မနိုင်းစာတွေကအားဆေးတစ်ခွက်ပါ..ပညာဗဟုသုတတွေရတဲ့ဘလော့လေးကိုအမြဲသတိရနေမှာပါ ...
မနိုင်းရဲ့ ပို့စ်လေးတွေပြန်ဖတ်ရင်းမျှော်နေမယ်နော်...အစစအရာရာအဆင်ပြေပါစေလို့........

ညီမလေး...

chaw said...

အမြဲဖတ်နေကျမို့ နှမြောမိပါတယ်
တောင်ကြီးကနေဆက်ရေးဖြစ်ရင်တော့အရမ်းကောင်းမှာ
ပဲနော်
ရွှင်လန်းချမ်းမြေ့ပါစေ

simple said...

ဟယ်..တကယ်..
နှုတ်မဆက်လိုက်ပါနဲ့ဦး
ှနိုင်းနိုင်းရယ်..
စာတွေဆက်ရေးစေချင်ပါတယ်..
့ဘာသာပြန်လေးတွေဖတ်ချင်ပါသေးတယ်..
စိတ်မကောင်းဖြစ်ရပါတယ်..

kyawhtaik said...

tha ti ya nay mae.

momiji said...

နုတ်မဆက်ပါနဲ့

ပုံမှန်လာဖတ်သူပါ. မဖတ်ရရင်မနေနိုင်တဲ့ဘလော့ပါ..


အားပေးနေပါတယ်
အစစအဆင်ပြေပါစေ

Lin said...

စာဆက်ရေးပါဦးအစ်မ..တောင်ကြီးမှာလည်းအင်တာနက်ဆိုင်တွေအများကြီးရှိပါတယ်..ကိုယ်ပိုင်ကွန်ပျူတာလေးနဲ့ရိုက်ပြီးတော့
တပတ်တခါလောက်သွား.ပြီးရင် စုတင်ရင် အဆင်ပြေမလားမသိ.
ကျွန်တော်ကတော့ အားပေးလျှက်ပါ..အရင်တုန်းက Comment ၀င်မရေးဖူးပေမယ့်..ခုနှုတ်ဆက်တယ်ဆိုလို့ ၀င်ရေးလိုက်တာပါ..

Wunna said...

မနိုင်းနိုင်းရေ
အမြဲဖတ်လာတာပါ။ နေ့တိုင်းလာလည်တယ်။ တချို့ပိုစ့်တွေ ခဏခဏပြန်ဖတ်တယ်။ ဖတ်ပြီးတိုင်း ဗဟုသုတရတယ်။ ပျော်ရွှင်ရတယ်။ တခါတလေတော့ ခံစားရပြီး မျက်ရည်ဝဲရတယ်။ မနိုင်းနိုင်းရဲ့ပိုစ့်တွေကြောင့် ကိုယ့်ကိုယ့်ကိုယ် ပြောင်းလဲခဲ့တာတွေ အများကြီးပဲ။ စိတ်ဓါတ်ကျနေချိန်မှာ အားအင်တွေရခဲ့တယ်။ မာန်တက်မိချိန်မှာ သိမ်မွေ့သူဖြစ်စေခဲ့တယ်။ အချစ်ကိုမယုံခဲ့သူကို မိသားစုချစ်ခြင်း၊ သူငယ်ချင်းအချစ်နဲ့ ချစ်သူရဲ့နွေးထွေးမှုတွေကို သိလာစေခဲ့တယ်။ ငိုနေချိန်မှာ ကိုယ့်ကိုရယ်စေခဲ့တယ်။ ကိုယ့်ရဲ့ Note book မှာ format ချရတိုင်း ပြန်ရှာပြီး Favourites list ထဲကိုအရင်ဆုံးထည့်ရတာ မနိုင်းနိုင်းရဲ့ ဘလော့ပါ။ အဆင်ပြေရင်၊ အင်တာနက်သုံးလို့ရရင်တော့ အားလုံးကိုအဆက်မဖြတ်ပါနဲ့ဦးနော်။ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ။ တောင်ကြီးကိုလည်း တကယ်လာလည်ချင်ပါတယ်။

AMK said...

အားလုံး အဆင်ပြေ ချောမွေ့ ပါစေ မ၉၉ ရေ take care

thihayichun said...

အမရယ် ကျွန်တော် မြန်မာလိုရိုက်တတ်မှဗျာ!အခုမှ အမကိုကျွန်တော် COMMENT ပေးနိုင်တာလေ! ဘယ်လိုဘဲ ဖြစ်ဖြစ်ဗျာ ကျွန်တော်တော့ တော်တော် နှမြောတယ် အမစာတွေကို မဖတ်ရတော့မုာကို!ကျွန်တော် အမကို 2007 ကတည်းက သိနေတာပါ ၊ အမ စ စာရေးကတည်းကပေါ့ဗျ။ ကျွန်တော် အမ ကို အမရင်းတစ်ယောက်လို အဲဒီကတည်းက ခင်ခဲ့တာဗျ။ အမကိုယ်ကျန်းမာလို့ အမြဲစိတ်ချမ်းသာပါစေလို့ ကျွန်တော် ဘုရားမှာ အမြဲဆုတောင်းနေပါ့မယ်ဗျာ ! :(

Anonymous said...

အမရယ် ကျွန်တော် မြန်မာလိုရိုက်တတ်မှဗျာ!အခုမှ အမကိုကျွန်တော် COMMENT ပေးနိုင်တာလေ! ဘယ်လိုဘဲ ဖြစ်ဖြစ်ဗျာ ကျွန်တော်တော့ တော်တော် နှမြောတယ် အမစာတွေကို မဖတ်ရတော့မုာကို!ကျွန်တော် အမကို 2007 ကတည်းက သိနေတာပါ ၊ အမ စ စာရေးကတည်းကပေါ့ဗျ။ ကျွန်တော် အမ ကို အမရင်းတစ်ယောက်လို အဲဒီကတည်းက ခင်ခဲ့တာဗျ။ အမကိုယ်ကျန်းမာလို့ အမြဲစိတ်ချမ်းသာပါစေလို့ ကျွန်တော် ဘုရားမှာ အမြဲဆုတောင်းနေပါ့မယ်ဗျာ ! :(

Thi Ha Yi Chun (a)constantine said...

အမရယ် ကျွန်တော် မြန်မာလိုရိုက်တတ်မှဗျာ!အခုမှ အမကိုကျွန်တော် COMMENT ပေးနိုင်တာလေ! ဘယ်လိုဘဲ ဖြစ်ဖြစ်ဗျာ ကျွန်တော်တော့ တော်တော် နှမြောတယ် အမစာတွေကို မဖတ်ရတော့မုာကို!ကျွန်တော် အမကို 2007 ကတည်းက သိနေတာပါ ၊ အမ စ စာရေးကတည်းကပေါ့ဗျ။ ကျွန်တော် အမ ကို အမရင်းတစ်ယောက်လို အဲဒီကတည်းက ခင်ခဲ့တာဗျ။ အမကိုယ်ကျန်းမာလို့ အမြဲစိတ်ချမ်းသာပါစေလို့ ကျွန်တော် ဘုရားမှာ အမြဲဆုတောင်းနေပါ့မယ်ဗျာ ! :(

h00 said...

ခဏနားတာလား? နောက်မရေးတော့တာလား? :(

Khin said...

Please try to go where you can get good internet connection full time as possible as you can.
Actually you can do so. :-)

I am too sure that you can't keep away from your site which is done with your heart.

You are also a person who is addicted to writing the knowledgeable articles. Please going on. :-))))

မောင်ဘကြိုင် said...

တောင်ကြီးမှာလဲ အင်တာနက်ရပါတယ် မ99ရယ်
ရေးပါဗျား) ဆိုင်တွေဆိုလည်း နက်ကောင်းမှကောင်း
ဈေးကြီးနားတင် သုံးလေးဆိုင်ရှိပါ့း)

Anonymous said...

Have a nice life!!
waiting for the time u come back.

ကျောပိုးအိတ် said...

ဒီလိုတော့ မနောက်ပါနဲ့ အမနိုင်းရယ်။

သူများတွေ ပြောခဲ့သလိုပါဘဲ။ အမြဲလာဖတ်ပေမယ့် ကော်မန့် တော့ တော်ရုံ မကျန်ထားမိခဲ့ဘူး။

ဒါပေမယ့် ဘာဘဲဖြစ်ဖြစ် အမနိုင်းကိုတော့ အီးမေလ်းပို့ ပြီး ဘယ်သူနဲ့ ရန်ဖြစ်ခဲ့တယ်။ ဘယ်ဆိုက်မှာတော့ အမနိုင်းရဲ့ ပို့ စ်တွေကို သူတို့ ကိုယ်တိုင်ရေခဲ့သလိုလို ဘာညာနဲ့ တော့ ရင်ဖွင့်ခဲ့ဘူးပါတယ်။ အမနိုင်းမှတ်မိမယ်ထင်ပါတယ်။

ခုတော့ ကော်မန့် မချန်ဘဲ မနေနိုင်တော့ဘူးအမနိုင်း။
ဗဟုသုတ များစွာပေးတဲ့ အမနိုင်းရဲ့  ပို့ စ်တွေကို ဖြစ်နိုင်မယ်ဆို အခုလိုမျိုး ဖတ်ချင်ပါတယ်။

တောင်ကြီးမြို့ က ခေတ်မှီတဲ့ မြို့  တစ်မြို့ ပါ။ အင်တာနက်တွေ အများကြီးရှိပါတယ် အမနိုင်း။ အင်တာနက်ကို ရအောင် တတ်ပြီး အမြန်ဆုံး ပို့ စ်တွေ ပြန်တင်ပေးပါအမ နော်။

မြန်မာပြည်က ကျဉ်းကျဉ်းလေးပါအမနိုင်းရယ်။ နော်။
ပြန်တွေ့ မှာပါ။ အပေါ်က မမွန်ပြောသလို လိပ်စာသာထားခဲ့လိုက်။ လာတွေ့ မယ်နော်။

စာဆက်ရေးပေးပါအမနိုင်း။
ပြောချင်တာတွေက အရမ်းများတယ် အမရယ်။
း)

မေးလ်ပို့ လိုက်မယ်နော်။

အမနိုင်းကို အရမ်းချစ်တဲ့
ကျောပိုးအိတ်

ယူဇနာ said...

ဆုံနိုင်နေ့ရက်
တွေ့ကြုံခက်မို့
တစ်ဆို့ရင်ဝယ်
အပြုံးမကြွယ်သားပေမယ့်
ပြုံးရယ်ထားရင်းနဲ့
လစ်ဟာသွားတော့မယ့်မနက်ခင်း
အစားထိုးခြင်းမရှိ
ပကတိအတိနဲ့
အဲဒီမနက်ခင်းတိုင်းလင်းလက်တဲ့ကြယ်ကလေးကို
တို့တွေ့စောင့်မျှော်နေပါ့မယ်....။

Phyu Phyu said...
This comment has been removed by the author.
Phyu Phyu said...

Ma Nine,

So sad to hear that you're not writing anymore. I never leave a comment though. I've been reading your blog for a little over 4 months, not too long ago but really like reading your posts. I finished reading all your previous posts as they give me more courage, love, and kindness to go for another day in my life.

Hope you can write more in the future ma! and all the best for you!

Love,
phyu

TZA said...

အင်တာနက်ကြောင့် အရေးကျဲမယ်ဆိုတော့ တော်သေးတာပေါ့၊ မရေးတော့တာများလားလို့။

အားငယ်တတ်သူ ပြည်သူတစ်ဦး

Thein Toe said...

Hinn, ti ter ma tone yet pel chet tay tel, twar tot ma lot lar ?

:(
tto

. said...

ဟီးဟီးဟားဟား.. သူငယ်ချင်းများ နေရာမှာ ပျော်ပျော်ပဲ မန့်တတ်ပေမဲ့.. မနိုင်းနေရာမှာ ၊ ပို့စ်တွေမှာတော့ ကျနော် လိုမှ ၊ စိတ်ကြိုက်မှပဲ မန့်တတ်တယ်။

ကိုယ့်အတ္တ တစ်ခုတည်းတော့ မကြည့်ပါဘူး မနိုင်းရေ. . . .
လူဆိုတာ ပြောပြလို့ မရတဲ့ ဘဝရဲ့ နောက်ခံ ပုံရိပ်တွေဆိုတာ ရှိစမြဲပဲ မဟုတ်လား. . .
ဒါကြောင့် ဘယ်အချိန်မှာ ဘယ်သူက ဘယ်လို နှုတ်ဆက် သွားမယ် ဆိုတာ ကျနော်တို့ မသိရတာပေါ့ဗျာ. . . .
ကောင်းသော နှုတ်ဆက်ခြင်း ၊ မကောင်းသော နှုတ်ဆက်ခြင်း ဆိုတာလည်း ရှိနေသေးတာပဲ။

စာချစ်သူ ၊ စာရေးသူ တစ်ယောက် ဆိုတာကတော့ နက်မရှိရင်လည်း သူ့ဖာသာ သူ ရေးနေမိမှာပါပဲ။ ဒါကြောင့် နက် နဲ့ ပြန်ချိတ်မိတဲ့ အချိန်မှာ မနိုင်းတင်မဲ့ စာတွေက ပိုပြီးတော့ အဆီအနှစ်ကျနေမယ် လို့ ယုံကြည်ပါတယ်။

နက်မှာ အကြောင်းကြောင်းကြောင့် မရေးဖြစ်တော့ပဲ စာအုပ်အနေနဲ့ ထုတ်သွားမယ် ဆိုလည်း ဆက်လက် အားပေးကြ မှာပါပဲ။

လူဆိုတာ ကိုယ်ပိုင် နောက်ခံပုံရိပ်လေးတွေ ရှိတတ်စမြဲပဲ မဟုတ်လား။

ပျော်ရွှင်ပါစေဗျာ။
ကိုဇော်

Anonymous said...

Ma 99,

this is my first comment on your blog. i've been reading your blog for past few years but sad to hear that. I'll always be your fun.. :D
take care and will wait for your new post...

cheers.
SMP

မီးမီးချစ် said...

Nooooooooo.....
ကျန်တဲ့သူတွေ ဘယ်သူ့ မှ မရေးတော့ရင်တောင် မှ မနိုင်းကိုတော့ ရေးစေချင်သေးတယ်...

Andrew Lee said...

Miss 99:
It is so sorry to know about that you will stop
writing your blog.I will miss you and hope you are able to write again as soon as possible.
always waiting your post
Andrew Lee

dr.koyehtut7d said...

ဖတ်ရတာ မောလို. ဘလော့တွေ သိပ်မလည်ဘူး..
မနိုင်းနိုင်း စာတွေတော့ forward မှာတွေ.တိုင်းအားပေးပါတယ်...ကြိုက်လဲ ကြိုက်ပါတယ်..
စာအုပ်ထုတ်မယ်ဆိုလို. ၀မ်းသာပါတယ်..
ဘလော့ကာမှ စာရေးဆရာမအဖြစ်သို. ပေါ့ဗျာ..
အဆင်ပြေပါစေ...

Anonymous said...

နယူးယောက်ကိုရောက်မှဘဲစာတွေများများပြန်ရေးပါနော်။
အမေရိကားမှကြိုဆိုနေပါတယ်။
နယူးယောက်ကိုရောက်ရင်တော့လာတွေ့ပါဦးမယ်နိုင်နိုင်း
ရေ....

သွယ်လင်းဆက် said...

အမနေ စောင့်မျှော်နေလျက်ပါ။ :( ပျော်ရွှင်ပါစေ။ :)

မယ်ကိုး said...

မ... စာအမြဲဖတ်နေသူပါ။
နောက်လည်း အမြဲစောင့်ဖတ်နေမှာပါ။

sai said...

ပန်းပျိုးသူရဲ့လက်
ပုခက်လွှဲသူရဲ့လက်
စာတွေသီကုံးနေတဲ့လက်
ဘယ်မှာရပ်နိုင်မလဲနော် ဟုတ်တယ်ဟုတ်(ဒါလည်းညှာစားနည်းတစ်မျိုး)
ခဏမောလို့ နားတာဟုတ်....
တောင်တစ်တောင်တက်ပြီးရင် ဒီထက်မြင့်တဲ့တောင် တက်ဖို့ လက်ရှိတောင်ကနေ ဆင်းရသလိုပေါ့နော်(တောင်ကြီးကတောင်ချွှန်းကိုသွားတက်နေမှဖြင့်)
နူတ်မဆက်နဲ့ :((ချင်တယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

မနိုင်းရေးသမျှထဲမှာ ဒီပိုစ့်လေးက
စိတ်မကောင်းစရာ အကောင်းဆုံးဘဲဖြစ်လိမ့်မယ်.
ဘလော့ပရိတ်သတ်အများဆုံးဖြစ်တဲ့
မနိုင်းက စာမရေးတော့ဘူးဆိုတော့
စိတ်မကောင်းဖြစ်ကြတဲ့သူတွေ
နည်းမှာမဟုတ်ပါဘူး..
ဒါပေမဲ့ စေတနာထားတတ်တဲ့ မနိုင်းက ရောက်တဲ့နေရာကနေ စာတွေဆက်ရေးနေမှာပါ.. ပိုစ့်အတင်ကျဲသွားတာဘဲဖြစ်မှာပါ..
မြန်မာပြည်ရောက်လို့များ blogspot ဖွင့်ရခက်လို့ ပိုစ့်တွေ တင်ရတာများခက်ခဲ့ရင်
ကျွန်မတို့ သုံးနေတဲ့ mylovecafe က အဆင်ပြေပါလိမ့်မယ်.. ကျော်စရာမလိုပါဘူး.. တကယ်လို့ မနိုင်း လိုခဲ့တယ်ဆိုရင် ပြောပါ.. ဘလော့တစ်ခု အဆင်သင့်လုပ်ပြီး မနိုင်းဆီပို့ထားပေးပါမယ်..
ဒါဟာ မနိုင်းရဲ့စာတွေအတွက် မနိုင်းကို ကျေးဇူးတုံ့ပြန်ချင်လို့ပါ..
ကိုယ်တွေလဲ အခြေအနေပေးတဲ့ (အင်တာနက်အဆင်ပြေတဲ့) အချိန်အထိသာ စာတွေရေးနိုင်မှာပါ.. တစ်ချိန်ချိန်တော့လဲ မနိုင်းလိုဘဲ နှုတ်ဆက်စကား ပြောရမယ် ထင်ပါတယ်...
ရောက်ရာအရပ်မှာ ပျော်ရွှင်အဆင်ပြေစွာနဲ့ စာတွေ ဆက်လက်ရေးသားနိုင်ပါစေ မနိုင်းရေ..

ခင်မင်စွာနဲ့

ချော

နှင်းဟေမာ said...

မနိုင်းရေ...
ဘလော့လေးနဲ့အတူ အမြဲသတိရနေပါ့မယ်
ခင်မင်လေးစားလျှက်

အယ်ကို said...

တော့မနိုင်း..အေးအေးဆာဆာဆော် .. ပင်ပန်းညင်းလောက် တနားလောက်နားမယ်ဆို အေးအေးဆာဆာအနားယူဆော်နော်...
တော့လူခဲလေပြောကလဲ ပျံလောက်ရှိခါ ဇင်ယော် ကလဲပေါ့ပေါ့ပါးပါး ၊ ဆက်ဆက်ဆာဆာ တောက်တဲ့ဝေးအောင်ပျံပလိုက် ဆော်နော်..
စိတ်ကျေနပ်အောင်ပျံဟားပြီးလောက်ရှိခါ ပြန်လာနားဆော်နော်..တော့မနိုင်း

ကာလွဲလွဲ...
...
အေးဆာဆွားနော်...
..
(လူခဲ)။

Anonymous said...

အယ် မေနိုင်းရယ် သာမီးလေးက အလုပ်တွေရှုပ်နေလို့ မေနိုင်းဘလောက်ကို မရောက်ဖြစ်တာ ဘာဒေ ဖစ်ကုန်ဒါတုံး အမငီးးးး မေနိုင်းရဲ့ သွားတော့မှာလား လို့ အဲ လေ ဘာဒေ ပြောနေလဲမသိဘူး
မေနိုင်း အားရင်တော့ တက်လာခဲ့နော် သိလား မေနိုင်း ပို့စ်တွေ ဖတ်ချင်သေးတယ်နော်
သာမီးလေးလဲ မေနိုင်းနဲ့တွေ့ချင်ပါတယ်

ဘူလဲ ဆိုတာ သိပါတယ်နော် မပြောတော့ဘူးနော်
မေနိုင်းရဲ့ ထာဝရ သာမီးလေး

Yuya Mon said...

You are good writer. I miss your post very much.

Anonymous said...

gonna miss you and your posts
good luck

ရေတမာ said...

လွမ်းနေမိမှာပါ။ အမစာအုပ်တွေ ဝယ်သိမ်းထားမယ်။ အခုတလော နှုတ်ဆက်သူတွေများနေတယ်အမရယ်။ ခရီးလမ်းဖြောင့်ဖြူးပါစေ

Yan said...

မနိုင်းနိုင်းရေ...

ကျွန်တော် အရမ်းးးးးစိတ်မကောင်းဘူးဗျာ.

ဘယ်နေရာပဲရောက်ရောက် မနိုင်းနိုင်းတစ်ယောက် အောင်မြင်ပျော်ရွှင်တဲ့ ဘ၀လေးတစ်ခုကို ထူထောင်နိုင်ပါစေ...

မနိုင်းနိုင်းကချစ်တဲ့၊ မနိုင်းနိုင်းကိုချစ်တဲ့ စာဖတ်ပရိသတ်ကြီးနဲ့လည်း တစ်နေ့ ပြန်လည်ဆုံတွေ့နိုင်ပါစေဗျာ..

ခင်မင်လေးစားလျက်

Y.

FROM PHILADELPHIA said...

Hi Nine Nine
Thanks for the photos you posted about Taunggyi last time.You are luckier than me that you have a chance to go back to Taunggyi.I left TAUNGGYI since 1984 and never got a chance to go back.I remembered that sign board near 'Kayin ma ye hwet' area when we left Taunggyi.It was sad for me.I always pray,I will visit Taunggyi ,my birth place again before I die.Thanks NINE NINE SANAY

Anonymous said...

Hi Nine Nine
Thanks for the photos you posted about Taunggyi last time.You are luckier than me that you have a chance to go back to Taunggyi.I left TAUNGGYI since 1984 and never got a chance to go back.I remembered that sign board near 'Kayin ma ye hwet' area when we left Taunggyi.It was sad for me.I always pray,I will visit Taunggyi ,my birth place again before I die.Thanks NINE NINE SANAY

zenith of may31 said...

မနိုင်းနိုင်းရဲ့ အဲလိုကြီးတော့မရက်စက်လိုက်ပါနဲ့..။ အမမှာလဲအမရဲ့ကိုယ်ပိုင်အကြောင်းအရာတွေနဲ့မအားမလပ်နိုင်တာလဲ
ဖြစ်နိုင်ပါတယ်။ စာဖတ်ပရိသတ်ကိုတော့ သနားပါအမရယ်။ ပိုစ့်တွေစုထားပေးပါ။ စာရေးကောင်းတဲ့လက်မို့ပြောတာပါ။ ညီမတို့က ဖတ်ပဲဖတ်တတ်တာ။ အဲလိုမရေးတတ်ဘူးအမရဲ့။ ဘာဆက်ရေးရမှန်းမသိအောင်ကိုရင်ထဲမှာနင့်နေတယ်အမရယ်။
အမပြောသလို ပြန်လည်ဆုံတွေ့ကြဖို့ ဘယ်လောက်ကြာကြာခွဲနေရမှာလဲဟင်။

စာဖတ်သူတဦး said...

ကိုယ့်ကိုအမြဲနှိမ့်ချတတ်တဲ့စနေ
ကိုယ့်ကိုတုံးအတယ်လို့အမြဲပြောတဲ့စနေ
ကိုယ်မှန်လျက် ကျွန်မအမှားပါလို့အမြဲပြောတဲ့စနေ
ပညာမာန်မရှိကြွားဝါခြင်းနဲတဲ့စနေ
ကိုယ်သိသလောက်နဲ့ အသိပညာဖြန့်ဝေပေးတဲ့စနေ
မင်းကိုယ်တိုင်က...ငါတို့အတုယူစရာဖြစ်ခဲ့ပါတယ်
မင်းစိုက်ထုတ်ခဲ့တဲ့...ခွန်အားတွေအတွက်ကျေးဇူးတင်ပါတယ်

Anonymous said...

thank you very much for all your valuable post.

ရွှန်းလဲ့ said...

ဟာ အစ်မကလဲ....အဲ့လိုကြီးမလုပ်ပါနဲ့ ...အဆင်ပြေတဲ့အခါ ပြန်ရေးပါဗျာ....

ဆောင်း said...

ုမနိုင်းရေ
အင်တာနက်က တောင်ကြီးမှာလွယ်မှာပါ။အဆင်ပြေရင် ပြန်ရေးပါလို့ နော်. ကျမတို့ မှာ တန်ဖိုးရှိတဲ့စာလေး တွေ မနိုင်းဘာသာပြန်လို့ အကျိုးရှိနေတာ

အဆင်ပြေရင် များများ မဟုတ်တောင် နည်းနည်းတော့ ရေးပါနော့

Su Myat said...

Hi Ma ,
I reading your post since 2006 when I just arrived singapore.
Now almost 4 years... within these year... you give me alot pleasure and knowledge.... you share people knowledge whatever you know anything...We are very precious.. Don't be release writing, Pls continue as possible as you can...
A Lot people waiting your every new post inculding me...For the past 4 years , I'm very thanks you for your every posts.

~ဏီလင်းညို~ said...

အစ်မရေ........
များလွန်းတဲ့ အလုပ်တွေနဲ့မို့ မတောက်တခေါက် ဘလော့လေးရေးရင်း.... တစ်ခါတစ်ခါ ဒီရောက်ဖြစ်ပေမယ့် ဘာခြေရာမှ မချန်ဖြစ်ခဲ့ပါဘူး....။
မြန်မာပြည်ကနေ ဘလော့ဂ်စပေါ့ထ်နဲ့ရေးနေတဲ့ ကိုသက်တန့်ချိုတို့တောင်ရှိနေပါသေးတယ်ဗျာ.....။
ဘာပဲဖြစ်နေနေ..... အဆင်ပြေခဲ့မယ်ဆို ပြန်ရေးပါခင်ဗျ...။
ခင်မင်တဲ့
ဏီလင်းညို

khay said...

မမရေ..
comment ရေးဖို့ တော်တော်အားယူရပါတယ်.. ဖတ်ခဲ့ဖူးသမျှစာတိုင်း ခံစားချက်နဲ့မတိုက်ဆိုင်တောင် သနားစရာ ၀မ်းနည်းစ၇ာဆိုရင် အမြဲခံစားတတ်တာက ဒီပို့စ်ကို ဖတ်ရတာလောက်မခံစားခဲ့ရပါဘူး... အိအတွက် ဗဟုသုတ အဖြာဖြာပေးနိုင်တဲ့ စိတ်ခွန်အားတွေ ပေးနိုင်တဲ့ အလင်းတန်းလေးတစ်ခု မထင်မှတ်ဘဲ ခဏတာပျောက်ကွယ်ဦးမယ်ဆိုတာ သိရတော့ အရမ်းစိတ်မကောင်းဖြစ်မိပါတယ် မမ.. အမှတ်တမဲ့နေ့ရက်တွေမှသည် အမှတ်တရ နေ့ရက် တွေဖြစ်လာခဲ့ရပါတယ်.. မမအပေါ်ဖြစ်မိတဲ့ သံယောဇဉ်က ရင်ထဲက နက်ရှိုင်းသောတစ်နေရာက လာခဲ့တာမို့ ဘယ်လိုမှ မေ့လို့မရတော့ဘူးဆိုတာ မမရဲ့ နုတ်ဆက်ပို့စ်လေးကို ဖတ်ပြီး သေချာသိလိုက် ရပါတယ်..
မမကိုအမြဲသတိယနေပါ့မယ်.. ကံကြမ္မာတစ်ပတ်လည်လို့ ဆုံတွေ့ခွင့်ရဦးမယ်ဆို အပြန်အလှန်နွေးထွေးမှုတွေနဲ့ ဆုံတွေ့ကြရအောင် မမရယ်...
လေးစားချစ်ခင်စွာဖြင့်
အိ :'(
မမ မကောင်းဘူးနော်.. အိကို ငိုအောင် လုပ်ပြန်ပြီ

November said...

မနိုင်းနိုင်း ရေ ..... Blog ဆိုတာကို အစ်မ ရဲ့ nineninesanay ကနေစသိရင်းနှီးခဲ့တာပါ... 2နှစ်ကျော်ကာလအတွင်း ... နေ့စဉ် တစ်ရက်မပြတ် အစ်မ... Blog ကို မလာရရင် မနေနိုင် အောင်စွဲခဲ့တာ .... နေ့တိုင်း အစ်မ ရဲ့စာတွေကို မက်မက်မောမော စွဲလန်းတကြီး ဖတ်ဖြစ်နေခဲ့ပေမယ့် Comment တော့တစ်ခါမှ မပေးတက်လို့ မပေးဖြစ်ခဲ့ဘူး .... အခုတော့ တစ်ခုလောက်ပြောပါရစေ.... အစ်မနိုင်း ရယ်... စာမရေးပဲ Post မတင်ပဲတော့ မနေပါနဲ့နော် ..... ဒီတစ်ခေါက်ရန်ကုန်ပြန်ဖြစ်တဲ့ အခါကျရင် ... အစ်မ ဆီလာလည်မယ်နော်.... အစ်မ..Mail ကို add လိုက်မယ်နော်...

:) said...

မနိုင်းနိုင်း
မနေ့ကတစ်ခေါက်လာဖတ်သေးတယ်။
ဘာမှ မရေးပဲ ပြန်သွားတယ်။
ဘလော့ကို ယတိပြတ်ဖြတ်တာမဟုတ်ပဲ အားတဲ့အချိန်မှာရေးပါဦးလို့ တောင်းဆိုချင်ပါတယ်။
ရေးရင်းနဲ့ ဝမ်းနည်းလာသလိုပဲ၊

sakura said...

ma nine, sorry for hear that :-( i really want to cry !_! i'll miss you.

sakura

ကာရံဆူး said...

မစနေရေ... ကာရံလို မတောက်တခေါက် ဘလော့ဂါတစ်ယောက် မရေးတော့ဘူးဆိုရင်တောင် အဲ့လောက် ၀မ်းနည်းမှာ မဟုတ်ပါဘူး..စာတွေအမြဲ လာလာဖတ်နေရတာ...အားကျနေရတာတောင် မ၀သေးပါဘူး...စာတွေ ဆက်ရေးပါ..ရေးနိုင်သလောက်ရေးပါနော်...အစ်မရေ...ဘ၀မှာ လိုချင်တာတွေ အားလုံး ပြည့်ပါစေ...

အင်းဆားကူး said...

ဟယ်....စာလဲမျိုးပြောလိုက်ဟားလောက်. ဒို့ မမီးကူး စာမရေးတော့ဝူးဆိုတော့ လူခဲတွေ အကုန်လုံး မျက်စိချာနေမှာဆော ...အင်တာနက် ဝင်အော့ ဆိုတာနဲ့ မမီးကူး စာကိုပဲ ဦးဆုံးဖတ်တယ်ဗျာ...လူခဲ စာဖတ်နေလို့ သူငယ်ချင်းတွေ က ဘယ်သူရေးတာလဲလို့ မေးရင် ....အဲဒါ ငါတို့ ရဲ အင်းဆားကူးမျိုးကွ အင်းဆားမ ရေးတာလို့ ကြွားရတာ ကျေနပ်ဟိုဗျား...အခုတောင် မျက်စိချာနေအော့လည်...မြန်မြန်လောရေးနိုင်ပါစေဗျာ..........

Anonymous said...

အမ ဖတ်လိုက်တာနဲ့ အီလည်လည်ဖြစ်သွားတယ်...

အမဘလော့ကို မေးကနေတဆင့်တင်လို့ရအောင်လုပ်ထားစေချင်တာပဲ...
အိမ်မှာစာစီထားတာတွေကို ဆိုင်သွားပီး ခဏလေးနဲ့ တင်လို့ရတာပေါ့... အမစာတွေကို အမြဲဖတ်ပါတယ်.. ကွန်မန့်မပေးတာတစ်ခုပဲ

ထွန်းထွန်း
မော်လမြိုင်ရောက်ရင်လာလယ်ပါ... လိပ်စာပို့လိုက်မယ် :)

ဧဏီမင်း said...

ဘ၀ဟာ ခရီးလမ်းတစ်ခုသာဆိုယင်
ဒို့တွေမှာ မတူညီတဲ့ မှတ်တိုင်တွေ ရှိကြမှာ အသေချာပေါ့၊

အဲဒီတော့
ဆင်းတဲ့သူက ဆင်း
တက်တဲ့ သူက တက်ပေါ့၊

ဒီလို ခဏတာ လေလှိုင်းမှာဆုံခွင့်ရခဲ့တဲ့
ဘ၀ရဲ့ ခရီးဖော်တွေကို
လွယ်လွယ်ပဲ မမေ့ပျောက်ချင်ခဲ့တာ အမှန်ပါ၊

ဖြစ်နိုင်ယင် တဦးနဲ့တဦး
လဲကျယင် ဖေးကူ
ဆုံရှုံးယင် အားပေးလို့
အဲဒီလို အတူတူ ရှိနေခြင်ကြတာပေါ့၊

ဒါပေမဲ့ ဒို့တတွေဟာ
ကံဇာတ်ဆရာရဲ့ ရုပ်သေးရုပ်တွေ ပီပီ
သူ ကြိုးဆွဲရာကိုပဲ ကကြရမှာလေ၊

နိုင်းဟာ ဘလော့ဇာတ်ခုံပေါ်က
လုံးဝ ကွယ်ပျောက်သွားတာ မဟုတ်ပေမဲ့
ပြန်မလာနိုင်တဲ့ လမ်းကို သွားသူတစ်ယောက်ကို တမ်းတတဲ့ နာကျင်မှု့မျိုးနဲ့
နိုင်း ပရိတ်သတ်တွေ ထိခိုက်မိတယ် ဆိုတာကိုတော့
အားလုံးကိုယ်စား ပြောကြည့်ချင်တယ်..
(ပို့စ်တွေကို မျှော်လင့်လျှက်)

ဆု said...

စနေ…

ဘာပြောရမှန်းတောင်မသိတော့ဘူး …
အခြေအနေပေးတဲ့အခါ စာတွေဆက်ရေးစေချင်တယ်..
ပြန်ဆုံကြရအောင်....

အစစ အဆင်ပြေပါစေ ~_~

thin thin said...

v sorry to hear that , i hope ,if i comeback myanmar we can meet in that day.

သက်တန့်ချို said...

တကယ်ပဲ ၀မ်းနည်းမိပါတယ် ။ တောင်ကြီးမြို့ကနေလည်း အင်တာနက် သုံးပြီး ပို့စ်တွေ ဆက်တင်စေချင်ပါတယ်အစ်မ ။ အစ်မရဲ့ ဘာသာပြန်စာတွေကို လူတိုင်း နှလုံးသားနဲ့ ရင်းပြီး ဖတ်နေကြတာပါ ။ ဆက်လက်ပြီးတော့လည်း ဖတ်နေကြဦးမှာပါ ။ ကျွန်တော်လည်း ရန်ကုန်မှာနေပြီး ကျော်ခွပြီး ပို့စ်တွေတင်နေတာပါ ။ အစ်မလည်း တင်နိုင်မယလို့ မျှော်လင့်ပါတယ် ။ စာတွေ ဆက်လက် ရေးနိုင်ပါစေလို့ ဆုတောင်းလျှက် ။ .....

ညီနောင် said...

connection ကောင်းတဲ့အခါတိုင်း ၊ ၀င်လာဖတ်ဖြစ်တဲ့ နေရာလေး ၊
စာဖတ်သူတို့ အမြဲ လည်ပတ်မွေ့လျှော်နေကြ နေရာလေး -
နေ့တိုင်းလိုလို ပို့စ် အသစ်တွေနဲ့ နွေးနွေးထွေးထွေး ဧည့်ခံတတ်တဲ့ အိမ်ရှင်မလေး -
ပြန်လည်ဆုံတွေ့ရမယ့် အချိန်များ- သိပ်မဝေးကွာဖို့ မျှော်လင့်မိပါတယ် ။
စာအုပ်ထွက်လာရင်လည်း သိမ်းထားဖို့ အဆင်သင့်ပါပဲ ။
အရင် တစ်အုပ်တောင် ရန်ကုန် ခနပြန်တုန်း ကျွန်တော် ၀ယ်ထားခဲ့တယ် ။
စေတနာနဲ့ ၀ီရိယ ပေါင်းစပ်ပြီး online မှာ ၊ မိတ်ဆွေကောင်း ပီသသူလေးရေ - online မှာ ဆက်ပြီး ဖတ်ခွင့်ရချင်သေးသလို ၊
offline အဖြစ်လည်း စာအုပ်လေးတွေ ဆက်တိုက်ထွက်လာနိုင်ပါစေလို့ ကျွန်တော်တို့ ဆုတောင်းလျက်ပါ ။

ခင်မင်လေးစားလျက်

တော်ကီ said...

ဘာကြောင့်ဆိုတာသေချာမသိပေမယ့် အခြေအနေရရင်တော့ စာတွေဆက်ရေးပေးပာ အစ်မရေ။ ဟိုတစ်ခာတုန်းက အစ်မကြှောငြာဘူးတဲ့ connection ကောင်းတယ်ဆိုတဲ့ဆိုင်ကို သွားသုံးပာ။ :)

အစစအရာရာ အဆင်ပြေပာစေ။
အမြန်ဆုံး ပြန်လာနိုင်ပာစေ။

barnay said...

ပြန်လည်တွေ့ဆုံကြပါဦးစို့
ဟုတ်တယ် ပြန်လည်တွေ့ဆုံကြဦးမှာပါ
မှန်တာပေါ့ ပြန်လည် ရင်းနှီးကြဦးမှာပါ
ဘလော့ချစ်တဲ့ မနိုင်းနိုင်း မနေနိုင်ပါဘူးဗျာ
မနိုင်းတော့ တစ်ပတ်တစ်ခါ အလွမ်းပြေ လာတွေ့မယ်ထင်ပါတယ်
မနိုင်းနိုင်း .. အင်တာနက်သုံးတတ်ပြီး မြန်မာစာဖတ်တဲ့သူတိုင်း အမကိုလေးစားတယ်နော်
ကျနော်လည်းလေးစားပါတယ်ဗျာ . ဘာသာပြန်တွေကို အရမ်း ခိုက်တယ် ... ဖတ်ရတာ အရမ်းထိရောက်တယ် စိတ်ဝိဥာဉ်တွေဆီကိုလေ .တစ်ခါတစ်ခါ ဖတ်ရတာ ကျေနပ်လွန်းလို့ စိတ်ထဲမှာတောင် ကြိတ်အော်မိတာ .. အိုကေ ကျနော်လည်း ကိုရင်နော်ခင်လေးငယ် ပြောသလို ဘလော့သစ်ကလေးတွေ ပြန်တင်ဖို့တောင်းဆိုပါတယ် ဗျာ

နွေးနွေးသဲမွန် said...

အင်တာနက်ဝင်ဖြစ်ပြီး စာဖတ်ချင်တာနဲ့ အရင်ဖွင့်ဖြစ်တာဒီဘလော့လေးပါ မနိုင်းရေ...လေးစားသလို အမြဲအားပေးနေပါတယ်...
ဘယ်နေရာ ဘယ်ဒေသ...ရောက်ရောက်..မနိုင်း ဘ၀တလျှောက် ဒီ့ထက်ဒီပို၍ အောင်မြင်ပါစေရှင်...
အဆင်ပြေမယ်ဆိုစာဆက်ရေးစေချင်ပါတယ်..
.စာအုပ်တွေထွက်လာရင်လဲအားပေးပါမယ်...အဖိုးတန်စာ လေးတွေကိုသိမ်းထားချင်လို့ ပါ....း-)

ချစ်ကြည်အေး said...

မစနေရေ...ပြန်လည်ဆုံတွေ့ကြပါစို့လို့ နှုတ်ဆက်ပြီးအမှာ...ကြိုဆိုပါ၏ လို့ ဆီးကြို ပြောရမဲ့ နေ့ ရှိလာမှာပါနော်...:)

မြစ်ကျိုးအင်း said...

အချိန်ရရင်ရသလိုတော့ ရေးပါအုံးမနိုင်းရေ
ကိုယ်ရေးကိုယ်တာ တွေကြောင့် စာရေးကျဲတာ တော့ နားလည်ရမှာပေါ့။ လုံးဝ အဆက်ပြတ် သွားတဲ့အထိတော့ မဖြစ်စေချင်ဘူး။
မြန်မာပြည်ရဲ့ အင်တာနက်လည်း ကောင်းမွန်နေပါစေ။ မနိုင်းလည်း အစစအရာရာ အဆင်ပြေပါ စေနော်။

said...

စိတ်ထဲမှာ တစ်မျိုးကြီးပဲ.. တောင်ကြီးမှာအင်တာနက် ကောင်းပါတယ်..အားတဲ့အချိန်လေး တင်ပေးပါနော်...

T T Sweet said...

မနိုင်းရေ
တစ်ခါထဲတော့ အပြီးနှုတ်ဆက်မသွားပါနဲ့။ အင်တာနက်ခေတ်ကြီးမှာ တစ်နေ့နေ့တစ်ကွေ့ကွေ့တော့ စာတွေ ဆက်ရေးနိုင်မှာပါလို့ စိတ်ချနေမယ်။
မနိုင်းရဲ့ စာတွေက မြန်မာလူမျိုးစာဖတ်သူတွေအတွက် ဗဟုသုတ၊အတွေးအမြင်၊ ရသ ပေါင်းစုံကို ရစေပါတယ်။ ပြန်ရေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ပန်းရင့်ရောင် said...

ဗဟုသုတရတဲ့ စာတွေရေးသူမို့ နှမြောမိပါတယ်။ကျွန်မက စာဖတ်ပေမဲ့ သိပ်မန့်လေ့မရှိဘူး။ ပြန်ဆုံချင်ပါသေးတယ်။ဘလော့ဒ်ဂါမောင်နှမတွေအဖြစ်နဲ့ပေါ့။အဆင်ပြေပါစေရှင်။

Anonymous said...

မနိုင်းနိုင်း ... ကျနော် တို့ နေ့ တိုင်းရောက်တဲ့ site ကို အမြဲတော့ ရောက်နေမှာပါ။ စီပုံး မှာ ကလေးကျောင်းအပ်ပြီးရင် ပြန်ေ၇းမယ် ဆိုလို့  2nd Generation nineninesanay များကိုလည်း ကြိုဆိုနေပါတယ်။ c u

တောင်ပိုင်းသား

moehan said...

I sorry to hear that too coz when I woke up everymorning n i would like to read ur new post n make me perfect my day. Now i feel like lost sth when i browse to web pages without 99sanay.
I wish u all the best ma 99sanay.
U r the best myanmar blogger all the way. I hope u gonna find in new life with new experience.
All the best to u ma 99sanay.
We will missing u from Sweden.
Best regard,
Eric Moe

Htat Khine said...

မနိုင်း..
အဆင်မပြေလို့ပြောင်းသွားရပေမယ့်..
အဆင်ပြေအောင်လို့ကြိုးစားပြီးရေးပေးပါလို့..
မနိုင်းရဲ့ ပညာဒါန အတွက်လည်း သာဓုခေါ်ပေးပါတယ်လို့...
hkw

(p.s- မနိုင်းအသစ်ရေးရေး..မရေးရေး အမြဲလာဖတ်နေဦးမှာပါ)

Htat Khine said...

မနိုင်း..
အဆင်မပြေလို့ ဆက်မရေးဖြစ်ပေမယ့်...
အဆင်ပြေအောင်ကြိုးစားပြီး ဆက်ရေးပေးပါလို့..
့hkw

ဒဏ္ဍာရီ said...

မနိုင်းရေ...... နှုတ်ဆက်တာလေး ဖတ်ပြီး တကယ်စိတ်မကောင်း ဖြစ်မိပါတယ်။ ဘလော့တွေထဲမှာ တကယ့်ကို တန်ဖိုးရှိတဲ့ စာပေတွေ၊ စိတ်ဓါတ်ခွန်အားတွေ ရစေမယ့် စာတွေကို အမြဲတမ်း မျှဝေပေးတတ်တဲ့ ဘလော့လေး တခုပါ။ မနိုင်းဘက်က အကြောင်းကြောင်းတွေကြောင့် မရေးတော့ပေမယ့် နိုင်းနိုင်းစနေဆိုတဲ့ ဒီဘလော့ကို အမြဲတမ်း ဖတ်နေမှာပါ။ မနိုင်း အဆင်ပြေတဲ့ အချိန် စာတွေ ပြန်ရေးပါနော်။ လေးစားအားကျရတဲ့ စာမျက်နှာ အသစ်တွေကို မျှော်လင့်နေပါတယ်။

မနိုင်း အစစအရာရာ အဆင်ပြေပါစေလို့...

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

ဖြူ said...

မနိုင်းရေ...

သေချာရဲ့လားဆိုပြီး.. နောက်ထပ်တစ်ကြိမ်ပြန်ပြီးဖတ်မိတယ်.. စိတ်ထဲတမျိုးခံစားမိတယ်.. အစ်မ အရေးအသားတွေက အရမ်းကောင်းပါတယ်.. တောင်ကြီးမှာ အခွင့်အခါရရင်ပြန်ရေးပါဦးနော်..
မနိုင်းစာတွေကို စောင့်မျှော်နေပါ့မယ်...
အစ်မရဲ့အမြဲတမ်းစာဖတ်ပရိသတ်..
ဖြူ

ချမ်းမြေ့ဦး said...

ချစ်မမကြီးရေ

အမြန်ဆုံး ပြန်လည်တွေ့ဆုံကြရအောင် ဆန္ဒပြုပါတယ် အရာရာမှာ အဆင်ပြေပါစေကြောင်း တောင်းဆုချွေပါတယ် တောင်ကြီးကလည်း တောမဟုတ်လေတော့ တခါတလေ POSTအသစ် လေးတွေ မျှော်လင့်နေပါ့မယ် စာပေစီစစ် ကလဲ သေချာစွာမဖတ်ပဲ အဖြုတ်ခံရခြင်းမှ ကင်းဝေးပါစေ

Anonymous said...

Hi Ma Nine Nine,
It really miserable to read such post from u suddenly...
I would like to advise not to close ur blog as well as you should keep on write the post whenever u wish.
It's up to ur decision but i have no choice and shall have some respect to ur decision.

Still hope the best....

jittoo said...

v sad to hear that :( :( :(

မိုးငွေ့...... said...

မရောက်ဖြစ်တဲ့ စနေ တနင်္ဂနွေလေးနှစ်ရက်အတွင်းမှာ စနေ့ဆီက ဒီလို နှုတ်ဆက်စာဖတ်ရလိမ့်မယ်လို့တောင်မမျှော်လင့်ထားဘူး...။ တောင်ကြီးရောက်ရင်လဲ အဆင်ပြေမှာပါ...ကျမတို့လဲ ဒီလိုပဲ ဆိုင်ကနေတဆင့် ပို့စ်တွေကို ၀ါသနာပါလွန်းလို့ တင်နေကြ၇တာပဲ...။ ဘာပဲဖြစ်ဖြစ်ဗျာ တောင်ကြီးမှာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်...။ တစ်နေ့တစ်ခေါက်ဖတ်နေကျ စာတွေမရှိတော့လို့ ဟာတာတာတော့ ဖြစ်နေမှာ အသေချာပဲ...။

ခင်မင်စွာဖြင့်
မိုးငွေ့

LAO said...

Ma MEE MEE,
PLs come back Soon..

LAO

Anonymous said...

i'm still searching u ..nine nine!
pls , come back quickly naw !
we r waiting u.


ssa

MYO said...

Dear NNSN,

You give me a shock. You should go back to London and enjoy the life.

Rgds,

Myo

Anonymous said...

အခု တစ်ရာမြောက် comment ကို ပေးလိုက်ပါတယ်။ သတိတရ၊ အမှတ်တရ ဖြစ်စေချင်ပါတယ်။ အားလုံး အဆင်ပြေချောမွေ့ပါစေဗျာ

သိင်္ဂါကျော် said...

အဆင်ပြေတဲ့ အချိန်မှာ ပြန်လည် ဆုံတွေ့ကြပါစို့.. အစ်မ နိုင်းနိုင်းရေ..

ဆောင်းနှင်းရွက် said...

ဒီပို့စ် ကို
ဖတ်လိုက်ရတာ
စိတ်ထဲမှာ တစ်မျိုးကြီးပဲ ..
ဝမ်းနည်းချင်သလိုလို ၊ ဘယ်လိုကြီး ဖြစ်သွားမှန်းမသိဘူး ... :(

မနိုင်းရဲ့ ပို့စ်တွေကို
အမေနဲ့ ပတ်သက်တာတွေ ရေးထားတာ တွေ
စဖတ်မိ ကတည်းက
အရမ်း စိတ်ဝင်စားပြီး အမြဲ လာဖတ်နေမိတယ် ...
ညီမ ဖတ်မိခဲ့တဲ့ ပထမဆုံး ပို့စ်နဲ့ တင်
အဲ့နေ့ က ဖတ်ရင်းငိုမိသွားတယ် ..
တစ်ညလုံးလည်း အိပ်လို့ မပျော်ဖြစ်သွားခဲ့ရတယ် ..

ပို့စ် အသစ် တင်တိုင်း
ချက်ချင်း မရောက်လာနိုင်ခဲ့ပေမယ့် အမြဲ လာဖတ်နေခဲ့တယ် ..
မ99 မရေးနိုင်တော့တဲ့ နောက်ပိုင်းးး
မဖတ်ရသေးတဲ့ ဟိုးအရင် က ပို့စ်တွေကိုပဲ
သွားဖတ်ရတော့မှာပေါ့ ...

အမရဲ့ စာတွေ တော်တော်များများက
ဗဟုသုတ တွေ လည်းရသလို
အသိတရား တွေ ရစေတယ် ..
အခုလို ရပ်သွားတာ အရမ်းနှမြောတယ် ..

တောင်ကြီး ရောက်ရင်
တကယ် ဆက်သွယ်ရမှာလားးး..
မရောက်ဖူးလို့ အရမ်းသွားချင်တာပဲ ..


အစဉ်အမြဲ အားပေးလျှက်
ဆောင်းနှင်းရွက်

ခရေငယ် said...

ပြန်လည်ဆုံတွေ့ချင်ပါသေးတယ်ချစ်မရေ . .
၎ နှစ်တောင်ရေးလာခဲ့တဲ့ဒီနေရာလေးကို ချစ်မ ခွဲခွာသွားနိုင်မယ်လို့ ခေကတော့ မထင်ပါဘူး . .ဖြစ်ချင်တာကိုပဲ ဇွတ်တွေးနေမိတာလဲ ဖြစ်နေမှာပါ . .ချစ်မ ဒီဘလော့လေးနဲ့ စာဖတ်သူတွေပေါ်ထားတဲ့ စေတနာကြောင့် တောင်ကြီးမှာလဲ ရေးဖြစ်လိမ့်မယ်လို့မျော်လင့်နေမိပါတယ် . . တောင်ကြီးမှာလဲ အင်တာနက်ရှိပါတယ်ချစ်မရယ် . . မရေးပဲတော့မနေလိုက်ပါနဲ့နော် . .

Kyaw Nyo Thway said...

မဖြစ် ဖြစ်အောင် ပြန်ရေးပါ အစ်မရာ
စာအုပ်ထွက်ရင်လည်း ၀ယ်ပြီး ၊ ဖတ်ပြီးအားပေးနေမယ်။

ဦးစိတ်ပုတ် said...

ဟာဗျာ... အဲလိုကြီး အနိုင်နဲ့ မပိုင်းနဲ့လေဗျာ.. ဒီမှာ ဖတ်လို့ မ၀သေးဖူး.. အမ အဆင်ပြေတာနဲ့ စာတွေ ပြန်ရေးပါဗျာ..
အမြဲအားပေးနေတာပါ..

mama said...

အဲလိုကြီးတော.မလုပ်လိုက်ပါနဲ.
အခြေအနေပေးရင်
အခြေအနေပေးသလိုလေးတော.
ရေးပါနော်
မမ

မြသွေးနီ said...

မနိုင်းရေ..
လေးလေးစားစားဖတ်ခဲ့ရတဲ့ ဘလော့ဂ်ဂါတစ်ဦးမို့
ဒီသတင်းကြားတော့ စိတ်မကောင်းဘူး။ ဒါပေမယ့် ယုံကြည်ထားတာက မနိုင်းလိုလူမျိုးက လွယ်လွယ်နဲ့ အလျှော့ပေးမှာ မဟုတ်ဘူးဆိုတာ သိပါတယ်။ တနည်းနည်းနဲ့တော့ ဘလော့ဂ်စာမျက်နှာပေါ် ပြန်ရောက်လာမယ်ဆိုတာ ယုံကြည်ထားတယ်။ နှေးတာနဲ့ မြန်တာပဲရှိမှာပါ။ မနိုင်းစာအုပ်တွေကို လည်း အမြဲဖတ်နေသူပါ။ အသစ်တွေကိုလည်း အမြဲအားပေးသွားမှာပါ။ ဘလော့ဂ်ပေါ် အမြန်ဆုံး ပြန်လည်တက်နိုင်မယ့် နည်းလမ်းတွေရှာပေးပါနော်။

စိတ်မကောင်းစွာ...

Shwe O Yaung said...

အမ၇ယ်
ဘာဖြစ်လို့ဘလော့မေ၇းတော့တာလဲ
ညီမကညတိုင်းအမဘလော့ကိုဖတ်နေကျ
ဒီ၇က်မအားလို့မဖတ်ဖြစ်တာ
ခုပိုစ့်ကိုတွေ့၇တော့အ၇မ်းဝမ်းနည်းတယ်အမ၇ယ်
အမပြန်ေ၇းမှာကိုပဲမျှော်နေမယ်
ညီမအကြိုက်ဆုံးဘလော့လေးပါ
အမအမြဲပျော်ရွှင်နိုင်ပါစေ.......

Anonymous said...

နှုတ်ဆက်တာလို့တော့ စိတ်ထဲ မထင်မိဘူး ...
ခရီးခဏ ထွက်သွားတယ်လို့ပဲ မှတ်ထားပါ့မယ်။
တစ်နေ့နေ့တော့ ပြန်လာခဲ့ပါဦး ...
စာတွေ အများကြီး မရေးနိုင်ရင်တောင် တစ်လ တစ်ပုဒ်လောက် ဖြစ်ဖြစ်ပေါ့ ...
အများကြီး စာဖတ်အားကောင်းတဲ့ ၊ ဖတ်သမျှကို စိတ်ပါလက်ပါ မျှဝေပေးနိုင်တဲ့ Blogger ကောင်းတစ်ယောက်ဆီက ခုလိုစကားမျိုး ကြားရတာ စိတ်မကောင်း ဖြစ်ရပါတယ် ...
အရာအားလုံး အဆင်ပြေပါစေ မနိုင်း။

Mr.Pooh @ မောင်ပွတ် said...

မနိုင်းရေ -
လူတွေရင်ထဲရောက်တဲ့ စာကောင်းစာသန့်တွေကို အရင်လိုရေးရင်း ပြန်လာမယ့်ရက်ကို စောင့်နေပါမယ်။ အစ်မပေးခဲ့တဲ့ “မောင်ပွတ်” ဆိုတဲ့နာမည် ရှိနေတိုင်း၊ ကြားနေတိုင်း ကျွန်တော် သတိရနေပါတယ်။ မနိုင်းဟာ ကျွန်တော်တို့နဲ့ အမြဲရှိနေဆဲပါ။

kyaw zay ya said...

မနိုင်း ..
ကျနော်သည်လည်းဘဲ ..
နိုင်းနိုင်းစနေ ဘလော့ ကို
အမြဲတမ်းအားပေးနေသူ
တစ်ယောက်ပါ...
ခုလို..နုတ်ဆက်သွားတာ ဟာအခိုက်အတန့် မျှသာ ဖြစ်ပါစေလို့  ..
မျှော်လင့်ရင်း ပြန်လည်ဆုံတွေ့ွကြပါဦးမည်.....

အဆင်ပြေပါစေ ...
ဖိုးဇေယျ

Anonymous said...

ဟလို..
မနိုင်း ကျနော်သည်လည်းဘဲ
နိုင်းနိုင်းစနေဘလော့ ရဲ့ 
ပရိတ်သတ်ပေါ့ ...ခုလို
နုတ်ဆက်သွားတာကို ..
အခိုက်အတန့် တစ်ခု
လောက်သာထင်မှတ်ပြီး ဆက်လက်အားပေး
လို့စောင့်နေပါ့မယ်...
အဆင်ပြေပါစေ

ဖိုးဇေယျ

Anonymous said...

လာကြည့်ပါတယ်။

ရွှန်းမီ said...

ပြန်ရောက်လာမယ့်နေ့ကို မျှော်လင့်လျက်ပါ။

Mashimaro said...

wish u all the best...
really sad...

hoping to read more
Mashimaro

အနမ်း said...

ဘယ်လိုဖြစ်တာပါလိမ့် !!!
ပြဿနာတစ်စုံတရာများရှိပါသလား။
အကူအညီလိုရင်ပြောနော် အမက ၁၉၉လေး)))
တောင်ကြီးရောက်လည်း ပိုစ့်တော့တင်နိုင်ပါသေးတယ်။
ဘလော့ဂါတစ်ယောက် ထပ်ပြီးလျှော့သွားအုံးမယ်ဆိုတော့ စိတ်မကောင်းဘူး။
အဆင်ပြေပျော်ရွှင်ပါစေ။

Anonymous said...

မမစနေရေ...

ပြန်လည်တွေ့ ဆုံချင်ပါသေးတယ်ဗျာ..။

ကျောပိုးအိတ် said...

မမနိုင်းရေ

အသစ်တွေ မလာတော့ပေမယ့် အဟောင်းတွေကို ရှာဖွေပြန်ဖတ်နေတယ်မမ။

မြန်မြန်ပြန်လာတော့နော်။

လေပြေသွေး said...

တစ်ခါတလေမှ ဝင်ရောက်ဖြစ်ပေမဲ့ ကွန်မန့်မထားခဲ့ပါဘူး။ အဆင်ပြေတဲ့ တစ်နေ့ ပြန်လည်ဆုံတွေ့ကြရအောင်.......ခင်မင်လေးစားစွာဖြင့်......

Anonymous said...

နယူးယော့ ရောက် ရင် တွေ့  မယ် လေ နိုင်းနိုင်း ရေ ..
လုပ်စရာတွေ ရှိနေသေးလို့ မရေးသေးတာ လို့ ဘဲ မျှော်လင့်မိတယ် ... မြန်မာနှစ်သစ်ကူးမှာ ပျော်ရွှင်ချမ်းမြေ့  ပါစေ ...

mie nge

Tint said...

ဘ၀ဆိုတာ ဒီလိုပါပဲ။

success said...

Dear Sis, really so sorry to hear that.
Hopefully to see you soonest.
Take care.

ဂျစ်တူး ( မုံရွာ ) said...

နိုင်းနိုင်းရေ
ကျန်းမာပါစေမင်္ဂလာပါ
ဒီဂျစ်တူးကခုမှမန်တာပါ-နှုတ်မဆက်ချင်လို့ ပါဗျာ-
လိုင်းပေါ်တွေ့ တဲ့နေ့ ကဘယ်ပြောက်သွားတာဟင်-
စကားပြောကြပါအုံးစို့ နော်-
နှုတ်မဆက်ချင်ဘူး-ဒါဘဲ
နိုင်းနိုင်းလည်းစာတွေမရေးဘဲမနေနိုင်ပါဘူး---ဟုတ်
ဖတ်ရအုံးမယ်ဆိုတာရာခိုင်းနှုန်းပြည့်ယုံကြည်ထားတယ်-
စာအုပ်ထွက်ရင်လည်းအကြောင်းကြားလိုက်နော်-
စင်္ကာပူမှာတာဝန်ယူပြီးဖြန့် ပေးမယ်-
သတိရလျှက်ဖြင့်
ဂျစ်တူး(မုံရွာ)စစ်စစ်ဋ္ဌကီးပါဗျာ-

Anonymous said...

ဖြစ်တတ်ပါတယ်...


ဗိုလ်မြ

ခွန်မြလှိုင် said...

မမီးရေ
ဆက်မရတော့တဲ့ ဖုန်းနံပါတ်လေးရယ် ရိုးသား အေးချမ်း တဲ့ စကားသံ ချိုချိုလေးရယ်ကို လွမ်းတယ်... ဘာပဲ ဖြစ်ဖြစ်ပါလေ... နှစ်သစ်မှာ မင်္ဂလာ အပေါင်းနဲ့ ပြည့်ဝပါစေရှင်... ကံမကုန်သေးရင် ဆုံကြပါဦးစို့

Anonymous said...

ကောင်းတယ်ဗျာ

မြင့်မိုး said...

အစ်မနိုင်းနိုင်းရဲ့ပရိတ်သတ်တွေကို ထာဝရပြစ်သွားမှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိနေပါတယ်။

zaw said...

အစ်မနိုင်း အစ်မလိုလူတစ်ယောက်ကတန်ရုံလောက်အကြောင်းနဲ့တော့စာဖတ်ပရိတ်သတ်ကိုနှုတ်သွားမှာမဟုတ်ဘူးဆိုတာသိနေပါတယ်ဖြစ်နိုင်မယ်ဆိုရင်တော့...အစ်မပြန်ပြီးစာတွေရေး စေချင်ပါတယ်။ အစ်မပျော်ရွှင်စွာနဲ့အခက်ခဲတွေကိုကျော်ဖြတ်နိုင်ပါစေ။

ညရဲ့ကောင်းကင် said...

ကျွန်တော်ဘလော့ စရေးခဲ့ကတည်းက ပထမဆုံး လာဖတ်ဖြစ်တာ မနိုင်းဘလော့ဂ်ပါ ...
ဘာသာပြန် ... မေတ္တာစာတွေရေးရာမှာ အရမ်းကောင်းမွန်တဲ့ ဆိုက်လေးကို အမြဲတမ်းလာအားပေးနေခဲ့တာပါ ...
တခါက ကလေးတစ်ယောက် ကလေးကင်ပွန်းတပ် နာမည်ရွေးခိုင်းတော့ ကျွန်တော်ရွေးပေးလိုက်တဲ့ နာမည်လေး (ကောင်းဆက်သွင်) ဆိုတာ ရွေးလိုက်တဲ့အတွက် အဲဒီကတည်းက အရမ်းပျော်ခဲ့ရတာပါ ...
နောက်ပြီး ကျွန်တော့်လို ဘာမဟုတ်တဲ့ လူတစ်ယောက်ကို အစ်မရဲ့ ဘလော့ဂ်လစ်ထဲမှာ ထည့်ပေးထားခဲ့တာလည်း ကျေးဇူးတင်လို့ မဆုံးပါဘူး အစ်မ ...

လူဆိုတာ တွေ့ဆုံကြုံကွဲ ဆိုပေမယ့် တကွေ့တကွေ့မှာတော့ ပြန်ဆုံတွေ့နိုင်ပါသေးတယ် ...
အဲဒီနေ့လေးအတွက် ကျွန်တော်တို့ စောင့်မျှော်နေကြပါမယ် ...

ခင်မင်လေးစားစွာဖြင့်
ညရဲ့ကောင်းကင်

shwenattharr said...

မနိင်းနိင်းခင်မျာ
အမဘလော့ကိုအခုမှလာလည်ဖြစ်ပေမဲ့ 
အမနာမည်ကိုကြားဖူးနေတာကြာပါပြီ
ကျွန်တော့်ဆီဝင်လာတဲ့ မေလ်းတစ်ချို့ မှာ
အမရေးထားတဲ့ စာတွေဖတ်၇တည်းက
လေးစားနေမိတာပါ
စာတော့ဆက်ေ၇းစေချင်ပါတယ်

sway said...

i'm feel sad.
i'm read ur blog everyday.
u give me knowledge & pleasure.
that news is loss for me.
i want to read ur posts.
don't leave.

echoတောင်ကြီးသူ said...

မနိုင်း

တောင်ကြီးမှာတွေ.၇င်ခေါ်မယ်နော်


တောင်ကြီးသူ