Wednesday, March 17, 2010

စကားလုံးများ ပေးသနားပါ


အဖေ၊ အမေတွေအတွက် ကိုယ့်ရင်ထဲမှာ သိမ်းဆည်းထားတဲ့ စကားလုံးတွေ၊ မပြောဖြစ်လိုက်တဲ့ စကားလုံးတွေကို တောင်းဆိုချင်ပါတယ်။ စာလုံးရေသိပ်မများဘဲ နာမည်ရင်း သို့မဟုတ် နစ်နိမ်းနဲ့ ရေးသားပေးဖို့ တောင်းဆိုပါတယ်။ (အဲဒီစကားလုံးတွေကို ဘာလုပ်မယ်ဆိုတာ မပြောတော့ဘူးနော်)

***စကားလုံးတွေရေးပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီစကားလုံးတွေကို နောက်ထုတ်မယ့် "အမေ"စာအုပ်မှာ ထည့်သုံးမှာမို့
Anonymousနဲ့ မရေးကြဘဲ ကိုယ်တိုင်သိနိုင်တဲ့ နာမည်(သို့) သင်္ကေတတစ်ခုနဲ့ရေးပေးဖို့ တောင်းဆိုပါတယ်။ နောက်ပြီး စာမျက်နှာအခက်အခဲတွေ ရှိနိုင်တာကြောင့် အရမ်းတို (သို့) အရမ်းရှည်တာတွေ မရေးကြဖို့ ထပ်တောင်းဆိုချင်ပါတယ်။ တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး ရေးပေးစေလိုပါတယ်။

ဒီနေရာမှာ မရေးချင်ရင် အီးမေးလ်နဲ့ပို့လည်း ရပါတယ်။ အကောင်းဆုံး(၃၅)ခုကို ရွေးသွားပါမယ်။

အားလုံး....ကျေးဇူးတင်ပါတယ်း)

နိုင်းနိုင်းစနေ


Share/Bookmark

38 comments:

romanus said...

ဖေဖေ သားဖေဖေ့ကိုချစ်တယ်

Anonymous said...

PA PA AND MAR MAR , PLEASE DONT FIIGHT.

Anonymous said...

mum , dad ... I miss U so much.

Yamin said...

Dad and Mom , I dun know how to describe my love for you two .But , all I can say is "I love you" ..

Shwe O Yaung said...

ဖေဖေနဲ့မေမေ
ဖေဖေနဲ့မေမေ၇ဲ့သမီးလေးတစ်ယောက်ဖြစ်ခွင့်၇တဲ့ဒီဘ၀မှာဂုဏ်ယူလို့မဆုံးပါဘူး...............
Nothing is special than my MOM and DAD in this world!!!

TYZ said...

သမီးအပေါ်အမြဲတမ်း နားလည်ပေးတဲ့မေ့မေ့ကို အရမ်းချစ်သလို သမီးကို ပိတ်ပင်တားမြစ်တတ်ပေမဲ့ စိုးရိမ်ပူပန်တတ်တဲ့ဖေ့ဖေ့ကို လေးစားပါတယ်။ မေမေနဲ့ ဖေဖေကို အရမ်း..... ချစ်တယ်။

Shinlay said...

အဖေ ကိုပြောပြချင်တယ်။ ကျမအတွက်အဖေဆိုတာ
စာရွက်ပေါ်ရေးပြနိုင်လောက်ရုံသာသာ ရှိခဲ့ပေမဲ့
အဖေမေတ္တာကို မျှော်လင့်ရင်း...အဖေ့ကို ချစ်ပါတယ်။
အဖေရယ်၊ အမေရယ်၊ ကျမရယ်...အတူတူနေခွင့်
မရခဲ့လို့ တော့ ၀မ်းနည်းမိပါတယ်။ အဖေ့ကို ကျမပြောချင်တာတွေတော့ အများကြီးပါ။ တခုကတော့
အဖေနဲ့ အမေ့ကို...ကျမချစ်ပါတယ်။

သူရဲကောင်းကြယ် said...

မျက်စိကို မှိတ်ထားပါလျက်
အိမ်ကို သတိရတဲ့အခါ
အမေ့မျက်နှာလေးကို ပြေးမြင်မိတယ်...

ငယ်ငယ်က မေမေပြောနေကြ
''သားကြီး အိမ်ပြန်မိုး မချုပ်စေနဲ့နော်''
ဆိုတဲ့စကားလေးတစ်ခွန်းကို
ကျွန်တော်နားလည်ခဲ့ပြီ။

အိမ်မဟုတ်တဲ့နေရာတွေမှာ
မိုးချုပ်ရတဲ့အခါ...
အမေနဲ့ အဖေ့ကို
လွမ်းလွန်းလို့ပါဗျာ..

သားကြီး မောင်လူပေ
herostar

Anonymous said...

အမေ့ရဲ့ တဲအိုပျက်လေးကို ကြည့်ပြီး အမေ တမ်းတလေ့ရှိတဲ့ စကားလုံးလေးကတော့ ဒီအိမ်လေးကို ပြင်ချင်လိုက်တာတဲ့...အကြောင်းရင်းကတော့ ဧည့်သည်တွေလာရင် အားနာလို့ပါလို့ဆိုရှာတယ်...သို့ပေမယ့် မိသားစု များတဲ့ အမေ့အနေနဲ့ ဘယ်လိုမှ မပြင်နိုင်ရှာပါဘူးလေ...သားသမီးတွေကလည်း ကျောင်းသားအရွယ်တွေနဲ့ ဆိုတော့ ဘယ်တတ်နိုင်ပါ့မလဲ...အခုတော့ အမေပြင်ချင်တဲ့ အိမ်လေး အမေအမြဲပြောလေ့ရှိတဲ့ တဲအိမ်လေးကို သား အခု ပြင်ပေးနိုင်ခဲ့ပြီအမေ...တဲအိမ်လေးကနေ တိုက်အိမ်ကလေး ဖြစ်လာလို့ အမေ၀မ်းသာ ကြည်နူးနေမယ်ဆိုတာ သား သိပါတယ် အမေ... အမေလိုပဲ သား ရင်ထဲမှာလည်း ၀မ်းသာပီတိ ဖြစ်မိပါတယ်...ဖြစ်ရတဲ့အကြောင်းရင်းက အမေလိုချင်တဲ့ ဖြစ်စေချင်တဲ့ ပုံစံလေးကို သား တစ်ယောက်နေနဲ့ ပြောင်းလဲ လုပ်ပေးနိုင်ခဲ့လိုပါ အမေ...သား ရဲ့ ရင်ထဲမှာ အမေ့ ကို မပြောပဲ သိမ်းဆည်းထားတဲ့ စကားလုံးလေးကတော့ အမေ မသေခင်လေးမှာ စိတ်၏ချမ်းသာချင်း ကိုယ်၏ကျန်းမာချင်းတို့နဲ့ ပြည့်စုံအောင် အမြဲတမ်း ကျေးဇူး ဆပ်နိုင်ပါစေ လို့...

တမလွန် ဘုံဘ၀ က အဖေ့အတွက် သား စိတ်မကောင်းပါဘူး...အမေ ခံစားသလိုမျိုးလေး အဖေ့ကိုလည်း ခံစားစေချင်ခဲ့တယ်...ဒါပေမယ့် အဖေက အဝေးကို ထွက်သွားခဲ့လေတော့ သားဘ၀မှာ အမေကိုသာ လုပ်ပေးနိုင်ခဲ့ပြီး အဖေတွက် မလုပ်ပေးနိုင်ခဲ့လို့ ၀မ်းနည်းမိခဲ့ပါတယ်အဖေ...ကျွန်တော့်ရဲ့ ဘ၀မှာ ငယ်ငယ်တည်းက စိတ်ဓာတ်ခိုင်မာလာအောင် ရိုက်သွင်းပေးခဲ့တာတွေ အဖေဟာ အတန်းပညာအားဖြင့် ၄ တန်းအောင်သာ ဆိုတယ် အသိဥာဏ်ကြွယ်ဝ မှုက အများကြီးရှိလေတယ်...ဆိုဆုံးမမှု လုပ်တိုင်း အမြဲ ပုံပြင်လေးတွေလို ခိုင်းနှိုင်းပြောဆိုတတ်တယ်...အဖေ့ရဲ့ သွန်သင်ဆုံးမ လမ်းပြမှုတွေ အသက်အရွယ်အလိုက် ချော့တစ်လှည့် ချောက်တစ်လှည့်နဲ့ ပြုပြင်လမ်းပြမှုတွေဟာ ကျွန်တော့်ဘ၀အတွက် ပေးဆပ်လို့ မကုန်နိုင်တဲ့ ကျေးဇူးတရားတွေပါ...အဖေ့အတွက် ကျွန်တော့်ရဲ့ ရင်ထဲက အဖေ့ကို မပြောလိုက်ရပဲ အမြဲသိမ်းဆည်းထားတာလေးတွေကတော့ အဖေ့ကို အများကြီးကျေးဇူးတင်ပါတယ်...ရှေ့လျှောက်ရမယ့် ဘ၀ခရီးကြမ်းတွေမှာ ဘယ်လိုရင်ဆိုင် ဖြတ်သန်းရမယ်ဆိုတာ အတွေးခေါ်ကောင်းကောင်းနဲ့ ကြိုတင် သိရှိတတ်ပြီး ဆုံးမတတ်တဲ့ အဖေ့အတွက် အမေ့လို မခံစား မစံစားရပဲ အဝေးကို ထွက်သွားရတဲ့အတွက် အဖေ့ကို ကျေးဇူးမဆပ်လိုက်ရလို့ သား ရဲ့ ရင်ထဲမှာ အမြဲတမ်း စိတ်မကောင်းဖြစ်ရပါတယ် အဖေ...ဘ၀ ဆက်တိုင်း ဆက်တိုင်းမှာ အဖေအမေ အားလုံးကို မသေခင်မှာ ကျေးဇူးတရားတွေကို သား တစ်ယောက်အနေနဲ့ ဆက်နိုင်ခွင့်ရပါစေလို့ သား ရဲ့ ရင်ထဲမှာ ဆုတောင်းနေလျှက်ပါ အဖေ.....။

ိုကိုအောင်

Anonymous said...

ဖေဖေနဲ.မေမေကိုသမီးအ၇မ်းချစ်ပါတယ်။နိုင်ငံခြားမုာက
လေး၂ယောက်နဲ.အလုပ်မလုပ်နိင်သေးခင်မသေပါနဲ.အုန်း။ဒီနေ.သမီးဒီလိုအဆင်ပြေပြေနေနိင်အောင်ပြုစုပျိုး
ထောင်ပေးခဲ.တဲ.ဖေဖေနဲ.မေမေကိုသမီးကိုယ်တိုင်အလု
်ပ်လုပ်ပြီးဆေးကုပေးချင်လို.ပါ။ဖေဖေနဲ.မေမေအနားကို
ပြန်လာပြီးကိုယ်တိုင်ပြုစုပေးချင်လို.ပါ။အဲဒီအခွင်.အေ၇း
ကိုယ်ဒီတသက်၇ပါ.၇နိင်ပါတော.မလားလို.အမြဲစိုး၇ိမ်နေ၇ပါတယ်။ကိုယ်တိုင်ကလေးတွေ၇လာတော.မိဘမေတ်
တာကိုယ်ပိုနားလည်းပြီးမိဘကိုယ်ပိုချစ်တတ်လာပါတယ်
လောကမုာကိုယ်ကိုအမြဲချစ်ပြီးခွင်.လွတ်နိင်တဲ.တူက
မိဘကလွဲပြီးတခြားသူမ၇ိုနိင်တာကို၇င်နဲ.၇င်းပြီးသိခဲ.၇ပါပြီး။ဖေဖေနဲ.မေမေကိုအ၇မ်းချစ်ပြီးအ၇မ်းလွမ်းနေတဲ.ဝေးတနေ၇ာကသမီးလေးကိုခွင်.လွတ်နိင်ပါစေ။ဒီလိုမျီုး
ေ၇းခွင်.၇အောင်လုပ်ပေးတဲ.အမကိုလည်းကျေးဇူးအထူးတင်မိပါတယ်

ကိုဆု said...

အမေ .. လွန်ခဲ.တဲ. ၁၂ နှစ်လောက်က သား ကျောင်းကနေ သားတို.မြို.လေးအပြန် ညဖက်မောင်းတဲ. ဟိုက်ဝေးမှန်လုံကားပေါ်ပါလာခဲ.တယ် ။ အဲဒီနေ.မှာပဲ အမေကလည်း နယ်ကနေ မန္တလေးသွားဖို. သားစီးတဲ.ကားလိုင်းက ယာဉ်တစီးနဲ.ပါလာခဲ.တယ် ။ ညဖက် ယာဉ်နှစ်စီး လမ်းမှာ တွေ.တော.၊ ကားချင်းဘေးချင်းယှဉ်ရှောင်တဲ.ခဏ တဖက်က ကားပေါ်မှာ သားပါလာမှာသိတဲ. အမေက မတ်တပ်ရပ်ပြီး (လူတွေအားလုံး အိပ်ငိုက်နေချိန်မှာ)သားကိုရှာနေတာ သားမြင်လိုက်ရတယ် ။ သားက အမေမြင်အောင် မတ်တပ်ရပ်ပြခဲ.ဖို. သတိမရခဲ.ဘူး ။သားမျက်နှာတွေ.ချင်ဇောနဲ. ကမန်းကတန်းရှာနေတဲ. အမေ.မျက်နှာနဲ.အပြုံးကို ခုချိန်ထိ သားအိပ်မက်တုန်းပဲ အမေ။ အိပ်မက်က နိုးလာရင်လည်း သားမျက်ရည်စို.ရတယ် ။ အမေ နဲ.ခွဲပြီး အဝေးမှာ သားလေလွင်.နေတာ ၁၀နှစ်တောင်ပြည်.တော.မယ် အမေ ။သား မမိုက်တော. ပါဘူး ။ သား အမေ. အတွက်ပြည်.စုံအောင်ရှာဖွေပြီးရင် အမေ.ရင်ခွင်ထဲ သားအမြန်ပြန်လာမှာပါ ။ ဒီတခါ အမေနဲ.တွေ.ရင် အမေကို သားချစ်တယ်လို.ပြောရင် သားလူမိုက် ကိုကြည်.ပြီး အမေအံ့သြနေမှာလား ?

တောင်ပေါ်သား said...

ဘ၀မှာ အရမ်းချစ်ရတဲ့ အမေ.. ဒါပေမဲ့ အမေ့ကို ဘယ်လောက်ချစ်မှန်းကိုယ့်ရင်ထဲမှာ ကိုယ်သာအသိဆုံးဖြစ်ပေမဲ့ တခါမှ ဒီပါးစပ်က မထွက်ခဲ့ဖူးဘူး... ပြောချင်လိုက်တာ... "မေမေကို ကျနော် အရမ်းချစ်ပါတယ်လို့"

လေးစားလျက်
တောင်ပေါ်သား

ရတနာစိုး said...

အခက်အခဲတွေအများကြီးထဲက နိုင်ငံခြားမှာ မပူမပန်ကျောင်းတက်နိုင်အောင် သောကတွေ၊ ဒုက္ခတွေကို နှစ်ယောက်တည်း မျှဝေခံစားနေတဲ့ ဖေဖေနဲ့ မေမေကို ကျေးဇူးတင်ပါတယ်။

စန္ဒကူး said...

အမေ့လက်ဖ၀ါးအစုံမှာ ငါ့ဘ၀စတယ်
အမေ့လက်ဖ၀ါးအစုံနဲ့ ငါ့ကိုကျွေးမွေးယုယတယ်
အမေ့လက်ဖ၀ါးအစုံ ငါ့ခံစားမှုစုံမျက်ရည်သုတ်ဖယ်ပေးခဲ့တယ်
အမေ့လက်ဖ၀ါးအစုံ မိသားစုတွက် မီးဖိုချောင်ထဲ ထုထောင်းနေခဲ့တယ်။
အမေ့လက်ဖ၀ါးအစုံ အနာဂါတ်အတွက် အလုပ်တွေဇယ်ဆတ်နေခဲ့တယ်
အမေ့လက်ဖ၀ါးအစုံ အဝေးကငါ့အတွက် ဆုတောင်းပေးနေတယ်
အမေ့လက်ဖ၀ါးအစုံ တစ်နှစ်တစ်ခါဆုပ်ကိုင်ခွင့်ရတိုင်း ဘ၀ကိုဆက်ရင်ဆိုင်ဖို့အင်အားတွေတိုးစေတယ်။

(သားသမီးတွေတွက် မနားခဲ့ရတဲ့ အမေ့လက်ဖ၀ါးလေးအကြောင်းခံစားရေးဖွဲ့ပါတယ်)

Nature Active said...

မေမေက စကားအများကြီး ပြောချင်ပေမယ့် ကျမှဖုန်းခ ကုန်မှာစိုးပြီး ဖုန်းဆက်တိုင်း မြန်မြန်ပြောလို့ ပြောတက်တယ်။ အရင်က နားမလည်ခဲ့ဘူး။
အိမ်ကို တခါပြန်တော့မှ မေမေ့ရဲ့ ပြောမကုန်စကားတွေကို သိခဲ့ရတယ်

သမီးကြီး said...

အမြဲဒေါသကြီးပြီးအမြဲသေချာတတ်တဲ့အမေဟာ အမြဲရှပ်ပြာရှပ်ပြာပြီးဖြစ်သလိုလုပ်တတ်တဲ့သမီးကို မချစ်ဖူးလို့ တသတ်လုံးထင်ခဲ့သမျှ ငရုပ်ဆုံကအဖြေသိစေခဲ့တယ်။ မျက်လုံးထဲငရုပ်သီးဝင်လို့ အော်နေတဲ့သမီးကိုကြည့်ပြီး ဘာလုပ်ရမှန်းမသိ မီးဖိုချောင်ပတ်ပြေးနေတဲ့ အမေ့ရဲ့မေတ္တာအဟုန်ဟာ ဝေဒနာအားလုံးကိုမေ့သွားစေခဲ့ပါတယ်အမေ
အဲဒီနေ့ကသမီးမျက်စိစပ်တာဟာ ရေမခပ်ရပါပဲ ပျောက်သွားခဲ့တယ်

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ...
နေ့စဉ်နီးပါး ဒီဘလော့လေးရဲ့ စာဖတ်ပရိတ်သတ် ဖြစ်ခဲ့သူပါ။ နှစ်နဲ့ချီပြီး ကြာပြီဆိုပါတော့။ အမြဲဖတ်ဖြစ်ပေမယ့် comments လေးတွေ မရေးဖြစ်ခဲ့ပါဘူး။ အခု ပထမဦးဆုံးပါ။ အမေ ဆိုလို့ ရေးချင်စိတ် ပေါက်သွားတာနဲ့ ရေးလိုက်ပါတယ် ညီမငယ်....... အမေ့ကို ပြောချင်တဲ့ မပြောဖြစ်ခဲ့တဲ့ စကားလုံးတွေပေါ့။....

အမေ...ကျွန်တော့ဘ၀ရဲ့ အောင်မြင်မှုတွေအားလုံး အမေ စီမံခဲ့တာပါ။ လိမ္မာယဉ်ကျေးတဲ့ သားတစ်ယောက်ဖြစ်အောင် အမေ ညွှန်ပြဆုံးမခဲ့တာပါ အမေ။ ၃၃ နှစ် ရှိပြီဖြစ်တဲ့ သားအတွက် အခုအချိန်ထိ ၃၃ လ သားအရွယ်ပမာ စိတ်မချနိုင်ဖြစ်နေတာ... စိတ်ပူနေတာ အမေပါ။ သား ဂရုစိုက်တာကိုလဲ အမေ အမြဲလိုချင်နေခဲ့တာ သား အသိဆုံးပါ အမေ။ အမေ့ ဓာတ်ပုံလေး အလုပ်မသွားခင်တိုင်း မွှေးမွှေးပေးခဲ့တာ များလွန်းလို့ အမေ့ပါးနေရာလေး ဆေးရောင်တွေ မရှိတော့ဘူးအမေ။ အမေ..သား..ဒီစာရေးရင်းနဲ့ ရင်ထဲက အကြိမ်ကြိမ်အော်နေမိတယ်..အမေ...
အမေ့ကို သား အရမ်းချစ်ပါတယ် အမေ..
အမေ့ကို သား အရမ်းချစ်ပါတယ် အမေ...

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

. said...

ကျနော် အဖေ ၊ အမေ တွေအားလုံးကို ရည်စူးပြီး ပြောရမှာဆိုတော့ သူများတွေလို ကောင်းတာတွေချည်းပဲ မပြောချင်ဘူးဗျာ။
ဘယ်အရာ မဆို ဘက်မျှအောင်ပဲ ကျနော် စဉ်းစားမိတယ်။
အမြဲတမ်း နည်းနည်းတော့ ဖောက်ထွက် စဉ်းစားလိုက်မှ ကြိုက်တဲ့ သူဆိုတော့ ဒီလိုလေးတွေ နည်းတော့ ချရေးပါရစေ။

၁။ မိဘကို ချစ်တဲ့ သားသမီးတိုင်းဟာ မိဘကို စိတ်ဆင်းရဲအောင် မလုပ်ဘူး...တဲ့။
ဒါဆို. . .သားသမီးကို ချစ်တဲ့ မိဘတိုင်းကရော.......?

၂။ မိဘမျက်ရည် တစ်စက် သားသမီး ဆင်းရဲ တစ်သက်......တဲ့။
သားသမီးတွေရဲ့ မိဘအတွက် မျက်ရည်ပေါင်း များစွာကရော........?

ဘာရယ်မဟုတ်ပါဘူး။ ဒီလိုပဲ ဘက်မျှမျှ တ တ တွေးမိလို့ပါ။ စာရှည်သွားတဲ့ အတွက် ဆောရီး မနိုင်း။ စာအုပ်ထဲမှာ ထည့်ရေးစေချင်တဲ့ ဆန္ဒလုံးဝ မပါပါဘူး။ ကောင်းတာတွေချည်းပဲ ရေးနေကြရင် အားလုံး မှိုင်းတွေဝပြီး မြေက မကြွမှာ စိုးလို့ပါ။

ဖတ်မိစေချင်တဲ့ ဆန္ဒပဲ ရှိပါတယ်။
အားလုံးကို ကျေးဇူး..
ကိုဇော်

dr.koyehtut7d said...

(ဖေဖေရေ.. ငိုပါရစေတော့)
ကျွန်တော့်ဖေဖေကကျွန်တော့်ကို စိတ်ဓာတ်ခိုင်မာဖို. အမြဲပုံသွင်းခဲ့တာ
သူဆုံးတော့ ကျနော်မငိုဖြစ်ဘူး..ငါစိတ်ခိုင်မာရမယ်လို.ပဲ တွေးနေခဲ့တာ...
၅ နှစ်ကြာသွားပြီ..ဖေဖေ့ကိုတစ်ရက်မှ မေ့မထားခဲ့ဘူး မနေ.ညကတော့အိပ်မပျော်လို. အမှောင်ထဲမှာ ထွက်ထိုင်ရင်း မျက်ရည်တွေ ကျနေမိတယ်..
ဖေဖေရေ...ကျွန်တော် ငိုပါရစေတော့......

ဖိုးဥာဏ် said...

အင်တာနက်ဆိုင်ကိုအလုပ်ရှုပ်လို့မလာနိုင်တဲ့မေမေနဲ့ဖေဖေကို ရပ်ဝေးကသားအရမ်းသတိရတယ်။လာပါဦး။
လာဖို့ စိတ်ကူးလေးပေါ်လာရင်လဲ အလုပ်တွေမပေါ်လာပါစေနဲ့ ။

မောင်ငယ်လေးတစ်ယောက် said...

အနေဝေးခြင်းက သတိရခြင်းကို
ဒီရေတက်သလို တရိပ်ရိပ်တိုးစေတာများလား.... အိမ်နဲ့ခွဲရလို့်မေမေ့ကို သတိရတော့မှ
တမ်းတခြင်းဆိုတာကို သားခံစားတတ်နေပြီ......
အခုဆို အရင်တုန်းကမေမေ့ရဲ့စကားသံတွေ
သားနားထဲမှာ ကြားယောင်နေပြီ.......
အားငယ်လာတိုင်း တိုးဝင်ခဲ့တဲ့
မေမေ့ရင်ခွင်ကိုလဲ သားလွမ်းတတ်နေပြီလေ......

zenith of may31 said...

မိသားစုဘ၀ဆိုတာ
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
ပါးစပ်ကဖွင့်မပြောလဲ
ရင်ထဲအထိ ထွင်းပြီးမြင်ရတယ်။
အဖေရယ် အမေရယ် သမီးရယ်
ဖိုခနောက်ဆိုင်ကလေးသုံးခုအဖြစ်နဲ့
တစ်ယောက်ကိုတစ်ယောက်မှီတွယ်
လောကရဲ့ လမ်းအသွယ်သွယ်ထဲ
ကျောချင်းကပ်လို့ ခရီးနှင်မယ်။
မပြည့်စုံခြင်းနဲ့ ပြည့်စုံခြင်း
ဘယ်လောက်ရှိရှိ
ဟောဒီဘ၀မှာ
အဖေနဲ့အမေသာရှိရင်
သမီးဘ၀အတွက်
အရာရာပြည့်စုံခဲ့ပါတယ်။

(ထက်စုအောင်)

Law Shay said...

မကြိုက်တတ်ပေမဲ့

မေမေပြုတ်တဲ့ ကန်စွန်းဥ
နည်းနည်းစားချင်တယ်။

Law Shay

GHOSTBELL said...

သမီးတွေနဲ့ အဝေးကြီးမှာ အသက်ခြောက်ဆယ်အရွယ် အမေအိုတစ်ဦး အထီးကျန်နေတယ်။ အားလုံးအတွက် တောင်းပန်ပါတယ် အမေရယ်။ အိမ်ပြန်လာခဲ့ပါ့မယ်။

Yuya Mon said...

*MOM & DAD*
So many ways to say,"I Love You",never enough to say how much.
You are my valuable parents!!!

Anonymous said...

“ခွန်အားများဖြင့်ပိုက်ထွေး၊နွေးထွေးမှူအချစ်တွေနဲ့စုစည်း၊မငြီးတမ်းပြုစုရှာ...မေမေသည်သာ”


သားရွှေနု
(အမေ့လက်ရာ)

Anonymous said...

ကျွန်တော့်ရင်ဘတ်ထဲက
”မေမေ” ဆိုတဲ့
ခက်ဆစ် တလုံးရဲ့ အနက်
ပုံနှိပ်ဖော်ပြရန် သိပ်ခက်လွန်းနေပါတယ်။

လွမ်း ကြည့် လိုက် တိုင်း..
ကျွန်တော် ရင်တွေဆူတက်
ချက်အူတိုင် အချင်းက
တမလွန်က မေမေ နဲ့ ဆက်ယှက်ခဲ့ရတာပါ။

အောင်သိန်း(ဒေါ်မကြည်အေး-သား)

နွေးနွေးသဲမွန် said...

မေမေ ဘယ်မှာ သေဆုံးလို့ လဲ…
မေမေ့ နှလုံးသွေးတွေ….ကျမ ရင်ဘတ်ထဲ…လှည့်ပတ်စီးဆင်းဆဲ…..

မေမေ ဘယ်မှာ သေဆုံးလို့ လဲ…
မေမေ့ အသိတရားတွေ..ကျမ ဦးနှောက်ထဲ…လှည့်လည် စီးဆင်းဆဲ….

“မေမေ” တဲ့
ကျမ ဘ၀ကို အမြင့်ပျံနိုင်ဖို့ …မှိုင်းတိုက်ပေးခဲ့တာ…
အဲ့ဒီ မေမေ့ မေတ္တာတွေ နဲ့ ပေါ့….

ဟောကြည့်….မေမေ ဘယ်မှာသေ ဆုံးလို့ လဲ….
ကျမ ရင်ထဲ ကနှလုံးသားထဲမှာ…

မေမေ အမြဲတမ်း… ပြုံးနေတုန်းပဲ……။.....။

နွေးနွေးသဲမွန် said...

အသိုက်မဲ့သွားတဲ့ နာကျင်မှုမျိုးနဲ့ အရောင်ခပ်လွင့်လွင့် ငှက်ကလေးတကောင်…
မေမေ့ နာမည်ကိုအော်ရင်း…သီချင်းတွေ ဆိုနေခဲ့တယ် မေမေ…
“ခလုတ်ထိလို့ အမိတတာ “ မဟုတ်ရပါဘူး မေမေရယ်…
“ မိသားစု” ဆိုတဲ့ စကားလုံးကို သမီးဘ၀မာတိကာမှာ ရှာမရတော့လို့ …
မေမေ များသိလိုသိငြား မေးမြန်းကြည့်ချင်ခဲ့တာပါ…

ဂျစ်တူး ( မုံရွာ ) said...

အရိပ်တကာအရိပ်ထက်-
မိဘအရိပ်ကအေးမြဆုံးတဲ့  - - -
အဲဒီစကားလုံးတွေသိပ့်မှန်မှန်းအခုတော့သိပြီမေမေ- -
မေမေအရိပ်ကိုပြေးဝင်လာခဲ့ဖို့ ကျနော် အပြေးကလေး
ပြန်လာခဲ့ပါပြီမေမေ-

ပင်လယ်ပျော် said...

အိမ်ဆိုတာ မေတ္တာတရားတွေရှိတဲ့နေရာပါ...
အမေရှိနေတဲ့အိမ်ကတော့ ပိုပြီးအေးမြပါတယ်...
မပြီးသေးတဲ့ ခရီးရှည်ကို လျှောက်နေရတဲ့သားတွေအတွက် အမေ့အိမ်နဲ ဝေးတဲ့အရပ်ဒေသမှာ တော်သလိုနေနေရပါတယ်...
လမ်းခရီးဆုံးရင်တော့ အမေ့အိမ်မှာ သားသမီးတွေအကုန် ပြန်ဆုံကြမှာပေါ့
(ခရီးရှည်လျှောက်လှမ်းနေရတဲ့ သားတွေသမီးတွေကို ကိုထူးအိမ်သင်ရဲ့ "အမေ့အိမ်"နဲ့ ဂုဏ်ပြုပါတယ်

ခရေငယ် said...

ပေးရမယ့်ရက်တော့ကျော်သွားပါပြီ .. ဒါပေမယ့် ဖေဖေနဲ့ မေမေ့အတွက်ပြောချင်တာတွေက . .ဒိတ်လွန်တယ်လို့မှ မရှိဘဲနော် . . . “ ဘ၀ကြီးရဲ့  လမ်းပေါင်းများစွာမှာ စမ်းတ၀ါးဝါးလျှောက်လိုက် လမ်းပျောက်သွားလိုက် ..တစ်ခါတစ်လေ အမှောင်ကြားမွန်းကြပ်သွားလိုက် ဖြစ်တဲ့အခါ . .လှမ်းခေါ်မယ့် မေမေ့အသံနဲ့ လက်ကမ်းပေးမယ့် ဖေဖေ့ မေတ္တာကို သမီးယုံကြည်စိတ်ချစွာ .. အရှုံးတွေထဲမှာ ဘယ်တော့မှ အားမငယ်ခဲ့ပါဘူး . .သမီးမှာပြန်စရာအိမ်အမြဲရှိတဲ့အတွက် . .ကျေးဇူးပါ ဖေဖေနဲ့ မေမေ ” . . .

dreamdiary said...

ချစ်သောဖေဖေဆီသို...
ဖေဖေ.. ဖေဖေ့ကို သမီးပြောချင်ဆုံးစကားတစ်ခွန်းက ဖေဖေ့ရဲ့သမီး ဖြစ်ခွင့်ရတာကိုပဲ.. ဖေဖေ့လို တာဝန်ကျေပွန်တဲ့ ဖခင်တစ်ယောက် ပိုင်ဆိုင်ခွင့်ရတာ သမီးဘ၀မှာ ဂုဏ်ယူလို့မဆုံးပါဘူး... ဖေဖေ့ကို ချစ်လည်းချစ်တယ်..လေးလည်းလေးစားတယ်..ဖေဖေ့လို လူမျိုးတစ်ယောက်ဖြစ်အောင်လည်း သမီးအမြဲတမ်း ကြိုးစားနေမှာပါ... ဖေဖေက သမီးဘ၀ရဲ့ နမူနာပါ... ဖေဖေက အပြောနဲ့ သမီးကို လမ်းမပြခဲ့ပေမယ့်.. အလုပ်နဲ့ လမ်းပြပေးခဲ့သူပါ....

ရှင်မြတ်ညို said...

"HOME SWEET HOME"
"နှလုံးသားတွေနွေးထွေးရင် ဒါဟာလည်းအိမ်"
ကလေးဘ၀ထဲက ခုချိန်ထိနှလုံးသားတွေနွေးထွေးခဲ့ပါတယ်
ကျေးဇူးပါ အဖေ နဲ့ အမေ

test said...

you gave me my heart beat, you gave me milk, you gave me food, you gave me educations, you gave me opinions you gave me everything you possibly can, Thanks for not turning into a monster like Josef Fritzel, Thanks for not kiliing me like Baby P, Well done!! carrying out your duties very well, Thanks for everything, hopefully I accomplish those duties to my children that I am going to have one day like yours 100%, if not 50%. love ya both. (I think thats all I have to say.)

Rolling Stone said...

အတူရှိနေချိန်မှာ အလေးမထားခဲ့မိဘူး - သွန်သင်ခဲ့တာတွေကို စကားများလိုက်တာလို့ ထင်ခဲ့မိတယ် - အိုးကောင်း တစ်လုံးဖြစ်အောင် ပုံသွင်းခဲ့တာကို တားဆီး ပိတ်ပင်တယ်လို့ ထင်မြင်ခဲ့မိတယ် ။ စကားနားမထောင် မလိမ္မာတဲ့ သားဆိုးကို အမြဲခွင့်လွှတ်ခဲ့တဲ့ အဖေနဲ့ အမေ့ကို ကိုယ်ပိုင် အသိစိတ်နဲ့ တစ်ကြိမ်မှ မကန်တော့ဖူးပြန်ဘူး ။ အဝေးတစ်နေရာကို ရောက်နေတဲ့ အချိန်ရောက်မှ တန်ဖိုးရှိမှန်း မြင်ယောင်မိတယ် - အခက်အခဲတွေ့မှ တောင့်တမိတယ် ။ ကျွန်တော့် အပြစ်တွေကို အိမ်ပြန်ခွင့်ရတဲ့ အချိန်မှာ ဖွင့်ပြောပြီး ကန်တော့ခွင့်ပြုပါ ဖေဖေ နဲ့ မေမေ ။

Anonymous said...

ကျောင်းဆင်ချိန်မိုးရွာထဲမှာထီးလာပေးတဲ့မေမေ့ကိုမြင်လိုက်တဲ့အချိန်မှာဖော်မပြနိုင်တဲ့ကြည်နူးမှုတွေခံစားရပေမယ်.အရမ်းငယ်သေးတော့.ဘာတစ်ခွန်းမှမပြောပြလိုက်မိဘူး.ဖေဖေရဲ့စောင့်ရှောက်မှုနဲ့မေတာတွေကိုဘဲအကုန်ယူခဲ့ပြီးဘာမှပြန်မပေးလိုက်နိုင်ဘူး။သမီးဖေဖေအပေါ်ဆိုးခဲ့တာတွေကိုခွင့်လွှတ်မှန်းသိပါတယ်ဖေဖေ..ထပ်ပြောချင်တယ်..ငယ်သေးတော့တန်ဖိုးရှိတဲ့ဖေဖေမေတာတွေကိုနားမလည်းဘူး..အခုလိုချင်တယ်ဘယ်တော့မှပြန်မရနိုင်တော့ဘူး...သမီးဘာလုပ်ရမလဲဖေဖေ

Anonymous said...

There will be no one who can love me more than my parents.
There will be no one who can forgive me more than my parents.
There will be no one who can believe me more than my parents.
There will be no one who can be happy when I achieve something than my parents.
Only Mom and Dad can be my side forever whatever I do.

I am really happy to be a daughter
of my parents.