Tuesday, March 16, 2010

ရှမ်းပြည်အလှ ဘန်နာလေးများ


ရောက်ခဲ့ဖူးတဲ့နေရာတွေမှာ ရိုက်ခဲ့တဲ့ဓာတ်ပုံတချို့က ထင်သလောက်မကောင်းခဲ့ဘူး။ လူတွေရဲ့အားနည်းချက်ကို လျစ်လျူရှူကြည့်တတ်ရင် လူတိုင်းက လူကောင်းဖြစ်တယ်ဆိုတဲ့အတိုင်း မလှတာလေးကိုဖြုတ်၊ ဖြတ်လိုက်တော့ လှတဲ့ရှုခင်းလေးဖြစ်သွားတယ်။ ရောက်ခဲ့ဖူးတဲ့ ရှမ်းပြည်နယ်နေရာတချို့က အမှတ်တရပုံလေးတွေပေါ့။ အလည်လာဖို့ ဖိတ်ခေါ်ပါတယ်...

နိုင်းနိုင်းစနေ


Share/Bookmark

13 comments:

kokomaung.uk said...

ပုံကောင်းကောင်းလေးတွေ မျက်စိပသာဒဖြစ်ပါတယ်။
အခန့်သင့်ရင်တော့ အလည်တစ်ခေါက်လောက်တော့ လာခဲ့ချင်ပါရဲ့။

kiki said...

ငယ်ငယ်တုံးကနေခဲ့ရဘူးတဲ့ ရှမ်းပြည်.. လှနေဆဲပါပဲ... အမှတ်တရ ပုံလေးတွေ မြင်ရလို့  ကျေးဇူးပါ မနိုင်းနိုင်းရေ ။
နောက်ဆုံးတပုံ တော့ ကြည့်ပြီး စိတ်မကောင်းဘူး .. တောင်ကတုံးတွေ ဖြစ်သွားပြီနော် .. အရင်က ဆို သစ်ပင်တွေ စိမ်းစိုနေတာ လေ..
ဥတုရာသီလည်း တောကိုမမှီနိုင်တော့ပါလား...

မောင်ဘကြိုင် said...

ရှမ်းပြည်မြောက်ပိုင်းတော့မရောက်ဖူးသေးပါဘူး
တောင်ကြီးတော့ရောက်ဖူးတယ် ချမ်းချက်ကတော့
အားပါးပါး ရေချိုးမှားလို့ ဖျားသွားသေး
မြန်မြန်ပြန်ပြေးခဲ့ရတယ် ဒါတောင်အအေးပေါ့တဲ့အချိန်ပါ တဲ့ ဒေသခံတွေပြောတယ် ကျွန်တော့အတွက်တော့ နေ့လည်ပိုင်းထိအနွေးထည်မချွတ်နိုင်သေးဖူးဗျာ
ရှု့ခင်းတွေတကယ်လှတဲ့ ရှမ်းပြည်ပါ

sosegado said...

အလွန်ကောင်းတဲ့ ပုံတွေပါ၊ တစ်ချိန်ကြရင် အဖိုးတန်လာလိမ့်မယ်၊ အမှတ်တရ ပုံတွေကနေ သမိုင်းဝင်သွား တာတွေအများကြီး၊

ရွှန်းလဲ့ said...

မြောက်ပိုင်း ရှမ်းပြည်....လွမ်းသွားပြီ.....
ပုံလေးတွေအတွက်ကျေးဇူးမမ99...

အယ်ကို said...

တော့ မနိုင်း... ကတောက်ကတဲ့ဝမ်းဆာဆွားဟယ်..
အလွမ်းဖြေခွင့်ရလောက်... ကျေးဇူးတင်လောက်ကော်....

လေးစားစွာဖြင့်

simple said...

လှလိုက်တဲ့ရှုခင်းလေးတွေ..
မြစ်ကြီးနားကိုလည်းလာလည်စေချင်တယ်..

နိုင်းနိုင်းစနေ said...

မြစ်ကြီးနားလဲ သွားချင်ပါတယ်။
မြန်မာပြည်အနှံ့ သွားချင်ပါတယ်..
ရှမ်းပြည် တောင်ကြီးကိုလဲ လာဖို့ဖိတ်ပါတယ်။
အားလုံးကျေးဇူးးးး)

အယ်ကို
နင်ခုဖယ်နားရောက်နေအာ..
နောက်လ အင်းထဲရောက်ရင် အင်းပုံတွေရိုက်ခဲ့ပေးမယ်နော် :P

hmwe said...

အမြဲတမ်းလွမ်းနေတဲ့ မွေးရပ်မြေ..
အခုလိုနွေဦး ဆို ပိုလွမ်းတယ် အမေ့အိမ်ကို..
ထာဝရ နွေးထွေးစွာ သားသမီးးတွေရဲ့ ပြန်အလာကိုမျှော်နေတတ်တဲ့ အမေ..
ဟဲဟိုး ကျော်လာတာနဲ့ ရှူရှိုက် လိုက်ရတဲ.လေနုအေးနဲ့အတူ..
အမြဲတမ်းချစ်နေ တဲ့ မွေးရပ်မြေ..

အယ်ကို said...

တော့မနိုင်း ငါကအခု မြေထဲပင်လယ်မာ ရောက်နေဟယ်လောက်...
တော့မနိုင်း အင်းထဲရောက်လောက်ရှိခါ ဓါတ်ပုံရိုက်အားမှ ပို့ပေးပါနော်..
ငါ့မေးလ်ကို တော့မနိုင်းဝေါ်ပေးလိုက်မယ် (aellko123@gmail.com ) အဲအီးမေးလ်ထဲ ပို့ပေးဆော်နော် ...
ကျေးဇူးတင်လောက်ဂေါ် တော့မနိုင်း..
တော့မနိုင်း ကျန်းမာချမ်းဆာ ပါစေ.....
..

တောင်ပေါ်သား (TWN) said...

တောင်ကြီးပုံတွေက ရွှေဘုန်းပွင့်ဘုရားပေါ်က ရိုက်ထားတာနဲ့တူတယ်။ လွမ်းတယ် တောင်ကြီးကို။ နောက်ဆုံးတစ်ခေါက်ရောက်ခဲ့တာ လွန်ခဲ့တဲ့ ၅ နှစ်က။ တန်ဆောင်တိုင် မီးပုံးပျံကြည့်ရင်း ပွဲဈေးတိုးရင်း ဝက်သားချဉ်စားရင်းပေါ့။ ဘယ်တော့ ထပ်သွားဖြစ်မယ် မသိဘူး။ မနိုင်းနိုင်းက ရေထွက်ဦးလမ်းမှာ ဆိုတော့ အထက ၄ ဖက်လားမသိဘူး။ အမှတ် ၄ က ကျွန်တော် ၁၀ တန်းတုန်းက တက်ခဲ့တဲ့ကျောင်း။ အဲဒီတုန်းက ပန်းသေးဗလီနဲ့ မျက်စောင်းထိုး ၃၆၉ စားသောက်ဆိုင်နဲ့ ကပ်ရက်မှာ နေခဲ့တာ။ မရောက်တာ ကြာတော့ မေ့တေ့တေ့ဖြစ်နေပြီ။ တောင်ကြီးကလည်း အရမ်းကို ပြောင်းလဲ နေပြီဆိုတော့လေ။

အရူးလေး said...

အဲဒီပုံတွေက အိမ်ကို ပိုလွမ်းအောင်
လုပ်ပေးနေတယ် .......
အမစနေရေ .....
ပုံတွေ ယူထားပါရစေနော်



လေးစားလျှက်
အရူးလေး

mohmoh said...

ရင်ထဲကနုတ်လို့ မရတဲ့၊ ရုမ်းမောမြေရဲ့အလုတရား တွေ ....