Monday, July 12, 2010

လယ်စိုက်ချိန်


တစ်နေ့က ညီမလေးတို့လယ်စိုက်လို့ လယ်ထဲလိုက်သွားဖြစ်တယ်။ ရိုက်ခဲ့တဲ့ လယ်စိုက်ပုံတချို့ကို မျှဝေလိုက်ပါတယ်။

လယ်မစိုက်ခင် ရှေ့တစ်ရက်နှစ်ရက်မှာ ပျိုးအရင်နုတ်ရပါတယ်

ပျိုးကို ပျိုးနုတ်ပျဉ်နဲ့ အပင်ညီညီ၊ အထုံးရွယ်တူ ထုံးပါတယ်

အဲဒီနောက် လယ်တစ်ကွက်စီမှာ ပျိုးတွေ ထမ်းပုံရပါတယ်

ကျွဲကျောင်းသားရယ် ပျိုးထမ်းသူရယ်

အရင်က လယ်တွေကို ကျွဲနဲ့ပဲ ထွန်ယက်ကြရတယ်။ ကျွဲနဲ့က မနက်နဲ့ညပဲ အသုံးပြုရတာကြောင့် အချိန်အရမ်းပေးရပါတယ်။ လယ်စိုက်ခင် မတိုင်မီကတည်းက လယ်တောထဲမှာ (၂)လ၊ (၃)လ လောက်ကြိုသွားနေပြီး လယ်ကိုထွန်ရပါတယ်။

ခုတော့ ကျွဲနေရာအစား ထွန်စက်တွေနဲ့ အသုံးပြုလာကြလို့ အချိန်ကုန်သက်သာပြီး လွယ်ကူလာပါတယ်။ ကျွဲမသုံးတော့လို့ မျော့တွေလည်း နည်းခဲ့တယ်လို့ ဆိုပါတယ်။

စုပုံထားတဲ့ ပျိုးတွေကို စိုက်မယ့်နေ့မှာမှ ချဲရပါတယ်

ပျိုးချဲသူရယ်၊ လယ်စိုက်သမတွေရယ်၊ သီချင်းတကြော်ကြော်ရယ်နဲ့...

တောင်တန်းရယ်၊ သနပ်ဖက်ခြံရယ်၊ ပြောင်းဖူးခင်းရယ်၊ လယ်ကွင်းတွေရယ်

မနှစ်က ကောက်ရိုးတွေကို
ဒီနှစ် လယ်ရိတ်သိမ်းပြီးချိန်မှာ ကြက်သွန်စိုက်ဖို့ စုပုံထားလေရဲ့..

အုံ့မှိုင်းမှိုင်း တောင်တန်းအလှရယ်၊ စိမ်းစိုစို ပျိုးခင်းတွေနဲ့...
မိုးရာသီ လယ်စိုက်ချိန်မို့ မြင်မြင်သမျှအရာတွေက စိမ်းစိုလှပလို့...

နိုင်းနိုင်းစနေ


Share/Bookmark

14 comments:

shin said...

ကြည့်လို့လှလိုက်တာ။ စိမ်းနေတာဘဲ။

Anonymous said...

thanks for ur post, i remember for my village.

Anonymous said...

Very nice scene. But very hard work.

No body know how they have to work very hard in paddy field to get rice.

I will never forget their great work.

Anonymous said...

အမနိုင်းနိုင်း
လယ်စိုက်တဲ့ အကြောင်း အသေးစိတ် ထပ်ရေးပါအုန်း။

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျိုးခင်းကြည့်ရတာစိတ်ချမ်းသာလိုက်တာ
စိမ်းစိုလန်းဆန်းနေတာဘဲ
ငယ်ငယ်ဘ၀ကိုတောင် အမှတ်ရသွားပြီ..
ကျေးဇူးမနိုင်းရေ..

myitkyeenar said...

ကျေးဇူးတင်တယ်ဗျာ၊ မြင်ရခဲ တဲ့မြင်ကွင်းလေးတွေ ရိုက်ပေးခဲ့လို့။

သိင်္ဂါကျော် said...

အစိမ်းရောင်တွေက မျက်စိအေးလိုက်တာ..
ကားနဲ့သွားတိုင်း လမ်းဘေးမှာ မြင်နေရပေမယ့် တစ်ခါမှတော့ ဓါတ်ပုံမရိုက်ဖြစ်ခဲ့ဖူး.. ခုလိုတော့လည်း လှလိုက်တာ..

ဧည့်သည် said...

“လယ်စိုက်ချိန်” ဆိုတာလေး ဖတ်လိုက်ရတော့ အမေနဲ့ရွာကို လွမ်းလှပေါ့ ။ ရေနွေးကြမ်းနဲ့ ထမင်းကျန်(ဂျမ်း) မခဲရတာကြာပြီလေ။ မနက်စောစောထ ၊ လယ်ထဲသွား ၊ အချို့နွားတွေကို စားကျက်မှာ လှန် ၊ ထွန်မယ့်နွားတစ်ရှဉ်းကို ထမ်းပိုးမှာ တပ်ပြီး မိုးမလင်းခင်က လယ်ထဲဆင်းခဲ့ရဘူးပါတယ် ။ ၇ နာရီလောက်ရောက်တော့ အိမ်ကလာပို့တဲ့ ရေနွေးကြမ်းနဲ့ ပလုံးနဲ့ထည့်လာတဲ့ ထမင်းကျန်(ဂျမ်း)ခဲအေးအေး ၊ ရံခါ ငံပြာရည်ချက်နဲ့ ပဲနီလေးပြုတ် ၊ ရံခါ ငပိဖုတ် နဲ့ လွေးခဲ့ရတဲ့ လယ်သမားဘ၀လေးကို လွမ်းဆွတ် အမှတ်ရနေမိပါတယ် ။ ပုဆိုးကို တိုတိုဝတ် ၊ မိုးကာဖျင်ကို ခါးမှာထိုး လို့ နေပူမရှောင် မိုးရွာမရှောင်နွားတွေနဲ့အတူ ရုန်းကန်ခဲ့ရတာရယ် ၊ ကန်သင်းခုတ် မြက်ကောက် ရေပေါက်တူး ၊ လယ်စိုက်မယ့်ရက်ဆိုရင် ပျိုးနှုတ် ပျိုးထမ်းခဲ့ရတဲ့ဘ၀ကို ကွက်ကွက်ကွင်းကွင်း ပြန်လည်မြင်ယောင်လာမိပါတယ် ဗျာ ....။ တစ်ချိန်တည်းမှာပဲ ထွေးညို(ချစ်သူကို တင်စားတာပါ) ကိုလည်း လွမ်းမိပါတယ် ။

kokomaung.uk said...

ပျော်စရာကြီး ကြည့်ရတာ မျက်စိကို အေးနေတာဘဲ။

နေ၀သန် said...

လွမ်းလိုက်တာ...အဲဒါ ရှမ်းပြည်က လယ်လား.....း)))


ခင်မင်တဲ့
နေ၀သန်

တလနွန် said...

လယ်ကွင်းစိမ်းစိမ်းတွေက အေးချမ်းလိုက်တာ အစ်မနိုင်းရေ..မိုးစိုစိုနဲ့  လယ်ကွင်းမှာ သီချင်းလေတကြော်ကြော် ညည်းချင်ပါ့...

လေးစားလျက်
တလနွန်

ခိုင်နုငယ် said...

အမရေ...စိမ်းစိမ်းစိုစိုလယ်ကွင်းပြင်တွေမြင်တော့...အမေနှင့်ရွာကိုလွမ်းလိုက်တာ

ခိုင်နုငယ် said...

လွမ်းတယ်

ကိုညီ said...

သတိတွေရမိတယ်ဗျာ ...