Wednesday, March 10, 2010

ဘူတာရုံနဲ့တူတဲ့ ကောင်မလေး

မင်းခိုက်စိုးစန်
ဥသြဆွဲချင်ရုံသက်သက်နဲ့တော့
ငါ့ သံယောဇဉ်တွေ
ခုတ်မောင်းထွက်ခဲ့တာ မဟုတ်ပေဘူး
အဲဒီစောင့်ကြိုနေဖို့ စိတ်ကူးမရှိတဲ့
ငါ့ရဲ့ဘူတာရုံလေးရေ . . လွမ်းတယ် . .။

အရမ်းကြီးမဟုတ်ပေမယ့် . . တစ်ခါတစ်ခါ
ယောက်ျားတစ်ယောက်မှာလည်း
စိတ်အားငယ်ခွင့်ရှိတာပဲ မဟုတ်လား။

ပန်းသီးတွေ ခါးတဲ့ကာလက
ရှည်လျားလှချည်လားကွယ် . .
ပြောပါ . .
မင်း ငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့ တံစက်မြိတ်အောက်မှာ
ငါ..
တိတ်တိတ်ကလေး ရပ်စောင့်နေတာ
ကြာပြီလေ . . .။

ဣနြေ္ဒစိမ်းစိမ်းတွေ လိမ်းသုတ်
ချစ်ခြင်းတွေ
ကုန်တင်ကုန်ချလုပ်ခွင့်မပြုတဲ့
မင်းရဲ့ ဘူတာရုံလေးဆီ . .
. . လာမယ် . .။
မင်းရဲ့ ဘူတာရုံလေးဆီ . .
. . လာမယ် . .။

ဟောဒီ့ကောင် . . ရင်ဘတ်တစ်ခြမ်းနဲ့
ကိုယ့်သံလမ်းကိုယ်ဖောက်ခဲ့တာပါ . .
. . နောက်ကျသွားတယ်။

အလွမ်းတွေ စိုက်ခင်းတစ်ခုလုံး ပွင့်တဲ့အချိန်မှာမှ
ငါ ဆိုတဲ့ကောင်က
တည့်တည့်ကြီး ရောက်ချသွားခဲ့တာပေါ့ကွယ် . .။

မင်းခိုက်စိုးစန်

(မင်းခိုက်စိုးစန်ရဲ့ ကဗျာလေးတွေကို ကျွန်မကြိုက်တတ်မှန်းသိလို့ ၂ဝဝ၈ ဇူလှိုင်ကတည်းက Torn City ဆိုသူ ပို့ပေးခဲ့တဲ့ ကဗျာလေးပါ။ ကျွန်မဘလော့မှာစုထားတဲ့ ဆရာမင်းခိုက်စိုးစန်ရဲ့ကဗျာလေးတွေကို စာအုပ်အဖြစ် အမှတ်တရထုတ်ဖို့ ထုတ်ဝေသူတစ်ဦးက စိတ်ကူးရှိပါသတဲ့။ ထုတ်ဝေနိုင်ဖို့ ဆရာမင်းခိုက်စိုးစန်ရဲ့ သဘောတူခွင့်ပြုချက်ကို စောင့်နေတယ်လို့ ပြောပါတယ်)


Share/Bookmark

3 comments:

Ερμής said...

hi my friend, you have a GREAT BLOG!!! I am a friend from Greece

http://diaforetikimatia.blogspot.com

The site above is my site. Please visit me my friends of wonderful Myanmar!!!

သွယ်လင်းဆက် said...

သူ့ကဗျာတွေ ကြိုက်တယ်။

simple said...

မင်းခိုက်စိုးစံက
ကိုယ်တိုင်မထုတ်နိုင်လို့လားဟင်...