မသုံးဖူးတဲ့ကင်မရာကို ကိုင်ကြည့်လိုက်တာ ရိုက်ထားတာတွေ ကြည့်မရဖြစ်သွားလို့ လပွတ္တာမြို့နဲ့ ခဏအဆက်ပြတ်သွားခဲ့တယ်။ တောင်ကြီးရောက်တော့ ရိုက်ထားတာတွေ ပြန်မြင်ရမှ ဟင်းချနိုင်တော့တယ်။ နို့မဟုတ်ရင် ခရီးဝေးပြီး ပုံတွေပျက်သွားရင် အမှတ်တရသိမ်းထားဖို့အတွက် နှမြောစရာ... "ဆားချက်တယ်.. ဆားချက်တယ်"ဆိုတာကို ဒယ်အိုးကြီးတွေ၊ မီးတွေနဲ့ချက်တယ်လို့ပဲ ထင်ခဲ့တယ်။ ခုတွေ့ခဲ့တာတွေက နေလှန်းဆားချက်နည်းပေါ့။ ရိုက်ခဲ့သမျှ မျှဝေပါတယ်...
နေတအားပူတော့ ဆားဘယ်လိုဘယ်ပုံ ချက်တယ်ဆိုတာကို အဲဒီကလူတွေဆီ မေးမနေနိုင်တော့ဘူး။ ပုံတွေရိုက်ပြီး နေရိပ်ဆီအမြန် ပြန်ပြေးရတယ်။ နေက ခြစ်ခြစ်တောက်ပူတာ ပြောမပြတတ်အောင်ပဲ။ အဲဒီက ဆားလှန်းနေကြတဲ့လူတွေကတော့ နေပူကြီးအောက်မှာ အရိပ်မပါ ချွေးတလုံးလုံးနဲ့... ဆားတစ်ပွင့်ကလည်း တော်တော်တန်ဖိုးရှိပါတယ်နော်။

နိုင်းနိုင်းစနေ

9 comments:
သူ့ပုံတွေချည်းပဲ တင်နေတော့ပါလား။
ဆားဖြူဖြစ်သွားရင် ဘယ်လိုကဲ့တယ်ဆိုတာ သိချင်တယ်။ အဆင့်ဆင့် ရေးပြပါလား။
စိတ်ဝင်စားတယ်။
အရင်က ကိုယ်လဲ ဒယ်အိုးနဲ့ မီးဆိုက်ပြီး ရေခန်းအောင် ချက်တယ် ထင်နေခဲ့တာ...။
အမရေ ကျွန်မတို့တောင် ဧရာဝတီတိုင်းထဲမှာနေပြီး အဲဒီကို မရောက်ဘူးသေးဘူး အမ. .
ကျေးဇူးမနိုင်းရေ ဒီဓါတ်ပုံတွေအတွက်
အမှန်တော့ မွန်တို့အဖေဘက်က အဘိုးက အရင်တုန်းက ဆားချက်လုပ်ငန်းလုပ်တယ်။အဘိုး တို့ ရွာမှာရှိတဲ့လယ် နဲ့သန်လျင်ဘက်မှာ နှစ်နေရာ လုပ်တယ်။အခုတော့ ဘာမှမလုပ်တော့ဘူး။
ဆားကို ပုံထဲမှာလိုပဲ ချက်တယ်လို့ကြားဖူးပေမဲ့ မမြင်ဖူးဘူး။
ဒီတခေါက်ပြန်ရင် အဘိုးကိုလုပ်နည်းမေးကြည့်ရမယ်။
mon
အင်း။ နိုင်းနိုင်းစနေတို့ များ ဆားချက်တာကို လပွတ္တာထိ သွားလေ့လာရတယ်လို့ ။ အံ့ပါ့တော်ရေ့။ ပြည်ပက ဘလော်ဂါမမတွေက သွားကြည့်စရာမလိုဘဲ ကိုယ်တိုင်ဆားချက်တတ်တယ်။ ပိုက်ဆံအိတ်လေး၊ ဘိနပ်လေးတွေ ဓါတ်ပုံရိုက်ပြီးတော့လဲ ဆား ချက်တတ် တယ်။ စားစရာလေးတွေ ဓါတ်ပုံရိုက်ပြီးတော့လဲ ဆား ချက်တတ်တယ်။ တက် (Tag) ပြီးဆားချက်နည်းလဲ ရှိသေးတယ်။ ဘုတ် နဲ့  ကျီး ဆားချက်နည်း၊ လူသိများတဲ့ဘလော့်မှာ ကော်မန့် ရေးဆားချက်နည်း၊ ဖေ့စ်ဘွတ်ဆားချက်နည်း။ (လေးစားပါတယ်။ KM)
အဲ့မှာ ရေသွားချိုးချင်တယ.် ၀ဲပျောက်တယ်ဆိုလို့း)
အရေခွံလဲသော လူသားပေါ့ :)
ဆားကို ဘယ်လိုကဲ့ရတာတယ်ဆိုတာ ကိုယ်တိုင်လဲ မေးချင်တာပဲ.. ဒါပေမယ့် နေက အသေပူတာ.. မူးလဲမှာတောင်ကြောက်တယ်။ ဆားလှန်းနေတဲ့လူတွေပဲ ရှိလို့ မမေးခဲ့မိဘူး.. လပွတ္တာသားတွေ ပြောပြရင်တော့ ကောင်းမှာပဲနော်.. နာ့ပုံချည်းတင်တယ်လို့ မထင်ပါနဲ့အေ့.. ကိုယ်တိုင်ရောက်ခဲ့ကြောင်း သက်သေပြတာ .. ဟီး..ဟီး
ဘလော့ပေါ်မှာ ဆားချက်ရတယ်လား
ဆားချက်နည်းတစ်မျိုးတိုးတာပေါ့နော်.....း) ပိုငန်မလားမသိဘူး.. :D
ဝဲပျောက်မပျောက်တော့ မသိဘူး.. စပ်ပြီးနာနေမှာတော့ သေချာတယ် မောင်မျိုးရေ...
အားလုံးကျေးဇူးတင်ပါတယ်နော်...
လပွတ္တာ ဇာတိဖြစ်ပေမဲ့...အဲဒီ ဆားချက်တဲ့ နေရာကို
တစ်ခါမှ မရောက်ဖူးဘူး..ခုလို အဝေးကြီးကနေ လာနိုင်တဲ့
မနိုင်းနိုင်းကို တကယ်လေးစားပါတယ်...ဆားကို ဘယ်လိုသယ်လဲ
ဆိုတော့ အဲဒီ ဆားကွင်းတွေမှာ ဆားထမ်းတဲ့ အလုပ်သမားတွေက
တောင်းတွေနဲ့ သယ်ပြီး ဆားဂိုဒေါင်တွေထဲကို သယ်ထည့်ရတာပေါ့...
ဆားဂိုဒေါင်ဆိုတာတော့ ဆားကွင်းပိုင်ရှင်တွေက ဆားထားဖို့အတွက်
သေချာ ဆောက်ထားတာလေ...စပါးထည့်ထားဖို့ စပါးစိ (စပါး ဂိုဒေါင်ပါ)ရှိရသလို၊
ဆားထားဖို့ ဆားဂိုဒေါင်ရှိတယ်လေ...တနေရာကနေ တစ်နေရာကိုတော့ ဆားတွေ
ကို ပီနံအိတ်နဲ့ထည့်သယ်သလို၊ သင်္ဘောဝမ်းဗိုက်ထဲကို ခြောက်သွေ့အောင် လုပ်ပြီး
ဒီအတိုင်း လောင်းပြီး သယ်တာလဲ ရှိတယ်...တို့ သိသလောက် ပြောပြတာ..
ဆားဖိုသူကြီး သား၊ သမီးတွေဆိုရင်တော့ ပိုသိမယ်ထင်တယ်...ဆားဖိုသူကြီးဆိုတာ
ဆားကွင်းပိုင်ရှင်ကို ပြောတာ...

Post a Comment