ပြုံးပါဆိုတဲ့ ပို့စ်ရေးပြီးနောက် ကျွန်မလဲ အမြဲပြုံးပြုံးနေချင်တာနဲ့ သွား, သွားလုပ်ဖြစ်တယ်။ ကျွန်မတို့မောင်နှမတွေရဲ့ သွားက နဂိုဝါတာမို့ ကြည့်မကောင်းဘူး။ သွားတိုက်ပျင်းသူတွေလို့ အမြဲအထင်ခံရတယ်။ ဒါနဲ့ မ၀ါဝါခိုင်မင်း (ကြော်ငြာကောင်းလို့)တို့ရဲ့ ဆာကူရာဆေးခန်းမှာ မနေ့ညနေက သွား, သွားလုပ်ဖြစ်ခဲ့တယ်။ ဆေးခန်းတည်နေရာက အင်းစိန်လမ်းမပေါ်က စံရိပ်ငြိမ်(၃)လမ်းဆိုတော့ ကျွန်မတည်းတဲ့အိမ်နဲ့ သိပ်မဝေးဘူး။ သွားတုန်းကတော့ ကျွန်မနဲ့အတူ ညီမလေးတွေပါ ပါတယ်။ သူတို့က လှည်းတန်း စိန်ဂေဟာဝင်လည်မယ်ဆိုတာနဲ့ သွား,လုပ်ဖို့ ပိုက်ဆံကို ရှော့ပင်းပစ်လိုက်တာ သွား,ကို အကြွေးတစ်ဝက်ချန်ပြီး လုပ်ခဲ့ရတယ်။ (ဟီးး ဟီး)
ဒေါက်တာဥာဏ်(မ၀ါဝါ အမျိုးသား)က မလှမပ ကျွန်မသွားတွေကို စိတ်ရှည်လက်ရှည်၊ ညင်ညင်သာသာလုပ်ပေးခဲ့သလို မ၀ါဝါကလည်း ဆေးဖိုးကို ဒစ်စကောင့်ပေးတဲ့အပြင် ထပ်လျော့ပေးသေးတယ်။ အယ်... သွားတိုက်ဆေးတောင် တစ်ဗူးလက်ဆောင်ပေးလိုက်သေးတယ်။ (ဟီး..ဟီး) စေတနာကို ရှေ့တန်းတင်တယ်ဆိုတာ ဒါမျိုးကိုခေါ်တာဖြစ်မယ်။ ဒါကြောင့် ကျွန်မ တဟီးဟီးနဲ့ သွားပေါ်အောင် ပြုံးနေတာပဲကြည့်တော့ စေတနာဘယ်လောက်ပါသလဲဆိုတာ.. ဟီး.. ဟီး
http://4.bp.blogspot.com/_r1RvtOt2qeU/TJoOfYd20MI/AAAAAAAAAu4/CvUnejs2Puk/s1600/IMG_4462.JPG
မ၀ါဝါနဲ့ဓာတ်ပုံတွဲရိုက်ဖြစ်ခဲ့တယ်။ မ၀ါဝါဘလော့ပေါ် ချက်ချင်းရောက်တာပါပဲ။ ဘလော့ဂါတွေ စိတ်မြန်လက်မြန်ရှိတယ်ဆိုတာကို မပြောတော့ပါဘူးနော်...
ကျေးဇူး ဒေါက်တာဥာဏ်၊ ကျေးဇူး မ၀ါဝါ... ဖြူဖြူဖွေးဖွေး သွားလေးတွေကြောင့် အခုဆို ကျွန်မ တဟီးဟီးနဲ့ ပြုံးနိုင်ပါပြီ။ သွားမလှလို့ မပြုံးရမှာကို ကျွန်မ မကြောက်တော့ဘူး :)
နိုင်းနိုင်းစနေ


11 comments:
အခုတော့အမတော်တော်ပျော်နေပြီပေါ့...
မနိုင်းနိုင်းစနေကို တခါမှမမြင်ဖူးဘူး..အမရဲ့ စာတွေနဲ့ တော့ရင်းနှီးတယ်..ဒီတော့အမကဘယ်သူလဲဆိုတာမသိဘူးဖြစ်နေတယ်...အဖြူရောင်နဲ့ လား ကာလာစုံနဲ့ လား..ဘာပဲပြောပြော၂ယောက်လုံးချောတယ်...ဘယ်သူကမနိုင်းနိုင်းစနေလဲဆိုတာဖြေပေးအုံးနော်
မနိုင်းက အဲဒီလို ဘောင်းဘီပွပွတွေနဲ့ လိုက်တယ်ဗျို့။
** စောင်ရှိစောင်ခြုံ ၊ ခြင်ထောင်ရှိ ခြင်ထောင်ခြုံ ၊ ခြံစည်းရိုးကျော် ခွေးဆွဲ **
ဟီးဟီး.. တရုတ်သံဖြင့် ဖတ်ရန်..
ဟီးဟီး..( သွားလှလှလေးတွေပါ ပြုံးပြီး ကြွားသွားတယ် )
ဟဟားဟားး မီးလည်း ရီသွားပြီ.း)))
သူကလည်း ဇွတ်...း)))
သူပဲ ရှောက်ဖွနေတယ်. သူဌေးက အကြွေးနဲ့
မကင်းတာဆန်းလား။ မီးမှာလည်း အကြွေး
တွေနဲ့. ဟီဟိ .အဟက်
ရယ်နည်း ပေါင်းစုံရယ်ပြသွားတယ်..မီးသွားက
တော့ ဖြူတော့ဘူး။ကော်ဖီတစ်နေ့ ၂ခွက်
လောက် သောက်နေလို့။ :P
ပို့စ်ဖတ်ပြီးရယ်ချင်လိုက်တာ တကယ်.
မထင်ဘူး မနိုင်းရေးလိမ့်မယ်လို့..မထင်မှတ်ပဲ စာဖတ်ချင်လို့ ဒီကိုအလည်
ရောက်လာတာလေ. ဒီရောက်တော့ မီးနာမည်
တွေ့ပါတယ်လို့။ အဟားးး မီးကကြော်ငြာတာ
တော်တယ်နော်.. ပိုက်ဆံမကုန်ပဲ ကြော်ငြာ
ရတာ..ဘလော့ဂ်မိတ်ဆွေတွေ ရောက်လာ
ကြာတာ ပျော်စရာကြီးပဲလေ။း)))))
ခုပဲဆေးခန်းရောက်လာတာ.မမီးမီးက အကြွေးလာဆပ်သွားပြီတဲ့.. အကြွေး
ကြေကြောင်းပြောပြရတာ.. ဟဟ
အမှတ်တရနေ့လေးတစ်နေ့အဖြစ် သတိရနေ
ပါမယ် ညီမလေးနိုင်းနိုင်း. :P
ဝါ
ပြုံးတိုင်းလှ နေတယ်ပေါ့လေ။
အခုတော့ အပြုံးပန်းတွေ ဝေနေပြီပေါ့နော်။
နအဖက ကုလားတွေနဲ့ ပေါင်းပြီး ရွေးကောက်ပွဲကို ကလိမ်ကကျစ်လုပ်နေပါတယ်။ ဒီမိုငတုံး မဗေဒါကလဲ ကုလားမကို နိုင်ငံရေး ဇတ်ခုံပေါ်မှာ နေရာရအောင် ကူညီပေးနေပါတယ်။ တကမ္ဘာလုံးမှာ ကုလားတွေ ဒုက္ခပေးနေတာကို အားလုံးမြင်နေကြတာပဲ။ အဲဒါကို လုံးဝဂရုမစိုက်ပဲ ဒီမိုနဲ့ နအဖတွေဟာ ကုလားတွေနဲ့ပေါင်းပြီး နိုင်ငံရေး အမြတ်ထုတ်နေပါတယ်။ ကုလားကလဲ နှစ်ဖက်စလုံးကို ညာပေါင်းပြီးခွစားနေပါတယ်။ ကုလားကို မြှောက်ပင့်နေတဲ့ ဒီမိုငတုံး မဗေဒါလုပ်ရပ်ကို ကော်မန့်ကနေ ဆန့်ကျင်ပေးကြပါ။
http://mabaydar88.blogspot.com/2010/09/blog-post_3555.html
http://www.lanpyakye.org/2010/09/blog-post_25.html
ကုလားမြှောက်ပင့်သူများနှင့် ကုလားထိရင် ဆတ်ဆတ်ထိမခံသူများကို ဆန့်ကျင်နေသည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★
မနိုင်းနိုင်း အမြဲပြုံးရွှင်နိုင်ပါစေ... :)
Dear a Ma,
Same as you, I have yellowish color tooth, I would love to do teeth whitening also.
If you don't mind, could you please share me the dental clinic address details ? thank you so much and waiting for your reply.
Many Thanks,
Nyi Ma Lay Phyu
မနိုင်း
လာလယ်တယ်နော် စာတွေလဲအမြဲလာဖတ်တယ်
ကျွန်တော့စီလာဘို့လဲဖိတ်ခေါ်ပါတယ် ခက်တာက ကျွန်တော်ကခုမှစာ စရေးတာဆိုတော့ မနိုင်းလိုအောင်မြင်တဲ့ဘလော့ဂါ ကိုဖိတ်ရတာအားတော့နာမယ်ဗျာ
လာမယ်ဆိုရင် ဒီလိပ်စာအတိုင်းလာခဲ့ပါလား
http://soceyam.blogspot.com/
မနိုင်းနိုင်း .. အမရဲ့  စာတွေကို အရမ်း ကြိုက်ပါတယ် .. စိတ်ဓာတ်ခွန်အားပေးတဲ့ ပို့စ်တွေအပြင် အလှအပအတွက်ပါ ဗဟုသုတ ရစေနိုင်တဲ့ ပို့စ်တွေပါ တင်ပေးတဲ့ အတွက် ကျေးဇူးပါရှင့် ..။ ဒါနဲ့ သွားလေး လှအောင် လုပ်လိုက်တာ ဘယ်လောက်တောင် ကျ သွားလို့ အကြွေးဘယ်လောက်များ ကျန်ခဲ့သလဲမသိဘူးနော် .. စိတ်ဝင်စားပါတယ်..။ ညီမလည်း သွားမလှလို့ပါ. ဟီးလို့ မရယ်ရဲလို့ ..ဟင်း(မ်)ဟင်း(မ်) လို့ပဲ ပါးစပ်ပိတ်ပြီး ရယ်သွားပါတယ် အမရေ ... အမြဲ ပျော်ရွှင်နေပါစေ ..။
Post a Comment