(၄)မိုင်အထိ အင်းရေတွေ မပြာနိုင်ခဲ့တော့ပါဘူး
ဝါကျင်ကျင် ရွံရေတွေအဖြစ်နဲ့သာ ရှိနေပါတယ်
သူ့နဂိုရုပ်အတိုင်း နည်းနည်းပြာလာတယ်
ဒါတောင် ဟိုးဝေးဝေးက ရွာတွေက ကုန်းပေါ်တင်လို့...
လူတစ်ရပ်စာ((၅)ပေ)လောက် ရေခန်းသွားပါသတဲ့...
ရေမှော်တွေ၊ သိုက်တွေနဲ့ ငါးရှာနေသူတွေ
တစ်ချိန်က ဟသာင်္ငှက် နုတ်သီးအထိ ရေကြီးဖူးသတဲ့....
ခုတော့ ဟသာင်္ငှက်လည်း ရေလယ်ခေါင်မှာရပ်ပြီး ရေငတ်လို့နေတယ်...
"ရွာမ" သွားတဲ့လမ်းခွဲမှာဖြစ်ပါတယ်
ရွာမရေပေါ်ဈေးလည်း ရေမရှိလို့ မလုပ်နိုင်တော့ဘူးတဲ့..

အရင် သူငယ်ချင်းတစ်ယောက် ပို့ပေးဖူးတဲ့ပုံပါရွာမ၊ ရွာမဈေးဖြစ်ပါတယ်
လှေကားထစ်တွေတောင် ထပ်နိမ့်ထားရတယ်
စက်လှေသမားနဲ့ ကလေးငယ်တွေက ပြောပါတယ်
"အစ်မတို့ရေ... ဖြည်းဖြည်းဆင်း ကျွံကျမယ်။ အောက်က အပွါကြီးတဲ့"
တံတားနဲ့ပဲ ရောက်တော့တယ်။
ဟိုး အနီရောင်မှတ်တိုင်မှာ ရေအမြင့် ငါးပေဆိုတဲ့နေရာက ရွံ့တွေနဲ့ ပေနေပါတယ်။
ချောင်းတွေမှာ ရေနည်းကုန်လို့ပါ..
ဒီလိုစက်မျိုး (၂)နေရာလောက်တွေ့ခဲ့တယ်။
ဒါပေမယ့် ကန်ရေပြင်က ကျယ်တော့ လုပ်အားနဲ့မမျှသလိုပါပဲ..
ရေကျသွားလို့လားမသိ ဘယ်နေရာကြည့်ကြည့် မြက်ရိုင်းတွေချည်းပဲ...
ကျွန်းမျောတွေဘက် လှေနဲ့လည်း မရောက်နိုင်၊ ခြေကျင်လည်း မသွားရဲဖြစ်နေသတဲ့
မြေသားတွေပျော့ပြီး ကျွံကျမှာစိုးလို့ပါတဲ့...
တောင်ကြီး-ညောင်ရွှေကားဂိတ်တောင် ရေမရှိလို့ အဲဒီဘုရားဘက်အထိ ရွေ့ခဲ့ပြီတဲ့..
ခြုံတွေထူပြီး ဝင်ပေါက်လည်း မတွေ့ခဲ့ပါဘူး...
"တံ;လုံ " ပြောသလိုပါပဲ.. ညောင်ရွှေမြို့သမိုင်းအကြောင်း
ကျွန်မလည်း များများစားစားမသိလှဘူး။
ဓာတ်ပုံတချို့ပဲ ဝေမျှနိုင်ခဲ့ပါတယ်။
နိုင်းနိုင်းစနေ


10 comments:
လွမ်းတယ် အင်းစားကူးလေးတွေကို လွမ်းတယ် အရမ်းကိုလွမ်းဆယ်ကွယ် :((
လွန်ခဲ့တဲ့ ၁၅ နှစ်လောက် က ရောက်ဖူးခဲ့တာ အင်းလေး ကို ...ကမ်းစပ် ရောက်တာနဲ့ လှေတက်စီးယုံ ဘဲ အခု တော့ အဲ လှေစီးဖို့ မြေပေါ်ဆင်း ပြီး လမ်းနည်းနည်း လျောက်ရ သေးတယ်လို့ ကျမ တူလေး တယောက် ပြောတော့ တော်တော် အံ့သြ မိ တယ် ... နောက်တော့ ဟိုတလောလေးက ဘလော့တွေထဲ ပတ်ကြားအက်တွေ တွေ့တော့ စိတ် မကောင်း ဖြစ်မိတယ် ... ပြီးခဲ့ တဲ့ ၁ လ ပိုင်းက ရန်ကုန်ရောက်တော့ အဲ သည်အင်းလေးကန် သွားလည် ချင်တာ အခြေအနေ မပေးလို့ မရောက်ခဲ့ရဘူး ... ရှမ်း စာ တွေ စားရတာရယ် အင်းလေးထဲ မော်တော်စီးရတာရယ် ကြိုက်လွန်းလို့...
ဓါတ်ပုံ တွေ ကြည့်ရတာ ကျေးဇူးပါ နော် ...
mie nge
မြင်ရတာ စိတ်မကောင်းစရာကောင်းလိုက်တာ.. :(..
အရင်နှစ်တွေ က အင်းလေးရေခမ်းခြောက်မှ သူကိုအဖြေ
ပေးမယ်လို့ ပြောထားတာလေ ခုဘယ်လိုလုပ်ရမှာလဲဟင်.
အဟင့်..ဟင့်..အခုသူက ဘေးတွဲတွေ ဆိုက်ကားတွေနဲ့လေ..:P
I have not been there. I plan to go when I back to myanmar in next year.
ချစ်လေပြေ :: so poor :)
Thanks for sharing မနိုင်းနိုင်း :)
Thank you for sharing.
အရင်က အင်းလေးကန်ကြီး ဘယ်ရောက်သွားပါလိမ့်
မြင်ရတာ စိတ်မချမ်းသာဖြစ်မိတယ်..
thanks alot for sharing ama... When i see photos, i feel happy and sad, happy for seeing the photos of Inlay and sad for the current situation of Inlay.please share next time if u have photos...
အစ်မကျေးဇူးတင်ပါတယ်
နောက်နှစ်အင်းလေးသွားမလားလို့ စိတ်ကူးထားတာ သွားပါပြီ။
အရင်တုန်းကတော့ရောက်ဖူးပါတယ် အဲ့တုန်းကရေတွေကြီးတယ် အိမ်ထဲထိတောင်ရေ၀င်တော့မယ်။
အခုတော့လဲ စိတ်မကောင်းလိုက်တာ...............
Post a Comment