(၁)
ဘယ်လို အသက်အရွယ်ပိုင်းက အကောင်းဆုံးလဲ?
ပန်းပွင့်ကပြောတယ် "ပွင့်လန်းပြီး အကိုင်းအခက်တွေနဲ့ ဝေဆာတဲ့အရွယ်ဟာ အကောင်းဆုံးဖြစ်တယ်"
ဘယ်လို နုပျိုမှုက အကောင်းဆုံးလဲ?
နေမင်းကပြောတယ် "အလင်းရောင်တွေနဲ့တောက်ပတဲ့ နုပျိုမှုက အကောင်းဆုံးဖြစ်တယ်"
ဘယ်လိုစိတ်က အကြည်လင်ဆုံးလဲ?
လမင်းကပြောတယ် "ဖြူစင်ရိုးသားတဲ့စိတ်က အကြည်လင်ဆုံးဖြစ်တယ်"
ဘယ်လိုဘဝက အလှပဆုံးလဲ?
စင်ယော်ငှက်ကပြောတယ် "ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝက အပျော်ရွှင်ဆုံးနဲ့ အလှပဆုံးဖြစ်တယ်"
(၂) သူငယ်ချင်းဆိုတာဘာလဲ?
သူငယ်ချင်းဆိုတာ ပျော်ရွှင်တဲ့နေ့ရက်တွေထဲက ဂီတာတစ်လက်ဖြစ်တယ်။
ကိုယ့်ဘဝအတွက် ပျော်ရွှင်တဲ့တေးသွားတွေကို သယ်ဆောင်ပေးတယ်။
သူငယ်ချင်းဆိုတာ စိတ်ငြီးငြူစရာနေ့ရက်တွေထဲက နွေလေလေးဖြစ်တယ်။
မပျော်ရွှင်ခြင်းတွေကို ကိုယ့်အပါးကနေ အဝေးကို တိုက်ထုတ်ပေးတယ်။
သူငယ်ချင်းဆိုတာ အောင်မြင်ခြင်းလမ်းမပေါ်က ဆရာကောင်းတစ်ဦးဖြစ်တယ်။
အလင်းရောင်ရှိတဲ့အရပ်ဘက် ကိုယ့်ကိုလမ်းညွှန်ဦးဆောင်ပေးတယ်။
သူငယ်ချင်းဆိုတာ ကျရှုံးခြင်းလမ်းမပေါ်က မီးအိမ်လေးတစ်လုံးဖြစ်တယ်။
ငြိမ်ငြိမ်သက်သက်နဲ့ စိတ်ဝိညာဉ်ပေါ် ဖုံးလွှမ်းနေတဲ့ အမှောင်တွေကို မောင်းထုတ်ပေးတယ်။
(၃) ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ?
ပျော်ရွှင်ခြင်းဆိုတာ ဆင်းရဲဒုက္ခနဲ့ ယှဉ်တွဲနေတဲ့ ကိတ်မုန့်တစ်တုံးဖြစ်တယ်။
ပျော်ရွှင်ခြင်းဆိုတာ အခက်အခဲနဲ့ ယှဉ်တွဲနေတဲ့ ခံစားချက်တူ အကြည့်တစ်ချက်ဖြစ်တယ်။
ပျော်ရွှင်ခြင်းဆိုတာ တစ်ကြိမ်တစ်ခါ ပွတ်သပ်ပေးတဲ့ ဖခင်ရဲ့လက်ကြမ်းဖြစ်တယ်။
ပျော်ရွှင်ခြင်းဆိုတာ သူငယ်ချင်းဆီကရတဲ့ ဂရုစိုက်စာလေးတစ်စောင်ဖြစ်တယ်။
ပျော်ရွှင်ခြင်းဆိုတာ မိခင်ရဲ့တဗျစ်တောက်တောက် စကားသံတွေဖြစ်တယ်။
ပျော်ရွှင်ခြင်းဆိုတာ ဆရာ/ဆရာမတွေရဲ့ ချစ်ခင်ရင်းနှီးတဲ့ နှုတ်ဆက်စကားဖြစ်တယ်။
(၄) အချစ်ဆိုတာ ဘာလဲ?
အချစ်ဆိုတာ ဆောင်းရာသီရဲ့ နေရောင်ခြည်ဖြစ်တယ်။ ဆာလောင်ချမ်းအေးနေသူကို အနွေးဓာတ်တွေ ပေးတယ်။
အချစ်ဆိုတာ ကန္တာရထဲက စမ်းရေတစ်ပေါက်ဖြစ်တယ်။ မျှော်လင့်ချက်မဲ့သူကို အသစ်တစ်ဖန်ရှင်သန်ဖို့ မျှော်လင့်ချက်တွေပေးတယ်။
အချစ်ဆိုတာ ကောင်းကင်အောက်က လတစ်စင်းဖြစ်တယ်။ အထီးကျန်ဆန်သူကို နှစ်သိမ့်မှုတွေပေးတယ်။
အချစ်ဆိုတာ နွေဦးရဲ့ မိုးရေတစ်စက်ဖြစ်တယ်။ ညိုးနွမ်းခြောက်သွေ့သူကို လန်းဆန်းမှုတွေပေးတယ်။
အချစ်ဆိုတာ နွေရာသီရဲ့ လေပြေလေညင်းဖြစ်တယ်။ ပူပင်သောက ခံစားနေသူကို အေးမြမှုတွေပေးတယ်။
အချစ်ဆိုတာ ညအမှောင်ထဲက မီးအိမ်တစ်လုံးဖြစ်တယ်။ လမ်းပျောက်သူကို ကမ်းကပ်နိုင်အောင် ကူညီပေးတယ်။
(၅) စာအုပ်က ကျွန်မတို့ရဲ့ စိတ်အဟာရအစာဖြစ်တယ်။ ကျွန်မတို့ကို စိတ်ခွန်အားတွေဖြစ်စေတယ်။
Jane Eyre ကပြောတယ်
" ကျွန်မတို့ တန်းတူညီမျှပါတယ်။ ကျွန်မဟာ ခံစားချက်မရှိတဲ့ စက်ကိရိယာမဟုတ်ဘူး"တဲ့။ ဒီစကားထဲကနေ မိန်းမတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုလေးစားမှုကို ကျွန်မ နားလည်ခဲ့ရတယ်။
Robert Browning ကပြောတယ်
"အချစ်မရှိရင် လောကတစ်ခုလုံး သင်္ချိုင်းတစပြင်နဲ့တူတယ်"တဲ့။ ဒီစကားထဲကနေ သူတစ်ပါးကို ချစ်ခြင်းမေတ္တာပေးကမ်းတာဟာ ဘယ်လောက်အရေးပါကြောင်း ကျွန်မ နားလည်ခဲ့ရတယ်။
Petőfi Sándor ကပြောတယ်
"လူ့ဘဝက တန်ဖိုးရှိတယ်၊ ဒါပေမယ့် ချစ်ခြင်းမေတ္တာမရှိတဲ့ ဘဝက အရာရာတန်ဖိုးမဲ့တယ်။ ဒါကြောင့် လူ့ဘဝအတွက် ချစ်ခြင်းမေတ္တာလည်း အရေးပါတယ်။ ဒါပေမယ့် လွတ်လပ်မှုကို လူတိုင်းတောင့်တကြတယ်။ ဘဝ၊ အချစ်ရှိပြီး လွတ်လပ်မှုမရှိရင် ပျော်ရွှင်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် လွတ်လပ်မှုရှိရင် အချစ်နဲ့ဘဝကိုတောင် လက်လွတ်နိုင်ကြတယ်"တဲ့ ဒီစကားထဲကနေ လွတ်လပ်မှုရဲ့တန်ဖိုးကို ကျွန်မနားလည်ခဲ့ရတယ်။
Lu-Xun ကပြောတယ်
"**နှုတ်ဆိတ်မှုထဲမှာ မပေါက်ကွဲရင် နှုတ်ဆိတ်မှုထဲမှာ သေဆုံးမယ်"တဲ့။ ဒီစကားထဲကနေ ပုန်ကန်မှုရဲ့အရေးပါပုံကို ကျွန်မနားလည်ခဲ့ရတယ်။
**လူတစ်ဦး သို့မဟုတ် နိုင်ငံတစ်နိုင်ငံဟာ ဖိနှိပ်ညင်းဆဲမှုတွေ ခံရတဲ့အခါ တစ်ခါတလေ အင်အားမမျှလို့ ဒါမှမဟုတ် ရွေးချယ်ဖို့လမ်းမရှိတာတွေနဲ့ နှုတ်ဆိတ်နေရတယ်။ ဖိနှိပ်မှုတွေ လွန်ကဲလာတဲ့အခါ၊ သည်းခံနိုင်တဲ့ အတိုင်းတာထက် ကျော်လွန်လာခဲ့အခါ ပုန်ကန်ဆန့်ကျင်ဖို့ ပေါက်ကွဲလာတတ်ကြတယ်။
တကယ်လို့ ဆန့်ကျင်ပုန်ကန်ဖို့တောင် သတ္တိမရှိဘူးဆိုရင် စိတ်ဓာတ်ရေးရာမှာရော၊ လုပ်နိုင်စွမ်းမှာရော သူဟာ သေဆုံးပြီးဖြစ်တယ်။
အင်တာနက်ပေါ်က ရှာဖွေဖတ်ရသမျှကို ကျွန်မဖတ်ဖို့ ဘာသာပြန်ပါတယ်။
နိုင်းနိုင်းစနေ

5 comments:
မနိုင်းပြောသလိုပါပဲ...မနိုင်းရဲ့ ဘာသာပြန်တွေက ကျွန်တော်တို့ရဲ့ စိတ်အဟာရအစာဖြစ်စေတယ်... ကျွန်တော်တို့ကို စိတ်ခွန်အားတွေဖြစ်စေတယ်...
မနိုင်းရဲ့ blog ဟာ ကျွန်တော်တို့ရဲ့ သူငယ်ချင်းပါပဲ..
ထာဝရအတွက်ပါ..
တကယ်လို့ ဆန့်ကျင်ပုန်ကန်ဖို့တောင် သတ္တိမရှိဘူးဆိုရင် စိတ်ဓာတ်ရေးရာမှာရော၊ လုပ်နိုင်စွမ်းမှာရော သူဟာ သေဆုံးပြီးဖြစ်တယ်။
လွတ်လပ်မှုကို လူတိုင်းတောင့်တကြတယ်။ ဘဝ၊ အချစ်ရှိပြီး လွတ်လပ်မှုမရှိရင် ပျော်ရွှင်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် လွတ်လပ်မှုရှိရင် အချစ်နဲ့ဘဝကိုတောင် လက်လွတ်နိုင်ကြတယ်"တဲ့ ဒီစကားထဲကနေ လွတ်လပ်မှုရဲ့တန်ဖိုးကို ကျွန်မနားလည်ခဲ့ရတယ်
ဒါလေး သဘောကျတယ်
ကျေးဇူးတင်ပါတယ် မနိုင်းနိုင်း အန်မတန်အဖိုးတန်ပါတယ်...
တကယ်လို့ ဆန့်ကျင်ပုန်ကန်ဖို့တောင် သတ္တိမရှိဘူးဆိုရင် စိတ်ဓာတ်ရေးရာမှာရော၊ လုပ်နိုင်စွမ်းမှာရော သူဟာ သေဆုံးပြီးဖြစ်တယ်။
ဟုတ်တယ် မနေ့ကငါသေဆုံးသွားခဲ့တယ် .... တကယ်တော့ ငါသေဆုံးခဲ့တာ 21 နှစ်တောင်ရှိခဲ့ပီ ...
အောက်ဆုံးက စာလုံးတွေကို သိပ်ကြိုက်မိတာဘဲ..
ဒီလိုနဲ့သေဆုံးသူတွေများပါပေါ့လားမနိုင်းရေ...
Post a Comment