တောင်ကြီးမှာ ကျွန်မအဖို့ ဘာမှ မယ်မယ်ရရ လုပ်စရာမရှိဘူး။ ဦးလေးလည်း အိမ်ပြန်ရောက်နေတော့ ပျင်းပျင်းရှိရှိ ကျွန်မတို့တူဝရီးနှစ်ယောက် တီဗီကြည့်လိုက်၊ ဟိုအကြောင်းဒီအကြောင်း ထိုင်ပြောလိုက်၊ ဈေးသွားသုံးလိုက်၊ ချက်စားလိုက်နဲ့ အချိန်ကို အကျိုးရှိရှိ အသုံးချနေကြပါတယ်။ တစ်နေ့ကလည်း တီဗီထိုင်ကြည့်ကြရင်း ချန်နာတစ်ခုမှာ "ဟိုင်နန်ကြက်ဆီထမင်း"လုပ်နည်း ပြတာကိုသွားတွေ့တယ်။ ကျွန်မဦးလေးက ထိုင်ဝမ်မှာနေခဲ့တုန်းက စားဖိုမှူးလုပ်ခဲ့ဖူးတော့ အစားအသောက်အချက်အပြုတ် ဝါသနာပါတယ်။ သူချက်သမျှလည်း စားလို့အရမ်းကောင်းပါတယ်။ အဲလိုနဲ့ တီဗီထဲကပြတဲ့အတိုင်း ကျွန်မတို့ ကြက်ဆီထမင်းလုပ်စားဖြစ်ခဲ့ကြတယ်။
ကြက်ဆီထမင်းချက်မယ်ဆိုတော့ ဦးလေးက သူမွေးထားတဲ့ကြက်နဲ့ ချက်ဖို့ပြင်တယ်။ သူမွေးထားတဲ့ကြက်က ရိုးရိုးကြက်တော့ မဟုတ်ဘူး။ အရင်က ကျွန်မရေးခဲ့ဖူးခဲ့တဲ့ သင်းကွပ်ထားတဲ့ကြက်ပါ။ သင်းကွပ်ကြက်ရေးတုန်းက (အဆင်မပြေတာနဲ့) ပုံနဲ့တကွ မဖော်ပြခဲ့ရဘူး။ ခုအိမ်မှာ ၄,၅ကောင်မွေးထားလို့ ပုံပါ ဖော်ပြလိုက်ပါတယ်။
ကျွန်မရေးခဲ့ဖူးသလို သင်းကွပ်ပြီးသားကြက်ဖတွေဟာ ပုံမှာမြင်ရတဲ့အတိုင်း အမောက်တွေမဖွံ့ဖြိုးတော့ပါဘူး။ ပုံထဲမှာ ကွပ်ပြီးသားကြက်(၃)ကောင်နဲ့ မကွပ်ထားတဲ့ကြက် (ကြက်ဖနီ)ကို ယှဉ်ကြည့်နိုင်ပါတယ်။ သင်းကွပ်ကြက်တွေဟာ ကြက်ဖ၊ ကြက်မတွေနဲ့ ရောနှောမနေဘဲ သူတို့ဘာသာ သီးသန့်နေကြတယ်။ သင်းကွပ်ကြက်တွေဟာ ဝဖြိုးတာကြောင့် ကြက်ဆီထမင်းဖို့ အလွန်အဆင်ပြေပါတယ်။ တခြားကြက်ဝဝတွေနဲ့လည်း ကြက်ဆီထမင်းလုပ်နိုင်ပါတယ်။
ကြက်ဆီထမင်းလုပ်ဖို့ ပထမဦးဆုံး သန့်စင်ဆေးကြောထားတဲ့ ကြက်ကို အကောင်လိုက် ပြုတ်ပါတယ်။ ပြုတ်တဲ့အချိန်မှာ ကြက်ဗိုက်ထဲ ဂျင်း၊ ကြက်သွန်မြိတ်အစည်းလိုက်၊ ဆား၊ ဆန်အရက် (ပုလင်းဖုံးတစ်ဖုံးစာ) ထည့်ပြီး သိပ်မနူး၊ သိပ်မမာ ဝါးနိုင်လောက်တဲ့အထိ ပြုတ်လိုက်ပါတယ်။ အသံတရှီး ရှီးထွက်တတ်တဲ့ လျှပ်စစ်ပေါင်းအိုးရှိရင် ကြက်သားက ခဏလေးနဲ့နူးပါတယ်။

ကြက်ဆီထမင်းအတွက် ဆန်ကို ညကတည်းက စားနိုင်သလောက် ရေစိမ်ထားဖို့ လိုပါတယ်။ ချက်မယ့်နေ့မှာ ရေစိမ်ထားတဲ့ဆန်ကို ရေစစ်ထားရပါတယ်။ အဲဒီနောက် ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့် ကြက်သွန်ဖြူကို အမွှာလိုက် ဝါအောင်ကြော်ပြီး ရေစစ်ထားတဲ့ဆန်ကို ထည့်ကြော်ရပါတယ်။ ဆန်စေ့လေးတွေ ထမင်းစေ့လို့ အရောင်ပြောင်းသွားတဲ့အထိ ကြော်ပြီး ထမင်းပေါင်းအိုးထဲ ပြောင်းထည့်ပါတယ်။
ကြက်ဆီထမင်းချက်မယ်ဆိုတော့ ဦးလေးက သူမွေးထားတဲ့ကြက်နဲ့ ချက်ဖို့ပြင်တယ်။ သူမွေးထားတဲ့ကြက်က ရိုးရိုးကြက်တော့ မဟုတ်ဘူး။ အရင်က ကျွန်မရေးခဲ့ဖူးခဲ့တဲ့ သင်းကွပ်ထားတဲ့ကြက်ပါ။ သင်းကွပ်ကြက်ရေးတုန်းက (အဆင်မပြေတာနဲ့) ပုံနဲ့တကွ မဖော်ပြခဲ့ရဘူး။ ခုအိမ်မှာ ၄,၅ကောင်မွေးထားလို့ ပုံပါ ဖော်ပြလိုက်ပါတယ်။
ကြက်ဆီထမင်းအတွက် ဆန်ကို ညကတည်းက စားနိုင်သလောက် ရေစိမ်ထားဖို့ လိုပါတယ်။ ချက်မယ့်နေ့မှာ ရေစိမ်ထားတဲ့ဆန်ကို ရေစစ်ထားရပါတယ်။ အဲဒီနောက် ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့် ကြက်သွန်ဖြူကို အမွှာလိုက် ဝါအောင်ကြော်ပြီး ရေစစ်ထားတဲ့ဆန်ကို ထည့်ကြော်ရပါတယ်။ ဆန်စေ့လေးတွေ ထမင်းစေ့လို့ အရောင်ပြောင်းသွားတဲ့အထိ ကြော်ပြီး ထမင်းပေါင်းအိုးထဲ ပြောင်းထည့်ပါတယ်။
အစပ်ကြိုက်သူတွေအတွက် ကြက်ဆီထမင်းနဲ့ တွဲဖက်စားနိုင်တဲ့ အကောင်းဆုံးအရာက ပဲငပိပါ။ ပဲငပိကို ဒီအတိုင်းစားရင် အရမ်းငန်တာကြောင့် ကျွန်မတို့က ပဲငပိငရုတ်သီးဆိုပြီး လုပ်စားကြပါတယ်။ လုပ်နည်းက ပဲငပိကို တောက်တောက်စင်းထားတဲ့ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ဂျင်းထဲ ရောထည့်ပြီး ရေ (ကျဲကျဲကြိုက်ရင် ရေများများ၊ ပျစ်ပျစ်ကြိုက်ရင် ရေနည်းနည်း) ထည့်၊ သကြားနည်းနည်း၊ ငံပြာရည်နည်းနည်း၊ သံပရာသီးနဲ့ ဖျော်လိုက်ပါတယ်။ ပဲငပိက ငန်တာကြောင့် လိုအပ်တဲ့ဆားကို မြည်းကြည့်ပြီး ထပ်ထည့်နိုင်ပါတယ်။ ပြီးရင် နံနံပင်ထည့်ပြီး ကြက်ဆီထမင်းနဲ့ တွဲဖက်စားနိုင်ပါပြီ....
ကျွန်မတို့လုပ်တဲ့ ကြက်ဆီထမင်းကို စားပြီးမှ ဓာတ်ပုံရိုက်ဖို့ သတိရပါတယ်။ ဓာတ်ပုံရိုက်မလို့ အိုးကိုဖွင့်ကြည့်တော့ ထမင်းအိုးထဲမှာ အိုးကပ်လေးတချို့ပဲ ကျန်တော့တာကြောင့် ချက်ပြီးသား ကြက်ဆီထမင်းကို မပြနိုင်ခဲ့ပါဘူး :P တောင်ကြီးလာလည်ရင်တော့ ကိုယ်တိုက်ချက်ကျွေးဖို့ အစီအစဉ်ရှိပါတယ်။ တောင်ကြီးလာလည်ပါလို့ ဖိတ်ခေါ်ပါတယ်း)
နိုင်းနိုင်းစနေ


19 comments:
တောင်ကြီးလာလည်ရင်တော့ ကိုယ်တိုက်ချက်ကျွေးဖို့ အစီအစဉ်ရှိပါတယ်။ တောင်ကြီးလာလည်ပါလို့
ဖိတ်ခေါ်ပါတယ်း)
မှတ်ချက်။ ။ တောင်ကြီးသားများမပါ...:P
ကြက်မျက်နှာမြင်ရတော့ ကြက်သားစားချင်စိတ်ကုန်တယ်။ ကြက်ကလေးတွေ သနားစ၇ာ
စားချင်တယ်ဗျာ-
ဒါပေမဲ့ ပထမဦးဆုံးကဓါတ်ပုံကကြက်အရှင်ကလေးတွေ
အစာစားနေတာမြင်ရတော့စိတ်ထဲမှာတမျိုးကြီးဘဲဗျာ-
ခံစားသွားတယ်-အဟုတ်
အမေတို့ရွာသွားလည်တုန်းက မွေးထားတဲ့ကြက်ကို အဲ လို ဘဲ ချက်ကျွေးတာ မစားရက်လို့ ကြက်သားဟင်း ပန်းကန် ထိတောင် မထိ ဖြစ်ဘူးရယ် ... လူ့စိတ်ကလည်း တမျိုးဘဲ နော် .. ဆိုင် က ၀ယ်ပြီး ချက်တာကျတော့ စားလို့ရတယ် ... ချက်နည်းလေး ပြောပြ ပေးတာ ကျေးဇူးပါ .. လုပ်စားကြည့်ဦးမယ် ...ကြက်ဆီထမင်းကို ပြီးခဲ့တဲ့ နှစ်ပတ် က မှ ဒီက ဗမာဆိုင်မှာ ပထမဆုံး စ စားဖူး ခဲ့တာ .. ကြိုက်သွားတယ် ..
mie nge
စားချင်တယ် မနိုင်းရယ်..
မျောက်သားစားချင် မျောက်မျက်နှာကိုကြည် ဆိုတော့
ခုလည်း..ကြက်သားစားချင်ရင် ကြက်မျက်နှာကိုကြည့် ဆိုပြီး...
မစားရက်တော့ပါဘူးးး
ဟုတ်ပါ့ မနိုင်းရယ် ... ကြက်ကလေးတွေတော့ သနားစရာ ...အစ်မတို့ငယ်ငယ်က အမေတို့ရွာသွားလည်တော့ ရွာကကြက်ကလေးတွေလဲ ဒီလိုပဲ ... သွားသတိရတယ်။ ငယ်ငယ်ကတော့မသိဘူးလေ။ စားတာပဲ ။
ကြက်ဆီထမင်း စလုံးမှာတော့ ဘယ်နေရာမဆို ရလို့ ကိုယ်တိုင်တော့ ချက်မစားဖြစ်ဘူး။ တစ်အိမ်လုံး ကြက်ဆီထမင်းတော့ကြိုက်တယ်။ လုပ်နည်းလေး မှတ်ထားဦးမယ်။ ရှယ်ပေးတာကျေးဇူးနော်။
အသံတရှီး ရှီးထွက်တတ်တဲ့ လျှပ်စစ်ပေါင်းအိုး ... pressure cooker ကို ပြောတာလား ????
အခုတလော. . ရောက်ရာ နေရာတွေမှာ စားစရာတွေချည်းပဲ တွေ့နေရတယ် . .ရှလွှတ်။
ချက်နည်းလေး မှတ်သွားတယ်. . .
အဟဲ. .သူများကို ပြန်ချက်ခိုင်းဖို့ပါ။
oh, sis,
I am hungry while reading, :P
Thks for the share,
Really glad u r doing ur blog again.
မင်း said...
အသံတရှီး ရှီးထွက်တတ်တဲ့ လျှပ်စစ်ပေါင်းအိုး ... pressure cooker ကို ပြောတာလား ????
မနိုင်းနိုင်းစနေ...
မနိုင်းနိုင်းစနေက နှလုံးသား အာဟာရစာတွေကို ဘာသာပြန်တွေရော ကိုယ်ပိုင်တွေပါ မြောက်မြားစွာ ရေးခဲ့သူ၊ ရေးနေသူပါ။ ဒါပေမယ့် လူလူချင်းမှမဟုတ်ပဲ တိရိစာဿဆန်တွေကို ပါငဲ့ညှာ သနားသင့်တယ်လို့ ခံယူပါသလား။ ဝက်သွေးတုန်းက တခါ၊ အခုဒီပို့စ်မှာ တခါ ဒါမျိုး အရှင်လတ်လတ် လုပ်တာကို ဖတ်ရလို့ နှလုံးသားအာဟာရစာတွေ ရေးတတ်တဲ့ သူတစ်ယောက်ဆီမှာ သတဿတဝါတွေကို ညှာတာရမယ်ဆိုတဲ့ စိတ်မျိုးလေးများ ရှိသင့်သလားလို့ပါ။
ချစ်ခင်စွာဖြင့်...
~မေ~
အိုအသင်လောက... စက်ဆုတ်ဖွယ်ကောင်းလှပေတကား
ရည်ရွယ်ချက်ရှိရှိ မျိုးတုန်းသတ်ဖြတ်စားသောက်ခံရခြင်း
ကြက်သားမစားကြသူတွေကို ကြက်ဆီထမင်းပို့စ်အတွက် ဆောရီးပဲလို့ ပြောပါရစေ... ကျွန်မက အစုံစားပါတယ်.. ဒါပေမယ့် အသားစားနည်းပြီး ကိုယ်တိုင်မသတ်စားပါဘူး..
ကြက်ဆီထမင်းပို့စ်မှာ ကြက်ပုံပြပြီး ရေးခဲ့လို့ ကြက်တွေကိုသနားညှာတာပြီး ကြက်သားမစားကြတော့ဘူးဆိုရင် ကျွန်မ အလွန်ပဲ ဝမ်းမြောက်မိမှာပါ..
အရှင်လတ်လတ် သတ်နေသူတွေကို မသတ်ပါနဲ့လို့ သွားတားပိုင်ခွင့် ကျွန်မမှာ မရှိသေးပါဘူး... ဒီအတွက်လည်း တောင်းပန်ပါတယ်..
အားလုံး ကျေးဇူးတင်ပါတယ်း)
မမရေ.. သင်းကွပ်ကြက်ဗဟုသုတအတွက် ကျေးဇူးပါ.. ကြက်ဆီထမင်းချက်နည်းလေးလည်း မှတ်သားသွားပါတယ်..
ခင်မင်လျှက်
အိ
ကြက်ဆီထမင်းကြိုက်တယ် တောင်ကြီးလာလည်ရင် တကယ်ချက်ကျွေးမှာနော်....
ခင်မင်စွာဖြင့်
မိုးငွေ့
ခင်ဗျားတို့ကလဲ..မြို့သားတွေလို့ မပြောရဘူး..
ီဇီဇာကကြောင်လိုက်တာ ရွာတွေမှာ ကိုယ့်ဘာသာသတ်မှ စားရမှာပေါ့ဗျ...စူပါမားကတ်တွေ
ဈေးတွေမှာလို အမွှေးနှုတ်ပြီးသားဘယ်ရှိပါ့မလဲ..
အဲ့လိုရှိရင်တော့ ဘယ်သူသတ်နေမှာလဲ...ကျနော်ကိုယ်တိုင်လဲ ၁၅နှစ်လောက်တုန်းက ကြက်သတ်ဖို့ ကြုံဖူးတယ်..
ကြက်လည်ပင်းက အမွှေးတွေကိုနုတ်ပီးမှ ဓားနဲ့လှီးဖို့ တွန့်နေတာ..နောက်..မစားရချင်နေပစေ မသတ်တော့ဘူးကွာလို့ ဆုံးဖြတ်လိုက်တဲ့ အထိပဲ။
အဲ့ကြက် ဘာဖြစ်သွားသလဲ သိလား..လက်ရဲတဲ့ ကျနော့်ညီက ကိုင်လိုက်တာ.၁ မိနစ်အတွင်းဘ၀ပြောင်းသွားရှာတယ်...အဲ့ဒီဟင်းကို ကျနော်မစားဘူး..စိတ်မလုံလို့ ...ဒါပေမယ့် ညီကိုတော့ နားလည်တယ်ဗျ....
ခုပို.စ်မှာလဲ...မနိုင်းနိုင်းရဲ့ ကြက်ဆီထမင်းစားစေချင်တဲ့ စေတနာက အဓိကပါ...အသီးအရွက်ချည်းပဲ မစားနိုင်သရွေ့တော့ အခြေအနေအရ ကြက်သတ်တဲ့ သူကိုနားလည်ပေးသင့်ပါတယ်..။
အမရဲ့ ကြက်ဆီထမင်းလုပ်နည်းနဲ့ ဆိုင်ဖွင့်ဦးမှပါဘဲ......
အောင်မြင်လာရင် ...
ကျေးဇူးမမေ့ပါဘူး....
ဟဲဟဲဟဲ....
အမကျန်းမာပြီးစာများများရေးနိုင်ပါစေ....
Post a Comment