မရည်ရွယ်ပါဘူး.. တစ်နေ့က ကျွန်မခြေရှည်ပြီး အင်းလေးဘက်ရောက်သွားခဲ့တယ်။ အဲဒီနေ့က ညောင်ရွှေဈေးနေ့ဖြစ်ပါတယ်။ ကျွန်မတို့ဘက်မှာ တောင်ကြီး၊ တောင်နီ၊ ရွှေညောင်၊ ညောင်ရွှေ၊ ဟဲဟိုးဆိုပြီး ငါးရက်တစ်ဈေးရှိပါတယ်။ ညောင်ရွှေဈေးနေ့မို့ ကျွန်မလည်းအားနေတာနဲ့ ဈေးသွားသုံးရင်း မတွေ့တာကြာပြီဖြစ်တဲ့ မြန်မာချက်ကခင်ခဲ့တဲ့ သူငယ်ချင်းလင်မယားကိုလည်း သွားရှာရင်း အင်းလေးဘက်ကို ရောက်ဖြစ်ခဲ့တာဖြစ်တယ်။ ညောင်ရွှေမြို့ကို ရွှေညောင်မြို့ဘက်ကနေ လမ်းခွဲသွားရပြီး (၇)မိုင်ကွာဝေးပါတယ်။
ညောင်ရွှေမြို့က အင်းလေးကန်ရဲ့အစမို့ အရင်က အခုလိုမိုးရာသီမှာဆို လမ်းဘေးဝဲယာမှာ ရေတွေဖွေးဖွေးလှုပ်နေပါပြီ။ အခုတော့ နိုင်ငံတစ်ဝှမ်း မိုးခေါင်ရေရှားတဲ့အတွက် လယ်တွေလည်း ခုချိန်ထိ ပတ်ကြားအက်နေတုန်းပါပဲ။ တချို့နေရာ ရေစုပ်တင်ထားတဲ့ လယ်ကွက်ထဲက စပါးပင်တွေလည်း မသန်ပါဘူး။ စပါးနှံ့တွေက ဟိုတစ်ပင် ဒီတစ်ပင် ထိုးထိုးထောင်ထောင်၊ ဝါကျင်ကျင်ဖြစ်နေပါတယ်။
အရင်က ပေါရိဿ၊ ရွှေရန်ပြေစတဲ့ လမ်းဘေးဝဲယာကရွာတွေဟာ အင်းလေးရဲ့ ရှေ့ပြေးနိမိတ်အဖြစ် ချောင်းတွေ၊ မြောင်းတွေမှာ ရေတွေ လျှံတက်နေတတ်တယ်။ အခုတော့ လှေငယ်လေးလည်း ကုန်းပေါ်တင်လို့...
ညောင်ရွှေဈေးက ငါးရက်တစ်ဈေးမို့ အနီးအနား ရွာပတ်ဝန်းကျင်ကလူတွေနဲ့ စည်ကားနေပါတယ်။ ညောင်ရွှေမြို့ခံတွေဟာ အများအားဖြင့် အင်းသားလူမျိုးတွေမို့ ညောင်ရွှေဈေးတစ်ခုလုံးက ဈေးသည်ဈေးဝယ်တွေရဲ့ အင်းသားသံတွေနဲ့ ညံနေပါတယ်။

"ချီးချဉ်တစ်ပိဆာ ဘယ်လောက်အ"
"ရှစ်ရာ"
"ခြမ်းဆီး အစိတ်ဆား တစ်ရာငါးဆယ် တစ်ပိဆာလုံးယူရင် ငါးရာထားပေးမယ်"
"တဆီးတစ်ဖူး နီရာ.. နီဖူး ဆုံးရာနဲ့ယူအ"
အင်းသားလူမျိုးတွေရဲ့ ငါးထမင်းနယ် (တစ်ပွဲငါးရာကျပ်)
ထမင်းပြားကိုတော့ ကျွန်မ မမြင်ဖူး၊ မစားဖူးလို့ ဘေးကဆိုင်မှာ လူများမှာစားနေတုန်း ပုံတောင်းရိုက်လိုက်တာပါ။ ထမင်းပြားက ထမင်းကိုပြားနေအောင်နယ်ပြီး ထမင်းပေါ်မှာ မုန့်တီတင်၊ နောက် ဟင်းအနှစ်ဝါဝါကြီးတွေတင်၊ ထိုဟူးကြော်ညှပ်ထည့်ပြီး ငရုတ်ဆီနီရဲရဲလေး ဆမ်းထားတာ တွေ့ခဲ့ရတယ်။ စားသူကတော့ အားရပါးရ နယ်ဖပ်စားနေတာပဲ...
နို့ဆီဗူးနဲ့ ချိန်ပြီးရောင်းတဲ့ မြေခဲ
ဈေးထဲမှာ လည်ပတ်စားသောက်ပြီး သူငယ်ချင်းကိုသွားရှာတော့ သူတို့က ဘုရားလိုက်ပို့ပေးမယ်လို့ ဆိုတယ်။ ဖောင်တော်ဦးဘုရားကို ကျွန်မ မရောက်တာလည်း နှစ်နဲ့ချီကြာပြီမို့ သူတို့အပို့ကို ကျွန်မအလွယ်တကူ ခေါင်းညိတ်ခဲ့တယ်။ အဲဒီလိုနဲ့ စက်လှေတစ်စီးငှားပြီး ကျွန်မတို့ ဖောင်တော်ဦးဘုရားဘက် ဦးလှည့်ခဲ့ကြပါတယ်။
နိုင်းနိုင်းစနေ
မြေခဲကို ဗိုက်ကြီးသည်တွေစားသလို သာမန်လူတွေလည်း စားကြတယ်။ မြေခဲက မြေနံ့သင်းပြီး စားတဲ့အခါ ခပ်စေးစေးဖြစ်တယ်။ တချို့မြေခဲတွေဆို လိမ္မော်ရောင်သမ်းပြီး လှတယ်။ အရသာက မြေကြီးစားနေရသလိုပဲ (အော်.. မြေခဲပါဆိုမှး) ငယ်ငယ်တုန်းကပဲ စားခဲ့ဖူးတယ်။ ကြီးလာတော့ ဘာကြောင့်မှန်းမသိ မစားရဲတော့ဘူး။ ဆေးဖက်ဝင်မယ်ထင်တာပဲ... ရွာက သက်ကြီးရွယ်အိုတွေကို မြေခဲအကြောင်း ပြန်မေးကြည့်ပါအုန်းမယ်...
မြေခဲအကြောင်း ထပ်ဖြည့်စွက်ချက်း ဟဲဟိုးမြို့ဘက်မှာ မြေခဲတွင်းဆိုတာရှိပြီး မြေခဲတွင်းက တူးယူရရှိတဲ့မြေခဲကို စားတဲ့အချိန်မှာ မွှေးအောင်၊ ကြွပ်အောင် လူတွေကကြပ်ခိုးပေါ် တင်ထားတတ်ကြတယ်။ ကြပ်ခိုးပေါ်တင်မှလည်း မြေခဲက မွှေးပြီးကြွပ်စေတယ်လို့ဆိုတယ်။ လူတွေက မြေခဲကို မွှေးလို့ စားကြခြင်းသာ ဖြစ်တယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်သူတွေ ချဉ်ခြင်းတပ်စားကြတယ်။ မြေခဲဟာ ဆေးဖက်မဝင်တဲ့အပြင် များများစားသုံးသူတွေကို ဖောရောင်စေတယ်လို့ သိရပါတယ်။
မြေခဲအကြောင်း ထပ်ဖြည့်စွက်ချက်း ဟဲဟိုးမြို့ဘက်မှာ မြေခဲတွင်းဆိုတာရှိပြီး မြေခဲတွင်းက တူးယူရရှိတဲ့မြေခဲကို စားတဲ့အချိန်မှာ မွှေးအောင်၊ ကြွပ်အောင် လူတွေကကြပ်ခိုးပေါ် တင်ထားတတ်ကြတယ်။ ကြပ်ခိုးပေါ်တင်မှလည်း မြေခဲက မွှေးပြီးကြွပ်စေတယ်လို့ဆိုတယ်။ လူတွေက မြေခဲကို မွှေးလို့ စားကြခြင်းသာ ဖြစ်တယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်သူတွေ ချဉ်ခြင်းတပ်စားကြတယ်။ မြေခဲဟာ ဆေးဖက်မဝင်တဲ့အပြင် များများစားသုံးသူတွေကို ဖောရောင်စေတယ်လို့ သိရပါတယ်။
ဈေးထဲမှာ လည်ပတ်စားသောက်ပြီး သူငယ်ချင်းကိုသွားရှာတော့ သူတို့က ဘုရားလိုက်ပို့ပေးမယ်လို့ ဆိုတယ်။ ဖောင်တော်ဦးဘုရားကို ကျွန်မ မရောက်တာလည်း နှစ်နဲ့ချီကြာပြီမို့ သူတို့အပို့ကို ကျွန်မအလွယ်တကူ ခေါင်းညိတ်ခဲ့တယ်။ အဲဒီလိုနဲ့ စက်လှေတစ်စီးငှားပြီး ကျွန်မတို့ ဖောင်တော်ဦးဘုရားဘက် ဦးလှည့်ခဲ့ကြပါတယ်။
နိုင်းနိုင်းစနေ

10 comments:
မြေခဲ ကို ဘာလုပ်မလို့ ရောင်းကြ၀ယ်ကြတာလည်းဟင်
မြေခဲကဘာလုပ်ဖို့လဲဟင်
မြေခဲကပိုက်ကြီးသည် တွေစားဖို့  အ''
ညောင်ရွှေ မြို့ခံ အစစ်တွေက တိုင်းလုံ(ခေါ်)ရှမ်းကြီးများ ဖြစ်ကြောင်းပါ။ ညောင်ရွှေ မြို့အရှေ့ဘက်ခြမ်းရှိ ကျေးရွာများမှာ ရှမ်း နှင့် ပအိုဝ့်ကျေးရွာများ ဖြစ်ပြီး၊ အနောက်ဘက်ခြမ်း (အင်းလေးဒေသ)ရှိ ကျေးရွာများမှာ အများစု အင်းသားကျေးရွာများဖြစ်ပါတယ်။ အနောက်ဘက်ခြမ်း (အင်းလေးဒေသ)တွင် ရှမ်းကျေးရွာ အချို့ကိုလည်းတွေ့ရှိနိုင်ပါတယ် (eg. စမ်ကား(ခ)စကားကျေးရွာ။ နေဝင်းအစိုးရ လက်ချက်ဖြင့် ညောင်ရွှေတွင် ရှမ်းစာနှင့်ရှမ်းစကား သုံးစွဲမှု ကွယ်ပျောက်ခဲ့ရပါတယ်။ (စဝ်ရွှေသိုက်ကို မျက်နှာဖြူနှင့်ပင်းသည်ဟု စွပ်စွဲပြီးနောက်ပိုင်း လူမျိုးရေး နှိမ်နင်းမှု။)
Wanna know more? There are a lot of hidden history in NyaungShwe. So many hidden sad stories. One day I will publish a book. Btw, the really Shan Name of NyaungShwe is YaungHwe.
The real Shan Name of NyaungShwe is YaungHwe.
ကဲကဲ စနေရေ မြေခဲအကြောင်းပြန်ရှင်းတော့
မိုးငွေ့
Ma, I wanna eat... I wanna eat, All the shan Food... :(:(
I wanna eat... sob sob...
I wanna eat...
မနိုင်း....ရေ ငါးထမင်းနယ် ကိုသတိရလိုက်တာဗျာ ။
စားလို.ကောင်း ပ
:)
မရေ..
ညောင်ရွှေဈေးက ဦးကျော်လှ ငါးထမင်းနယ်နဲ့ဝက်သားချဉ် အရော အရမ်းကြိုက်တာလေ..
ဂလို
ပြောရင်းတောင်မှလွမ်းလာပီ..
Post a Comment