Tuesday, November 29, 2011

ခဲတံနဲ့ လူ့ဘဝ


ပညာရှိတွေက ခဲတံကို အချက်(၅)ချက်နဲ့ ဖွဲ့ဆိုတယ်။

(၁) လူတွေရဲ့ဆုပ်ကိုင်ခြင်းကို သင်ခံနိုင်ရည်ရှိမှ သင့်ရဲ့တာဝန်ကို သင်ပြီးမြောက်နိုင်မှာဖြစ်တယ်။

(၂) ချွန်မြအောင် အချွန်ခံရတဲ့နာကျင်ဒဏ်ကို သင်ခံနိုင်မှ သင့်အရည်အချင်းကို သင်ထုတ်ပြနိုင်မှာဖြစ်တယ်။

(၃) သင်တစ်သက်မှာ အမှားမလုပ်မိဘူးဆိုတာ မရှိဘူး။ အမှားလုပ်မိတဲ့အခါ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းနဲ့ ခဲဖျက်ရဲ့အကူအညီကိုယူပါ။ ဒါမှ လှပတဲ့အရာတွေကို သင်အရာထင်ဖန်တီးနိုင်မှာဖြစ်တယ်။

(၄) ချောမွတ်တဲ့အရာပေါ်ရောက်လေ သင့်အားကို ပိုစိုက်ထုတ်ရလေပါ။ ဒါမှ သင့်ဘဝ အရာထင် ကျန်ရစ်နိုင်ခဲ့မှာဖြစ်တယ်။

(၅) သင့်ရဲ့အရေးပါဆုံးအရာဟာ သင့်အပြင်ပန်းသဏ္ဌာန်မဟုတ်ဘူး.. သင့်ရဲ့အတွင်း "အဆံ"ဆိုတာကို အမြဲမှတ်ထားပါ။


လူ့ဘဝဟာလည်း ခဲတံတစ်ချောင်းနဲ့တူပါတယ်။ အောင်မြင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ချင်ရင် အောက်ကအချက်(၅)ချက်ကို မှတ်သားရပါတယ်။

(၁) သူတစ်ပါးလက်အောက်မှာ အလုပ်လုပ်ဖို့ ခံနိုင်ရည်ရှိမှ သင့်စိတ်ကူးအိပ်မက်ကို သင်အကောင်အထည် ဖော်ဖြစ်နိုင်မှာဖြစ်တယ်။

(၂) ဘဝရဲ့အခက်အခဲ၊ ပြဿနာတွေကို ခါးစီးခံနိုင်မှ စိတ်ဓာတ်ကြံ့ခိုင်အား၊ လုပ်နိုင်အားစွမ်းရည်တွေက သင်ပိုင်ဆိုင်မှာဖြစ်တယ်။

(၃) သင့်ဘဝမှာ အမှားမလုပ်မိဘူးဆိုတာ မရှိနိုင်ဘူး။ အမှားလုပ်မိတဲ့အခါ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းနဲ့ တခြားသူရဲ့အကူအညီကို ယူပါ။ ဒါမှ လှပတဲ့ဘဝကို သင်ဖန်ဆင်းနိုင်မှာဖြစ်တယ်။

(၄) ဆင်းရဲဒုက္ခများတဲ့ ပတ်ဝန်းကျင်ရောက်လေ သင်အားစိုက်ထုတ် ကြိုးစားရလေပါ။ ဒါမှ သင့်ဘဝ အောင်မြင်မှုတွေ ရမှာဖြစ်တယ်။

(၅) သင့်ဘဝရဲ့ အရေးပါဆုံးအရာက သင့်ပြင်ပအရာဝတ္ထုတွေ မဟုတ်ဘူး.. သင့် အတွင်းစိတ်ဆိုတာကို မြဲမြဲမှတ်ထားပါ။

မူရင်း-- http://www.rs66.com/a/1/86/qianbiyurensheng_78753.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Share/Bookmark

10 comments:

မြသွေးနီ said...

လူ့ဘ၀ကို ခဲတံချောင်းလေးနဲ့ တင်စားပြီး ခဲတံချောင်းလို ရှင်သန်ရပ်တည်ဖို့ ပြောထားတဲ့ စိတ်ကူးကောင်းလေးကို သဘောကျမိတယ်။ ဘ၀မှာ ရှင်သန်နေစဉ် ကာလပတ်လုံး သတိထားသင့်တဲ့ အချက်တွေပါပဲ မနိုင်းရေ..။

အောင် said...

သင့်ဘဝရဲ့ အရေးပါဆုံးအရာက သင့်ပြင်ပအရာဝတ္ထု တွေ မဟုတ်ဘူး.. သင့် အတွင်းစိတ်ဆိုတာကို မြဲမြဲမှတ်ထားပါ။

ဆရာမမစနေဖွင့်တဲ့ ဘဝသင်တန်းကျောင်းဆီကနေ ဘဝအတွက်သင်ယူသွားပါတယ် .

ကျေးဇူးအထူးမစနေရေ..

kokoseinygn said...

အသေအချာ ဖတ်သွားပါတယ်။

Myanmar Online Music said...

မင်္ဂလာပါ...

သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....

Myanmar Online Music: http://www.myanmaronlinemusic.com/

ကျေးဇူးပါ...

iBurmese said...

သိပ်တော်တဲ့ပညာ၇ှိတွေပဲ တဘက်ကတွေး၇င် ဒီလိုမြင်လို့၇တယ်.....
၁ လှပတဲ့အ၇ာတွေကို သင်အ၇ာထင်ဖန်တီးဖို့အတွက် တယောက်ကကိုင်ပြီးေ၇းမှ အ၇ာထင်မယ်ဖြစ်သောကြောင့် .. အ၇ာထင်၇န် ကို့အားကိုမကိုးပဲ သူတပါးအကူအညီ ထာ၀၇ ယူ၇မယ်......
၂ ==ဆင်းရဲဒုက္ခများတဲ့ ပတ်ဝန်းကျင်ရောက်လေ သင်အားစိုက်ထုတ် ကြိုးစားရလေပါ။ ဒါမှ သင့်ဘဝ အောင်မြင်မှုတွေ ရမှာဖြစ်တယ်။==အောင်မြင်မှု၇ချိန်မှာ ခဏခဏ အချွန်ခံ၇လို့လုံးပါးပါးပါးနေပြိ.... ဘာမှမကျန်တော့တဲ့ ခဲတံတိုတိုတချောင်းကို ပိုင်၇ှင်ကေ၈ျာင်ထိုးမလား သေချာသိမ်းထားမလား မသေချာပါ၊ ငယ်ငယ်ကကိုင်ဖူးသောခဲတံတိုကို ယနေ့တိုင် သိမ်းထားသူများ ၇ှိနိုင်တယ်.....

Anonymous said...

ခဲတံဟာသက်မဲ့ပါ.. သက်မဲ့ပစ္စည်းကို တစ်ယောက်ယောက်က အသုံးမပြုရင် (သူ့အားသူကိုးလို့မရတဲ့ သက်မဲ့ဖြစ်တော့ကြောင့်) သူ့တန်ဖိုး၊သူ့စွမ်းရည်တွေ ထွက်လာလိမ့်မယ်မဟုတ်ဘူး။ အဲဒီလိုပဲ အချွန်ခံရ လုံးပါးပါးခံရမှပဲ သူ့ဟာပိုတန်ဖိုးမြင့်ရတာပါ။ သူဟာသက်မဲ့ဖြစ်လို့ပါပဲ။ သက်ရှိလူတွေကတော့ ခဲတံနဲ့ဆန့်ကျင်ဖက်ကြိုးစားကြပါလိမ့်မယ်

lau said...

Thanks Sis :-)

Anonymous said...

ဘာမှလည်း ဆိုင်ဝူး

kyar said...

အင်းပြောကြဆိုကြပေါ့ ပျော်စရာပါပဲ ဒို့မောင်နှစ်မတွေ ဒီနေရာလေးမှာ စိတ်ရှည်သီးခံကြတာဝမ်းသာပါတယ်။အဲရှမ်းနှစ်သစ်ကူးမှာ လူသတ်မှုကျူးလွန် မြန်မာတွေလို့သတင်းမှာဖတ်ရတာ စိတ်မကောင်းပါဘူး ဒီနေရာကနေ မနိုင်းမှတဆင့်တောင်းပန်လိုက်ပါတယ်။ရှေ့ဆောင်နွားလား ဥပမာ ဆရားတော်ကြီးတွေလဲသုံးတာပါပဲ။ တကယ်လူကတော့ နှာဖျားကြိုးဘယ်ပါပါ့မလဲ။ပမာပုံထား သူကားမြင်ယောင် ကျင့်ဆောင်လွယ်ကူ တုယူမှတ်သား လွယ်ငြားစေ ဖို့ပါနော။

iBurmese said...

Dear Kyar (Only to Kyar..)
ေ၇ှ့ဆောင်နွားလားဖြောင့်ဖြောင်းသွား၇င် နောက်နွားတွေ ဖြောင့်ဖြောင့်လိုက်မယ် ဆိုတဲ့ (စကားမစပ် ဒီအဆိုကို.. ဆ၇ာတော်တွေတင် ပြောတာမဟုတ်ဘူး... အခြားသူများလဲပြောတယ် ဆိုတဲ့ ဗဟုသုတ ၇ှိကောင်း၇ှိမယ် ယူဆမိတယ်..)
-တိ၇စာန်၏ အပြုအမူနှင့် လူ့အပြုအမူပမာပုံထား-မှုနဲ့ ခဲတံကို -ပမာပုံထားမှု- ++ကွာပါသည်++ ဆိုခြင်းကို မြန်မာစာများများသေချာဖတ်ဖူး၇င် နားလည်ပါလိမ့်မည်.....(စကားမစပ် ၇ူပကအင်္လကာ ဆိုသည်ကိုလဲ ကြားဖူးမည်ယူဆပါသည်...) ဘာသာပြန်သူများသည် ပြန်ဆိုသည့် ဘာသာ၇ပ်နှင့်အတူ ပြန်ဆိုမည့် ဘာသာစကားကိုပါ ကျွမ်းကျင်၇င် အကောင်းဆုံးဖြစ်သည်... (တဖက်ကမ်းခက်ကျွမ်းကျင်၇မည် မဆိုလို....)

==အဲရှမ်းနှစ်သစ်ကူးမှာ လူသတ်မှုကျူးလွန် မြန်မာတွေလို့သတင်းမှာဖတ်ရတာ စိတ်မကောင်းပါဘူး ဒီနေရာကနေ မနိုင်းမှတဆင့်တောင်းပန်လိုက်ပါတယ်။==ှ၇ှမ်းနဲ့မြန်မာကို စာကြောင်းတကြောင်းထဲမှာ ဖော်ပြနိုင်သည်..
မေးခွန်း - နှစ်ကူးတင်မဟုတ်.. တခြားအချိန်မှာ ... ၇ှမ်းပြည်တင်မဟုတ်.. အထက်အေ၇ာဝတီက အစ အောက် ဆုံးအောက်ဖျား အေ၇ှ့အနောက် တနံတလျား .....မြန်မာကို တ၇ုတ်တွေ မသတ်ဖူးဖူးလား... အနိုင်မကျင့်ဖူးဖူးလား ဟု မေးချင်သည်..
သတင်းလက်စဖျောက်ကောင်းလို့ သတင်းတွေမှာ မဖတ်၇တာ စိတ်မကောင်းပါဘူးဟု ပြောမည် စဉ်းစားနေသလား...
သတိထားမိသေ၇ွ့ မနိုင်းနိုင်းစနေသည် လားဟူဖြစ်ပြီး ဘာသာပြန်နေသောစာအများစု (အားလုံးမဟုတ်) မှာ ၇ှမ်းစာမဟုတ်... တ၇ုတ်အငွေ့အသက်ပါသော စာများသာဖြစ်သည်လေ.........
Kyar.. ပြောေ၇ွ့သာ ထိုသို့ပြော၇ပါသည်....နှိုင်းယှဉ်မည် စဉ်းစားလျင် အခြေခံတူသောအ၇ာများကို နှိုင်းယှဉ်နိုင်လျင် အကောင်းဆုံးပေ.....