Thursday, May 27, 2010

သူတို့ အိုသွားတဲ့အခါ....


သင်ကလေးဘ၀တုန်းက ဇွန်း၊ တူတွေနဲ့ အစာစားတတ်ဖို့
အချိန်တွေ အများကြီးသုံးပြီး သူတို့သင်ပေးခဲ့တယ်။

အင်္ကျီဝတ်တတ်ဖို့၊ ဖိနပ်ကြိုးချည်တတ်ဖို့၊ ကြယ်သီးတပ်တတ်ဖို့ သင်ပေးတယ်။
မျက်နှာသစ် သင်ပေးတယ်။ ခေါင်းဖြီး သင်ပေးတယ်။

လူပီသဖို့ သင်ပေးတယ်။ ဒါကြောင့်.....

သူတို့ အိုမင်းသွားတဲ့အခါ.....
သူတို့ သတိလက်လွတ်ဖြစ်တဲ့အခါ ဒါမှမဟုတ် စကားအဆက်အစပ် မရှိတဲ့အခါ


သူတို့ကို အပြစ်မမြင်ပါနဲ့...
ကြယ်သီးတပ်ဖို့၊ ဖိနပ်ကြိုးချည်ဖို့ သူတို့မေ့လျော့လာတဲ့အခါ...

သူတို့ကို မလောပါနဲ့....
အကြောင်းက
သင် တဖြည်းဖြည်း ကြီးပြင်းလာချိန်မှာ သူတို့တဖြည်းဖြည်း အိုမင်းသွားလို့ဖြစ်တယ်။

သူတို့မျက်စိရှေ့ သင်ရှိနေတဲ့အချိန် သူတို့ရဲ့နှလုံးသားဟာ နွေးထွေးနေတယ်။
တကယ်လို့ တစ်နေ့နေ့မှာ
သူတို့ မရပ်နိုင်တော့တဲ့အခါ၊ လမ်းမလျှောက်နိုင်တော့တဲ့အခါ

သူတို့ရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ပြီး
ငယ်စဉ်အခါက သင့်ကို သူတို့တွဲခေါ်ခဲ့တဲ့အတိုင်း...
ဖြည်းဖြည်းချင်း တွဲခေါ်ပေးပါ။

google search [link]

နိုင်းနိုင်းစနေ ဘာသာပြန်ခံစားသည်။


Share/Bookmark

11 comments:

မဗေဒါ (၈၈) said...

ညီမရေ..

ဖတ်တယ်.. ထင်တာက ကွန်ဖြူးရှပ် အတွေးအခေါ်လိုပဲနော်.. လူသားပီသတဲ့ ကြင်နာရိုင်းပင်းတက်တဲ့ အခြေခံရေးထားတာလေးဆိုတော့..။

ဟုတ်ပါတယ်..။ အမတို့တွေ အားလုံးအဲဒီလို လူတယောက် ဖြစ်ဖို့ အစဉ် ကျိုးစားရပါဦးမယ်..။

တခုလည်းရှိတယ်.. ကြားရတာ ပါ.. ကြုံတော့ မကြုံဖူးဘူး..။ ဒီမှာ အသက်ကြီးတဲ့ သူတွေက ပြုစုတဲ့သူတွေကို ပြန် ပြဿနာ ရှာပြီး ပါးရိုက် ဘာညာ ကြမ်းတမ်းတာတွေ လုပ်ကြတယ်.. အများစုက အဲလို အသက်ကြီးသူတွေကို ခပ်ကြမ်းကြမ်းပဲ ကိုင်တွယ်တက်တယ်.. နို့မိုဆို သူတို့လည်း အမြဲ ဘေခံနေရတာနဲ့ ညိုမဲစွဲကုန်လို့လေ..။

မဗေဒါ (၈၈)

Zay Tar Yar said...

လာဖက်သွားပါတယ် အရမ်းကိုထိခိုက်ခံစားမှိပါတယ်
အိုမင်းနေပြီဖြစ်တဲ့ဘိုးဘိုးကိုလဲ ပြေးမြင်မှိပါတယ်
နောက်ကျရင်ဘိုးဘိုး နဲ့ပတ်သက်ပြီး စိတ်ရှည်ပါ့ပါမယ်..။

maung said...

very good post...

သိင်္ဂါကျော် said...

ကိုယ်တိုင်လည်း တစ်နေ့ အိုရမှာဖြစ်လို့
ကိုယ့်ရဲ့ မိဘတွေကို နားလည်ဂရုစိုက်မှု ပေးရမှာပါ..
ပုံလေးတွေနဲ့ဆိုတော့ မြင်သာတဲ့ အဆိုလေးတွေ ဖြစ်သွားတယ်..။

ဆောင်းမြူခိုး said...

ငယ်ငယ်က သူငယ်ချင်းတစ်ယောက် သူ့အဖိုးကို အော်အော်ပြောတာ မြင်တော့ စိတ်မကောင်းဘူး။ သူငယ်ချင်းက ဆိုးတယ်ပေါ့။ စိတ်ထဲ မကြိုက်ပေမယ့် ပြောတော့မပြောဖြစ်ခဲ့ဘူး။
နောက် ကိုယ့်အဘိုးလည်း အသက်ကြီးမှ သူမကြားတော့ ကျယ်ကျယ်ပြောပေးရတယ်။ အဲ့ဒီတော့မှ အဲ့ဒီသူငယ်ချင်းကို ပြန်နားလည်သွားမိတယ်။
စာတွေဖတ်ပြီး သိပေမယ့် တကယ် ကိုယ်တွေ့နီးနီးကပ်ကပ်ကြုံတွေ့ရရင် အဲ့လို စိတ်ရှည်တတ်အောင် သတိထားရမှာပေါ့နော်။

sai kyaw said...

မစနေရေ ....
အရင်တုန်းက စာတွေဖတ်တာ ဝါသနာမပါခဲ့သလို ရေးလည်းမရေးတတ်ခဲ့ဖူး ခု ဒီနှစ်၂လပိုင်းရောက်မှ community လစဉ် ဂျာနယ် အချစ်ပိုစ့် အတွက် မစနေရဲ့ "ဆောရီး လို့ အလွယ်တကူမပြောပါနဲ့'ဆိုတဲ ပိုစ်ကို ခွင့်မတောင်းပဲယူသုံးလိုက်တဲ့အတွက် ဆောရီးလို့ မပြောတော့ပါဘူးနော်....တလအတွင်းမှာ ရှိသမျှ စာတွေ မွေနောက် ဖတ်သွားတာ အိပ်ရေးပျက်ပေါင်း မနည်းတော့ပါဘူး...အမျိုးသမီးဆို ဖတ်ရင်းနဲ့ငို ငို၇င်းနဲ့ ဖတ်နေ့တိုင်းပါပဲ။ ဒီလိုကောင်းတဲ ဆိုက်ကို အသိနောက်ကျလေခြင်းလို့ နောင်တရမိလေရဲ့. မစနေ ခွင့်ပြုမည်ဆိုရင်ဖြင့် ဆောင်းပါး သို့မဟုတ် ဝတ္ထုတိုလေးတွေ ကျန်ုပ်တို့ဂျာနယ်တွင် လစဉ်ဖော်ပြသွားချင်ပါတယ်။ ကျနော်၏ ဆိုက်က www.sromalaysia.tk and www.shanrefugeemalaysia.tk

ချော (အစိမ်းရောင်လွင်ပြင်) said...

ဟုတ်ပါတယ်
လူဆိုတာ တစ်နေ့တော့ မလွဲမသွေ အိုမင်းလာရမှာပါ
ကိုယ်လဲရှောင်လွဲလို့မရနိုင်တဲ့ အိုခြင်းတရားကို
ကြိုတင်ပြင်ဆင်ရမှာပါဘဲ..
ကိုယ်ချင်းစာစိတ်၊ မေတ္တာစိတ်ကလေးနဲ့ဆိုရင်
ကိုယ့်ရဲ့နေ၀င်ချိန်တွေဟာလည်း
လှပနေမှာပါ..
ဒီပိုစ့်လေးအတွက် ကျေးဇူးမနိုင်းရေ...

thaingarra said...

အိုသွားတဲ့အခါ ...

ဟုတ်တယ် မနိုင်းနိုင်း ရေ ...

အဲဒီ့ အကြောင်း သတိကပ် ဆင်ခြင်ဖို့ က

ခေတ်အဆက်ဆက် ပျက်ကွက်မှု တစ်ခု လို

ဖြစ်နေပေါ့ ...

waihinlinn said...

အေးဗျာ .. ဒီပို့လေးဖတ်ပြီးမိဘတွေ
ကျေးဇူးသိလာတယ်

t said...

တကယ်ကို ဖတ်သင့်တဲ့ စာတွေပါဗျာ... ခုလိုအသိပေးလို့ ကျေးဇူးပါ..

Anonymous said...

Thanks alot par.