(၁) ဆန်အိုးထဲ လက်နှစ်ဖက်ထည့်ပြီး ပွတ်တယ်။
(၂) ပလက်ဖောင်းပေါ်က အကန့်လေးအတိုင်း လျှောက်တယ်။ (အကန့်ပြင်ဖက် မနင်းမိအောင်လျှောက်တယ်)
(၃) မှန်ကို နေရောင်ခြည်နဲ့ အလင်းပြန်စေပြီး ဟိုထိုး ဒီထိုးလုပ်တယ်။
(၄) အကြွေစေ့ပေါ် စက္ကူတစ်ရွက်ခံပြီး ခဲတံနဲ့ ခြစ်တယ်။
(၅) ချိုချဉ်စားပြီး ချိုချဉ်ခွံထဲ စက္ကူပြန်ထည့်တယ်။ ပြီးရင် ချိုချဉ်အသစ်ပုံစံလုပ်ပြီး လူတွေကိုပေးတယ်။
(၆) စူပါမားကက်က ဈေးဝယ်လှည်းပေါ် ခြေတင်ပြီးစီးတယ်။
(၇) "င တုံးပါ" လို့ သူများနောက်ကျောပေါ် စာကပ်တယ်။
(၈) ရပ်နေသူတစ်ယောက်ကို ဘယ်ပုတ်ပြီး ညာပုန်းတယ်။
(၉) သူများအရိပ်ကို လိုက်လိုက်နင်းတယ်။
(၁၀) သူများဖိနပ်ကို ယူဝှက်တယ်။
(၁၁) လှေကားဆင်းချိန် လက်ရမ်းကို စီးပြီး ဆင်းတယ်။
(၁၂) စက်လှေကားကို ပြောင်းပြန်စီးတယ်။ (အဆင်းကို အတက်လုပ်စီးတယ်)
(၁၃) ရောင်စုံခဲတံနဲ့ လက်သဲနီလုပ်ဆိုးတယ်။
(၁၄) မိုးရွာထီးဆောင်းရင် ထီးကို လှည့်ကစားတယ်။
(၁၅) အိမ်မှာလူမရှိခိုက် မှန်ကြည့်ပြီး ကတယ်၊ ဆိုတယ်၊ သရုပ်ဆောင်တယ်။
(၁၆) လမ်းပေါ်မှာတွေ့တဲ့ ခွေးကို ကြောင်လိုအော်ပြတယ်။ ကြောင်တွေ့ရင် ခွေးလိုအော်တယ်။
(၁၇) မိုးရွာရင် ထီးယူပြီး မိုးပိုကျတဲ့ တံစက်မြိတ်အောင် ၀င်တယ်။
ဘယ်အချက်တွေကို လုပ်ခဲ့ဖူးလဲ? ဘယ်အချက်တွေကို လုပ်နေဆဲလဲ?
တချို့အချက်တော်တော်များများကို ကျွန်မငယ်ငယ်တုန်းက လုပ်ခဲ့ဖူးတယ်။ ခုထိ လုပ်နေတတ်တဲ့အချက်တွေလည်းရှိတယ်။ ဥပမာ နံပါတ် (၆),(၁၆) :P
ပျော်စရာ သက်သက်ပါ။ ဒီထဲမှာ မပါတဲ့ ကိုယ်အမြဲလုပ်တတ်တဲ့ အချက်တွေကို ချရေးကြည့်ပါ။ ငယ်ဘ၀ကို လွမ်းသွားစေသလို ကိုယ့်မှာ ဘာအကျင့်ရှိတယ်ဆိုတာ သတိထားမိလိမ့်မယ်။ သေချာတာကတော့ ညစ်နေတဲ့စိတ်တွေ ခဏတော့ပြေပျောက်သွားမှာပဲ....
နိုင်းနိုင်းစနေ


20 comments:
I think I done all sis.... Look like all the people have same experiences... :D CNL!
ရေချောင်းမှာ ရေသွားဆော့ရင် ကင်းမြီးကောက်ထောင်တာတို့ ကျွမ်းထိုးတာတို့ ရော ဘာလို့ မထည့်တာလဲ .. :D
ပြန်စဉ်းစားကြည့်တော့..
ခုရေးထားတဲ့ထဲမှာ နံပါတ် ၂.၃.၄. ရယ်လုပ်ဖူးတယ်း)
ခင်မင်စွာ
သဒ္ဓါလှိုင်း
၂၊ ၄၊ ၅ တော့လုပ်ဖူးတယ်။
မိုးရွာထီးဆောင်းရင် ထီးကို လှည့်ကစားတယ်။
အဲ့လို ခဏခဏလုပ်လို့ ထီးကိုင်းတွေပျက်တော့ ဆူခံထိ ခေါက်ခံထာတာလည်း မကြာမကြာပေါ့း)
ှုငယ်ငယ်တုန်းကလည်း လုပ်တယ်၊ ခုလည်း လုပ်လေ့ ရှိတာတော့ ၂၊ ၁၄၊ ၁၅... ဟီးဟီး....
စနေရေ....အချက်တော်တော်များများကိုလုပ်ဖူးတယ်...
ဟုတ်တယ် အဲဒါလေးတွေစဥ်းစားရင်း စိတ်ညစ်သက်သာသွားတယ်....
ကျေးဇူး
မီးမီး
2၊ 14၊ 17 ခုထိလုပ်နေတုံးပါလား..
နံပါတ် ၂...၁၁..၁၅ အလုပ်ဖြစ်ဆုံးပဲ...၁၁ကတော့ အခု လုပ်လို့ရတော့ဘူး.:)
၂၊ ၃၊ ၄၊ ၅၊ ၇၊ ၈၊ ၁၄၊
childhood pranks လေးတွေ လျှောက်လုပ်ဖူးပေမယ့် အကုန်မမှတ်မိဘူး..
နံပါတ် ၂၊ ၃ လုပ်ဖူးတယ်.. :D
ပြန်တော့စဉ်းစားမိပါတယ်... ဒါပေမယ့်စိတ်ညစ်တုန်းပဲဗျာ.... အားနာပါတယ်နော်...
တော်တော်များများ ငယ်ငယ်က လုပ်ခဲ့ဘူးတယ်..5, 6, 8, 11, 14, 17 ကတော့ ခုချိန်ထိ လုပ်နေတုန်း…
2,4,5,9,14,15,17
mon
ကျွန်တော်လည်း အကုန်လုပ်ဖူးတယ်ဗျ... ဖတ်ရင်းနဲ့ အံ့တောင် သြလာတယ်... စိတ်ပညာဟာ လူတွေကို တွက်ချက်နိုင်တယ်နော်.. အစ်မ.. ကျေးဇူးတင်ပါတယ်... တစ်ခု မှ မလွတ်ဘူး... :)k
ဟဟဟဟဟဟဟဟဟဟ
ကျနော်လည်းတော်တော်များများလုပ်ခဲ့ဘူးတယ် ...:P
မိုးရွာလို့ ရေးမြောင်းကရေတွေတက်လာပြီဆိုရင်စက္ကူလှေလုပ်ပြီးရေထဲကိုလွှတ်တယ်...မင်းသားမင်းသမီးပုံတွေကာတွန်းပုံတွေရှုခင်းပုံတွေပါတဲ့စာရွက်တွေကိုတွေ့ ရင်စုတယ်ပြီးရင်စာအုပ်အဖုံးလုပ်တယ်..ထမင်းစားရင်းရုပ်ရုင်ကြည့်တယ်..သီချင်းနားထောင်တယ်..
ကျနော်က ရေချိုးခန်းထဲရောက်လို. ရေချိုးခါနီးကို ဗလထုတ် ထုတ်ကြည်.တာဗျ ။ကာယဗလမောင်တွေလို ကားယားကားယားလုပ်ပြီးတော. နံရိုးလေးတွေစီနေအောင် ညစ်ညစ်ကြည်.တာ ။စိတ်အရမ်းညစ်နေရင် အခန်းထဲမှာတယောက်တည်း စိန်အိုးစည် လွယ်သလေးလေး....ဘာညာအော်ပြီး ကွေးနေအောင် ကပစ်တာ ။တခါအဲ.လိုကနေတုန်း လူမိတွားဘူးတယ် ..အဟီး
1.5.7.11.14.16
၇.၁၀.၁၆ ကလွဲလို့ ကျန်တာအကုန် လုပ်ဖူးတယ်၊ တချို့ဆို အခုထိလုပ်နေတုံးပဲ..ဖတ်ပြီးပြုံးမိသွားလို့ ကျေးဇူးပါ။
Post a Comment