နေကျဲကျဲပူတဲ့နေ့တစ်နေ့မှာ သင်္ကန်းကြီးဆိုတဲ့ ရွေးမြစ်ပေါ်က ရွာတစ်ရွာကို ကျွန်မတို့ရောက်ခဲ့ကြတယ်။ အဲဒီသင်္ကန်းကြီးရွာမှာ သူငယ်ချင်းတစ်ယောက် တာဝန်ခံဆောက်ထားတဲ့ မုန်တိုင်းဒဏ်ခံ အဆောက်အဦးကို သွားကြည့်ကြရင်း၊ ဆားချက်တာလည်း သွားလေ့လာရင်းနဲ့ပေါ့။
ရွာသား သုံးလေးရာတက်ခိုခဲ့တဲ့ သင်္ကန်းကြီးရွာက ဘုန်းကြီးကျောင်း
သင်္ကန်းကြီးရွာက ပင်လယ်နဲ့နီးတဲ့အတွက် နာဂစ်မုန်တိုင်းဒဏ်ကို အတော်လေးခံလိုက်ရတယ်။ ဒါပေမယ့် လူအသေအပျောက်နည်းခဲ့ပါသတဲ့။ မုန်တိုင်းလာတုန်းက ရွာဘုန်းကြီးကျောင်းပေါ် တက်ခိုခဲ့ကြလို့ အသက်ဘေးက လွတ်ခဲ့ကြရတယ်လို့ ရွာခံတွေက ပြောပြကြတယ်။ နေအိမ်တွေ မုန်တိုင်းနောက်လိုက်ပါပြီး ဒီဘုန်းကြီးကျောင်းပဲ ကျန်ခဲ့တယ်လို့ ဆိုကြတယ်။

နိုင်ငံတော်က ဒီလိုအကွက်ချ ဆောက်လုပ်ပေးထားတဲ့ နေအိမ်တွေလည်း အများကြီးတွေ့ခဲ့တယ်
ဒီနေရာဟာ အရင်ကရွာလယ်ပါလို့ ပင်လယ်ကမ်းစပ်က ငုတ်တိုသာကျန်တော့တဲ့
အိမ်တိုင်တွေကို ညွှန်ပြပြီး ရွာခံတွေက ပြောပါတယ်။

ပုံမှာမြင်ရတဲ့ရွာရဲ့ ဟိုဘက်မှာ ပင်လယ်ပဲကျန်တော့တယ်။ ရွေးမြစ်ဝထိပ်မှာရှိတဲ့ ရွာတစ်ရွာပါ။
နာဂစ်တုန်းက တစ်ရွာလုံးပျောက်တယ် ပြောကြတယ်။ ခုတော့ တဲအိမ်အသစ်တွေနဲ့
နေရာဟောင်းက မခွါဘဲ အိုးအိမ်အသစ် သူတို့ထူထောင်ထားကြပြန်တယ်။
12 comments:
ခုတော့လဲ သာယာကြည်နူးစရာ နေရာလေးနော်
နာဂစ်တုန်းက ဘယ်လောက်ငရဲပွက်လိုက်မလဲနော်
မနိုင်း ငါးဘယ်နှစ်ကောင် ရလဲ :P
ရှုခင်းလေးတွေ မြင်ရတဲ့အခါ စိတ်ချမ်းသာသလိုဖြစ်ပြီး နာဂစ်ဆိုတဲ့ စာလုံးကြီးမြင်လိုက်ရရင်ဘဲ ရင်ထဲမောဟိုက်သွားသလိုလို ဖြစ်မိတယ်။
အခုတော့လဲမြင်ကွင်းလေးကကြည်နူးစရာ..
အဆိုးထဲကအကောင်းလို့မြင်ကြည့်ရင်တော့သွားလာရေး ပိုအဆင်ပြေလာတာနဲ့ အဆောက်ဦးလေးတွေသေသေ သပ်သပ်လေးတွေ့ရတော့ စိတ်ချမ်းသာတယ်။
ဟဲ.တော.
ကျောင်း အမ ငါး များနေ ပါလား။
ကလေးလေးတွေ ချောင်းမှာ ငါးမျှားနေတာတွေ့လို့ ဟန်ဝင်လုပ်လိုက်တာ .....
ရေတက်လာရင် ငါးတွေ လိုက်ပါလာတယ်.. ငါးစင်းရိုင်းဆိုလား... ရေတွေက အဲဒီချောင်းလေးထဲမှာ ဝင်လိုက်ထွက်လိုက်နဲ့။
၅ မိနစ်မကြာဘူး ငါးတစ်ကောင် တစ်ကောင်ရတယ်.. ကလေးဘေးက ပုံးထဲမှာ ငါးတွေအပြည့်ပဲ။ ကိုယ်မျှားတော့ အကြာကြီးတစ်ကောင်မရဘူး.. ဒါနဲ့ သူမျှားရတဲ့ဟာကို ဟန်လုပ်ပြီး ကိုယ်မျှားရသလိုလို ပုံရိုက်လိုက်သေးတယ်။ အဲဒီပုံကိုတော့ မတင်ရဲဘူး.. တော်ကြာ သတဝါတွေကို ညှင်းဆဲတယ်လို့ ပြောမှာစိုးလို့.. ဟီး..ဟီး..
အားလုံး ကျေးဇူးနော်..
နိုင်ငံတော်က ဒီလိုအကွက်ချ ဆောက်လုပ်ပေးထားတဲ့ နေအိမ်တွေလည်း အများကြီးတွေ့ခဲ့တယ်
-- ဒီထက်ပိုတဲ့ အမြင်လေးကို တင်ပြပေးရင်တော့ သိပ်ကောင်းမယ်ထင်ပါတယ်...။---
တော် ပါသေးရဲ.
ကျောင်းအမ ရဲ. သီလ ကို ယုံလို.၊ကူပ်
တို. ထားဝယ်သား ကိုပုံအပ် လိုက်တာနော်။
Hi Ma Naing Naing,
Appreciate if answer following questions.
1) How many the said new houses had Military Government built for them and for whole Nargis-hitted area?
2) How could u confirm Military Government did that? Not done by NGO or our money (by huge donation from oversea workers like us or by local donars)
3) Why had many poor house still left? Why are they not deserve good houses by so-called very kind Junta?
I have never seen it from a negative point of view however what happen today in our motherland shall not be hidden. Further, not only local public but whole world also had known how Junta had treated all burmese hit by Nargis.
May I advise you to be more sincere to expose / reflect current situation in your motherland.
1) How many the said new houses had Military Government built for them and for whole Nargis-hitted area?
ဖြေး ဒါကတော့ ဧရာဝတီတိုင်းတစ်ခုလုံးကိုသွားပြီး
ကိုယ်တိုင်ကွင်းဆင်းလေ့လာရေတွက်မှ ရနိုင်မှာဖြစ်ပါတယ်။
2) How could u confirm Military Government did that? Not done by NGO or our money (by huge donation from oversea workers like us or by
local donars)
ဖြေး ဓာတ်ပုံထဲမှာမြင်ရတဲ့ နံပါတ်(၈)ပုံမြောက် (အလံပါတဲ့ အိမ်တန်းစု) က
နိုင်ငံတော်က ဆောက်ထားတာဖြစ်ပြီး ဝါဝါဝင်းဆောက်လုပ်ရေးက
တာဝန်ခံတည်ဆောက်ထားတာဖြစ်ပါတယ်။ အိမ်အလုံးရေ- ၈၆လုံးဖြစ်ပါတယ်။
ဓာတ်ပုံထဲမှာမြင်ရတဲ့ နံပါတ်(ရ)ပုံမြောက်က ဆွေသဟာNGOအဖွဲ့က
တည်ဆောက်ထားတာဖြစ်ပြီး အိမ်အလုံးရေ - ၄ဝလုံးဖြစ်ပါတယ်။
3) Why had many poor house still left? Why are they not deserve good
houses by so-called very kind Junta?
ဖြေး ပုံမှာမြင်ရတဲ့ poor house တွေ ကျန်ရှိနေသေးတာက တချို့နေအိမ်တွေ
မဆောက်ပြီးသေးလို့ ဒါမှမဟုတ် ကိုယ့်နေရာဟောင်းကို မစွန့်ခွါနိုင်လို့၊
အဲဒီနေရမှာပဲ သူတို့လုပ်ကိုင်စားသောက်တတ်လို့၊ ရေလုပ်ငန်းလုပ်တဲ့အတွက်
ရေနဲ့နီးတဲ့နေရာမှာပဲ နေရတာပိုအဆင်ပြေလို့၊ ဒါမှမဟုတ် နေ့ဘက်မှာ အဲဒီpoor
houseမှာနေပြီး ညဘက်မှ နေရာချထားပေးတဲ့ အိမ်အသစ်မှာ ပြန်အိပ်ကြတာတွေရှိလို့ ... ဒါကတော့ အဲဒီဒေသမှာနေတဲ့
လူတွေရဲ့ပြောပြချက်ဖြစ်ပါတယ်။
ဒီထက်ပိုသိချင်ရင် ဆက်သွယ်ရမယ့် အီးမေးလ် သို့မဟုတ် ဖုန်းနံပါတ်ပေးပြီး
ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ အခုဟာက ရေးတဲ့သူနာမည်တောင် မပါလာပါဘူး။
တကယ်လို့ ကိုယ်တိုင်ကွင်းဆင်းလေ့လာချင်ရင် ကျွန်မတို့ကိုလည်း ခေါ်လိုက်ပါ။
ဧရာဝတီတိုင်းတစ်ခုလုံးကို သွားချင်သေးလို့ပါ...
အားလုံးကို ကျေးဇူးတင်ပါတယ်း)
Hi Ma Naing Naing..
Thanks for your clarification..
Understood from your answers, our beloved Military Government is very kind of all public so that the whole motherland is very peaceful as well as so wealthy ..
eg: No child soldiers. No political prisoners... Very very few amount of poor folks....No bully public by armed soldiers... very enjoyable place... No cheating public... No brain drain… Very good educational hub… Very cheap and best health system…Justice everywhere… Taking care environmental… etc..etc..
haaa..
Long live Ma Naing Naing and lovely Junta...
Best regards,
Post a Comment