Wednesday, July 21, 2010

စမ်းချောင်းလေးရဲ့ ခရီးစဉ်


Synergy Publicationကနေ မနေ့က ထပ်မံထုတ်ဝေလိုက်တဲ့ "စမ်းချောင်းလေးရဲ့ ခရီးစဉ်"လို့ အမည်ပေးထားတဲ့ ကျွန်မရဲ့ငါးအုပ်မြောက်စာအုပ်လေးဖြစ်ပါတယ်။ စိတ်ခွန်အားဖြည့်စာတွေ စုစည်းထားတဲ့ စာအုပ်လေးပါ။ စာအုပ်မျက်နှာဖုံးက ထုံးစံအတိုင်း ဇေယျာရဲ့လက်ရာဖြစ်ပါတယ်။ အခုဒီ ကျွန်မရဲ့စာအုပ်တွေကို ထုတ်ဝေပေးတဲ့ ထုတ်ဝေသူက အရမ်းသဘောကောင်းပါတယ်။ ကျွန်မရဲ့စာအုပ်တွေကို အရှုံးခံပြီး ထုတ်ပေးလို့ပါပဲ.. တကယ်လို့ ရေးထားတဲ့စာတွေ၊ ကဗျာတွေကို စာအုပ်အဖြစ် ထုတ်ဝေချင်ရင် သူနဲ့ဆက်သွယ်နိုင်ပါတယ်။ :)

နိုင်းနိုင်းစနေ


Share/Bookmark

4 comments:

TURN-ON-IDEAS said...

ကောင်းတာတွေလုပ်နေသရွေ့ ဘဝအတွက် အမြတ်တွေပါပဲ...မနိုင်း
အောင်မြင်ပါစေ...

Anonymous said...

မနိုင်းနိုင်းရေ

ရေးထားသမျှ စာတွေ အကုန်မဖတ်ဖြစ်ပေမယ့် ဖတ်ဖြစ်သမျှတော့ ကျနော်နှစ်သက်ပါတယ်။ ရသစာပေလေးတွေ ပိုပိုပြီး ဘာသာပြန်၊ ဖန်တီး၊ ရေးသားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။

အဝေးလူ

Moez phyu said...

ဒီစာအုပ်ကို လိုချင်လို့ရှာတာမတွေ့သေးဘူး အစ်မရယ်........
အစ်မကို ကျနော် အမြဲတမ်း အားပေးလျှက်ပါ။

Moez phyu said...
This comment has been removed by the author.