Friday, October 29, 2010

ကြုံရဆုံရ ဒီဘလော့ဂါဘဝ


"နင်က စာရေးဆရာမဆို" အသက်ငါးဆယ်ကျော် ဦးလေးကြီးတစ်ယောက် ကျွန်မကိုမေးတယ်။

"စာရေးဆရာမတော့ မဟုတ်ပါဘူး။ ဝါသနာပါလို့ ဘလော့ဂ်မှာ စာရေးတာပါ"

"ဘာနာမည်နဲ့ရေးလဲ?"

"နိုင်းနိုင်းစနေပါ"

"ဘာ!"

"နိုင်းနိုင်းစနေ ပါ"

"စနေနေ့မှာ ရေးတာလား?" ဒီဦးလေးကြည့်ရတာ နားလည်း သိပ်ကောင်းပုံမရဘူး။

"ဟို..."

"ဘာစာတွေရေးလဲ? နိုင်ငံရေးလား?"

"နိုင်ငံရေး မရေးပါဘူး"

"ဒါဆို အချစ်အကြောင်းလား?" ကျွန်မပုံစံက ဆယ်ကျော်သက်အရွယ် ပေါက်နေပုံရတယ်။

"အချစ်အကြောင်းရယ်လို့ မဟုတ်ဘူး။ ခွန်အားပေးစာတွေရေးတာပါ"

"ဟာ.. ဒါဆို ဘောလုံးအကြောင်းပေါ့" ဒီဦးလေးကြည့်ရတာ ခွန်အား/အားကာဂျာနယ်တွေ တော်တော်ဖတ်ခဲ့ပုံရတယ်။

"အင်းးးးးးး မဟုတ်ပါဘူး။ Chicken Soup for the Soul လိုစာမျိုးပါ။ နှလုံးသား အာဟာရပေါ့"

"အော်... ဟင်းချက်နည်းတွေ ရေးတာကိုး"

"အဲ့.. အဲတာမျိုး မဟုတ်ဘူး"

"ထားပါတော့... ဘလော့ဂ်မှာရေးတယ်ဆိုတော့ စာမျက်နှာဘယ်လောက်ရှိလဲ?"

"အီ.... အဲတာတော့ မသိဘူး။ ရေးတာ (၄)နှစ်ကျော်လောက်တော့ရှိပြီ"

"နင်က ဘလော့ဂ်မှာစာရေးတယ်လို့လည်း ပြောတယ်။ မေးတော့ ဟိုဟာမသိ၊ ဒီဟာမသိနဲ့" မသင်္ကာတဲ့ မျက်လုံးနဲ့ သူကြည့်တယ်။

"ရေးတော့ စာမူခ ဘယ်လောက်ရလဲ?"

"မရပါဘူး။ ကော်မန့်တွေ ရတယ်"

"ဘာ.. ကောက်ညှင်းတွေရတယ်!"

"ဟို... မဟုတ်ဘူး... ကွန်မန့်.. ကွန်မန့် အဲ မဟုတ်ဘူး.. ကော်မန့်.. ကော်မန့်"

"အဲတာ ဘယ်နိုင်ငံ ပိုက်ဆံလဲ? ငါတစ်ခါမှ မကြားဖူးဘူး"

"ဟို....."

ကျွန်မကိုကြည့်နေတဲ့ သူမျက်လုံး ပိုမှေးစင်းသွားတယ်။ သကာင်္မကင်းတဲ့အရိပ်တွေ သူ့မျက်လုံးအိမ်ထဲ ပိုပြည့်သွားတယ်။

"နင့်အီးမေးလ်ပြောအုန်း"

"nineninesanay@gmail.com ပါ"

"ဟာ..အီးမေးလ်ပါဆို ဘာလဲကွ ဂျီမေးလ်.. ဒီကလေးမ တုံးတိတုံးအနဲ့... နင်စာများများဖတ်အုန်း"

"ဟုတ်.... ကဲ့..."


အင်း.. ကျွန်မဦးနှောက် အပ်ဒိတ်ဖို့လိုနေပြီ... +_+

နိုင်းနိုင်းစနေ


Share/Bookmark

Halloween


Halloween ကိုနှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကျင်းပကြတယ်။ ဒါဟာ နွေရာသီကုန်လွန်ပြီး ဆောင်းရာသီစတဲ့ရက်လို့ ဆိုတယ်။ ဒီနေ့ဟာ အနောက်နိုင်ငံရဲ့ ရိုးရာအစဉ်အလာနေ့ တစ်နေ့ဖြစ်တယ်။ အဓိကအားဖြင့် United States, Canada, Ireland နဲ့ United Kingdomမှာ ခေတ်စားတယ်။ Halloween ညမှာ ကလေးတွေဟာ မျက်နှာကို အမျိုးမျိုးလိမ်းခြယ်ကြသလို မျက်နှာဖုံးစွပ်ပြီးလည်း တစ်အိမ်တက်ဆင်း ချိုချဉ်လိုက်တောင်းလေ့ရှိတယ်။

Halloween ဆိုတာ All Hallow Eveရဲ့ အတိုကောက်ဖြစ်တယ်။ All Hallow's Day မတိုင်ခင်တစ်ရက်ကို ဆိုလိုတာဖြစ်တယ်။ Hallow က ရှေးအင်္ဂလိပ်စကား halwen က ဆင်းသက်လာတာဖြစ်ပြီး holy စကားလုံးနဲ့ အဓိပ္ပာယ်နီးစပ်တယ်။ စကောတလန်နဲ့ ကနေဒါ တချို့နေရာတွေမှာ Halloween ကို Allhallowmas လို့ခေါ်ဝေါ်သုံးစွဲနေသေးတယ်။ အဓိပ္ပာယ်က မြင့်မြတ်သူတို့ကို (All Hallows) အောက်မေ့တမ်းတတဲ့နေ့ ဖြစ်တယ်။ အဲဒီနေ့မှာ ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပကြတယ်။

သာမန်အားဖြင့် Halloweenညကို မကောင်းဆိုးဝါး၊ ဝိညာဉ်တွေနဲ့ ဆက်စပ်ထားကြတယ်။ ဥရောပဒေသရဲ့ အစဉ်အလာမှာ ဒီအချိန်ဟာ မကောင်းဆိုးဝါးတွေဟာ လူတွေနဲ့ အနီးစပ်ဆုံးအချိန်လို့ ဆိုထားတယ်။ အမေရိကန်ရဲ့ Minnesota ပြည်နယ် Anokaမြို့ကို "ကမ္ဘာ့ Halloweenမြို့"လို့ တင်စားကြတဲ့အထိ Halloweenပွဲကို အဲဒီမြို့မှာ အကြီးအကျယ် ကျင်းပတတ်တယ်။

Halloweenဟာ တစ္ဆေသရဲ၊ မကောင်းဆိုးဝါး၊ သေမင်း၊ မှော်ဆရာ စတာတွေနဲ့ ဆက်စပ်နေတယ်။ အထူးသဖြင့် Halloweenနဲ့ ဆက်စပ်နေတဲ့အရာတွေက ရွှေဖရုံသီး၊ သရဲ၊ စုန်းမ၊ ဇီးကွက်၊ ကြောင်မဲ စတဲ့ ကြောက်စရာကောင်းတဲ့ အရာတွေဖြစ်တယ်။ အမဲရောင်နဲ့ လိမ္မော်ရောင်က Halloweenရဲ့ ရိုးရာအရောင်ဖြစ်တယ်။ အခုခေတ်မှာတော့ ခရမ်းရောင်၊ အနီရောင် စတဲ့ အရောင်မျိုးစုံတွေ သုံးလာကြတယ်။ ဆောင်းဦးရာသီမှာရှိတဲ့ ရွှေဖရုံသီးနဲ့ စာခြောက်ရုပ်ဟာလည်း Halloweenရဲ့ သင်္ကေတဖြစ်တယ်။

Jack O'Lantern လို့ခေါ်တဲ့ ဂျက်မီးပုံးဟား Halloween ရဲ့ အမှတ်အသားဖြစ်တယ်။ အင်္ဂလန်နဲ့ အိုင်ယာလန်တွေမှာ နေထိုင်ကြသူတွေက အခေါင်းဖောက်ထားတဲ့ Turnipဥထဲ ဖယောင်းတိုင်ထည့်ထွန်းပြီး ဂျက်မီးပုံးလုပ်ခဲ့ကြတယ်။ ဒါပေမယ့် အမေရိကန်ကို ပြောင်းရွှေ့လာကြသူတွေက Turnipဥအစား ရွှေဖရုံသီးကို အသုံးပြုခဲ့ကြတယ်။ ရွှေဖရုံသီးက ပိုကြီးပြီး ပုံဖော်ရာမှာလည်း လွယ်ကူတဲ့အတွက်ကြောင့်ဖြစ်တယ်။ များသောအားဖြင့် လူတွေက ရွှေဖရုံသီးကို ကြောက်စရာရုပ်ထုတွေ ထွင်းထုပြီး နေအိမ်တံခါးဝမှာ ချထားလေ့ရှိတယ်။ အစဉ်အလာအရ တစ္တေသရဲ၊ မကောင်းဆိုးဝါးတွေကို ခြောက်လန့်ဖို့ဖြစ်တယ်။

Halloweenညရဲ့ ပျော်ရွှင်ပွဲတစ်ခုက Trick-or-treating ဖြစ်တယ်။ ကလေးငယ်တွေဟာ ကြောက်စရာရုပ်အသွင် ဖန်ဆင်းပြီး တစ်အိမ်တက်ဆင်း တံခါးလိုက်ခေါက်ပြီး "Trick or Treat!"လို့ အော်ကြတယ်။ အဓိပ္ပာယ်က "ချိုချဉ်မပေးရင် နှောင့်ယှက်မယ်"ဆိုတာဖြစ်တယ်။ ဒီလိုအချိန်မျိုးမှာ အိမ်ရှင်တွေကလည်း ကြောက်စရာ အဝတ်အစားတွေဝတ်ပြီး ကလေးတွေကို ချိုချဉ်၊ ချောကလက် ဒါမှမဟုတ် လက်ဆောင်လေးတွေ ဝေငှာပေးတတ်ကြတယ်။

Halloweenအကြောင်း အပြည့်အစုံဖတ်ချင်ရင် wikipediaမှာ ဖတ်နိုင်ပါတယ်။ အခုHalloweenပွဲတော်နဲ့ ပတ်သက်တဲ့ ရွှေဖရုံသီးပေါ်အရုပ်ထွင်းတဲ့ ပန်းပုဆရာ Ray Villafane လက်ရာတချို့ကို မျှဝေလိုက်ပါတယ်။ Ray Villafane ရဲ့လက်ရာက အသက်ဝင်လွန်းလို့ ရွှေဖရုံသီးတွေဟာ အသက်ရှင်ပြီး မျက်နှာပေါ်က အမူအရာတွေကို ကိုယ်တိုင်လုပ်ပြနေသလားလို့တောင် ထင်ရပါတယ်။ ပုံတွေအားလုံး ကြည့်ချင်ရင် ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ ရုံးပိတ်ရက် အားလပ်ရက်တွေမှာ စိတ်ချမ်းသာစွာနဲ့ ပျော်ရွှင်နိုင်ကြပါစေ...း)



http://en.wikipedia.org/wiki/Halloween
http://zh.wikipedia.org/zh/%E4%B8%87%E5%9C%A3%E5%A4%9C

နိုင်းနိုင်းစနေ


Share/Bookmark

Thursday, October 28, 2010

အချစ်နဲ့အချိန်


Once upon a time, there was an island where all the feelings lived: Happiness, Sadness, Knowledge, and all of the others, including Love. One day it was announced to the feelings that the island would sink, so all constructed boats and left. Except for Love.

ဟိုးရှေးရှေးတုန်းက ကျွန်းတစ်ကျွန်းပေါ်မှာ ပျော်ရွှင်ခြင်း၊ နာကျင်ခြင်း၊ အသိပညာ စတဲ့ "ခံစားချက်တွေ" အားလုံးနေထိုင်ကြတယ်။ "အချစ်"လည်း အပါအဝင်ဖြစ်တယ်။ တစ်နေ့မှာ သူတို့နေထိုင်တဲ့ကျွန်းလေး နစ်မြုပ်တော့မယ်ဆိုတဲ့အကြောင်း ကြေညာခဲ့တယ်။။ "အချစ်"ကလွဲလို့ ကျန်သူတွေအားလုံး လှေကလေးတွေလုပ်ပြီး ကျွန်းကနေခွာခဲ့ကြတယ်။


Love was the only one who stayed. Love wanted to hold out until the last possible moment. When the island had almost sunk, Love decided to ask for help.

ကျွန်းပေါ်မှာ "အချစ်"တစ်ယောက်ပဲ ကျန်ခဲ့တယ်။ နောက်ဆုံးအချိန်ထိ ကြံ့ကြံ့ခံဖို့ သူမျှော်လင့်ထားတယ်။ ကျွန်းလုံးဝနစ်မြုပ်ခါနီးမှ အကူအညီယူဖို့ သူဆုံးဖြတ်လိုက်တယ်။


Richness was passing by Love in a grand boat. Love said, "Richness, can you take me with you?"

"ကြွယ်ဝခြင်း"က အချစ်ဘေးနား လှေကြီးတစ်စင်းနဲ့ ဖြတ်လှော်သွားတယ်။

"ကြွယ်ကြွယ်ရေ... ငါ့ကိုခေါ်သွားနိုင်မလား?" အချစ်ကပြောတယ်။


Richness answered, "No, I can't. There is a lot of gold and silver in my boat. There is no place here for you."

"ဟင့်အင်း... ငါ့လှေပေါ်မှာ ရတနာဥစ္စာတွေ အပြည့်ပဲ။ နင့်အတွက် နေရာမရှိဘူး" ကြွယ်ဝခြင်းက ဖြေတယ်။


Love decided to ask Vanity who was also passing by in a beautiful vessel. "Vanity, please help me!"

"ကြွားဝါခြင်း"က လှေလှလှလေးစီးပြီး အချစ်ဘေးနား ဖြတ်လှော်သွားတယ်။

"အကြွားရေ... ငါ့ကိုကူပါဦး!" အချစ်ကပြောတယ်။


"I can't help you, Love. You are all wet and might damage my boat," Vanity answered.

"မကူနိုင်ဘူး အချစ်ရယ်... နင့်တစ်ကိုယ်လုံး ရွဲရွဲစိုနေတာ ငါ့လှေညစ်ပတ်သွားမှာပေါ့" ကြွားဝါခြင်းက ဖြေတယ်။


Sadness was close by so Love asked, "Sadness, let me go with you."

"နာကျင်ခြင်း" ရဲ့လှေ အနားကပ်တော့ အချစ်က "ကျင်ကျင်ရေ... ငါ့ကိုခေါ်သွားပါ" လို့ဆိုတယ်။


"Oh . . . Love, I am so sad that I need to be by myself!"

"အိုး..ချစ်... ငါအရမ်းဝမ်းနည်းနေတယ်။ ငါတစ်ယောက်ထဲပဲ နေချင်တယ်"


Happiness passed by Love, too, but she was so happy that she did not even hear when Love called her.

အချစ်ဘေးနား "ပျော်ရွှင်ခြင်း"ဖြတ်သွားတယ်။ ဒါပေမယ့် သူသိပ်ပျော်နေလို့ အချစ်ရဲ့ခေါ်သံကို သူမကြားလိုက်ဘူး။


Suddenly, there was a voice, "Come, Love, I will take you." It was an elder. So blessed and overjoyed, Love even forgot to ask the elder where they were going. When they arrived at dry land, the elder went her own way. Realizing how much was owed the elder,

ရုတ်တရက် အသံတစ်သံကို ကြားလိုက်တယ်။ အသံက လူကြီးပိုင်းကဖြစ်တယ်။

"လာ အချစ် နင့်ကိုငါခေါ်သွားမယ်"

အချစ် အရမ်းပျော်သွားမိတယ်။ သူတို့ ဘယ်သွားကြမလဲဆိုတာကို မေးဖို့မေ့လောက်အောင် ပျော်သွားတယ်။ ကမ်းစပ်တစ်ခုဆီရောက်တော့ လူကြီးက သူလမ်းသူသွားလိုက်တယ်။ သူ့ကို လူကြီးတော်တော်ကူညီလိုက်မှန်း အချစ် နားလည်လိုက်တယ်။


Love asked Knowledge, another elder, "Who Helped me?"

အဲဒီလိုနဲ့ နောက်အကြီးတစ်ဦးဖြစ်တဲ့ "အသိပညာ" ကို အချစ်ကမေးတယ်။

"အချစ်ကို ဘယ်သူကူညီလိုက်တာလဲ?"


"It was Time," Knowledge answered.

"အချိန်က ကူညီလိုက်တာ" အသိပညာက ဖြေတယ်။


"Time?" asked Love. "But why did Time help me?"

"အချိန်! အချိန်က ဘာဖြစ်လို့ အချစ်ကို ကူညီရတာလဲ?" အချစ်မေးပြန်တယ်။


Knowledge smiled with deep wisdom and answered, "Because only Time is capable of understanding how valuable Love is."

"အချိန်ကမှ အချစ်ရဲ့တန်ဖိုးကို နားလည်လို့ပါ" အသိပညာက နက်နဲတဲ့ဉာဏ်ပညာနဲ့ ပြုံးရင်းဖြေတယ်။


***တခြားသူတွေ ဘာသာပြန်ထားတာကို ဖတ်ဖူးမှာပါ။ ဖတ်ရတာ ကြည်နူးစရာလေးမို့ ကြည်ကြည်နူးနူးဖြစ်အောင် ထပ်ဘာသာပြန်လိုက်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Wednesday, October 27, 2010

အိမ်အပြန် (Going Home)


I first heard this story a few years ago from a girl I had met in New York's Greenwich Village. Probably the story is one of those mysterious bits of folklore that reappear every few years, to be told a new in one form or another. However, I still like to think that it really did happen, somewhere, sometime.

လွန်ခဲ့တဲ့နှစ်အနည်းငယ်က New Yorkရဲ့ Greenwich Villageမှာ တွေ့ခဲ့တဲ့ မိန်းကလေးတစ်ယောက်ဆီကနေ ဒီပုံပြင်ကို ကျွန်မ ပထမဦးဆုံးကြားခဲ့တယ်။ ပုံပြင်က နှစ်အနည်းငယ်အတွင်းမှာ အသွင်တစ်မျိုးပြောင်းပြီး ပုံပြင်သစ်အဖြစ်နဲ့ လူတွေကြားမှာ ပြန်ပြန့်နှံ့နေပုံရတယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာ တစ်နေရာရာမှာ တချိန်ချိန်တုန်းက တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်မယ်လို့ ကျွန်မ ယုံကြည်ထားတယ်။

They were going to Fort Lauderdale three boys and three girls and when they boarded the bus, they were carrying sandwiches and wine in paper bags, dreaming of golden beaches as the gray cold of New York vanished behind them.

ယောက်ျားလေး(၃)ယောက်နဲ့ မိန်းကလေး(၃)ယောက် သူတို့ဟာ ဆန်းဝစ်(ခ်ျ)၊ ဝိုင်ပုလင်းထည့်ထားတဲ့ စက္ကူအိတ်နဲ့ Floridaမှာရှိတဲ့ Fort Lauderdaleမြို့ကို ဘတ်စ်ကားစီးပြီး သွားနေကြတယ်။ သူတို့ရဲ့ဦးတည်ရာက ရွှေရောင်လက်လက်ထနေတဲ့ ပင်လယ်ကမ်းစပ်ဆီဖြစ်တယ်။ သူတို့ဟာ နယူးယောက်ရဲ့ မွဲခြောက်ခြောက် အေးစက်စက်ရာသီဥတုကို ကျောခိုင်းလာခဲ့ကြတယ်။

As the bus passed through New Jersey, they began to notice Vingo. He sat in front of them, dressed in a plain, ill-fitting suit, never moving, his dusty face masking his age. He kept chewing the inside of his lip a lot, frozen into some personal cocoon of silence.

New Jerseyကိုကားဖြတ်ချိန် သူတို့ရှေ့မှာထိုင်နေတဲ့ Vingoလို့ခေါ်တဲ့ လူတစ်ဦးကို သူတို့ စသတိထားမိလိုက်ကြတယ်။ Vingoက ရိုးရိုးသာမန်ကိုယ်ကျပ်အင်္ကျီကို မလိုက်မဖက် ဝတ်ဆင်ထားပြီး ထိုင်နေရာက မလှုပ်ခဲ့ဘူး။ မျက်နှာပေါ်တင်နေတဲ့ ဖုန်မှုန်သဲမှုန်တွေက သူ့ရဲ့နဂိုအသက်အရွယ်ကို ဖုံးအုပ်ထားတယ်။ အောက်နှုတ်ခမ်းကို အဆက်မပြတ်ကိုက်ရင်း အတွေးအိမ်ထဲ သူနစ်မွန်းနေခဲ့တယ်။

Deep into the night, outside Washington, the bus pulled into Howard Johnson's, and everybody got off except Vingo. He sat rooted in his seat, and the young people began to wonder about him, trying to imagine his life: perhaps he was a sea captain, a runaway from his wife, an old soldier going home. When they went back to the bus, one of the girls sat beside him and introduced herself.

Washington ရောက်တော့ ညနက်နေခဲ့ပြီ။ Howard Johnson's စားသောက်ဆိုင်ရှေ့မှာ ကားရပ်တော့ Vingoကလွဲပြီး ကားပေါ်က လူတွေအားလုံး ဆင်းကုန်ကြတယ်။ Vingoတစ်ယောက် နေရာမှာတင် ငြိမ်ငြိမ်သက်သက် ထိုင်နေခဲ့တယ်။ ကားပေါ်က လူငယ်တွေအားလုံး သူ့ကို စိတ်ဝင်တစားဖြစ်လာကြပြီး သူ့အကြောင်းကို ခန့်မှန်းလာကြတယ်။ သူဟာ သဘောင်္ကပ္ပတိန်ဖြစ်မယ်၊ သူဟာ အိမ်ကနေ ထွက်ပြေးလာသူဖြစ်မယ်၊ ဒါမှမဟုတ် သူဟာ အိမ်ကိုပြန်ခိုနားတဲ့ စစ်သည်အိုတစ်ယောက်ဖြစ်မယ်။ ကားပေါ်ပြန်ရောက်တော့ သူတို့ထဲက မိန်းကလေးတစ်ယောက်က Vingoဘေးနား ဝင်ထိုင်ပြီး သူ့ကိုယ်သူ စမိတ်ဆက်လိုက်တယ်။

“We're going to Florida,” she said brightly.“ I hear it's really beautiful.”

"ကျွန်မတို့ ဖလော်ရီတာကို သွားမလို့ပါ" မိန်းကလေးက သွက်သွက်လက်လက် ပြောတယ်။ " အဲဒီနေရာက အရမ်းလှတယ်လို့ ကျွန်မသိထားတယ်"


“It is, ” he said quietly, as if remembering something he had tried to forget.

"ဟုတ်တယ်" သူ ညင်ညင်သာသာပြန်ဖြေတယ်။ မေ့ထားတဲ့အရာတချို့ကို သူစသတိရလိုက်သလိုပါပဲ။

“Want some wine?” she said. He smiled and took a swig. He thanked her and retreated again into his silence. After a while, she went back to the others, and Vingo nodded in sleep.

"ဝိုင်သောက်ပါဦး!" မိန်းကလေးက ဆိုတော့ ခပ်ပြုံးပြုံးနဲ့ ဝိုင်ကို သူတစ်ကြိုက်မော့ချလိုက်တယ်။ ကျေးဇူးတင်ကြောင်း တစ်ခွန်းပြောပြီး သူငြိမ်သက်သွားပြန်တယ်။ တအောင့်နေတော့ မိန်းကလေးက သူ့အဖော်တွေဆီ ပြန်ရောက်လာတယ်။ Vingoက ခေါင်းငိုက်စိုက်နဲ့ အိပ်ပျော်နေခဲ့တယ်။

In the morning, they awoke outside another Howard Johnson's,and this time Vingo went in. The girl insisted that he join them. He seemed very shy, and ordered black coffee and smoked nervously as the young people chattered about sleeping on beaches. When they returned to the bus, the girl sat with Vingo again, and after a while, slowly and painfully, he told his story. He had been in jail in New York for the past four years, and now he was going home.

မနက် သူတို့နှိုးလာတဲ့အချိန် ကားက Howard Johnson'sရဲ့ နောက်ဆိုင်ခွဲတစ်ဆိုင်ရှေ့မှာ ရပ်နေခဲ့တယ်။ ဒီတစ်ခါ Vingoလည်း စားသောက်ဆိုင်ထဲ လိုက်ဝင်ခဲ့တယ်။ မိန်းကလေးက သူတို့အဖွဲ့နဲ့ပေါင်းဖို့ Vingoကို ဇွတ်အတင်းခေါ်တယ်။ သူကြည့်ရတာ ရှိုးတိုးရှန့်တန့်ဖြစ်နေတယ်။ အဲဒီလူငယ်တစ်စု ကမ်းခြေမှာ ဘယ်လိုအိပ်စက်မယ်ဆိုတဲ့အကြောင်း ဆွေးနွေးနေချိန်မှာ Vingoဟာ သူတစ်ယောက်ထဲ ဘလက်ခ်ကော်ဖီသောက်ရင်း ဂနာမငြိမ်စွာနဲ့ ဆေးလိပ်ကို အဆက်မပြတ်ဖွာနေခဲ့တယ်။ သူတို့အားလုံး ကားပေါ်ရောက်ချိန် အစောနားက မိန်းကလေးက Vingoဘေးနား ဝင်ထိုင်ပြန်တယ်။ တအောင့်ကြာမှ Vingo က သူ့အကြောင်းကို လေးလေးသွဲ့သွဲ့၊ နာနာကျင်ကျင်နဲ့ ပြောပြတယ်။ နယူးယောက်ထောင်ထဲမှာ သူ(၄)နှစ်ကြာ အချုပ်ကျခံခဲ့ရတယ်။ အခု ထောင်က သူလွတ်လာပြီး အိမ်ပြန်မှာဖြစ်တယ်။

“Are you married?”
"ရှင် အိမ်ထောင်နဲ့လား?"

“I don't know.”
"ကျုပ် မသိဘူး"

“You don't know?” she said.
"ရှင် မသိဘူး?" မိန်းကလေးက တအံ့တသြဆိုတယ်။

“Well, when I was in jail I wrote to my wife,” he said. “ I told her that I was going to be away a long time, and that if she couldn't stand it, if the kids kept asking questions, if it hurt too much, well, she could just forget me, I'd understand. Get a new guy, I said she‘s a wonderful woman,really somethin gand forget about me. I told her she didn't have to write me for nothing. And she didn't. Not for three and a half years.”

"ဟုတ်တယ်.. ဒီလိုပါ ထောင်ထဲမှာတုန်းက ကျုပ်မိန်းမဆီ ကျုပ်စာတစ်စောင်ရေးခဲ့တယ်။ အဝေးကို ကျုပ်အချိန်တော်တော်ကြာ သွားမယ်ဆိုတဲ့အကြောင်း တကယ်လို့ ဒါကို သူသည်းမခံနိုင်ဘူးဆိုရင်၊ တကယ်လို့ ကလေးတွေက လိုက်လိုက်မေးခဲ့ရင်၊ တကယ်လို့ သူအရမ်းနာကျင်ခံစားခဲ့ရရင် ကျုပ်ကို သူမေ့ပစ်နိုင်တယ်။ ဒါကို ကျုပ်နားလည်ပေးတယ်။ သူ့ကို နောက်တစ်ယောက်ရှာယူပါလို့ ကျုပ်ပြောခဲ့တယ်။ သူဟာ မိန်းမကောင်းတစ်ဦးဆိုတာ ကျုပ်သိတယ်။ ကျုပ်ကိုမေ့လိုက်ဖို့၊ ကျုပ်ဆီပြန်စာမရေးဖို့ သူ့ကိုကျုပ်ပြောခဲ့တယ်။ သူလည်း ကျုပ်ဆီ ပြန်စာမရေးခဲ့ပါဘူး။ သူ့သတင်း ကျုပ်မကြားခဲ့တာ သုံးနှစ်နဲ့ ၆လရှိခဲ့ပါပြီ"

“And you're going home now, not knowing?”
"ဘာမှမသိဘဲ ရှင်ဒီအတိုင်း အိမ်ပြန်မလို့လား?"

“Yeah,” he said shyly. “ Well, last week, when I was sure the parole was coming through, I wrote her again. We used to live in Brunswick, just before Jacksonville, and there's a big oak tree just as you come into town. I told her that if she'd take me back, she should put a yellow handkerchief on the tree, and I'd get off and come home. If she didn't want me, forget it no handkerchief, and I'd go on through.”

"အဲဒီလိုလဲ မဟုတ်ဘူး" ရှက်ကိုးရှက်ကန်းနဲ့ သူဖြေတယ်။ "အရင်တစ်ပတ်က ထောင်ကလွတ်ဖို့ အကြောင်းကြားစာရတော့ သူ့ဆီ ကျုပ်စာတစ်စောင် ရေးလိုက်သေးတယ်။ Jacksonvilleမရောက်ခင် Brunswickမှာ အရင်က ကျုပ်တို့နေခဲ့တယ်။ အဲဒီမြို့အဝင်လမ်းမဘေးမှာ ဝက်သစ်ချပင်ကြီးတစ်ပင်ရှိတယ်။ တကယ်လို့ ကျုပ်ပြန်လာတာကို သူကြိုဆိုခဲ့ရင် ဝက်သစ်ချပင်ပေါ်မှာ ဖဲကြိုးဝါလေးတစ်ခုစည်းထားဖို့ သူ့ကို ကျုပ်ပြောခဲ့တယ်။ ဒီလိုဆိုရင် ကျုပ်အိမ်ပြန်မယ်ပေါ့။ တကယ်လို့ ကျုပ်ကို သူအလိုမရှိဘူးဆိုရင် ဒီကိစ္စကို မေ့ထားလိုက်ပါ။ ဖဲကြိုးဝါကို မမြင်ခဲ့ရင် ကျုပ်ကားပေါ်က မဆင်းတော့ဘူး"

“Wow,” the girl exclaimed. “Wow.”
"အော်.. အဲဒီလိုလား?" မိန်းကလေး အံ့အားတသင့်နဲ့ အာမေဍ္ဍိတ်သံပြုတယ်။

She told the others, and soon all of them were in it, caught up in the approach of Brunswick, looking at the pictures Vingo showed them of his wife and three children. The woman was handsome in a plain way, the children still unformed in the much-handled snapshots.

မိန်းကလေးက သူ့အပေါင်းအဖော်တွေကိုလည်း ဒီအကြောင်းပြောပြလိုက်တယ်။ ဒီလိုနဲ့ Brunswickကိုရောက်ဖို့ သူတို့ဆန္ဒစောနေခဲ့ကြတယ်။ Vingoက သူတို့ကို သူ့ဇနီးနဲ့ကလေးသုံးယောက်ရဲ့ ဓာတ်ပုံပြတယ်။ ဓာတ်ပုံထဲမှာ ရိုးရှင်းလှပတဲ့ အမျိုးသမီးတစ်ဦးနဲ့ လူမမယ်ကလေးသုံးယောက် ဓာတ်ပုံကကိုင်လွန်းလို့ လက်အရာတွေနဲ့ ဟောင်းနွမ်းနေခဲ့တယ်။

Now they were 20 miles from Brunswick, and the young people took over window seats on the right side, waiting for the approach of the great oak tree. The bus acquired a dark, hushed mood, full of the silence of absence and lost years. Vingo stopped looking, tightening his face into the ex-con's mask, as if fortifying himself against still another disappointment.

အခု Brunswickနဲ့ မိုင်၂ဝအကွာမှာ သူတို့ရောက်နေခဲ့တယ်။ လူငယ်တစ်သိုက်က ကားရဲ့ညာဖက် ပြတင်းဘေးမှာ နေရာယူလိုက်ကြပြီး ဝက်သစ်ချပင်ကြီး ပေါ်ထွက်အလာကို သူတို့စောင့်စားနေခဲ့ကြတယ်။ ကားထဲမှာ ပိန်းပိတ်ငြိမ်သက်လို့ ဆုံးရှုံးခဲ့တဲ့နေ့ရက်တွေရဲ့ လေးပင်တဲ့ အသက်အငွေ့နဲ့ ပြည့်နေခဲ့တယ်။ Vingo ခေါင်းငုံ့လိုက်တယ်။ အကျဉ်းသားတို့ရှိအပ်တဲ့ စိုးရိမ်ပူပန်တဲ့ အသွင်အပြင်နဲ့ အပြင်ဘက်ကို သူမကြည့်ရဲခဲ့ဘူး။ သူုကြည့်ရတာ နောက်တစ်ကြိမ် ထိခိုက်ခံစားရမှာကို ကြိုတင်အခိုင်အခံ့ လုပ်ထားပုံရတယ်။

Then Brunswick was ten miles, and then five. Then,suddenly, all of the young people were up out of their seats, screaming and shouting and crying, doing small dances of joy. All except Vingo.

Brunswickရောက်ဖို့ ၁ဝမိုင်ပဲလိုတော့တယ်။ ၅ မိုင်ပဲလိုတော့တယ်။ ရုတ်တရက် လူငယ်တစ်သိုက် ထိုင်နေရာက ထခုန်ပြီး အော်ကြတယ်။ ပျော်လွန်းလို့ ခြေလက်မြှောက်ပြီး အားလုံး ကခုန်နေကြတယ်။ Vingoကလွဲလို့ပေါ့။

Vingo sat there stunned, looking at the oak tree. It was covered with yellow handkerchiefs20 of them, 30 of them, maybe hundreds, a tree that stood like a banner of welcome billowing in the wind. As the young people shouted, the old con rose and made his way to the front of the bus to go home.

Vingoတစ်ယောက် နေရာကမထဘဲ ဝက်သစ်ချပင်ကို ငေးကြောင်ကြည့်နေတယ်။ ဝက်သစ်ချပင်ပေါ်မှာ ဖဲကြိုးဝါတွေနဲ့ ပြည့်နေတယ်။ ၂ဝခု၊ ၃ဝခု ကြည့်ရတာ ဖဲကြိုးဝါတွေ အခု ၁ဝဝကျော်ရှိမယ်။ သစ်ပင်ကြီးဟာ နေရာမှာတင်ရပ်ပြီး အလံပြကြိုဆိုသလို လေထဲမှာ တလူလူလွင့်နေခဲ့တယ်။ လူငယ်တစ်သိုက်ရဲ့ ပျော်ရွှင်မြူးတူးသံကြားမှာ အကျဉ်းကျခံခဲ့ရသူဟာ ထရပ်ပြီး ကားရှေ့တံခါးဘက်ဆီ လျှောက်သွားလိုက်တယ်။ အဲဒီနောက် နေအိမ်ဘက်ကို သူဦးတည်လိုက်ပါတော့တယ်။

***ဒီပုံပြင်ကို စာအဖြစ်ဖတ်ခဲ့ကြဖူးသလို သီချင်းအဖြစ်နဲ့လည်း နားထောင်ခဲ့ဖူးကြမှာပါ။ ပုံပြင်က ဟောင်းနွမ်းနေပေမယ့် ခံစားချက်တွေက သစ်လွင်နေလို့ ဘာသာပြန်လိုက်ပါတယ်။ တရုတ်ကနေ ဘာသာပြန်ထားတာမို့ အင်္ဂလိပ်ဘက်မှာ အမှားပါရင် ပြင်ဆင်ပေးကြပါလို့ ...

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Tuesday, October 26, 2010

ဆန်းသစ်တဲ့ လက်ကိုင်အိတ်များ



ဘယ်လက်ကိုင်အိတ်ကို ကြိုက်သလဲ? ဝါသနာပါရင် ကျန်ရှိနေတဲ့ လက်ကိုင်အိတ်တချို့ကို ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။

နိုင်းနိုင်းစနေ



Share/Bookmark

Monday, October 25, 2010

ကျွန်မဖတ်ဖို့ (၂၁)


(၁) လူ့ဘဝအရာတော်တော်များများကို ကျွန်တော်တို့ ငယ်ရွယ်စဉ်မှာ နားမလည်ခဲ့ကြဘူး။ နားလည်လာချိန်မှာ ကျွန်တော်တို့ နုပျိုမနေတော့ဘဲ အိုမင်းခဲ့ကြပြီ။

(၂) လောကကြီးမှာ တချို့အရာတွေက ပြုပြင်အစားထိုးလို့ ရနိုင်ပေမယ့် တချို့က လုံးဝမရနိုင်ဘူး။ သင် ကြိုးစားပမ်းစား ရယူခဲ့တဲ့အရာက သင်တကယ်လိုချင်တဲ့အရာ ဟုတ်ချင်မှဟုတ်မယ်။ သင်လိုချင်တောင့်တခဲ့တဲ့အရာက ရေထဲကလရိပ် ဖြစ်ရင်လည်းဖြစ်မယ်၊ မှန်ထဲကပန်းတစ်ပွင့် ဖြစ်ရင်လည်းဖြစ်မယ်။ ဒါပေမယ့် အဲဒီအရာတွေက ရှည်လျားတဲ့ သင့်ဘဝခရီးလမ်းကို ထွန်းညှိပေးတဲ့ မျှော်လင့်ချက်မီးအိမ်ဖြစ်တယ်။

(၃) လူ့ဘဝမှာ ရယူပိုင်ဆိုင်မှုတွေရှိသလို ပေးဆပ်စွန့်လွတ်ရတာတွေလည်း ရှိတယ်။ ရယူခြင်းနဲ့ဆုံးရှုံးခြင်းကို နားလည်ခဲ့ရင် လူတွေဟာ ရယူပိုင်ဆိုင်ပြီးနောက် ဆုံးရှုံးသွားမှာကိုလည်း ကြောက်မနေတော့ဘူး။ ဆုံးရှုံးတဲ့အချိန် ဆုံးရှုံးခြင်းထဲမှာ ကိုယ့်ကိုယ်ကို ပျောက်မသွားအောင် ဘယ်လို နေထိုင်ပြုမှုရမယ်ဆိုတာကို နားလည်ကြလို့ဖြစ်တယ်။

(၄) အရောင်စုံတဲ့ လောကကြီးမှာ ဆွဲဆောင်ဖြားယောင်းမှုတွေလည်း များလွန်းတယ်။ များသောအားဖြင့် ဒီလိုအချိန်မှာ လူတွေဟာ အလွယ်တကူ လောဘရမ္မက် တက်တတ်ကြတယ်။ တချို့က ဥစ္စာပစ္စည်းကို အသက်နဲ့ရင်းပြီး ရှာဖွေကြတယ်။ တချို့က ဥစ္စာမရခဲ့သလို အသက်လည်း မပါပြန်ခဲ့တော့ဘူး။

(၅) တချို့က တပါးသူကိုနားလည်ဖို့ အချိန်အများကြီး ရင်းခဲ့ပြီး ကိုယ့်တန်ဖိုးကို ကိုယ်လျော့ချကြတယ်။ တကယ်လို့ ဘဝအတွက်၊ သူတပါးရဲ့အပြုအမူ၊ လိုအပ်ချက်တွေအတွက် တောင်းဆိုမှုနည်းလေ သင့်ဘဝက ပျော်ရွှင်ရလေဖြစ်တယ်။

(၆) ဒီလောကကြီးလှပနေလို့ ကျွန်တော်တို့ အသက်ရှင်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အသက်ရှင်နေလို့ ဒီလောကကြီး လှပနေတာပါ။

(၇)
ဘဝမောပန်းရတာ အချိန်အနည်းငယ်ကို ရှင်သန်ဖို့အသုံးပြုပြီး အချိန်တော်တော်များများကို ယှဉ်ပြိုင်ဖို့ အသုံးပြုနေလို့ဖြစ်တယ်။


(၈) လူသားတွေရဲ့ဉာဏ်ပညာက ရှေးလူကြီးတွေရဲ့ အဆိုအမိန့်၊ အတွေ့အကြုံထဲ ထည့်ဝှက်ထားတာ မဟုတ်ဘူး။ ကိုယ့်စိတ်ဝိညာဉ်ထဲ တိမ်ငုပ်နေတာဖြစ်တယ်။

(၉) ကိုယ့်ကိုယ်ကို စည်းရုံးသိမ်းသွင်းနိုင်တာဟာ အသိပညာရဲ့အောင်နိုင်ခြင်းဖြစ်တယ်။
ကိုယ့်ကိုယ်ကို လှုံ့ဆော်နိုင်တာဟာ စိတ်ဓာတ်ရဲ့ ကြီးမြတ်ခြင်းဖြစ်တယ်။
ကိုယ့်ကိုယ်ကို အောင်နိုင်တာဟာ ဘဝရဲ့ရင့်ကျက်ခြင်းဖြစ်တယ်။

(၁ဝ)
ဝေးဝေးကြည့်ပါ သာယာလှပတဲ့ရူခင်းကို သင်တွေ့လိမ့်မယ်။
ရုူခင်းထဲ ဝင်လျှောက်ကြည့်ပါ။ သင်ဟာလည်း တခြားသူရဲ့မြင်ကွင်းမှာ လှပတဲ့ရူခင်းဖြစ်တယ်။

"ကျွန်မဖတ်ဖို့" အင်တာနက်ပေါ်တွင် ရှာဖွေဘာသာပြန်သည်။

နိုင်းနိုင်းစနေ


Share/Bookmark

ကြိုတင်ရင်ခုန်ချင်ပါသည်


http://www.meeponepyan.com မှ ပုံများဖြစ်ပါသည်

နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ်မဟာဘုံကထိန် လှည့်လည်ပူဇော်ပွဲနှင့် မီးပုံးပျံပြိုင်ပွဲကို တောင်ကြီးမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်။ မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၄ရက်နေ့မှ နိုဝင်ဘာ ၂၁ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး ဆုပေးပွဲနှင့် ကွင်းပိတ်ပွဲကို နိုဝင်ဘာ ၂၂ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သိရှိရသည်။

မဟာဘုံကထိန် လှည့်လည်ပူဇော်ပွဲကို နိုဝင်ဘာ ၂၁ရက်နေ့(အဖိတ်နေ့)တွင် ကျင်းပမည်ဖြစ်ပြီး ပဒေသာပင်များကို မြို့လည်ဓမ္မာရုံသို့ ပို့ဆောင်သွားမည်ဟု သတင်းရရှိပါသည်။

***တောင်ကြီးတန်ဆောင်တိုင်ကို ကြိုတင်ရင်ခုန်ချင်သူများအတွက် ၂ဝ၁ဝခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲကို up to date တင်ဆက်မည့် http://www.meeponepyan.comမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

နိုင်းနိုင်းစနေ


Share/Bookmark

Sunday, October 24, 2010

ခေါင်းငုံ့တာဟာလည်း အရည်အချင်းတစ်ခု



အမေရိကန်နိုင်ငံရဲ့ဖခင်လို့ တင်စားခံရတဲ့ Benjamin Franklinဟာ နုငယ်စဉ်မှာ အသက်ကြီးသူတစ်ဦးဆီ သွားရောက်လည်ပတ်ခဲ့တယ်။

နုပျိုသန်မာတဲ့ Franklinဟာ ရင်ကိုစွင့် ခေါင်းကိုမော့ပြီး အိမ်ထဲဝင်လိုက်ဆိုရင်ပဲ တံခါးဘောင်နဲ့ နဖူးကိုတိုက်မိတယ်။ သူ့ကိုကြိုဆိုနေတဲ့ သက်ကြီးသူက ဒီအဖြစ်ကိုမြင်တော့ တဟားဟားရယ်ပြီး "အရမ်းနာသွားလား? ဒါဟာ ဒီနေ့ ငါ့ဆီ မင်းလာလည်တဲ့ အကျိုးအမြတ်ပဲ။ လောကကြီးမှာ အသက်ရှင်နေသူတစ်ဦးဟာ အချိန်မရွေး ခေါင်းငုံ့တတ်ရမယ်" လို့ ပြောလိုက်တယ်။

ဂရိပညာရှင် ဆိုကရေးတီးကို လူတစ်ဦးက ဒီလိုမေးခဲ့တယ်။

"လောကကြီးမှာ မင်းက ပညာအရှိဆုံးဟုတ်လား! ဒါဆိုရင်မင်းကို မေးမယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ အမြင့်ကဘယ်လောက်လဲ?"

"၃ပေ" ဆိုကရေးတီးက မဆိုင်းမတွဖြေတယ်။

"၃ပေ! ငါတို့လူတွေတောင် ၅ပေအမြင့်ရှိကြတယ်။ ကောင်းကင်နဲ့မြေကြီးက ၃ပေပဲရှိတယ်ဆိုရင် ငါတို့က ကောင်းကင်ကို ဖောက်ထွက်သွားကြမှာပေါ့!"

"ဟုတ်တယ်။ ဒါကြောင့် ၃ပေထက်မြင့်တဲ့လူတွေက ကောင်းကင်နဲ့မြေကြီးအမြင့်ထက် မြင့်ခဲ့လို့ ခေါင်းငုံ့ဖို့ နားလည်တတ်ရမယ်" လို့ ဆိုကရေးတီးက ပြောခဲ့တယ်။

သူတို့ပြောတဲ့ "ခေါင်းငုံ့တတ်ရမယ်နဲ့ ခေါင်းငုံ့ဖို့နားလည်ရမယ်"ဆိုတဲ့စကားတွေဟာ သင်မှာဘယ်လောက်ပဲ အရည်အချင်းရှိနေပါစေ၊ ရာထူးအာဏာ ပြည့်စုံနေပါစေ ကျယ်ပြောတဲ့လောကကြီးထဲမှာ သင်ဟာ အမှုန်လေးတစ်ခုသာဖြစ်တယ်။ သေးငယ်တဲ့ အမှုန်လေးပဲဖြစ်တယ်။

ရည်ရွယ်ချက်ပန်းတိုင်ကို မြင့်မြင့်ထားလေ လူ့ဘဝဇာတ်ခုံမှာ အသံနိမ့်နိမ့် သီဆိုရလေ၊ ဘဝအခြေအနေကို ချိုးနှိမ်ရလေဖြစ်တယ်။ မိမိကိုယ်ကို နှိမ်ချပြီး သူတစ်ပါးကို အလေးပေးရမှာဖြစ်တယ်။

သက်ကြီးသူစကားထဲကနေ နက်နဲတဲ့ ဆင်ခြင်သုံးသပ်ချက်တစ်ခုကို Franklinရလိုက်ပြီး အဲဒီအချက်ကို သူ့ဘဝရဲ့လမ်းညွှန်ချက်တစ်ခုအဖြစ် မှတ်သားခဲ့တယ်။

ကျွန်တော်တို့ လူ့ဘဝမှာလည်း ဒီအတိုင်းဖြစ်တယ်။

မိမိကိုယ်ကို အထင်ကြီးသူတွေဟာ တစ်ပါးသူရဲ့ကောင်းကွက်ကို မမြင်တတ်သူတွေဖြစ်တယ်။ မာန်မာနဒေါသကြီးသူတွေဟာ လောကအလှအပကို မမြင်တတ်သူတွေဖြစ်တယ်။ ခေါင်းငုံ့ပြီး မမောက်မာ၊ မဝံ့ကြွားတတ်သူတွေကမှ သွန်သင်ဆုံးမတာတွေကို ခံယူတတ်မယ်၊ သူတပါးရဲ့အောင်မြင်မှုကို မုဒိတာပွားမယ်၊ ဝမ်းသာပီတိဖြစ်မယ်။ သူတပါးကို ကိုယ်ချင်းစာ နားလည်တတ်ပြီး အခက်အခဲ၊ ပြဿနာတွေကို ခေါင်းအေးအေး ရင်ဆိုင်တတ်မှာဖြစ်တယ်။

အခက်အခဲတွေကြားက ရုန်းထွက်လာချိန် စိတ်ပါလက်ပါ ခေါင်းတစ်ကြိမ်ငုံ့တတ်ဖို့ ဘယ်လောက်ခက်ခဲကြောင်း သင်သိလာလိမ့်မယ်။ ခေါင်းငုံ့တာဟာလည်း အရည်အချင်းတစ်ခုဖြစ်တယ်၊ အင်အားတစ်ခုဖြစ်တယ်။ ခေါင်းငုံ့တယ်ဆိုတာ သိမ်ငယ်တာမဟုတ်ဘူး။ သတ္တိနည်းတာ မဟုတ်ဘူး။ ဒါဟာ ကြည်လင်စိတ်ထားရဲ့ ဖြေရှင်းနည်းတစ်မျိုးဖြစ်တယ်။

လူ့ဘဝကို တောင်တက်ခရီးနဲ့ ကျွန်တော်တို့ နှိုင်းယှဉ်ကြည့်တဲ့အခါ တချို့က တောင်ခြေကစတက်ဖို့ ပြင်နေကြတယ်။ တချို့က တောင်ခါးပန်းရောက်နေကြပြီ။ တချို့က တောင်ထိပ်ကို အောင်အောင်မြင်မြင် တက်ရောက်နေကြပြီ။ ဒါပေမယ့် တောင်ရဲ့ဘယ်နေရာမှာပဲ သင်ရောက်နေရောက်နေ ကိုယ့်ကိုယ် တောင်ရဲ့အနိမ့်ဆုံးနေရာမှာပဲ ထားရမယ်။ အမြင့်ဆုံးနေရာဆိုခဲ့ရင်တောင် ခေါင်းငုံ့တတ်ရမယ်။ ရှည်လျားတဲ့ လူ့ဘဝလမ်းခရီးမှာ ခေါင်းကိုတိုက်မိနိုင်တဲ့ အနေအထားမျိုးတွေ သင်ကြုံတွေ့လာနိုင်မှာမို့ဖြစ်တယ်။

ခေါင်းငုံ့တတ်တာဟာလည်း အရည်အချင်းတစ်ခုဖြစ်တယ်။ ခေါင်းလေးနည်းနည်း ငုံ့လိုက်တာနဲ့ သင့်ဘဝခရီးလမ်း ပိုအရောင်စုံကောင်း စုံလာပါလိမ့်မယ်။

မူရင်း -- http://tw.myblog.yahoo.com/jw!J2eJin6RGAL50Mo1wt7QMQ--/article

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Saturday, October 23, 2010

သီတင်းကျွတ် လပြည့်ည


သီတင်းကျွတ်ပြီတဲ့!

သီတင်းကျွတ်တော့ သီတင်းကျွတ်အကြောင်းလေး ရေးချင်လာတယ်။ သီတင်းကျွတ်အကြောင်း အရင်က ဘာတွေရေးခဲ့ဖူးလဲလို့ ဘလော့ဂ်ထဲ ပြန်ရှာကြည့်တော့ ရွာသီတင်းကျွတ်ကနေ တာချီလိတ်သီတင်းကျွတ်ထိ ကျွန်မ တော်တော်များများရေးခဲ့တာကို တွေ့ရတယ်။

၂ဝဝ၈/ဝ၉ရဲ့ သီတင်းကျွတ်ချိန် တာချီလိတ်မြို့မှာ ကျွန်မရှိနေခဲ့တယ်။ လှူဒါန်းတာချင်းတူပေမယ့် မတူတဲ့ရိုးရာ၊ မတူတဲ့အစားအစာတွေကြောင့် တာချီလိတ်သီတင်းကျွတ်ကို ကျွန်မအလွယ်တကူ မမေ့ရက်ခဲ့ဘူး။ ငယ်စဉ်အခါ ဖြတ်သန်းခဲ့တဲ့ ချစ်စရာ့ရွာသီတင်းကျွတ်ကလည်း ခုထက်ထိ ကျွန်မလွမ်းဆွတ်တမ်းတလို့ ကောင်းတုန်း....


သီတင်းကျွတ်အကြောင်း အရင်တင်ခဲ့တဲ့ပို့စ်တွေကို ပြန်ဖတ်ပြီး ကျွန်မလွမ်းနေခဲ့တယ်။ တူ၊ တူမလေးတွေကို လွမ်းနေခဲ့တယ်။ သူတို့သွားချင်တဲ့ပွဲခင်းထဲ လိုက်လိုက်ပို့ပေးတဲ့ ကျွန်မကိုလည်း သူတို့လွမ်းနေမယ်လို့ ယုံကြည်တယ်။


ဒီလိုရာသီရောက်ရင် ခွဲခွါနေကြတဲ့ မိသားစုအချင်းချင်း အပြန်အလှန်လွမ်းကြတဲ့ အလွမ်းတွေက ထပ်တူကျတယ်။ အလွမ်းချင်းဆက်နေလို့
ဒီလိုညမျိုးမှာ ကောင်းကင်ပေါ်ကလမင်းကို ဘယ်နေရာကကြည့်ကြည့် လမင်းကတော့ ရွှန်းရွှန်းပပနဲ့ ဝိုင်းစက်နေမှာပါပဲလေ....

နိုင်းနိုင်းစနေ


Share/Bookmark

Friday, October 22, 2010

အနစ်မြှုပ်မခံတဲ့ သဘောင်္တစ်စီး


သူငယ်ငယ်လေးတည်းက မိဘတွေ ကွာရှင်းခဲ့ကြပြီ။ တခြားကလေးတွေရဲ့ အနိုင်ကျင့်ဒဏ်ကို သူမကြာခဏ ခံခဲ့ရတယ်။ အဲဒီအနိုင်ကျင့်ဒဏ်တွေကို မခံနိုင်တဲ့အဆုံး လက်ဝှေ့ပညာကို သူစွဲလမ်းခဲ့တယ်။ မခံချင်စိတ်က သူ့ကို လက်ဝှေ့ဘုရင် Muhammad Aliလို လက်ဝှေ့သူရဲကောင်းတစ်ဦးဖြစ်ဖို့ ခွန်အားတွေပေးခဲ့တယ်။ အထက်တန်းပြီးတာနဲ့ လက်ဝှေ့လောကထဲ သူခြေစုံပစ် ဝင်ခဲ့တယ်။ အနိုင်မခံ အရှုံးမပေးတဲ့စိတ်ဓာတ်ကြောင့် ၅နှစ်အတွင်းမှာ ပြိုင်ဘက်တွေကို (၁၇)ကြိမ်တိတိ သူအလဲထိုးနိုင်ခဲ့တယ်။ ဒါပေမယ့် ၁၉၇၁ခုနှစ်က ပြိုင်ပွဲတစ်ခုမှာ ပြိုင်ဘက်ရဲ့ထိုးနှက်ချက်ကြောင့် သူ့ဦးနှောက် အကြီးအကျယ် ဒဏ်ရာရသွားခဲ့တယ်။ မတတ်နိုင်တဲ့အဆုံးမှာ လက်ဝှေ့လောကကို ဝမ်းနည်းစွာနဲ့ သူကျောခိုင်းခဲ့ရတယ်။

ဘာအရည်အချင်းမှ မရှိတဲ့သူဟာ နယူးယောက်မြို့ကို ရောက်လာခဲ့တယ်။ လက်တည့်စမ်းကြည့်မယ်ဆိုတဲ့ အတွေးနဲ့ သရုပ်ဆောင်သင်တန်းတစ်ခုကို သူတက်ရောက်ခဲ့တယ်။ နေ့ခင်းဘက်မှာ အလုပ်လုပ်ပြီး ညဘက်မှာ သရုပ်ဆောင်အတတ်ကို သူလေ့ကျင့်ခဲ့တယ်။ (၇)နှစ်ခန့်ကြာပြီးနောက် ၁၉၇၉ခုနှစ် သူအသက်(၂၇)နှစ်အရွယ်မှာ ရတောင့်ရခဲတဲ့ အခွင့်အရေးကို သူရခဲ့တယ်။ ဒါရိုက်တာ Steven Spielberg ရိုက်ကူးတဲ့ "1941"ဆိုတဲ့ဇာတ်ကားမှာ အရံအဖြစ် သူပါဝင်ခွင့်ရခဲ့တယ်။ အဲဒီကမှတဆင့် ဟော်လိဝုဒ်တံခါးမကြီးဆီ တစ်လှမ်းချင်း ခြေလှမ်းမှန်မှန်လျှောက်ပြီး သူချည်းကပ်ခဲ့တယ်။

၁၉၈၃ခုနှစ်မှာ စန်းပွင့်လာတဲ့သူဟာ "Rumble Fish"ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခွင့်ရခဲ့တယ်။ ထူးကဲတဲ့ သူ့သရုပ်ဆောင်ချက်က လူတွေကို အသိအမှတ်ပြုစေခဲ့တယ်။ သူရဲ့ညှို့ယူဆွဲဆောင်ချက်က လူတွေရဲ့ရင်ထဲရောက်ရှိခဲ့ပြီး "အမေရိကန်ရဲ့ ညှို့ဓာတ်အပြင်းဆုံး၊ ဆွဲဆောင်မှုအရှိဆုံး မင်းသား"အဖြစ် သတ်မှတ်ခံခဲ့ရတယ်။

အသက်ငယ်ရွယ်တဲ့သူဟာ အောင်မြင်မှုဒဏ်ကို မခံနိုင်ဘဲ အနေအထိုင် စည်းကမ်းပျက်လာခဲ့တယ်။ ဒီအချိန်မှာ ကံကြမ္မာနတ်ဆိုးကြီးက သူ့အတွက် တံခါးတစ်ချပ်ကို ဖွင့်ပေးလိုက်ပြန်တယ်။ သူခေါင်းဆောင်ရိုက်ကူးတဲ့ "Year of the Dragon" ဇာတ်ကားဟာ အမေရိကန်ရဲတပ်ဖွဲ့တွေ နယူးယောက်မှာနေတဲ့ တရုတ်မာဖီးယားဂိုဏ်းတွေကို တိုက်ခိုက်ဆန့်ကျင့်တဲ့ကားဖြစ်တယ်။ အဲဒီကား ရုံတင်တာနဲ့ တရုတ်လူမျိုးတွေရဲ့ ဆန့်ကျင်တာကို ခံခဲ့ရလို့ လက်မှတ်အရောင်း လျော့ခဲ့ရတယ်။ ဒါဟာ ယိမ်းယိုင်နေတဲ့လမ်းပေါ် ရောက်နေတဲ့သူ့ကို အလူးအလဲ ခံစေခဲ့တယ်။ စိတ်ဆတ်စိတ်မြန်တဲ့သူဟာ လက်ဝှေ့လောကထဲ နောက်ထပ်တဖန် ပြန်ဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။

လက်ဝှေ့လောကရဲ့ (၄)နှစ်သက်တမ်းကာလကို စွန့်စွန့်စားစား ဖြတ်ကျော်ခဲ့တယ်ဆိုပေမယ့် သူပေးဆပ်လိုက်ရတာလည်း မနည်းခဲ့ဘူး။ သူဟာ အရက်နဲ့ဆေးလိပ်တွေမှာ မွေ့လျောနေတဲ့အပြင် ပြိုင်ဘက်တွေရဲ့ မိုက်ရူးရဲဆန်တဲ့ ထိုးနှက်ချက်တွေကြောင့် နဂိုရုပ်ချောခန့်ညားတဲ့ သူ့မျက်နှာသွင်ပြင်ဟာ တဖြေးဖြေး ပုံပျက်လာခဲ့ရတယ်။ အဲဒီအပြင် ပိုဆိုးတာက မအောင်မြင်တဲ့ plastic surgeryကြောင့်ဖြစ်တယ်။ ပါးစပ်နှုတ်ခမ်းတွေ ရှုံ့တွပြီး အသားအရေနုပျိုဖို့ ထိုးသွင်းခဲ့တဲ့ Hyaluronic acidကြောင့် သူ့နဖူးကြောတွေလည်း သေခဲ့ရတယ်။ နဂိုရှိခဲ့တဲ့ ခန့်ညားချောမောတဲ့ ဟော်လိဝုဒ်မင်းသားတစ်ဦး ရုပ်သွင်ဟာ သူ့မျက်နှာပေါ်မှာ ထင်ဟပ်မနေခဲ့တော့ဘူး။ ဦးနှောက်တွေလည်း စာနာစိတ်မရှိတဲ့ ထိုးနှက်ချက်တွေကြောင့် ထိခိုက်ပျက်ဆီးမှုရှိခဲ့တယ်။ အကူအညီမဲ့တဲ့ အနေအထားမှာ ရုပ်ရှင်နယ်ပယ်ထဲ သူနောက်တဖန် ခြေဦးလှည့်ခဲ့ပြန်တယ်။ မိုက်ရူးရဲဆန်တဲ့စိတ်ကို သူမထိန်းချုပ်နိုင်ခဲ့တာကြောင့် ၁၉၉၄ခုနှစ်မှာ မိသားစုအကြမ်းဖမ်းမှုနဲ့ သူထောင်ကျသွားခဲ့တယ်။

Mickey Rourke

ကြာရှည်မတည်တံ့ဘဲ ပြောင်းလဲပျက်ဆီးလွယ်တဲ့ ကံကြမ္မာကြောင့် သူနာကျင်ဝမ်းနည်းခဲ့ရတယ်။ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့အထိ သူ့ခံစားချက်ကို သူမထိန်းချုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် သူ့အရင်းနှီးဆုံးခွေးကလေး Lokiရဲ့ သူ့အပေါ်ကြည့်တဲ့ သနားစဖွယ်အကြည့်က "နင်သေရင် ငါ့ကို ဘယ်သူဂရုစိုက်မှာလဲ?" ဆိုနေသယောင်ရှိတာမို့ ရှက်ရွံ့စရာကောင်းတဲ့ အဆုံးစီရင်တဲ့အတွေးကို သူဖျောက်ခဲ့တယ်။ (၁၈)နှစ်လုံးလုံး သူ့အနားရှိခဲ့တဲ့ ခွေးငယ်လေးတစ်ကောင်ကို သူစွန့်ပစ်မထားရက်ခဲ့ဘုး။ လဲကျရာက ပြန်ထဖို့ သူဆုံးဖြတ်ပြီး ရုပ်ရှင်လောကထဲ တတိယအကြိမ်မြောက် သူဝင်ရောက်ခဲ့ပြန်တယ်။

ရုပ်ရှင်လောကထဲ သူတဖန် ပြန်ဝင်ရောက်ချိန် ခန့်ညားတဲ့ သူ့ရုပ်သွင်တွေ တဖြေးဖြေးပျောက်ကွယ်ခဲ့သလို တဇွတ်ထိုး မိုက်ရူးရဲဆန်တဲ့ သူ့စိတ်ကိုလည်း ချောမွတ်အောင် အချိန်ကတဖြေးဖြေး တိုက်စားနေခဲ့တယ်။ ရှုံ့တွတဲ့မျက်နှာ၊ ဖြူဖွေးတဲ့ဆံပင်တွေနဲ့ ပါးစပ်မှာမလွတ်တမ်း ကိုက်ခဲထားတဲ့ ဆေးလိပ်၊ လက်သင့်ခံနိုင်တဲ့လူတစ်ယောက်၊ စိတ်ဓာတ်တည်ငြိမ်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ပိုက်ကားပေါ်မှာ "မျက်နှာသစ်"အနေနဲ့ သူ့ကို လူတွေတွေ့မြင်ခဲ့ရတယ်။ "Sin City" ဇာတ်ကားမှာ မျက်နှာထားတင်းမာပြီး စိတ်သဘောကောင်းတဲ့ လူသန်မာ"Marv"အဖြစ် သူသရုပ်ဆောင်ခဲ့တယ်။ ချစ်သူအတွက် အသက်ကိုမမူဘဲ ဂလဲ့စားချေခဲ့ သူ့ရဲ့သရုပ်ဆောင်ချက်မှာ ပရိသတ်ရဲ့ အသိအမှတ်ပြု၊ ဂရုစိုက်တာကို ခံခဲ့ရပြန်တယ်။

၂ဝဝ၈ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ "The Wrestler" ဇာတ်ကားက သူ့ကိုအသစ်တဖန်ပြန်စဖို့ အခွင့်အရေးကောင်းတွေ ပေးခဲ့တယ်။ တကယ့်လက်တွေ့ဘဝက သူ့အဖြစ်နဲ့ ဇာတ်ကားထဲက Randyရဲ့အဖြစ်က တူနေခဲ့တယ်။ ကိုယ့်ဇာတ်လမ်းကို ကိုယ်ပြန်သရုပ်ဆောင်နေတယ်လို့ သူထင်ခဲ့တယ်။ မတူတာတစ်ခုက Randy ကြိုးဝိုင်းထဲလဲကျနေခဲ့တယ်။ Mickeyက အသစ်တဖန် ပြန်ထရပ်ခဲ့ပြီး ယောက်ျားတစ်ယောက်ရဲ့ အောင်နိုင်မှုကို ထိန်းထားနိုင်ခဲ့တယ်။ "The Wrestler"ဇာတ်ကားက Venice ဖလင်ပွဲတော်မှာ ရွှေခြင်္သေ့ဆု(Golden Lion)ရရှိခဲ့တဲ့အပြင် သူ့ကိုလည်း အကောင်းဆုံး သရုပ်ဆောင်မင်းသားဆုအဖြစ် ရာထားခံခဲ့ရတယ်။

ချစ်ဖူးမှ အချစ်ရဲ့တန်ဖိုးကိုသိသလို မူးဖူးမှ အရက်ရဲ့ပြင်းအားကို သိသလိုမျိုး Mickey Rourke လို့ခေါ်သူတစ်ဦးက "Rumble Fish"ဇာတ်ကားထဲကလို ရုပ်ချောခန့်ညားတဲ့လူ မဟုတ်ခဲ့တော့ဘူး။ ကြိုးဝိုင်းထဲက မိုက်မိုက်ရူးရုး အော်ဟစ်နေတဲ့ လူငယ်တစ်ဦးလည်း မဟုတ်ခဲ့တော့ဘူး။ ဘဝရဲ့အနိမ့်အမြင့်ကို အနှစ်(၃ဝ)ကြာ ခံစားဖြတ်သန်းခဲ့သူ အသက်(၅၈)နှစ်ရှိတဲ့ သူဟာ အရာရာကို တည်တည်ငြိမ်ငြိမ်ပဲ ဖြတ်သန်းခဲ့တော့တယ်။ လူ့ဘဝရဲ့တောက်ပြောင်ခြင်းတွေက မျက်စိတမှိတ်ရှေ့က အခိုးအငွေ့တွေအဖြစ် သူသတ်မှတ်ခဲ့တယ်။

အင်္ဂလန်နိုင်ငံက သေဘာၤျပတိုက္တစ္ခုမွာ သေဘာၤတစ္စီး ပြသထားတယ်။ အဲဒီသဘောင်္ဟာ တချိန်က ရေခဲတောင်ကို အကြိမ်(၁၃၈)ခါ ဝင်တိုက်ဖူးတယ်။ ကျောက်ဆောင်တွေကို အကြိမ်(၁၁၆)ခါ ဝင်တိုက်ဖူးတယ်။ လေပြင်းမုန်တိုင်းကြောင့် ရွက်တိုင် (၂၇)ခါကျိုးဖူးတယ်။ (၁၃)ကြိမ် မီးလောင်ခံခဲ့ရဖူးပေမယ့် ရေအောက်မနစ်မြှုပ်ခဲ့ဘူး။ ဒဏ်ရာဒဏ်ချက်တွေနဲ့ ရှေ့တိုးပြီး ရွက်လွှင့်ခဲ့တယ်။ လေမုန်တိုင်းတွေကို အရှုံးမပေးခဲ့ဘူး။ အနစ်မြှုပ်မခံခဲ့ဘူး။

ဒါဟာ သဘောင်္တစ်စီးရဲ့ ဝိညာဉ်ဖြစ်တယ်။
ဒါဟာ ဇာတ်လမ်းတစ်ပုဒ်ရဲ့ အားရကျေနပ်မှုဖြစ်တယ်။ ဒါဟာ လူတစ်ဦးရဲ့ စိတ်ဓာတ်ဖြစ်တယ်။

သရုပ်ဆောင် Mickey Rourkeက ကျွန်တော်တို့အတွက် ဇာတ်ကောင်တစ်ခု၊ အင်အားတစ်စုနဲ့ စိတ်ဓာတ်ဝိညာဉ်ကို သယ်ဆောင်လာခဲ့ပါတယ်။


http://en.wikipedia.org/wiki/Mickey_Rourke
http://www.duwenzhang.com/wenzhang/lizhiwenzhang/20100325/96123.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Thursday, October 21, 2010

ဖေဖေ့ပေးစာနဲ့ သမီးရဲ့ပြန်စာ


ချစ်သမီးလေး

သမီးနဲ့ ဖေဖေတူတူပုန်းတမ်းကစားတိုင်း ဖေဖေကို သမီးချက်ချင်းရှာတွေ့ခဲ့တယ်နော်။ ဒါပေမယ့် သမီး ဒီတစ်ခါတော့ ဖေဖေအကြာကြီး ပုန်းနေရတော့မယ်။ ဖေဖေကိုတွေ့ဖို့ သမီးမရှာသေးပါနဲ့။ သမီးအသက်(၁၄)နှစ်ရောက်မှ (ကိတ်မုန့်(၁ဝ)ကြိမ်စားပြီးမှ) ဖေဖေ ဘယ်မှာပုန်းနေသလဲဆိုတာကို သမီးမေမေဆီ မေးကြည့်နော်။

ဖေဖေအကြာကြီးပုန်းနေခဲ့လို့ ဖေဖေ့ကို သမီးလွမ်းနေမယ် မဟုတ်လား? သမီးလွမ်းနေမယ်ဆိုတာကို သိလည်း ပုန်းနေရာကနေ ဖေဖေပြေးထွက်လာလို့ မရဘူးသမီး။ ပြေးထွက်လာရင် ဖေဖေရှုံးသွားလိမ့်မယ်။ တကယ်လို့ ဖေဖေ့ကို သမီးအရမ်းအရမ်း လွမ်းတယ်ဆိုရင် မျက်လှည့်အတတ်နဲ့ ဖေဖေကိုယ်ထင်ပြမယ်လေ။ ဖေဖေရဲ့မျက်လှည့်က သမီးအိပ်နေတဲ့အချိန် သမီးအိပ်မက်ထဲ ဖေဖေအလည်လာမယ်၊ သမီးနဲ့တူတူဆော့မယ်။ ဒါဟာ တကယ့်ကိုယ်ထင်ပြတာမဟုတ်လို့ ကစားနည်း စည်းမဖောက်ဘူးနော်။ ဒါဆိုရင် ဖေဖေ မရှုံးဘူးပေါ့။

ဖေဖေ့ပုံကို သမီးဆွဲတဲ့အခါ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဒါဟာဖေဖေပါလို့ သမီးထင်ရင် သမီးဆွဲတဲ့ပုံဟာ ဖေဖေပါပဲ။ ဖေဖေ့ဓာတ်ပုံကို သမီးကြည့်တဲ့အခါ ဖေဖေလည်း သမီးကို တိတ်တခိုးလေး ပြန်ကြည့်နေမှာပါ သမီးသမီးအနားမှာ ဖေဖေအမြဲရှိတယ်ဆိုတာကို သမီးမမေ့နဲ့နော်။

သမီးအသက်(၄)နှစ် ရှိပြီ။ သမီးကို ဖေဖေတစ်ခုမှာခဲ့ချင်တယ်။ ဘိုးဘိုး၊ ဘွားဘွား၊ မေမေတို့ကို သမီးရိုသေလေးစား ဂရုစိုက်ရမယ်နော်။ ဖေဖေလုပ်ခဲ့တာထက် ပိုကောင်းအောင် သမီးကြိုးစားရမယ်။ သမီးလုပ်တာ ကောင်းမကောင်းဆိုတာကို သမီးမေမေက သမီးကိုပြောပြလိမ့်မယ်။

ဒီတစ်ခေါက် ဖေဖေအကြာကြီးပုန်းနေခဲ့လို့ ဘိုးဘိုး၊ ဘွားဘွား၊ မေမေတို့က ဖေဖေ့ကို လွမ်းကြလိမ့်မယ်။ လွမ်းတဲ့အခါ သူတို့ တိတ်တဆိတ်ငိုကြလိမ့်မယ်။ ငိုတယ်ဆိုတာ စည်းဖောက်တာပဲ။ ငိုရင် ရှုံးတယ်နော် သမီး...

သူတို့ငိုတာတွေ့ရင် မငိုဖို့ သမီးက အားပေးရမယ်။ ရယ်မောလာအောင် နောက်ပြောင်ရမယ်။ ဒီလိုမှမဟုတ်ရင် ကစားပွဲရှုံးသွားတဲ့အခါ သူတို့ပိုငိုလိမ့်မယ် သမီး။ ဘယ်သူရှုံး ဘယ်သူနိုင်မလဲ! သမီးလား! ဖေဖေလား! ကဲ.. သမီးရေ...အဆင်သင့်ဖြစ်ရင် ကစားပွဲကို ဖေဖေတို့ စလိုက်ကြရအောင် !


(၁ဝ)နှစ် လွန်ပြီးနောက်

ချစ်ရတဲ့ ဖေဖေ

ဖေဖေ့ကို သမီးရှာတွေ့ခဲ့ပြီ။ ဒီနှစ်တွေအတွင်းမှာ သမီးအရမ်းလိမ္မာတယ်သိလား ဖေဖေ! သမီးလုပ်တာ ဖေဖေထက်သာတယ်လို့ မေမေကပြောတယ်။ ဘိုးဘိုး၊ ဘွားဘွား၊ မေမေတို့ စည်းဖောက်တဲ့အခါ သူတို့ပြုံးရယ်နိုင်ဖို့ သမီးအတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်ဖေဖေ။ ဘိုးဘိုး၊ ဘွားဘွားတို့ အကူအညီလိုတဲ့အခါ သမီးအတတ်နိုင်ဆုံး ကူညီခဲ့တယ်။ ဖေဖေ့စကားကို သမီးနားထောင်ခဲ့ပါတယ်။ သမီးနိုင်ပြီမဟုတ်လား ဖေဖေ?

သမီးကို ဖေဖေစိတ်မပူနဲ့ ဖေဖေ။ သမီးအနားမှာ ဖေဖေအမြဲရှိနေလို့ သမီးသတ္တိတွေ ပိုရှိလာတယ်။
ဖေဖေရဲ့မျက်လှည့်အတတ်က သမီးကို ပိုကြံ့ခိုင်စေ၊ ပိုသန်မာစေခဲ့တယ် ဖေဖေ။ သမီးမှာ ဘိုးဘိုး၊ ဘွားဘွား၊ မေမေနဲ့ ဖေဖေရှိနေခဲ့လို့ သမီးပျော်ရွှင်ရပါတယ်။ သမီးအထီးမကျန်သလို ဖေဖေလည်း အထီးကျန်မှာ မဟုတ်ပါဘူးနော်။ သမီး(၁၄)နှစ်ပြည့်ပြီး အရာရာကို သိတတ်နားလည်သူဖြစ်နေပြီ ဖေဖေ။ သမီးအတွက် ပူပင်သောကတွေ မရောက်နဲ့တော့ ဖေဖေ။ မိုးပေါ်က ကြယ်ကလေးအဖြစ်နဲ့ သမီးလုပ်သမျှကို စိတ်ချလက်ချ ကြည့်နေပါ ဖေဖေ။

မိသားစုပုံတစ်ပုံ သမီးဆွဲထားတယ်ဖေဖေ။ သမီးတို့ကို ဖေဖေသတိရတဲ့အခါ အဲဒီပုံကို ကြည့်နိုင်ပါတယ် ဖေဖေ။ သမီးကို ဖေဖေလွမ်းတဲ့အခါ မျက်လှည့်အတတ်နဲ့ သမီးတို့ရဲ့ အိပ်မက်ထဲကို လာခဲ့ပါဖေဖေ..

ဖေဖေ့ကို သမီးအရမ်းချစ်တယ်။ ဒါပေမယ့် ကစားပွဲက ပြီးသွားပြီဖေဖေ။ ဒီကစားပွဲမှာ သမီးနိုင်တယ်.... သမီး ငိုခွင့်ရှိပြီလား ဖေဖေ!


** ဖေဖေရဲ့သေတမ်းစာနဲ့ (၁ဝ)နှစ်နောက်ပိုင်း သမီးလေးရဲ့ပြန်စာ or google search

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Wednesday, October 20, 2010

ရွေးချယ်ခွင့်မရှိတဲ့လမ်း (သို့) Amancio Ortega


တစ်ခါက Brancoနဲ့ Ortegaဆိုတဲ့ စပိန်လူမျိုးနှစ်ဦးရှိတယ်။ သူတို့ဟာ ရွယ်တူတွေဖြစ်တဲ့အပြင် အိမ်နီးချင်းတွေလည်း ဖြစ်ကြတယ်။ ဒါပေမယ့် Brancoရဲ့ဖခင်က ကုန်သည်တစ်ဦးဖြစ်ပြီး အရမ်းချမ်းသာတယ်။ အိမ်ကြီးအိမ်ကောင်း၊ ကားကြီးကားကောင်းတွေ ပိုင်ဆိုင်တယ်။ Ortegaရဲ့ဖခင်က သံလမ်းလုပ်သား လမ်းဘေးဈေးသည်တစ်ဦးဖြစ်ပြီး ဆင်းရဲတယ်။ တဲအိမ်ငယ်လေးထဲမှာနေပြီး ဘယ်သွားသွား ခြေထောက်ကိုပဲ အားကိုးရတယ်။

ငယ်ငယ်လေးတည်းက Brancoရဲ့ဖခင်က Brancoကို "သား... သားကြီးလာရင် လုပ်ချင်တာ လုပ်လို့ရတယ်။ သားရှေ့နေဖြစ်ချင်ရင် ဖေဖေရဲ့နာမည်ကြီးရှေ့နေနဲ့ သားကိုရှေ့နေကောင်းတစ်ယောက်ဖြစ်အောင် သင်ခိုင်းမယ်။ သားဆရာဝန်ဖြစ်ချင်ရင် ဖေဖေရဲ့နာမည်ကြီးဆရာဝန်နဲ့ သားကို ဆရာဝန်ကောင်းတစ်ယောက် ဖြစ်အောင် သင်ခိုင်းမယ်။ သား မင်းသားဖြစ်ချင်ရင် အကောင်းဆုံး အနုပညာကျောင်းမှာ ဖေဖေထားပေးမယ်။ အကောင်းဆုံး ဒါရိုက်တာဆီအပ်ပေးပြီး သားကိုအမြဲတမ်း ခေါင်းဆောင်မင်းသားနေရာမှာ နေစေမယ်။ သားသိထားရမှာက သားဖေဖေဟာ အငယ်စားကုန်သည်မဟုတ်ဘူး။ အကြီးစားကုန်သည်တစ်ဦး ဖြစ်တယ်ဆိုတာပဲ။ သားသာ စိတ်ပါရင် ဖေဖေ့လုပ်ငန်းတွေအားလုံး သားကို ဖေဖေလွဲပေးမယ်" လို့ အမြဲပြောတယ်။

Ortegaရဲ့ဖခင်ကတော့ Ortegaကို "သား... ဖေဖေတို့မှာ ငွေကြေးဥစ္စာ မပြည့်စုံဘူး။ ဒါကြောင့် သားကို ဖေဖေများများစားစား မထောက်ပံ့နိုင်ဘူး။ လမ်းဘေးမှာ ဈေးခင်းတာကလွဲလို့ သားကိုဖေဖေ တခြားအရာတွေ သင်မပေးနိုင်ခဲ့ဘူး။ ဖေဖေနဲ့ လမ်းဘေးမှာ ဈေးခင်းတာကလွဲလို့ တခြားအရာတွေ လုပ်ဖို့၊ သင်ဖို့ သား မစဉ်းစားပါနဲ့" လို့ အမြဲပြောတယ်။

ဖခင်တွေရဲ့စကားကို သူတို့နှစ်ယောက်စလုံး သေချာမှတ်ထားလိုက်တယ်။

Brancoက စစချင်းမှာ ရှေ့နေလုပ်ဖို့ သင်ယူတယ်။ ဒါပေမယ့် ရက်သိပ်မကြာခင်မှာပဲ ရှေ့နေအလုပ်ဟာ ပျင်းဖို့ကောင်းတယ်၊ သူနဲ့မသင့်တော်ဘူး၊ တခြားသင်ယူစရာလည်း ရှိသေးတယ်လို့ သူတွေးမိတယ်။ အဲဒီနောက် ဆေးပညာကို သူသင်ယူပြန်တယ်။ ဆရာဝန်အလုပ်ဟာ စိတ်ရှည်သည်းခံဖို့လိုကြောင်း သိတဲ့အချိန်မှာ ဆရာဝန်အလုပ်ဟာ သူနဲ့မသင့်တော်ဘူးလို့ဆိုတယ်။ မင်းသားလုပ်ရတာ ပျော်စရာကောင်းမယ်လို့ ထင်ပြီး မင်းသားလုပ်ဖို့ သူဆုံးဖြတ်လိုက်ပြန်တယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ မင်းသားလုပ်ရတာ ပင်ပန်းတယ်ဆိုပြီး မင်းသားအလုပ်က သူထွက်လိုက်ပြန်တယ်။ အဲဒီနောက် ဖခင်ဆီကနေ ကုန်သည်ပညာတွေ သင်ယူခဲ့တယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ စီးပွါးပျက်ခဲ့ရတယ်။ နောက်ဆုံးမှာ Branco ဘာမှမဖြစ်ခဲ့သလို ဘာမှလည်း ဆုတ်ကိုင်မမိခဲ့ပါဘူး။

Ortegaက ဖခင်နဲ့အတူ ရက်အနည်းငယ်ကြာမျှ ဈေးရောင်းလိုက်ပြီးနောက် ဈေးရောင်းဖို့ကို ငိုယိုပြီး သူငြင်းဆန်ခဲ့တယ်။ နေပူမိုးရွာမရှောင် ဈေးရောင်းရသလို ဈေးဝယ်သူတွေရဲ့အနှိမ်ကိုလည်း ခံရလို့ဖြစ်တယ်။ ဒါပေမယ့် ဈေးရောင်းတာကလွဲလို့ သူ့မှာတခြား ဘာသင်ယူစရာမှ မရှိခဲ့ဘူး။ ဈေးရောင်းဖို့ ဖခင်ခေါ်ရာနောက်ကိုပဲ ခေါင်းငိုက်စိုက်နဲ့ သူလိုက်ခဲ့ရတယ်။ မကြာခဏဆိုသလို ဈေးရောင်းဖို့ သူလက်လျော့ခဲ့ပေမယ့် နောက်ဆုံးမှာ ဖခင်နောက်ကိုပဲ သူလိုက်ခဲ့ရတယ်။

ဒီလိုနဲ့ တဖြေးဖြေး ဒီဈေးရောင်းတဲ့အလုပ်က လွတ်ချင်ရင် ဈေးရောင်းတဲ့အလုပ်ကို စိတ်ပါလက်ပါ လုပ်ရမယ်ဆိုတဲ့ အသိကို ဈေးရောင်းရင်းနဲ့ သူနားလည်လာခဲ့တယ်။ နောက်ဆုံး နှစ်အနည်းငယ်အတွင်းမှာ ကိုယ်ပိုင်ဆိုင်တစ်ဆိုင်ကို သူထူထောင်နိုင်ခဲ့တယ်။ နှစ်ပေါင်း(၃ဝ)လွန်ပြီးနောက် ကိုယ်ပိုင် အထည်ကုမ္ပဏီတစ်ခုကို သူတည်ထောင်နိုင်ခဲ့တယ်။

ဒီနေ့အချိန်အခါမှာ ကမ္ဘာနိုင်ငံပေါင်း(၆၈)နိုင်ငံမှာ သူ့အထည်ကုမ္ပဏီပေါင်း(၃၆၉၁)ကို ဖွင့်လှစ်နိုင်ခဲ့ပြီး ကမ္ဘာ့ဒုတိယ အဝတ်အထည် လက်လီဖြန့်ချီသူဖြစ်ခဲ့တယ်။ သူဟာ ၂ဝ၁ဝနှစ် ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ နံပါတ်ကိုးနေရာယူထားတဲ့ Amancio Ortegaပဲ ဖြစ်တယ်။ သူ့မှာ ကိုယ်ပိုင်အမွေ ၂၅ဘီလီယံဒေါ်လာ ရှိခဲ့ပါတယ်။

လူတွေမှာ ရွေးချယ်မှုများတိုင်း ကောင်းတာမဟုတ်ပါဘူး။ ရွေးချယ်မှုများရင် စိတ်ဝင်စားမှုပါ နည်းသွားတတ်ပြီး ကြံ့ကြံ့ခံတဲ့ခွန်အားပါ ယုတ်လျော့သွားတတ်တယ်။ ရွေးချယ်မှုမရှိတဲ့ လူတွေကမှ အောင်မြင်ဖို့ ပိုလွယ်ကူခဲ့ပါတယ်။


http://en.wikipedia.org/wiki/Amancio_Ortega_Gaona
http://www.duwenzhang.com/wenzhang/lizhiwenzhang/20100928/157337.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Tuesday, October 19, 2010

ပျားပုရွက်ဆိတ် (သို့) Honey Pot Ant


လောကကြီးရဲ့ ထူးခြားဆန်းကြယ်တဲ့ အရာတွေထဲမှာ ပျားပုရွက်ဆိတ်လည်း အပါအဝင်ဖြစ်တယ်။ မိုးရွာပြီးစအချိန်ဟာ သစ်ပင်ပန်းမန်တွေ ဝတ်ရည်အများဆုံး ထုတ်တဲ့အချိန်ဖြစ်တယ်။ ဒါဟာခြောက်သွေ့တဲ့ သဲကန္တာရနေရာမျိုးအတွက် အဖိုးမဖြတ်နိုင်တဲ့အရာဖြစ်တယ်။ ပျားပုရွက်ဆိတ်တွေက ရှားပါးတဲ့ ဒီလိုအခွင့်အရေးကို လက်လွတ်မခံကြဘဲ ဝတ်ရည်တွေကို ခန္ဓာကိုယ်ဖောင်းကားတဲ့အထိ စုပ်ယူစားသောက်ကြတယ်။

အစာဝတဲ့ ပုရွက်ဆိတ်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ဟာ စပျစ်သီးအရွယ်ခန့်ထိရှိတယ်။ ပုရွက်ဆိတ်တွေဟာ အစာရေစာရှားပါးချိန်မှာ သူတို့ခန္ဓာကိုယ်ထဲ သိုလှောင်ထားတဲ့ ဝတ်ရည်တွေကို စားသုံးကြသလို အခြားပုရွက်ဆိတ်တွေကိုလည်း စားသုံးစေတယ်။ အဲဒီအချိန်ရောက်မှ သူတို့ရဲ့ခန္ဓာဟာ နဂိုအတိုင်း ပြန်ဖြစ်သွားတော့တယ်။

ပျားပုရွက်ဆိတ်တွေဟာ ဒီလိုနည်းနဲ့ တခြားပုရွက်ဆိတ်တွေကို အစာမျှသလို လူသားတွေအတွက်လည်း အရသာထူးကဲတဲ့ အစာကောင်းကို ရရှိစေတယ်။ လေ့လာချက်အရ ဒေသခံတွေဟာ ပျားပုရွက်ဆိတ်ကို ကြိုက်နှစ်သက်ကြတယ်လို့ ဆိုတယ်။ သူတို့ဟာ ပုရွက်ဆိတ်ရဲ့ ဦးခေါင်းကိုဖြတ်ပြီး ပျားရည်အိတ်ကို စပျစ်သီးစားသလို စားသုံးကြတယ်။

မက်ဆီကိုလူမျိုးတွေက ပျားပုရွက်ဆိတ်ကရတဲ့ ပျားရည်နဲ့ နာမည်ကျော်အရက်တွေကို ပြုလုပ်ခဲ့ကြတယ်။ ပျားပုရွက်ဆိတ်ကို မြေအောက်တွေထဲမှာ တွေ့နိုင်တယ်။ သူတို့ဟာ သူတို့ခန္ဓာကိုယ်ကို အရောင်အမျိုးမျိုး ပြောင်းတတ်ကြတယ်။ အများဆုံး မြင်တွေ့ရတဲ့အရောင်က လိမ္မော်ရောင်၊ အနီရောင်နဲ့ အဝါရောင်တို့ဖြစ်ပါတယ်။



အင်တာနက်ပေါ်ဖတ်မိတာလေး ဘာသာပြန်မျှဝေပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

အပြောင်းအလဲနဲ့ မေဘယ်လ်



ဒီလိုရာသီမျိုးမှာ မေဘယ်လ်ရွက်တွေ အရောင်စပြောင်းတယ်။ နဂိုအစိမ်းရောင်ကနေ အဝါ၊ အနီရောင်ဘက် တဖြေးဖြေးပြောင်းသွားတဲ့ မေဘယ်လ်ရွက်အကြောင်း စိတ်ဝင်စားလို့ အင်တာနက်မှာ ရှာကြည့်တော့ ဒီလိုရေးထားတာတွေ့တယ်။

ဆောင်းဦးကာလဟာ မေဘယ်လ်ပင်မှာရှိတဲ့ ဓာတုဖြစ်စဉ်တွေ အပြောင်းအလဲဖြစ်တဲ့ ကာလဖြစ်တယ်။ မေဘယ်လ်ရွက်လေးတွေမှာ နဂိုကရှိတဲ့ ဝတ္ထုပစ္စည်း ဒါမှမဟုတ် ဒြပ်ပေါင်းတချို့ဟာ ပြိုပျက်ခံရပြီး အမြစ် ဒါမှမဟုတ် အကိုင်းအခက်တွေမှာ သွားသိုလှောင်စုဆောင်းရတယ်။ ဒီဒြပ်ပစ္စည်းတွေကို အပင်က နွေဦးရာသီမှာ မှီဝဲဖို့ဖြစ်တယ်။ စုဆောင်းခံရတဲ့အရာတွေက အပင်ကိုကြီးထွားစေတဲ့ အစိမ်းရောင်ဓာတ် Chloroplastနဲ့ Chlorophyllတွေဖြစ်တယ်။ ဒီလိုအချိန်မှာ အစိမ်းရောင်ဓာတ်မရှိတော့တဲ့ မေဘယ်လ်ရွက်တွေမှာ အခြားအရောင်ဓာတ်တွေကို ပိုထင်ထင်ရှားရှား တွေ့မြင်ရတယ်။ တွေ့ရတဲ့ဓာတ်တွေက Anthocyanin ဆိုတဲ့ အနီရောင်နဲ့ Caroteneဆိုတဲ့ အဝါရောင်တွေဖြစ်တယ်။

ဒါကြောင့် ဆောင်းဦးရာသီရောက်တာနဲ့ အစိမ်းရောင်ဓာတ်တွေ လျော့နည်းလာတဲ့ မေဘယ်လ်ရွက်တွေကို လှပတဲ့ အဝါရောင်၊ အနီရောင်သစ်ရွက်တွေအဖြစ် တွေ့မြင်ရတာဖြစ်တယ်။

မေဘယ်လ်ရွက်တစ်ရွက်မှာ ရွက်ဖပ်ငါးခုစီပါတယ်။ ရွက်ဖပ်ငါးခုမပါရင် မေဘယ်လ်မဟုတ်ပါဘူး။ ရွက်ဖပ်တိုင်းရဲ့ဘေးမှာ လွှသွားသဏ္ဍာန် အချွန်လေးတွေပါတယ်။ သစ်ရွက်မျက်နှာပြင်က ချောမွတ်တယ်။ ရွက်ကျောတွေ ကြည်လင်ပြတ်သားတယ်။ နူးညံ့တယ်။ ဒါဟာ မေဘယ်လ်ရွက်ရဲ့ ထူးခြားချက်ဖြစ်တယ်။

ချစ်စရာ့ငနဲလေးတစ်ကောင်က ကျွန်တော့်ပုခုံးပေါ် လေနဲ့အတူ လျောဆင်းလာတယ်။ ကြည့်လိုက်တော့ မေဘယ်လ်ရွက်လေးဖြစ်နေတယ်။ အသာတကြည် ကောက်ယူပြီး လက်ဖဝါးပေါ် ကျွန်တော်တင်ထားလိုက်တယ်။ လေတစ်ချက်အဝေ့မှာ သစ်ရွက်လေးက ခြေချောင်းလေးတွေထောင်ပြီး လေယူရာနောက် ယိမ်းနွဲ့ပါသွားတယ်။ ကဲ.. ဘယ်လောက် အဆော့သန်ပြီး ချစ်စရာကောင်းတဲ့ ငနဲလေးလဲ!

http://baike.baidu.com/view/280033.htm

နိုင်းနိုင်းစနေ


Share/Bookmark

Monday, October 18, 2010

နှလုံးသားထဲက လောကကြီး


လောကကြီးမှာ သင်မြင်တွေ့ခဲ့တာတွေတိုင်းက အမှန်တရားမဖြစ်နိုင်ဘူး။ တချို့က သင့်ထင်မြင်ချက်တွေသာဖြစ်တယ်။

ဥပမာအနေနဲ့ပြောရရင် တစ်နေ့မှာ လမ်းကြားထဲက ရုတ်တရက်ပြေးထွက်လာတဲ့ ခွေးတစ်ကောင်က သင့်ကိုတိုက်မိမတတ်ဖြစ်ခဲ့လို့ သင်လန့်ဖျပ်သွားတယ်ဆိုပါစို့။ အဲဒီအချိန်မှာ သင့်ရဲ့အတွေးက "ဒီခွေးစုတ်.. ငါ့ကို ကိုက်မိတော့မယ်"ဆိုပြီး ဒီနေ့ကံမကောင်းဘူးလို့ သင်ထင်လိမ့်မယ်။ အဲဒီအခါမှာ သင့်စိတ်ခံစားချက်ကလည်း ကောင်းတော့မှာမဟုတ်ဘူး။ တကယ်လို့ သင်သာ "တော်သေးတယ်... ရုတ်တရက်ထွက်လာတာ ကားတစ်စီးမဟုတ်ဘဲ ခွေးတစ်ကောင်ဖြစ်နေလို့"လို့ တွေးမိခဲ့ရင် သင့်ကိုယ်သင် ဒီနေ့ကံမကောင်းဘူးလို့ ထင်တော့မှာ မဟုတ်ဘဲ ဒီနေ့ကံကောင်းတယ်လို့ပဲ ထင်မိလိမ့်မယ်။

တူညီတဲ့အဖြစ်အပျက်မှာ မတူညီတဲ့ခံစားချက်နဲ့ ခံစားကြည့်တော့ မတူတဲ့အဖြေကိုရတယ်။ အကြောင်းက ကိစ္စတစ်ခုအပေါ်ကြည့်တဲ့ ကျွန်တော်တို့ရဲ့ထင်မြင်ယူဆချက်ပေါ် မူတည်နေလို့ဖြစ်တယ်။

ဆေးရုံတစ်ခုရဲ့ လူနာဆောင်မှာ လူနှစ်ယောက် မတော်တဆကားတိုက်မူနဲ့ ရောက်နေတယ်။ လူနာတစ်ယောက်က စိတ်ပျက်ဝမ်းနည်းနေပြီး တစ်ယောက်က ပြုံးရွှင်တည်ငြိမ်နေတယ်။ စိတ်ပျက်ဝမ်းနည်းသူက "ဒီလိုအဖြစ်နဲ့ကြုံရတာ သိပ်ကံဆိုးတာပဲ"လို့ မကြာခဏညည်းတွားနေတယ်။ ကျန်တစ်ယောက်က "ကျွန်တော် အသက်ရှင်နေသေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်တယ်"လို့ ရေရွတ်နေတယ်။

လောကကြီးမှာ ဖြစ်ပျက်သမျှအရာတိုင်းက ဘက်မလိုက်ဘူး စပ်ကြားမှာပဲနေတယ်။ အားလုံးက ကျွန်တော်တို့ ထင်မြင်ယူဆချက်ပေါ်မှာပဲ မူတည်တယ်။

တစ်ခါက မိတ်ဆွေလင်မယားအိမ် ကျွန်တော်အလည်ရောက်ခဲ့တယ်။ သူတို့ကလေးတွေက ဖဲကစားချင်ကြောင်း မိဘတွေကိုပြောတယ်။ မိခင်က ဘာဖြစ်လို့ ဖဲကစားချင်တာလဲလို့ မေးတော့ ကလေးတွေက လောင်းချင်လို့ပါလို့ ဖြေတယ်။ မိခင်ရဲ့မျက်နှာ ညိုမည်းသွားတာကို ကျွန်တော်သတိထားလိုက်မိတယ်။ လောင်းကစားဆိုတာ ကလေးတွေအတွက် မကောင်းဘူးဆိုတာကို သူသိလို့ဖြစ်တယ်။ ဒါပေမယ့် တအောင့်နေတော့ သူ့စိတ်က(၁၈ဝ)ဒီဂရီပြောင်းသွားတယ်။ ပြီးတော့ ပြုံးပြုံးလေးနဲ့ "ဒီအကြံမဆိုးဘူး.. မင်းတို့ ကိန်းဂဏန်းသင်္ချာတွေကို ပိုနားလည်စေတာပေါ့"လို့ ပြောတယ်။

ထင်မြင်ချက်ပြောင်းတာနဲ့ ခံစားချက်ပါလိုက်ပြောင်းသွားတယ်။

တခြားလူရဲ့အပြုအမူတချို့၊ စကားတချို့က ကိုယ့်ကိုယ်ထိခိုက်စေတယ်ဆိုတဲ့ အစွဲလေးတစ်ခု လူတိုင်းမှာရှိကြတယ်။ တကယ်တော့ သူတို့ပြောတဲ့စကား၊ သူတို့လုပ်တဲ့အပြုအမူက ကိုယ့်အတွက်ကောင်းတယ်၊ ဆိုးတယ်။၊ ကိုယ့်ကိုယ် ပျော်စေတယ်၊ ဝမ်းနည်းစေတယ်.. စတာတွေက ကိုယ့်ထင်မြင်ချက်ပေါ်လိုက်ပြီး ပြောင်းသွားတာဖြစ်တယ်။

တစ်ခါက အဘွားအိုတစ်ဦးဟာ အိမ်ကိုဒေါနဲ့မောနဲ့ပြန်လာတယ်။ အကြောင်းစုံကို သမီးမေးတော့ အဘွားအိုက ဒေါသတကြီး "ကားပေါ်က လူတွေက ဒီလောက်အသက်အရွယ်ကြီးတဲ့အမေ့ကို ထိုင်ခုံဖယ်မပေးကြဘူး"လို့ ပြောတယ်။

အဲဒီမှာ သမီးကရယ်ပြီး "တကယ်လို့ သမီးသာဆိုရင်လည်း အမေ့ကိုနေရာဖယ်ပေးမိမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမေကြည့်ရတာ အရမ်းနုနေသေးလို့"လို့ ပြောလိုက်တယ်။ အဲဒီအခါကျမှ အဘွားအိုက ချက်ချင်း မျက်နှာအမူအရာပြောင်းသွားခဲ့တယ်။ ပြီးတော့ ရေချိုးခန်းမှန်ရှေ့မှာ တိတ်တခိုးရပ်ပြီး ပြုံးရယ်နေတာကို သမီးတွေ့လိုက်တယ်။

ပျော်ရွှင်တာနဲ့နာကျင်တာရဲ့ ခြားနားချက်က မတူတဲ့ကိစ္စရပ်နှစ်ခုကြောင့် မဟုတ်ဘူး။ မတူတဲ့ ထင်မြင်ယူဆချက်နှစ်ခုကြောင့် ဖြစ်တယ်။

ဒီလောကကြီးထဲမှာ ကိုယ်အသက်ရှင်နေတယ်လို့ ပြောမယ့်အစား ဒီလောကကြီးက ကိုယ့်နှလုံးသားထဲမှာ အသက်ရှင်တယ်လို့ ပြောကြည့်ပါ။

ပျော်ရွှင်တာလား? ဝမ်းနည်းတာလား? အကောင်းလား? အဆိုးလား? ဒါတွေဟာ သင်ကြုံတွေ့ခဲ့ရတဲ့အခက်အခဲ၊ ပြဿနာအပေါ်ကြည့်တဲ့ သင့်ထင်မြင်ယူဆချက်နဲ့ပဲ တိုက်ရိုက်သက်ဆိုင်ပါလိမ့်မယ်။



ထိုင်ဝမ်က ဆရာဝန်စာရေးဆရာ He Quan Feng(何权峰)ရေးသားတဲ့ Stop, Think and Turnစာအုပ်ထဲက စာတစ်ပုဒ်ကို ဘာသာပြန်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

အပျော်ရွှင်စေဆုံး စကားတစ်ခွန်း


တီဗီအသံလွှင့်ဌာနတစ်ခုက အစီအစဉ်လေးတစ်ခု ကျင်းပခဲ့တယ်။ အဲဒီအစီအစဉ်က အမျိုးသမီး ပရိသတ်တွေဆီကနေ "အပျော်ရွှင်စေဆုံးစကားတစ်ခွန်း" တောင်းဆိုတဲ့ အစီအစဉ်ဖြစ်တယ်။ ကြေညာချက်ထုတ်ပြန်ပြီးနောက် အနယ်နယ်အရပ်ရပ်က ပရိသတ်ရဲ့စာတွေ အသံလွှင့်ဌာနဆီ ပလူပျံခဲ့တယ်။ စာတွေအများကြီးထဲမှာ နောက်ဆုံး "နင်အိပ်နေ.. ငါထမယ်" ဆိုတဲ့ စကားတစ်ခွန်းက ပထမရသွားခဲ့တယ်။

"နင်အိပ်နေ.. ငါထမယ်" ဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ ဒီလို ဇာတ်လမ်းလေးတစ်ပုဒ်ရှိခဲ့တယ်။

ငယ်ရွယ်တဲ့ ဇနီးမောင်နှံနှစ်ဦးဟာ မင်္ဂလာဆောင်ပြီး သိပ်မကြာခင်မှာပဲ ကလေးရလိုက်တယ်။ ကလေးထိန်းခေါ်ဖို့ အပိုဝင်ငွေမရှိတာကြောင့် မိန်းမဖြစ်သူက အိမ်မူကိစ္စနဲ့ ကလေးထိန်းတာဝန်ကိုယူပြီး ယောက်ျားဖြစ်သူက စားဝတ်နေရေးအတွက် အလုပ်ထွက်လုပ်ခဲ့တယ်။

ဒါပေမယ့် ကလေးငယ်က မိဘတွေ မျှော်လင့်ထားသလို မကျန်းမာခဲ့ဘူး။ အသားဝါရောဂါဖြစ်လိုက် အဆုတ်ရောင်ရောဂါဖြစ်လိုက်နဲ့ ချူချာခဲ့တယ်။ ကလေးရောဂါကုဖို့ ယောက်ျားအလုပ်ပိုကြိုးစားခဲ့သလို မိန်းမကလည်း နေ့မအား ညမအား ကလေးငယ်ကို ပြုစုစောင့်ရှောက်ခဲ့တယ်။

ကလေးငယ် အသက်ရှင်ကျန်းမာဖို့ မျှော်လင့်ရင်း ဇနီးမောင်နှံနှစ်ဦးဟာ တစ်ဦးကိုတစ်ဦး ယုံကြည်မှုတွေ၊ ရဲစွမ်းသတ္တိတွေ ဖြည့်ခဲ့ကြတယ်။ အလုပ်ကပြန်လာတိုင်း ယောက်ျားဖြစ်သူဟာ အိမ်ထဲမဝင်ခင် ရှုပ်ပွနေတဲ့ဆံပင်၊ အင်္ကျီတွေကို သပ်သပ်ရပ်ရပ်ပြုပြင်ပြီး ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာကို လန်းဆန်းတက်ကြွတဲ့ အသွင်ဆောင်ပြီးမှ တံခါးခေါက်လေ့ရှိတယ်။ မိန်းမဖြစ်သူကလည်း ယောက်ျားရဲ့ အိမ်အပြန်ခြေသံကိုကြားတာနဲ့ ညှိုးနွမ်းနေတဲ့ မျက်နှာထားကိုပြင်၊ ဖရိုဖရဲ ဆံပင်၊ အင်္ကျီတွေကိုပြင်ပြီးမှ တက်ကြွတဲ့အပြုံးနဲ့ ယောက်ျားကို တံခါးဖွင့်ကြိုဆိုလေ့ရှိတယ်။

တစ်နေ့မှာ တံခါးအပြင်က ယောက်ျားဖြစ်သူရဲ့ လျှို့ဝှက်ချက်ကို မိန်းမသိသွားခဲ့တယ်။ ဒါပေမယ့်လည်း မျက်ရည်စီးကြောင်းတွေကို အမြန်ဖျက်ပြီး အပြုံးနဲ့ ယောက်ျားကို တံခါးဖွင့် သူကြိုခဲ့ပါတယ်။ လင်ယောက်ျားကို ပိုသနားကြင်နာမိတဲ့ မိန်းမဟာ ညအခါ ကလေးငိုချိန် သူဘယ်လောက်ပဲ ပင်ပန်းနွမ်းနယ်နေပါစေ ယောက်ျားကို မနှိုးရက်ဘဲ တစ်ယောက်ထဲ တိတ်တိတ်ဆိတ်ဆိတ်ထပြီး ကလေးကိုချော့မြူခဲ့တယ်။

မိန်းမရဲ့လျှို့ဝှက်ချက်ကို ယောက်ျားသိသွားပြီးတဲ့နောက် မိန်းမကို ပိုဂရုစိုက်ကြင်နာခဲ့တယ်။ ညမှာ ကလေးလေးငိုတာနဲ့ သူချက်ချင်းထတတ်ပြီး မိန်းမကို "နင်အိပ်နေ.. ငါထမယ်" ဆိုပြီး ပြန်အိပ်ခိုင်းစေခဲ့တယ်။ ကျန်းမာရေးမကောင်းတဲ့ ကလေးငယ်က ညတိုင်းလိုလို ဂျီကျငိုယိုတော့ လင်ယောက်ျားရဲ့ အဲဒီစကားတစ်ခွန်းကိုလည်း ညတိုင်းလိုလို မိန်းမကြားခဲ့ရတယ်။

ဇာတ်လမ်းကို အစီအစဉ်တင်ဆက်သူ ပြောအပြီးမှာ ပရိသတ်ကြားကနေ တစ်ခေါင်းလုံး ဆံပင်ဆွတ်ဆွတ်ဖြူနေတဲ့ လင်မယားနှစ်ဦး တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ထရပ်တယ်။ မိန်းမဖြစ်သူက ရစ်ဝဲနေတဲ့မျက်ရည်နဲ့ ပရိသတ်ဖက်လှည့်ပြီး "ဇာတ်လမ်းထဲက ယောက်ျားဟာ သူပါ။ ကျွန်မတို့ အိမ်ထောင်သက် ၅၈နှစ်ရှိပါပြီ။ အဲဒီစကားတစ်ခွန်းက ကျွန်မရင်ကို ခုထက်ထိ နွေးထွေးစေပါတယ်" လို့ပြောတယ်။

မိန်းမရဲ့စကားကိုကြားတော့ ယောက်ျားက သွားမရှိတော့တဲ့ ပါးစပ်ကိုဟပြီး ရယ်တယ်။ ပရိသတ်အများရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်ဥလေးတွေ တွဲခိုနေခဲ့တယ်။

"အပျော်ရွှင်စေဆုံး စကားတစ်ခွန်း"က တကယ်တော့ ကျွန်တော်တို့ရင်ဘတ်ထဲကနေ ထွက်လာတဲ့ စစ်မှန်တဲ့ အပြုအမူလေးတစ်ခုဖြစ်တယ်။ အဲဒီအပြုအမူလေးတစ်ခုက ချစ်ခြင်းမေတ္တာကို နှိုးဆွနိုင်ခဲ့တယ်။ လောကကြီးကို ချစ်ခြင်းရနံ့တွေ ဖြန့်လွှင့်ပြီး မွှေးကြိုင်စေခဲ့ပါတယ်။

သင့်ရဲ့အပျော်ရွှင်စေဆုံး စကားတစ်ခွန်းက ဘာလဲ? (ချရေးကြည့်ပါ)
သူ့အတွက် အပျော်ရွှင်စေဆုံး စကားတစ်ခွန်း သင်ပြောခဲ့ပြီးပြီလား?


http://www.greenland-book.com/bbs/viewthread.php?tid=638

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

Saturday, October 16, 2010

ကြော်ငြာ (၇၈)


နိုင်ငံတိုင်းမှာ ယာဉ်အန္တရာယ်ကာကွယ်ရေးကို ကြော်ငြာဆိုင်းပုဒ်တွေနဲ့ အမျိုးမျိုးဖန်တီးရေးဆွဲပြီး သတိပေးလေ့ရှိတယ်။ တချို့နိုင်ငံက ဖန်တီးထားတဲ့ ကြော်ငြာတွေကို အင်တာနက်ပေါ်မှာတွေ့လို့ မျှဝေပါတယ်။

ပင်ပန်းနွမ်းနယ်ချိန်မှာ ကားမမောင်းပါနဲ့
(မျက်လုံးလေးမှိတ်လိုက်တာနဲ့ တိုက်မိကုန်တော့မယ်)

တင့်သင့်တဲ့ အကာအဝေးကို ဂရုစိုက်ပါ (ကပ်မလိုက်နဲ့...)

ကားမောင်းစဉ် ခါးပတ်ကြိုးကိုပတ်ထားပါ။
ဒါဟာ သင့်အတွက်သာမက သင့်မိသားစုအတွက်ပါ လုံခြုံစေပါတယ်။


မူးရင် မမောင်းနဲ့.. မောင်းရင် မမူးနဲ့

ကားမောင်းစဉ်အတွင်း ဖုန်းမသုံးပါနဲ့...

နိုင်းနိုင်းစနေ


Share/Bookmark

Friday, October 15, 2010

အင်းလေးဖေါင်တော်ဦးဘုရားပွဲတော်



me: ဒါ ဒီနှစ် ဘုရားပွဲလား ဆာခူးးးးးးးး
he: အမလေး..လန့်လို်က်တာ
me: ပို့ပေးအုန်း...ဘလော့ပေါ်တင်မလို့
he: ဟုတ်တယ် ဒီနေ့ဘုရားရောက်တာ။ အင်း ဒါဆို အကုန်ပို့လိုက်မယ်
me: ညောင်ရွှေကိုရောက်တာပေါ့။ ဘယ်နေ့ကနေ ဘယ်နေ့ထိလဲ? မိုးရွာလား ? ရေအခြေအနေ ဘယ်လိုလဲ?
he: video ဖိုင်က ညကျပို့လိုက်မယ်။ ၁၈ မနက်ကြွပြန်ပြီ။ ဒီနေ့စတယ်လေ..ရေတွေပြည့်နေပြီင်္ဟ
me: ၁၅ က ၁၈ထိပေါ့ ဟုတ်လား
he: ဟုတ်တယ်
me: ပို့ပေးနော်.. ဘလော့ပေါ်တင်မယ်
he: အေးအေး...ခုညပို့လိုက်မယ်
me: တင်ချင်နေတာ.. ပို့တဲ့လူမရှိလို့ မမေ့နဲ့နော်..
he: အော်..စောစောက ပြောရောပေါ့။ မိုးက အစောကမှ ချလိုက်တာ အကြီးအကျယ်
me: ဟုတ်လား
he: ဘုရားကြိုမိုးလေ သိတယ်မလား ဒီလိုရက်ဆို ရွာတယ်
me: ကျေးဇူး...တန်ဆောင်တိုင်ကျရင်လည်း ထည့်ပေးအုန်းး)
he: ရပါတယ်
me: ၃ ရက်ပဲနော် ဘုရားပွဲက
he: အင်း တန်ဆောင်တိုင်လဲပို့ပေးမယ်။ ဟုတ်တယ်..ဒီနေ့ကစပြီး.. ၁၇ည နောက်ဆုံး.... ကျောင်းတော်တက်ပွဲက ၂၆ ရက်နေ့တဲ့

me: ဟုတ် ကျေးဇူး.... ဆာခူးး)
ဖောင်တော်ဦးဖက်ကနေ ဘယ်အချိန်စတာလဲ မသိဘူး ပွဲက
he: အင်္ဂလိပ် ၉ရက်နေ့စဆင်းတယ် အဲ့ဒီညက အင်းတိမ်မှာကျိန်းတယ်။ နောက်တစ်ရက် နေ့ဆွမ်းကို အင်းတိမ်မှာကပ်ပြီးတော့ ဟဲယာရွာမကို ကြွှတယ်။ အဲ့မှာ ညကျိန်းတယ်။ ရွာမမှာ ၂ညကျိန်းတယ် ၁၀ နဲ့ ၁၁ည။ နောက်ပြီးတော့ ငါးဖယ်ချောင်းကျောင်းမှာ ၁၂ ည ကျိန်းတယ်။ ၁၃ ည ကျေးစားကုန်းရွာ၊ ၁၄ ည လင်းကင်းရွာ ၁၅ ရက်ကျ ညောင်ရွေရောက်....

me: ကျေးဇူး ဆာခူး

he: ၁၈ မနက် အစော ၇ နာရီ ညောင်ရွေကပြန်ကြွတယ်။ နန်းသဲမှာ နေ့ဆွမ်းကပ်တယ်။ မိုင်းသောက်မှာ ညကျိန်းတယ်။ နောက်တစ်ရက် သလဲဦးရွာကျိန်းတယ်။
သလဲဦးကနေ မနက်ကြွပြီးတော့ ကေလာရွာမှာနေ့ဆွမ်း။ ဇရပ်ကြီး ရွာမှာ ညကျိန်း....

me: ရေအခြေအနေကော ... လူတွေက အဲတာကို ပိုသိချင်နေကြတာ

he: အောက်ဆုံးပုံ လှေပြိုင်နေတဲ့ပုံတွေက နင်လာတုံးကတွေ့တဲ့ လှေဆိပ်ကချောင်းပဲလေ။ ရေတွေ ချောင်းကိုပြည့်လို့ လှေပြိုင်ပွဲလုပ်နေတာ။ မြို့အ၀င်ကကန်လဲ ပြည့်သွားပြီ


me: အရင်ကလောက်တော့ ပြည့်ဘူးထင်တယ်နော် ။ ဟုတ်လား?

he: နဲနဲတော့လိုသေးတာပေါ့။ အင်းလယ်မှာဖေါင်တော်ဆွဲနေတဲ့ videoဖိုင်ကို ညကျပို့လိုက်မယ်။ လောင်းလှေတွေနဲ့လေ... သိပ်စိတ်ကြိုက်မတွေ့သေးလို့ ရွေးနေတယ်။


me: ဟုတ် ကျေးဇူးဆာခူး... ဆရာကတော်ကိုလည်း သတိရကြောင်း နှုတ်ဆက်တယ်လို့း)

he: ပြောလိုက်မယ်။ သူက ပွဲပဲသွားနေတယ်။ ခု နဲနဲထပ်ပို့နေတယ်။ မနက်က အင်းထဲ မိုးအုံ့နေတော့သိပ်တော့ မလှဘူး။ ကောင်းမယ်ထင်ရင် သုံးပေါ့။

me: ပုံရောက်ပြီ...မိုးတွေ ရွာနေလား
he: အစောကရွာတာ တော်တော်ကြီးတယ်။
me: ခါတိုင်းကောရွာလား
he: မိုးဝေးနေတာကြာပြီ
me: အော်

ညောင်ရွှေက သူငယ်ချင်းတစ်ယောက်ပို့လိုက်တဲ့ ဘုရားပွဲတော်ပုံလေးပါ။ အားလုံးဖူးမြော်ရအောင် မျှဝေပါတယ်။

နိုင်းနိုင်းစနေ


Share/Bookmark

Thursday, October 14, 2010

မြန်မာအစားအစာ


စားဖူး၊ မြင်ဖူးခဲ့တဲ့ မြန်မာအစားအစာတချို့ပါ။ မျှဝေပါတယ်။

တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်ဖက်သွားတုန်းက တွေ့ခဲ့တဲ့မုန့်ပါ။ ဝယ်တုန်းက ဘာမုန့်လဲ မေးခဲ့သေးတယ်။ ခုမေ့သွားပြီ။ အချိုရှိသလို အစိမ့်လည်းရှိတယ်။ တစ်ချပ် (၅ဝ)ကျပ်... စားလို့အရမ်းကောင်းတယ်။

လပွတ္တာဈေးထဲက ဆန်မှုန့်ကို ရေငွေ့နဲ့ပေါင်းတဲ့ မုန့်တစ်မျိုး၊ မုန့်အလယ်မှာ ထန်းလျက်ထည့်တော့ ထန်းလျက်နံ့မွှေးပြီး စားလို့ အရမ်းကောင်းတယ်။ တစ်ချပ် (၅ဝ)ကျပ်

ဒါက ဝက်ခေါက်ကြော်နဲ့တူနေတယ်။ ဒါပေမယ့် ဝက်ခေါက်ကြော်မဟုတ်ဘူး။ တိုဟူးဖြူ (ဗမာအခေါ်-ပဲပြား)ကို ကြော်ထားတာဖြစ်တယ်။ ရန်ကုန်အဆင်း အောင်ပန်းမှာကားနားတော့ မတင်မေဝယ်လို့ စားကြည့်ဖြစ်တယ်။ ကြွပ်ပြီး ဆားငံလို့ သိပ်မကြိုက်ဘူး။

ညောင်ရွှေနှမ်းထူမုန့်ကြွပ်... နာမည်ကြီးတယ်။ အရင်က ထမ်းပိုးထမ်းပြီး "ညောင်ရွှေနှမ်းထူမုန့်ကြွပ်"လို့ ရွာမှာ လာလာအော်ရောင်းတာကို အမှတ်ရတယ်။ ထုံးစံအတိုင်း ကြွပ်လို့ မကြိုက်ဘူး။

ဒီထမင်းဝိုင်းကို ဘယ်တော့မှ မမေ့တော့ဘူး။ အောင်သပြေခြံဖက် မတင်မေနဲ့သွားဖြစ်တုန်းက အိမ်ရှင်ရှမ်းမချက်ကျွေးခဲ့တဲ့ ထမင်းဝိုင်းပေါ့။ "ကျွန်မတို့က တောထမင်း၊ တောဟင်းပဲချက်စားတတ်တယ်။ အသားငါးတော့ မပါဘူးပေါ့"လို့ ရှမ်းသံဝဲဝဲနဲ့ ပြောခဲ့တဲ့ရှမ်းမလေ။ ဟင်းတွေကို အားရပါးရ စားပေးခဲ့တဲ့အပြင် ပဲပုပ်ကြော်ကို အခါးရည်နဲ့ အကုန်မြည်းပေးခဲ့လိုက်တယ်။

ဓားလှီးရေခဲချောင်း.... ဟိုးကျွန်မတို့ ငယ်ငယ်တုန်းက အရမ်းခေတ်စားခဲ့ဖူးတဲ့ ရေခဲချောင်းပေါ့။ တချို့ရေခဲချောင်းရဲ့အလယ်မှာ အသဲပုံအနီရောင်လေး ပါသေးတယ်။ ခုထက်ထိရှိနေတုန်းပဲ... ဟိုပုံးထမ့်ဆမ်းဂူရောက်တုန်းက တွေ့ခဲ့တယ်။ ဝယ်တော့ မစားခဲ့ဘူး.... (ငယ်မှမငယ်တော့တာနော်း)

လပွတ္တာဈေးထဲ ရောင်းနေတဲ့ ပုဇွန်ချဉ်တဲ့။ ဆေးဆိုးထားပုံရတယ်....
မေးပဲမေးခဲ့ပြီး မဝယ်ခဲ့ဘူး

ပုဇွန်ခွက်ကြော်ဆိုလား! ခုမှပဲ မြင်ဖူးတယ်။ ဆီနဲ့ကြွပ်ကြွပ်ကြော်ထားလို့ မစားကြည့်ခဲ့မိဘူး။

အဲဒီညကလေ ... သူငယ်ချင်းpandaနဲ့ကျွန်မ ထိုင်ဝမ်ကဟိုတယ်တစ်ခုမှာ ချိန်းတွေ့ကြတယ်။ ယူလာတဲ့ ဂျင်းသုပ်၊ လက်ဖက်သုပ် သူ့ကို ကျွန်မလက်ဆောင်ပေးတော့ သူလေ အငမ်းမရဘဲ ချက်ချင်းဖောက်စားတယ်။ ထည့်စရာခွက်မရှိတော့ ဟိုတယ်က သောက်ရေခွက်ထဲထည့်ပြီး စားကြတယ်။ ရေခဲသေတ္တာထဲက ထိုင်ဝမ်ဘီယာကိုပါ ဖောက်သောက်ကြပြီး မတွေ့တာ ၆နှစ်လောက်ရှိတော့မယ့် သူငယ်ချင်းနှစ်ယောက် တစ်ညတာပြန်ဆုံတဲ့ အထိမ်းအမှတ်အနေနဲ့ ချီးယားလုပ်ကြတယ်။ စားခဲ့သမျှ ဂျင်းသုပ်ထဲမှာ ဆီမပါ၊ ဆားမပါ၊ ဘာအစာပလာမှမပါတဲ့ ဒီဂျင်းသုပ်က စားလို့အကောင်းဆုံးပဲ။ သူလည်း ငတ်နေတာကြာပုံရတယ်။ တစ်လုပ်စားလိုက်တိုင်း "စားကောင်းလိုက်တာ" လို့ တစ်ခါအော်ရင်းနဲ့ပေါ့...

မြန်မာတွေက ဘယ်ရောက်ရောက် မြန်မာအစားအစာတွေကို မမေ့တတ်ကြဘူး။ ချီးစ်တွေ၊ ဘာဂါတွေ စားနေကြတယ်၊ သူများဘာသာစကားကို တရွတ်ရွတ်ပြောနေကြတယ်ဆိုပေမယ့် မြန်မာအစားအစာတွေ့ရင် အငမ်းမရ စားချင်ကြတယ်။ သရေယိုတတ်ကြတယ်။ အချင်းချင်းစုမိရင် ဒါမှမဟုတ် ပျော်ပွဲရွှင်ပွဲတစ်ခုခု လုပ်ရင်လည်း မြန်မာအစားအစာတွေ လုပ်ပြီး အချင်းချင်း မျှဝေကြတယ်။ စားကြတယ်။ အရသာလည်းရှိ ကိုယ့်ဌာနေကိုလည်း လွမ်းစေတဲ့အစားမို့ လူတိုင်းကြိုက်ကြတယ်။

မြန်မာပြည်မှာတော့ ဒီလိုအစားအစာတွေကို နေရာတိုင်းမှာ တွေ့နိုင်ပြီး ဈေးနှုန်းလည်းအတင့်သင့်မို့ လူတိုင်းစားနိုင်ကြတယ်။ ဒီလို စုတ်ပြတ်တဲ့ နှစ်ရာတန်လေးရှိရုံနဲ့ ဘိန်းမုန့်တစ်ချပ်၊ မုန့်လင်မယားတစ်ခု စားလို့ ရနိုင်တယ်လေ...း)

နိုင်းနိုင်းစနေ


Share/Bookmark